Quantcast
Channel: ပျူနိုင်ငံ
Viewing all 55 articles
Browse latest View live

မြန်မာ့အိမ်ယာ အဆောက်အဦးများ ဆိုလာစွမ်းအင် နည်းပညာကို သုံးသင့်ပြီ

$
0
0
နေရောင်ခြည်ကို ယူ၍ အကြိုးအမြတ်ထုတ်သူများ





ယနေ့ ၂၁ ရာစုမှာခေတ်မီ မြို့ပြအိမ် များနဲ့ ထုတ်လုပ်မှု ဆိုင်ရာ ကုမ္ပဏီကြီး တွေဟာ သဘာဝကို အခြေခံပြီး ဘေးပတ်ဝန်းကျင်နဲ့ကိုက်ညီအောင် ဆောက်လုပ်ထားတာကိုတွေ့မြင်လာရပါပြီ။    နေရောင်ခြည်စွမ်းအားကို အသုံးပြုပြီး နိုင်ငံတကာအကြီးစား ကုမ္ပဏီများဟာသူတို့ရဲ့ နှစ်စဉ်စွမ်းအင်သုံး ကုန်ကြငွေ  ဘတ်ဂျက် ကို ၂၀ % မှ ၃၀%  အထိ လျှော့ချပြီး အမြတ်အကြိုး ၀င်ငွေ ၅၀% မှ ၆၀% ထိလုပ်နိုင်တာကို တွေ့မြင်ရပါတယ်။ ဒီထက်မက ခေတ်သစ် မောလ်ဒန် အိမ်များနဲ့ ရုံး  အဆောက်အုံးများဟာလည်း  ခိုင်ခန့်လှပပြီး ကျန်းမာရေးနဲ့သင့်တော် တဲ့ ပုံပန်း သဏ္ဍာန် နဲ့တည်ဆောက်ထားတာကို စာဖတ်သူအနေနဲ့တွေ့မြင်မှာပါ။ ဒါ့ကြောင့်   ဒီတပတ်မှာတော့် ကမ္ဘာမှာ Photovoltaic PV Solar Energy ကို အသုံးအများဆုံးဖြစ်သည့်  နိုင်ငံတစ်နိုင်ငံရဲ့ အိမ်ပိုင်းဆိုင်ရာ ဆောက်လုပ်ပုံနဲ့ နေရောင်ခြည်အခြေခံလျှပ်စစ်အားများဘယ်လို အကြိုးပေးနေ တယ်ဆိုတာကို တင်ပြလိုက်ရပါတယ်။
 
ကမ္ဘာ့ထိပ်သီးသဘာဝစွမ်းအင်ပြောင်းပိုင်ရှင်

ကမ္ဘာမှာ Green Energy သဘာဝစွမ်းအားကို နံပတ်၁ အနေနဲ့ စွမ်းစွမ်းတမံ သုတေသန နဲ့လက်တွေ့ကျင့်သုံးနေတာကတော့် ဥရောပတိုက်ရဲ့ အလယ်မှာရှိတဲ့ဂျာမနီနိုင်ငံဖြစ်ပါတယ်။


ဂျာမနီစွမ်းအင်ဝန်ကြီး ငှာနဟာ နှစ်စဉ်နှစ်တိုင်း သူ့နိုင်ငံရဲ့ သဘာဝစွမ်းအင် ရင်းနှီးမြုပ်နှံမှုအတွက် ယူရို သန်းပေါင်း ၁၅% မှ၂၀% အထိပုံမှန် သုံး နေပါတယ်။ ၂၀၀၉ ရှင်းတမ်း အရ ဂျာမန် စွမ်းအင်ဝန်ကြီးဌာနဟာ 2020နှစ်အ ထိ သန်းပေါင်း ၆၀၀ ယူရို ရှိတဲ့ စွမ်းအင်လုပ်ငန်းကြီးများရင်းနှီး ချဲ့ထွင်သွားမည့်အကြောင်းကြေငြာခဲ့ပါတယ်။ နေ၊ရေ၊ လေနဲ့ ဇီဝကို အခြေခံတဲ့ စွမ်းအင်လုပ်ငန်းများ လုပ်ဆောင်မယ့် နိုင်ငံစွမ်းအင် ကဏ္ဍမှာဂျာမန် ပြည်သူလူထုအများဟာလည်း စွမ်းစွမ်းတမန်ထောက်ခံပြီး စွမ်းအင် အခွန် အနေနဲ့ ပေးဆပ်သွားမယ်လို့ပြောသွားပါတယ်။ ယနေ့ ဂျာမနီနိုင်ငံ ၁၆ ပြည်နယ်အားလုံးမှာ Photovotaicsနေရောင်ခြည်အခြေခံ Solar Panel ကို အိမ်တိုင်း မှာတွေ့နိုင်ပါတယ်။ အများဆုံးတွေ့နိုင် တဲ့ပြည်နယ်တွေကတော့်စီးပွားဖွဲ့ဖြိုးမှုအင်အားအတောင့်ဆုံးပြည်နယ်များဖြစ်တဲ့ တောင်ပိုင်းပြည်နယ် Baden Württemberg (မားစီးဒီးကားထုတ်ပြည်နယ်) နဲ့ Bavaria (ဘီအမ်ဒဘလူကားထုတ်) ပြည်နယ်တွေဖြစ်ပါတယ်။ ၂၀၁၁ နှစ်ချုပ်အရ Baden Württemberg ပြည်နယ် က ၃၅၈၁ မီဂါဝတ် ၊ Bavaria က ၈၀၆၇ မီဂါဝတ်နဲ့ နေရောင်ခြည် စွမ်းအင်ကိုဖြန့်ဖြူးပေးခဲ့ပါတယ်။ ယနေ့ဂျာမနီ ကို လေယာဉ်ပေါ်မှကြည့်လိုက်မယ်ဆိုရင် အိမ်ခေါင်မိုး အားလုံးတိုင်းမှာ Solar Panel ကို တပ်ဆင်ထားတာတွေ့ရပါတယ်။ ဂျာမနီလို့ပြောလိုက်ရင် လူပု ဂိုလ် တွေကြီးပြီး အိမ်တွေလည်းကြီးမယ်လို့ထင်ရပေမယ့်ဂျာမန်အိမ်တော်တော်များဟာ သေးငယ်ပါတယ်။ တချို့အိမ်တွေဆိုရင် ကျွန်တော်တို့မြန်မာပြည်နယ်တွေမှာရှိတဲ့ အိမ်လောက်တောင်မကြီးပါဘူး။ အချို့အိမ်ဆိုရင် တဲပုတ်စာလေးလောက်ပဲရှိပါတယ်။ ပုံစံမျိုးအားဖြင့်ကတော့် ခေါင်မိုးနှစ်ခုပိုင်းဟာစောင်းစောင်းလေးနဲ့ အောက်သို့စောင်းကျနေပါတယ်။
ဂျာမန်ပြည်သူများဟာသဘာထိန်းသိမ်းရေးကို အင်မတန်ဦးစားပေးတဲ့ လူမျိုးများဖြစ်ကြ ပါတယ်။ဒါ့ကြောင့်သူတို့ရဲ့ လူနေမှု နေထိုင်စားသောက်တဲ့ စနစ်မှာလည်း လိုအပ်တာထက် ပိုလျှံသည့် စနစ်ကိုမသုံးပါဘူး။ ဒီတော့် မိသားစုဝင် ၃ ယောက်နေရမယ့် အိမ်ဟာ ၃ ယောက်နဲ့ အဆင်ပြေအောင်ဆောက်လုပ်ထားပါတယ်။ နေရောင်ခြည်သိပ်မရတဲ့ နိုင်ငံတစ်နိုင်ငံအနေနဲ့ Solar ပြားနဲ့ စွမ်းအင်ကို ယူနေတယ်ဆိုတော့် သံသယ၀င်စရာပါဘဲ။ ဒါပေမယ့် စက်မှု နည်းပညာကောင်းတဲ့ ဂျာမနီဟာယနေ့ ကမ္ဘာမှာ Solar Panel Manufacturing ကဏ္ဍမှာ No. 1ဖြစ်ပါတယ်။

တို့မြန်မာသင်ခန်း ယူစရာ

မြန်မာပြည်မှာစွမ်းအင်နဲ့ပတ်သက်လာရင်ခက်ခဲမှုများတွေ့ရှိနေတယ်ဆိုတာကို လူတိုင်းတွေ့ကြုံခံစားမိ မှာပါ။ ဒါပေမယ့်လက်ရှိပြည်တွင်း လျှပ်စစ်စွမ်းအင်ကို ၁၀၀% အားကိုးရန်မလိုပဲ အခြားသော နေရောင်ခြည်စွမ်းအင်ကို လည်းအားကိုးရန်ပြည်သူများအနေနဲ့ Alternative Source of Energy အခြားနည်းလမ်းပေးစွမ်းအင်များကိုရှာရန်လိုလိမ့်မယ်လို့မြင်ပါတယ်။


လက်ရှိအကောင်ထည်ဖော်နိုင်တဲ့နည်းလမ်းက Solar Power Panel များဖြစ်ပါတယ်။  နေရောင်ခြည်နည်းပါးတဲ့ ဂျာမနီ ဟာ Solar Energy ကို ဦးစားပေးနေတယ်ဆိုတော့်နေရောင်ခြည်အမြဲရနေတဲ့မြန်မာပြည်က ဘာဖြစ်လို့ နေရောင်ခြည် လျှပ်စစ်အားကို မရနိုင်ရမှာလည်းဆိုတဲ့ မေးခွန်းတွေထွက်လာပါတယ်။ ယနေ့ခေတ်သစ်အဆောက်အုံများ နဲ့ ကုမ္ပဏီကြီး အများဟာ Glass House ပုံစံမျိုးနဲ့  Solar Panel များကိုတပ်ဆင်ပြီး သူတို့ရဲ့နေ့စဉ်လုပ်ငန်းဆောင် တာများကို ထိရောက်စွာ လုပ်နေပါတယ်။


အကောင်းဆုံးဥပမာနဲ့ပြောရရင်ကမ္ဘာ့အကြီးဆုံးကုမ္ပဏီများဖြစ်တဲ့ Apple, IKEA နဲ့ Walmart တို့ဖြစ်ပါတယ်။ ဒီကုမ္ပဏီတွေဟာ Solar Energy Panelsတွေကိုတတ်ဆင်ပြီး လုပ်ငန်းများကို လုပ်ဆောင်ရာ ၂၀၁၂ Solar Energy Industries Association ၏ရှင်းတမ်းအရ ဒေါ်လာသန်းပေါင်း ၄၇.၃ တန်တဲ့စွမ်းအင် ပမာဏကို စုဆောင်းနိုင်ခဲ့ပါတယ်။ မြန်မာပြည်မှာလည်း အသေးစားလုပ်ငန်းတွေမှာ ဤကဲ့သို့ သဘာဝကို အခြေခံတဲ့ စွမ်းအင်သုံးလုပ်ငန်းများ ချဲ့ထွင်လျှင်အကျိုးမြတ်ပေးဖို့ စာရေးသူ အနေနဲ့မြင်ပါတယ်။ ဒါ့ကြောင့်မြို့ပြကြီးများဖြစ်တဲ့ရန်ကုန်၊မန္တလေး၊မကွေး၊ပဲခူးစသည့်ဒေသတွေမှာ စီးပွားရေးလုပ်ငန်းများ အတွင်း လုပ်နိုင်ရန်  မြန်မာပြည်မှာလည်းဤကဲ့သို့နေရောင်ခြည်ကို အခြေခံပြီးကိုက်ညီမဲ့ အဆောက်အုံဒီဇိုင်းများ ကိုလည်း အင်ဂျင်နီယာများ မှ ဆောက်လုပ်နေပါတယ်။ ဤကဲ့တို့ ဒီဇိုင်းဆန်းပြီး Solar Panel များတပ်ဆင်နိုင်မယ့် အိမ်ခြံ တိုက်ခန်းများကို အင်တာနက်မှတဆင့် House.com.mmကဲ့သို့အကျိုးဆောင်အိမ်ရှာဖွေရေးလုပ်ငန်းများမှလည်းလွယ်ကူစွာရှာဖွေနိုင်ပါတယ်။  ဆိုလာ နည်းပညာနဲ့ ပက်သက်လို့လည်း မြန်မာပြည်မှာ လှုပ်ရှား ဆောင်ရွက်မှုတွေ အင်မတန် များပြား လာနေ ပါပြီ။ Popular Myanmar နဲ့ Myanmar Internet Journal  တို့လို ပြည်တွင်းက ဝဘ်ဆိုဒ်တွေရဲ့ နည်းပညာ နဲ့ ပြည်တွင်း သတင်း ကဏ္ဍ တွေမှာ ဆိုလာ နည်းပညာ အကြောင်း နဲ့ ပြည်တွင်း က အသုံးပြု နေမှု အကြောင်း များကို မြင်တွေ့ လေ့လာ ကြည့်နိုင် ပါတယ်။
 အကြီးစားစက်မှုလုပ်ငန်းများအတွက် Solar Power ဟာလိုအပ်တဲ့စွမ်းအင်ကို မပေးနိုင်သေးပေမယ့်လည်း ခေတ်မီ ရုံး၊အိမ်။ဆေးရုံများမှာတော့်ထင်မြင်ထားတာနဲု့ပိုပြီးအကျိုးပေးနေပါပြီ။ ဤစနစ်ကိုကုမ္ပဏီကြီးများနဲ့ တတ်ဆင်နိုင်တဲ့ အိမ်မိသားစုတိုင်း အထူးသဖြင့်မြန်မာပြည် ကျေးလက်ဒေသများ အားလုံးမှာ သုံးစွဲမယ်ဆိုရင် တစ်နိုင်ငံလုံးအတိုင်းအတာ လျှပ်စစ်သုံးအား ဟာမျှတမှုပိုရှိပြီးပြည်သူများအတွက် အထောက်အကူဖြစ်မှာဖြစ်ပါတယ်။ ပုံမှန်အားဖြင့်ပေးရတဲ့လျှပ်စစ်အခွန်မှလည်း အကုန်ကျသက်သာပြီး ပို ၍စုဆောင်းမိမှာဖြစ်ပါတယ်။ စက်မှုထွန်းကားတဲ့ဂျာမနီ၊အမေရိကန်တို့လို နှိုင်းယှဉ်ရန်မသင့်တော်ပေ မယ့်လည်း သူတို့ထံမှ ဈေးသက်သာစွာနဲ့ရနိုင်တဲ့ Solar Technology နည်းစနစ်ကိုတေ့ မြန်မာပြည်မှာ ရာနှုန်းပြည့်ကောင်းမွန်စွာ သုံးစွဲနိုင်မယ်လို့မျှော်လင့်ပါတယ် မြန်မာ့ရောင်ခြည်ကို အသုံးပြုပြီး မြန်မာပြည်သူ များရဲ့ စီးပွားရေး နဲ့ မိသားစုဝန်ဆောင်မှုလုပ်ငန်းများပို၍အောင်မြင်နိုင်ရန်ရည်စူးလျက်……....

ကိုဆိုင်း
ဘာလင်

အောက်တိုဘာလရဲ့ ဒုတိယ တနင်္လာနေ့

$
0
0

ရေးသူ- (ကို)အောင်မိုးဝင်း

အောက်တိုဘာလရဲ့ ဒုတိယ တနင်္လာနေ့ကို “ကိုလံဘတ်စ်နေ့” အဖြစ်သတ်မှတ်တယ်။ ရုံးပိတ်ရက်အဖြစ်ကြေငြာတယ်။
အမေရိကားကို စရောက်ခါစတုံးက ရက်အင်ဒီးယန်း စစ်ပွဲများဘာသာရပ်ကို လေ့လာခဲ့ဘူးတယ်။ ကိုလံဘတ်စ်နေ့ ဆိုတာ ဘယ်လောက်အငြင်းပွားဖွယ်ဖြစ်ခဲ့သလဲ ဆိုတာ ကို အဲ့ဒီကျမှ သိတော့တယ်။ ဥပမာ- အမေရိကန်သမိုင်း နဲ့ ပတ်သက်တဲ့ ကျောင်းသုံးစာအုပ်တွေမှာ Columbus discovered America ဆိုတဲ့စာကြောင်းကို မြင်တိုင်း၊ ဒေသခံတိုင်းရင်းသားတွေ နဲ့ အမေရိကန်သမိုင်းကို နားလည်သူတွေက “ရှာဖွေတွေ့ရှိသည်” ( Discover) ဆိုတဲ့ စကားလုံးကို မသုံးဖို့ ကန့်ကွက်ကြတယ်။ Discovery အစား၊ “ကျူးကျော်သည်” ( invade ) ဆိုတဲ့ စကားလုံးကို ပြင်ဆင်သုံးစွဲဖို့ တောင်းဆိုကြတယ်။
တကယ်တော့ သူတို့ ပြောခဲ့သလိုပါပဲ။ အမေရိကားတိုက်က ကိုလံဘတ်စ် မလာခင်ကတည်းက ရှိနေတာမို့လား။ ရက်အင်ဒီယန်း စစ်ပွဲ ဘာသာရပ်ဆိုတော့ ပိုဆိုးတာပေါ့။ ကျောင်းသုံးစာအုပ်မှာ ကိုလံဘတ်တယောက် အမေရိကားတိုက်ကို discovery ခဲ့တယ် ဆိုတဲ့ စကားလုံးပါနေတော့၊ အတန်းထဲမှာရှိတဲ့ ဒေသခံတိုင်းရင်းသားတချို့က ခုံကို လက်ဝါးနဲ့ ရိုက်ပြီး ဒီကျောင်းသုံးစာအုပ်ကို ဘာလို့ မပြင်ရတာလဲ ဘာညာ ဆိုပြီး ပြဿနာရှာတော့တယ်။
ဆရာကလည်း ဟုတ်တယ်။ ဒီ ကျောင်းသုံးစာအုပ်ဟာ invade ဆိုတဲ့ စကားလုံးကိုပဲ သုံးရမယ် ဆိုပြီး အလျော့ပေးရတော့တယ်။ တကယ်တော့ သူတို့ပြောနေတာတွေက မမှားပါဘူး။
ကိုလံဘတ် ထက် အရင်၊ (၁၁) ရာစုနှစ်လောက်မှာကလည်းက လူဖြူတွေ အမေရိကားတိုက်ဆီကို အလည်ရောက်ခဲ့ဘူးပါတယ်။ ကိုလံဘတ်က (၁၆) ရာစု အစ၊ (၁၅၀၃) ခုနှစ်လောက်ကျ ရောက်လာတာကိုး။
ဒါပေမယ့်၊ ကိုလံဘတ်စ် က ခရစ်ယာန်ဘာသာပြန့်ပွားရေး ဦးတည်ချက်ကလည်း ပါသလို၊ တဘက်မှာတော့ ဒေသခံတိုင်းရင်းသားတွေကို အစုလိုက်အပြုံလိုက် သတ်ပစ်ခဲ့တဲ့ သမိုင်းကလည်း ရှိတယ်။
ဒါကြောင့်လည်း၊ အမေရိကန်ပြည်ထောင်စု အနောက်ခြမ်းဒေသ ( အထူးသဖြင့် ရက်အင်ဒီယန်း မျိုးနွယ်စုတွေ အားကောင်းတဲ့ ပြည်နယ်) တွေမှာ ကိုလံဘတ်နေ့ကို ဒေသခံတိုင်းရင်းသားတွေရဲ့ နေ့အဖြစ် ပြောင်းလဲခေါ်တွင်စေတယ်။ တောင်ဒေကိုးတားပြည်နယ်မှာဆိုရင် ၁၉၉၀ ခုနှစ်လောက်ကတည်းက ကိုလံဘတ်နေ့ကို အသိအမှတ်မပြုပဲ၊ သူတို့ရဲ့ နေ့အဖြစ် သတ်မှတ်စေတယ်။
မကြာသေးမီက ဝါရှင်တန်ပြည်နယ် ဆီယဲ့တယ်ဒေသ အပါအဝင်၊ မနီဆိုးတားပြည်နယ် မှာဆိုရင်လည်းလည်း ကိုလံဘတ်နေ့အစား၊ ဒေသခံတိုင်းရင်းသားတွေရဲ့ နေ့အဖြစ် ပြောင်းလဲခေါ်ဆိုလာခဲ့ကြတယ်။
နယူးယောက်အထက်ပိုင်းဒေသ က တက္ကသိုလ်တွေမှာ အခုလို ကိုလံဘတ်စ်နေ့ကို ရောက်ပြီဆိုရင် ရက်အင်ဒီးယန်း ပစ္စည်းရောင်းတဲ့ ဆိုင်တွေ နဲ့ ကျောင်းသားတချို့ က လက်ကမ်းစာစောင်တွေဝေကြတယ်။
လူမျိုးစုသုတ်သင်ရှင်းလင်းမှု၊ မုဒိမ်းမှု နဲ့ ကျူးကျော်ဝင်ရောက်မှုအတွက် ကိုလံဘတ် ကို အသေရရ အရှင်ရရ၊ ဖမ်းဝရမ်းထုတ်ထားတဲ့ ပိုစတာကြီးလည်း ချိတ်ဆွဲထားသေးတယ်။
တကယ်တော့ ကိုလံဘတ်စ်နေ့ကို ဆန့်ကျင်ဆန္ဒပြကြတဲ့ ပွဲတွေက အမေရိကားရဲ့ ပြည်နယ်တော်တော်များများမှာ နေရာအနှံ့။
ဒါပေမယ့် တဘက်မှာတော့ အမေရိကန်- အီတလီ သားတွေကလည်း ကိုလံဘတ်နေ့ကို ထောက်ခံကာကွယ်ကြတယ်။ ကိုလံဘတ်စ် ရဲ့ ကျေးဇူးကြောင့် သူတို့တတွေ အမေရိကားတိုက်မှာ အခုလို နေထိုင်ခွင့်ရကြတယ် လို့ ဆိုတယ်။
နှစ်ပေါင်း (၅၀၀) ကျော်သွားပြီ။ အငြင်းပွားဘွယ် သမိုင်းတွေက အရိပ်လို ကပ်ပါနေဆဲ။
သေချာတာ တခုကတော့ အလိုလောဘကြီးလွန်းတဲ့ ကမ္ဘာမှာ၊ ကိုယ့်ရဲ့ လူ့အဖွဲ့အစည်းကို မပျက်သုဉ်းစေချင်ရင်၊ ကမ္ဘာနဲ့ ရင်ဘောင်တန်းနိုင်တဲ့ နည်းပညာတွေ၊ အသိပညာတွေ ရှိဖို့လိုအပ်ပါတယ်။ တခြားနိုင်ငံက နယ်မချဲ့စေချင်ရင် ကိုယ့်ဘာသာ အင်အားကြီးမားအောင် လုပ်ဖို့လိုပါတယ်။ အဲ့သလို လုပ်နိုင်ဖို့ဆိုတာ
အစိုးရတရပ်အနေနဲ့ ပြည်သူလူထုအပေါ် ရိုးသားရမယ်။ အမြင်ကျယ်ရမယ်။
ဦးဆောင်နိုင်တဲ့ စွမ်းရည်ရှိရပါမယ်။

ရဲဘက်စခန်းတွေ ပိတ်ပစ်ဖို့ အစီအစဉ်မရှိလျှင်

$
0
0




ရေးသူ- (ကို)ထွန်းအောင်ကျော်


မြန်မာနိုင်ငံတွင်း၌ ရှိနေသည့်ရဲဘက်အကျဉ်းစခန်းများကို ပိတ်ပစ်ဖို့ အစီအစဉ်မရှိကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက လွှတ်တော်တွင် ပြောကြားလိုက်ကြောင်း သတင်းကို ဖတ်လိုက်ရသည်။

ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းက “အလုပ်ကြမ်းနှင့် ထောင်ဒဏ်ကျခံနေရသည့်သူတွေကို ရဲဘက် စခန်းများ၌ အလုပ်ကြမ်းလုပ်ခိုင်းသည်ကို လူမဆန်ဘူးဟု ဝေဖန်ပြစ်တင်၍ မရနိုင်ကြောင်းနှင့် ထိုစခန်းများတွင် သေဆုံးသူများ ရှိသည်ဆိုသည်မှာ ရာသီဥတုဒဏ်၊ အစားအသောက်နှင့် မတော်တဆ ထိခိုက်မှုများ ရှိတတ်သည့်အတွက်ကြောင့်ဖြစ်ကြောင်း” ပြောကြားသွားခဲ့သည်။

ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်း၏ပြောကြားချက်ကို လေ့လာကြည့်လျှင် မည်သည့် အကြောင်းပြ ချက်ကြောင့် ရဲဘက်စခန်းများကို မပိတ်သင့်ကြောင်း ကျိုးကြောင်းပြ ဖြေရှင်းခြင်းကို လုံးဝ မတွေ့ရသလို ရဲဘက်စခန်းများတွင် အကျဉ်းသားများသေဆုံးမှုကိုလည်း အုပ်ချုပ်သူများတွင် တာဝန်မရှိသယောင် ပြောကြားသွားခဲ့သည်ကို စိတ်မကောင်းစွာတွေ့ရှိရသည်။
အမှန်စဉ်စစ် ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းသည် အရပ်သားဘဝမှ တက်လာသူတစ်ယောက်မဟုတ်ဘဲ စစ်မှုထမ်းစစ်သားတစ်ယောက်ဖြစ်သည်။ ထိုစစ်ကျောင်းဆင်းစစ်ဗိုလ်တစ်ယောက်က အကျဉ်းထောင် များကို ကိုင်တွယ်နေသည့် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဖြစ်နေသည့်အတွက်ကြောင့် အလုပ်ကြမ်းများကို နေပူမရှောင် မိုးရွာမရှောင်လုပ်ရသည့် အကျဉ်းသားများရှိသည့် ရဲဘက် စခန်းများကို မပိတ်နိုင်ကြောင်း ပြောကြားနေသလားဟု သံသယဖြစ်မိသည်။ အကြောင်းမှာ စစ်အစိုးရအဆက်ဆက် စစ်တပ်မှ အပြစ်မဲ့ပြည်သူများကို ကိုယ်ချင်းစာနာမှုမရှိဘဲ ချောဆွဲခြင်း၊ ရှေ့တန်းတွင် ပေါ်တာများအဖြစ် အတင်းအဓမ္မ ခိုင်းစေခြင်းတို့ကို အစဉ်တစိုက်ပြုမှုခဲ့သည့် အမူအကျင့်ရှိပြီး ထိုသို့ပြုလုပ်ခြင်းသည်လည်း စစ်ဗိုလ်စစ်သားများအတွက် မိမိတို့တွင် လုပ်ပိုင်ခွင့် ရှိသည်၊ ထိုပြည်သူများကို ခိုင်းပိုင်ခွင့်ရှိသည်ဟု ယူဆသည့်စိတ် (Mindset) ရှိသည့်အတွက်ဖြစ်သည်။

ထို့ကြောင့် အပြစ်မဲ့ ပြည်သူများကိုပင် ဖမ်းဆီးပြီး ပေါ်တာများအဖြစ် ရိုက်နှက်ညှင်းပန်းခွင့်ရှိခဲ့သော စစ်ဗိုလ်များအနေနှင့် အပြစ်ရှိပြီး အလုပ်ကြမ်းနှင့်ထောင်ကျ၍ ရဲဘက်စခန်းသို့ ရောက်ရှိလာသော အကျဉ်းသား များကို မိမိတို့ခိုင်းပိုင်ခွင့် နှိပ်စက်ပိုင်ခွင့်ရှိသည်ဟု တွေးမြင်ကြမည်ဖြစ်သည်။ ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းအနေနှင့် စစ်သားအတွေး စစ်သားအမြင်ကို ပယ်ဖျောက်၍ အကျဉ်းသားဖြစ်စေ၊ လွတ်လပ်သော လူသားဖြစ်စေ၊ လူလူချင်း သနားကြင်နာမှု၊ ညှာတာမှု၊ ဂရုဏာထားမှုတို့ကို ရှေးရှူသည့်အမြင်ရှိဖို့ လိုပေသည်။ အကျဉ်းသား ဖြစ်စေကာမူ သူ့တွင် လူ့အခွင့်အရေးရှိသည်၊ အကျဉ်းသား အခွင့်အရေးရှိသည်ကို မမေ့အပ်ပေ။
ရဲဘက်စခန်းများတွင် အလုပ်ကြမ်းလုပ်ခိုင်းခြင်းကို လူမဆန်ဘူးလို့ ဝေဖန်ပြစ်တင်လို့ မရနိုင်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းက ဆိုသည်။ ထိုအခါ မေးရန် မေးခွန်းရှိလာသည်။ မည်သည့် အလုပ်ကြမ်းများနည်း၊ မည်သည့် အလုပ်မျိုးကို လုပ်ရသနည်းဟု မေးလျှင် အရိပ်အကာမရှိ သံခြေကျင်းများနှင့် ကျောက်ထုရသောအလုပ်၊ သစ်လုံးများ၊ မီးရထား သံလမ်းများ ထမ်းရသောအလုပ်ဟု ပြောရပေမည်။  ထိုကဲ့သို့ အလုပ်မျိုးကို သံခြေကျင်းများဖြင့် လုပ်ခိုင်းခြင်းသည် လူမဆန်ဘဲ ကျွန်သဘောက်များကို ကျွန်ပိုင်ရှင်များက ခိုင်းစေသည့်ပုံစံ ဖြစ်နေသည်ကို သတိမူသင့်သည်။ စာရေးသူအနေနှင့် လူမဆန်ဘူးဟုပြောသည်မှာ မမှားကြောင်း ခိုင်မာစွာယုံကြည်ပါသည်။

ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ထိုစခန်းများတွင် သေဆုံးသူများ ရှိသည်ဆိုသည်မှာ ရာသီဥတုဒဏ်၊ အစားအသောက်နှင့် မတော်တဆ ထိခိုက်မှုများ ရှိတတ်သည်ကြောင့် ဖြစ်ကြောင်း ပြောကြားခြင်းသည်လည်း ထောက်ပြစရာများ ရှိနေပါသည်။ သူ့စကားနှင့်ပြောလျှင် ရာသီဥတုဒဏ်ဟု ဆိုရာ၌ အပူရှိန်ပြင်းထန်သော ရာသီဥတုရှိသည့်နေရာ၌ ကိုယ်တွင် အကာအကွယ်မပေးဘဲ ဗလာကိုယ်တည်းဖြင့် ကျောက်ထုခိုင်းခြင်း၊ မလုပ်နိုင်သောသူများကို ဝါဒါများကဝိုင်းဝန်းရိုက်နှက်ခြင်း၊ သောက်ရေသုံးရေကို လုံလောက်အောင် မပေးခြင်းကြောင့် ဝဲရောဂါများဖြစ်ပွားခြင်း၊ အေးချမ်းသော ဆောင်းရာသီတွင် စောင်မပေးခြင်း၊ အနာရောဂါဖြစ်လျှင် လုံလောက်အောင် ဆေးဝါးကုသမပေးခြင်း စသည်တို့သည်လည်း သေဆုံးရမှုများနှင့် တိုက်ရိုက်သက်ဆိုင်နေသောအချက်များ ဖြစ်သည်။ ညံဖျင်းသောအစားအသောက်သည် အကျဉ်းသားများ အဟာရချို့တဲ့လာပြီး သေဆုံးခြင်း၏ အဓိက အကြောင်းအရာတစ်ခုပင်ဖြစ်သည်။

၁၉၇၈ ခုနှစ်နှင့် ၂၀၀၄ ခုနှစ်များအတွင်း ရဲဘက်စခန်းများတွင် စုစုပေါင်း အကျဉ်းသားပေါင်း ၄၀၀၀ ကျော် သေဆုံးခဲ့ပြီး၊ ၂၀၀၄ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်အတွင်း ၁၁ဝဝ သေဆုံးသည်ဟု ဆိုသည်။ ထိုကိန်းဂဏန်းများတွင် ညှင်းပန်းနှိပ်စက်မှုကြောင့်လည်းကောင်း၊ အဟာရမရှိသည့် အစားအစာ မဝရေစာ စားရသည့်အတွက်ကြောင့်လည်းကောင်း၊ နာမကျန်းဖြစ်လျှင် လိုအပ်သော ဆေးဝါးကုသမှု မရရှိသည့်အတွက်ကြောင့်လည်းကောင်း သေဆုံးသူများသည် အများစုဖြစ်မည်ဟု တွက်လို့ ရပေသည်။

နိဂုံးအားဖြင့် တင်ပြချင်သည်မှာ အကယ်၍ ရဲဘက်စခန်းများကို မပိတ်နိုင်ဆိုလျှင် ဘာကြောင့် မပိတ်နိုင်ကြောင်းကို တိုင်းပြည်သို့ အကြောင်းအကျိုးနှင့်တကွ ရှင်းပြစေချင်သည်။ မပိတ်လိုပါက ရဲဘက်စခန်းများသည်

(၁) တိုင်းပြည်ကို မည်မျှအကျိုးပြုနေသည်ကို တင်ပြနိုင်ရမည်။
(၂) ထိုရဲဘက်စခန်းများမှ အပြစ်ဒဏ်ကျခံနေရသူများကို အကျဉ်းထောင်မှ လွတ်မြောက်လာသော အခါ ပြင်ပတွင် တိုင်းပြည်အကျိုးပြု လူသားများအဖြစ် ပုံစံပြောင်းပေးနိုင်သည့် နေရာဖြစ်ကြောင်း တင်ပြနိုင်ရမည်။
(၃) ထို့ပြင် အကျဉ်းသားများကို လူနှင့်တူအောင်ထားကြောင်း ပြည်သူသို့ချပြနိုင်ရမည်။ အကျဉ်းသားများ၏ အစားအစာများ၊ အိပ်ဆောင်များ၊ ရေချိုးခန်းများ၊ သောက်သုံးရေများ လုံလောက် သန့်ရှင်းမှုရှိကြောင်း တင်ပြနိုင်ရမည်။

ယနေ့ခေတ်တွင် အိုင်းစစ်ဘာသာရေးအစွန်းရောက်များက သူတို့သိမ်းပိုက်သည့် နယ်မြေတွင်ရှိ ယောက်ျားများကို သတ်ဖြတ်ပြီး မိန်းမများကို ကျွန်အဖြစ် သိမ်းပိုက်နေခြင်းကို ကမ္ဘာကြီးရှိ လူ့ယဉ်မှု ထွန်းကားသောနိုင်ငံများမှ လက်မခံကြပေ။ မြန်မာနိုင်ငံတွင် ခေတ်သစ်ကျွန်စနစ်သည် ပေါ်တာ ဆွဲခြင်းနှင့် ရဲဘက်စခန်းများတွင် လူ့အဆင့်အတန်းထက် နိမ့်ကျစွာထားပြီး သံခြေကျင်းခတ် ခိုင်းစေ ခြင်းဖြစ်သည်။ အကျဉ်းသားများကို ရဲဘက်စခန်းများတွင် ရိုက်နှက်ခိုင်းစေခြင်းတို့သည် ရှိနေစဲဖြစ်သည်။

ထိုအကျဉ်းသားသည် သူ၏တန်ဖိုးအရှိဆုံးလူ့လွတ်လပ်မှုကို ဆုံးရှုံးပြီးဖြစ်၍ ထိုသူတို့အားထပ်မံ၍ နှိပ်စက်ညှင်းပန်းပြီး ခိုင်းစေခြင်းထက် ပညာပေးသည့်နည်းဖြင့် လူသားဆန်ဆန် ဆက်ဆံပြီး ပြုပြင်ပြောင်းလဲပေးမည် ဟုသောစိတ်ဖြင့်သာ ရဲဘက်စခန်းများကို တည်ထောင်သင့်ပေသည်။  ခိုင်းသည့်အခါ ရက်ရက်စက်စက်ခိုင်းပြီး ထိုသူများ၏ စားဝတ်နေရေးကိုမူ တိရိစ္ဆာန်များကဲ့သို့ ထား၍မရချေ။ ရဲဘက်စခန်းများကို သတင်းမီဒီယာများ ဝင်ရောက်လေ့လာခွင့်ပေးရမည်။ နိုင်ငံတကာကြက်ခြေနီအဖွဲ့ဝင်များ၊ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ဝင်များကို ကြည့်ရှူ စစ်ဆေးခွင့်ပေးရမည်။ မိမိလုပ်ဆောင်ချက်မှန်လျှင် မည်သည့်အဖွဲ့အစည်းမှ လာကြည့်ကြည့် တွန့်ဆုတ်တားမြစ်နေရန် အကြောင်းမရှိဟု မြင်ပါသည်။ ထို့ပြင်အကျဉ်းစခန်းများတွင် အကျဉ်းသားများကို မည်ကဲ့သို့ထားသည်ကို အကျဉ်းဦးစီးဌာနမှ မှတ်တမ်းဗီဒီယိုရိုက်၍ ပြည်သူကို ချပြနိုင်လျှင် ပို၍ကောင်းမွန်ပါသည်။ အကျဉ်းစခန်းများ၏ လက်ရှိအခြေအနေကို ပြည်သူတို့ အကဲဖြတ်ခွင့်ရနိုင်မည် ဖြစ်သည်။

အမေရိကန်နိုင်ငံတွင် ရဲဘက်စခန်းများကို (Correctional Facility) ဟုခေါ်သည်။ မည်သူမဆို အကြောင်းကြားပြီး ဝင်ရောက်လေ့လာခြင်း၊ အကျဉ်းထောင်အရာရှိနှင့်လည်းကောင်း အကျဉ်းသားများ နှင့်လည်းကောင်း မေးမြန်းနိုင်ခွင့် ရှိခြင်းသည် အစိုးရမှ မိမိလုပ်ရပ်သည် တရားမျှတမှု ရှိပြီး ကောင်းမွန်ကြောင်း ယုံကြည်မှုရှိ၍ ဖြစ်သည်။

အကျဉ်းထောင်များဖြစ်စေ၊ အကျဉ်းစခန်းများဖြစ်စေ အစိုးရမဟုတ်သော အရပ်ဖက် လူ့အဖွဲ့ အစည်းများကို ဝင်ရောက်လေ့လာခွင့်ပေးဖို့ လိုပေသည်။ သို့မှသာ တစ်စုံတစ်ခု မှားယွင်းနေပါက ချက်ခြင်းသိပြီး အချိန်မီပြုပြင်နိုင်ခြင်း၊ အမှုထမ်းများမှ အပြစ်လုပ်လျှင်လည်း ချက်ခြင်း အရေးယူနိုင် ခြင်းကြောင့် ပြည်ထဲရေးဝန်ကြီးဌာန၏ ဂုဏ်သည်လည်း တက်လာမည် ဖြစ်သည်။ ယနေ့ခေတ်သည် ခေတ်ဟောင်းကို ပြစ်ပြီး လူလူချင်း တန်ဖိုးထားရမည့် လူ့အခွင့်အရေးကို လေးစားလိုက်နာသော ပွင့်လင်းမြင်သာသောခေတ်သို့ ချီတက်နေပြီဖြစ်၍ ထိုအချက်များကို လျှို့ဝှက်တားမြစ်နေစရာ မလိုတော့ဟု ထင်သည်။

အကျဉ်းသားများသည် လူသားများပင် ဖြစ်သည်။ တိရိစ္ဆာန်ကိုပင် ညှင်းပန်းနှိပ်စက်ခြင်းသည် မလုပ်သင့်ချေ။

နှိပ်စက်ညှင်းပန်းသောစခန်းများမှ လူသားအကျိုးပြုစခန်းများအဖြစ်သို့ ကူးပြောင်းရေးကို ရည်မှန်းလျက်။

-ထွန်းအောင်ကျော် (၇၄ မျိုးဆက်)
(၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ၊ ၂၉ ရက်နေ့ထုတ် အဓိပတိဂျာနယ် အတွဲ၂, အမှတ်၁၂ ပါ...)

ဂြိုဟ်သား

$
0
0


ရေးသူ- ကိုရဲထွန်း 

ဂြိုဟ်သား- ၁။


ညီအစ်ကိုလို ခင်တဲ့ မိတ်ဆွေတစ်ယောက်ကတောင်းဆို ခဲ့ပါသည်။ "အကို၊ ဂြိုဟ်သားတွေအကြောင်း ရေးပါဦး"တဲ့။ ကျွန်တော် လဲ အဲဒီ၊ UFO (Unidentified Flying Objects) တွေ၊ Aliens တွေ၊ extraterrestrial phenomenon အကြောင်းတွေကို အလွန်စိတ်ဝင်စားခဲ့ပါတယ်။ ဒါနဲ့ ပတ်သက်လို့ Internet ပေါ်မှာလဲ မရေမတွက်နှိုင်လောက်အောင် များသော articles, media, video, documentaries ကို လိုက်လံ ဖတ်ရှု လေ့လာ ခဲ့ပါတယ်။
ဒါဆို သူတို့တွေ တစ်ကယ်ရှိလားလို့ မိတ်ဆွေက မေးပါမယ်။
.
ကျွန်တော့ရဲ့ အဖြေက တော့၊ "ဒီလောက် ကျယ်ပြောတဲ့၊ အဆုံးအစမရှိတဲ့ စင်္ကြာဝလ္လာထဲမှာ ၊ ကျွန်တော်တို့လူသားတွေပဲ အသိဉဏ်ရှိတဲ့၊ သက်ရှိဆိုတာ ဖြစ်နှိုင်ပါ့မလား။"
.
ဒါဆို သူတို့နဲ့ ပတ်သက်ပြီး ကျွန်တော်က ဘယ်လို မြင်လို့၊ ဘာတွေများ ပြောချင်သလဲ ဆိုပါရင်၊ အောက်သို့ ဆက်ဖတ်နှိုင်ပါသည်။ သို့မဟုတ်ပါက၊ သင့် အတွက်အကျိုးမရှိနှိုင်ပါသဖြင့်၊ အချိန်အကုန်မခံပါနှင့်။ ဒီနေရာမှာတင်ပဲ၊ ရပ်လိုက်ပြီး သင့်အတွက် ပို စိတ်ဝင်စားစရာကောင်းသည်ထင်ရာ အခြား စာပေများကို ရှာဖွေ ဖတ်စေချင်ပါသည်။
.
ဗုဒ္ဒဘာသာမှာ၊ နတ်အသက် တစ်မနက် လူ့အသက် နှစ်တစ်ရာ၊ လို့ ကြားရဖူးမှာပါ။
အခြားရှုထောင့်က ကြည့်ကြရအောင်။
.
ကမ္ဘာကသူ့ ဝင်ရိုးပေါ်မှာ တစ်ပတ်လည်ရင် တစ်ရက်။ နေကို တစ်ပတ်ပတ်ရင် တစ်နှစ်။
စိတ်ကူးကြည့်ပါ။ ကမ္ဘာထက် နေကို အဆပေါင်း တစ်သန်းဝေးတဲ့ အကွာအဝေးမှာရှိတဲ့ ဂြိုဟ်တစ်လုံးဟာ သူ့ဝင်ရိုးပေါ်မှာ တစ်ပတ်ဖို့ ကမ္ဘာပေါ်က နာရီနဲ့ တွက်ရင် ရက်တစ်သန်းကြာမှာပေါ့။ သူတို့က နေ ကို တစ်ပတ်ပတ်ပြီးတဲ့ အချိန်မှာ ကမ္ဘာက နေကို အပတ်ပေါင်း များစွာ ပတ်ပြီးလောက်ရောပေါ့။ ဒါဆို သူတို့ဆီမှာ သူတို့ရဲ့ တစ်ရက်ဟာ၊ ကမ္ဘာပေါ်က ရက်တစ်သန်း (၁၀၀၀၀၀၀/၃၆၅=၂၇၃၉) ၂၇၃၉နှစ်နဲ့ညီမျှမှာပေါ့။ (ထိုတွက်ချက်မှုသည် တိကျမှုမရှိပါ၊ စာဖတ်သူအနေနှင့် မည်၍ မည်သို့ မည်မျှ ကွာခြားလိမ့်မလဲဆိုသည်ကို မှန်းဆလို့ရအောင် အကြမ်းထဲ့သွင်း တွက်ပြ ခြင်းသာဖြစ်ပါသည်။)
.
ဒါဆိုမေးခွန်းက၊ ဘုရားဟောခဲ့တဲ့ နတ်ပြည် ၆ ထပ်၊ ဗြဟ္မာပြည် လေးထပ် ဆိုတာ တွေဟာ အခြားဂြိုဟ်တွေမှာရှိတဲ့ သတ္တဝါ တွေ မဖြစ်နှိုင်ဘူးလား။
.
ဗုဒ္ဒဘာသာမှာ၊ နတ်သား/သမီးက ကိုယ်ထင်ပြတာ၊ ဗြဟ္မာမင်းက ကိုယ်ထင်ပြတာ တွေ ဘုရားဟောထဲမှာလဲ ရှိပါတယ်။
အခြားရှုထောင့်က ကြည့်ကြရအောင်။
.
ယခုခေတ် Alien Contact Report တွေမှာ extraterrestrial beings တွေဟာ၊ ကိုယ်ပျောက်နှိုင်တယ်၊ သူတို့ကလူတွေနဲ့ ဆက်သွယ်တဲ့အခါ telepathic communication ပဲလုပ်တယ်။ ပါးစပ်ကမပြောဘူး။
ကိုယ်ပျောက်တာက (visibility vs invisibility) လူသားတွေရဲ့၊ မြင်နှိုင်တဲ့ spectrum ထဲကို ဝင်လိုက်တာနဲ့ ထွက်လိုက်တာ ပဲကွာပါတယ်။ (Normal human eye can only recognize anything between 390-750nm wavelength of electromagnetic radiation. Anything outside of this spectrum, human simply cannot see.)
.
ဝါတွင်းသုံးလလုံးလုံး မယ်တော်မာယာ နတ်သားရှိတဲ့ နတ်ပြည်ကို တရားဟောပြီး လူ့ပြည်ကို၊ ရတနာကိုးသွယ် ပျိုးပျိုးပြက်ပြက် စီချယ်ထားတဲ့၊ တန်ဆောင်းမှ မြတ်စွာဘုရား ပြန်ဆင်းလာတာကို၊ ကျွန်တော်တို့လူတွေက တန်ဆောင်မုန်း ပွဲတော်နဲ့ပူဇော် ကျင်းပကြတယ်။
.
ယခုခေတ် ufologists တွေကတော့ မြတ်စွာဘုရားကို၊ aliens တွေ abduct လုပ်သွားတယ်ပြောနှိုင်စရာရှိပါတယ်။ ဒါပေမဲ့ မြတ်စွာဘုရားကို သူတို့က ခေါ်ပြီး၊ သူတို့မသိတာကို မေးတာ၊ မြတ်စွာဘုရားက သူတို့မသိတာ သံသရာ ထွက်မြောက်ရာ လမ်းကြောင်းကို သွား ဟောပြောတာ ဆိုရင်ကော။
.
ဒါဆိုသူတို့က သူတို့စီးတဲ့ ပန်းကန်ပြားပျံ လို့ ခေါ်တဲ့ UFO နဲ့ ပြန်လာပို့တာဖြစ်နှိုင်တာပေါ့။ Documents of extraterrestrial beings တွေမှာလဲ တွေရဲ့ abductee/witness တွေက ပျိုးပျိုးပြက်ပြက်နဲ့ အလင်းတန်းကြီး ပန်းကန်ပြားပျံ ပေါ်က ဆင်းလာပြီး လူတွေကို ခေါ်သွားတယ်လို့ ပဲ ထပ်ခါတစ်လဲလဲပြောတာပဲလေ။ ဟိုးခေတ် လေယာဉ်ပျံမရှိသေးချိန်မှာ မိုးပေါ်က ဆင်းလာတာ၊ ပျိုးပျိုးပြက်ပြက်နဲ့ ရောင်စုံ အလင်းတန်းကြီး ကို ရတနာ ကိုးသွယ် စီချယ်ထားတဲ့၊ တန်ဆောင်းလို့ပဲ ပြောစရာ ရှိတော့မှာပေါ့နော်။
.
ခရစ်ယာန်ဘာသာမှာ၊ လူတွေ သတ္တဝါတွေနဲ့၊ သဘာဝတရားကြီးကို ထာဝရဘုရား သခင်က ဖန်ဆင်းတယ်လို့ ယုံကြည်ကြပါတယ်။ လူတွေဟာ သက်တန်းတစ်လျှောက်မှာ မိမိတို့ရဲ့ ကောင်းမှုမကောင်းမှု လုပ်ခဲ့တာအပေါ်မှာ၊ သေလွန်တဲ့အခါ (Day of Judgment) မှာ ငရဲကို သွားမလား၊ ကောင်းကင်ဘုံကို သွားမလား အဆုံးအဖြတ်ပေးတယ်လို့၊ ယုံကြည်ကြပါတယ်။
.
အခြားရှုထောင့်က ကြည့်ကြရအောင်။
.
လွိုင်ပိုင်း (Lloyd Pye - Everything you know is wrong - https://www.youtube.com/watch?v=pe6DN1OoxjE) ဆိုတဲ့ လူတစ်ယောက်က ချားလ်ဒါဝင်ပြောတဲ့ "လူတွေဟာ မျောက်က ဆင်းသက်လာတာပါ။"ဆိုတာကို မဟုတ်ပါဘူးလို့ အထောက်အထားများနှင့်တကွ ရှင်းလင်းထားပါတယ်။
.
သူ့ရဲ့ ယုံကြည်ချက်က လူသားဆိုတဲ့ species ဟာ အစကနဦးကထဲက ကမ္ဘာပေါ်မှာရှိတဲ့ သတ္တဝါတွေထဲက တစ်မျိုးမျိုးက evolve ဖြစ်လာတာမဟုတ်ပါ။ extraterrestrial civilization တစ်ခုခုကနေပြီး နဂိုရှိနေတဲ့ သတ္တဝါတွေထဲက တစ်မျိုးမျိုးကို genetically engineer လုပ်ပြီး genetically modify လုပ်ထားပြီး မွေးယူထားတဲ့ new non-native species ပါလို့ ပြောပါတယ်။
.
အချို့သော ufologists တွေကလဲ aliens တွေဟာ၊ သူတို့နဲ့ ကမ္ဘာပေါ်မှာရှိတဲ့ သတ္တဝါတွေထဲက တစ်မျိုးမျိုးကို မျိုးစပ်ပြီး၊ hybrid မွေးထုတ်တယ်။ တစ်ချိန်မှာ သူတို့ ဂြိုဟ် က ပြက်သုန်းတဲ့ အခါ၊ သူတို့က ကမ္ဘာပေါ်မှာ နေဖို့ adaptable/adoptable ဖြစ်အောင် လို့ လုပ်တာ hybrid တဲ့။ ဒါကြောင့် သူတို့တွေက သူတို့ မျိုးစပ်ထုတ်လုပ်ထားတဲ့ လူတွေကို generations အလိုက် abduct လုပ်ပြီး လေ့လာတယ်၊ တိုးတက်မှုတွေကို sample ယူတယ်။ သူတို့ observe/watch လုပ်ထားတဲ့ မိသားစု က မျိုးရိုးစဉ်ဆက်ကို အ၊မြဲစောင့်ကြည့် watch လုပ်တယ်၊ periodically sample တွေယူတယ်၊ အဲဒီလူတွေရဲ့ တိုးတက်မှုကို research/observe လုပ်တယ်။ (Project Blue Book Disclosure - Edger Mitchell - https://www.youtube.com/watch?v=9tKWElDHhY4)
.
သူတို့ abduct လုပ်ခံရတဲ့ လူတိုင်းရဲ့ detail reports တွေတိုင်းမှာ၊ သူတို့ဟာ အချိန်တစ်ခု ဆုံးရှုံးကြတယ် (time lost)။ ဥပမာ၊ abduct လုပ်ခံရသူက သူ့စိတ်ထဲမှာ တခဏလေး၊ မျက်စေ့တစ်မှိတ် လို့ ထင်ရပေမဲ့၊ သူ ပျောက်သွားတဲ့ အချိန်က နာရီပေါင်းများစွာ ဖြစ်နေတတ်တယ်။ (https://www.youtube.com/watch?v=q9FRZPH5FOk)
.
ဒါဆို ဒီ aliens တွေက လူတွေကို created/genetically engineered လုပ်ခဲ့ကြတယ်၊ ကြက်တွေ ဝက်တွေလို ကမ္ဘာဆိုတဲ့နေရာမှာ ခြံခတ်ပြီး မွေးထားတယ်။ သူတို့က လူတွေကို အသက်စဝင်ကထဲက တစ်ယောက်ချင်းစီ စဉ်းစား ဆင်ချင်ဉဏ်တော့ ပေးထားတယ်၊ framework တစ်ခု level of IQ တစ်ခုကို မကျော်နှိုင်အောင် လုပ်ထားတယ်။ (သူတို့က လူရဲ့ ဦးနှောက်ထဲအထိ ဝင်ရောက် intrude and rule လုပ်နှိုင်တာကိုး)၊ လူတွေ ရဲ့ မျက်စေ့ကို limited visibility spectrum လုပ်တဲ့ အခါမှာ သူတို့လို existence ကို သူတို့ ပေးတဲ့ visibility မှာပဲ မြင်နှိုင်အောင် limit လုပ်ခဲ့တယ်။ အခါအားလျော်စွာ သူတို့ စိတ်ဝင်စားတဲ့ လူကို ဖမ်းပြီး စစ်ဆေးတယ်၊ နမူနာယူတယ်။ ပြီးရင် လူတွေ မသိရအောင် အဲလို examination လုပ်လို့ ကြာတဲ့ အချိန် (တစ်နာရီ ဆိုပါစို့) ကို သူ မမှတ်မိနေအောင်၊ သူ့ရဲ့ ဦးနှောက်မှတ်ဉဏ်ထဲက အဲဒီ အချိန်ပိုင်း မှတ်မိနေတာကို ဖျက်ပစ်လိုက်တယ်၊ ပြီးမှ အရှေ့ပိုင်း မှတ်ထားတာနဲ့ နောက်ပိုင်း မှတ်ထားတာကို tape recorder တွေ ဖြတ်ဆက်သလို လုပ်ပေးလိုက်တော့၊ တစ်ကယ်အပြင်မှာ အချိန်တစ်နာရီ ကြာပေမဲ့၊ အဲဒီလူရဲ့ ဦးနှောက်ထဲမှာ တစ်စက္ကန့်ပဲလို့ မှတ်မိနေတယ်။
.
ဟော့ လူတွေသေတော့၊ သူတို့ ဘာတွေလုပ်ခဲ့လဲပေါ်မူတည်ပြီး သူတို့ရဲ့ ဦးနှောက်က ဘယ်လော၇် evolve ဖြစ်သလဲ ဆိုတဲ့ research အတွက်၊ သူတို့ကို သူတို့ရဲ့ မြင်ရတဲ့ ခန္ဓာကိုယ်ကို စွန့်ပစ် (decayed biological body)၊ မမြင်ရတဲ့ အပိုင်း soul or existence invisible to human eye ကို သင့်ရာနေရာမှာ မှာ သွား သိုလှောင်ထား (stock in corresponding place at the judgment day as we human know) တာ မျိုး။
.
တိုက်ဆိုင်မှုက၊ ဗုဒ္ဒဘာသာမှာ လဲ၊ ကိုယ်စောင့်နတ်၊ လမ်းစောင့်နတ်၊ မြို့စောင့်နတ် တို့ဘာတို့ ရှိတယ်လေ။ အကယ်၍များ aliens တွေက လူဆိုတဲ့ သတ္တဝါတွေကို ခြံခတ်မွေးသလို မွေးနေတာဆိုရင်၊ ဒီဟာတွေက အသီးသီး စောင့်ကြည့်ရန်တာဝန် ကျတဲ့ aliens တွေ သူ့နေရာနဲ့၊ သူ့ assignment နဲ့သူ၊ ဘယ်သူ့ကို ဘယ်ဝါကို စောင့်ကြည့်ဖို့ တာဝန် ပေးထားတဲ့ aliens တွေ ဖြစ်နေနှိုင်တာပေါ့။
.
Aliens တွေနဲ့ ပတ်သက်တဲ့ အကြောင်း၊ abduction & time lost အကြောင်းတွေကို စီကာပတ်ကုံးရေးရမည်ဆို လျှင် ကုန်မည် မထင်ပါ။ Abduction reports တွေထဲက အထင်ရှားဆုံးက တော့ Betty နဲ့ Barney စုံတွဲ ကြုံတွေ့ခဲ့ရတဲ့ ကိုယ်တွေ့ပါပဲ။ (https://www.youtube.com/watch?v=cCVsPlRKgTc)
.
ခုလို ရေးလိုက်တော့ လန့်သွားသလား။ စာရေးသူဟာ ဗုဒ္ဒဘာသာ အယူအဆအပေါ်မှာ မှားယွင်းစွာ ယုံကြည်နေတဲ့ မိစ္ဆာဓိဋ္ဌိလား လို့ မေးစရာရှိပါတယ်။
.
မဟုတ်ပါ။ လားလားမျှ မဟုတ်ပါ။ စာရေးသူဟာ၊ ဘုရားဟောထားတဲ့အတိုင်း၊ ဆက်စပ်တွေးတော၊ လေ့လာသုံးသပ်၊ တွေးခေါ် မြော်မြင် ပြီး အမှန်တရား ကို ရှာဖွေနေခြင်းသာဖြစ်ပါသည်။ (If you are a movie fan - you can learn a lesson called "Think out of box" from the movie - "Chicken Run" animated movie)
.
မမေ့ပါနဲ့။
.
လောကသစ္စာတရားများတွင် - သိပ္ပံပညာဆိုတာ မရှိပါ။ ဝိဇ္ဇာပညာဟူ၍လဲ ခွဲခြား မခေါ်ဝေါ်ပါ။ နိုင်ငံရေးအမြင်နဲ့ရှူထောင့်ဆိုတာမရှိသလို၊ ဘာသာရေးအမြင်နဲ့ ကြည့်မှသာ အမှန်တရားကို တွေ့နှိုင်သည်ဟူ၍လဲ မသိပါ။
.
အမှန်တရားသည်၊ အမှန်တရားသာဖြစ်ပါသည်။ အမှန်တရားကို အရှိအတိုင်း ကြည့်ရှုသိမြင်ခြင်းကိုပဲ "ဝိပသနာ ရှုခြင်း"ဟူခေါ်ပါသည်။
.
ဟုတ်ပါပြီဗျာ၊ ဒါဆို ကျွန်တော်တို့အားလုံး ဂြိုဟ်သား မျိုးစပ်တွေချည်းပဲပေါ့။ ဟုတ်ပါသည်။ ကျွန်တော်တို့အားလုံး ဟား ဂြိုဟ်သားတွေချည်းပါပဲဗျာ။
.
ကိုအေးမောင်က တနင်္ဂနွေဂြိုဟ် (တိုင်) သား။
ကိုရဲခင်က ဗုဒ္ဓဟူးဂြိုဟ်သား(တိုင်) သား။
.
ဟား-------ဟား-------ဟား။


ဂြိုဟ်သား - ၂။
အစ်ကို တစ်ယောက်က ဂြိုဟ်သား သရဲ အကြောင်း ရေးပါတဲ့။
Alien Interview တွေနဲ့ ပတ်သက်လို့ Youtube ပေါ်မှာ video clips များစွာရှိပါတယ်။ ထူးခြားပြီး ထွက်လာတာက Alien နဲ့ interview via telepathic communication လုပ်တဲ့ video clips ပါပဲ။ အများကြီးထဲက နှစ်ခုသုံးခုလောက်ပဲ (authentic) အမှန်အကန် ဖြစ်လောက်တယ်လို့ ယူဆရပါတယ်။
.
အဲဒီ UFO Literature ထဲက အဆိုအရ၊ ခု interview လုပ်တဲ့ alien တွေကပြောတယ်။ သေခြင်း ဆိုတာ life form တစ်ခုကနေ အခြား တစ်ခုကို transport လုပ်တဲ့ သဘောပဲမို့၊ ကြောက်စရာလို့ မယူဆကြတဲ့ သဘော။ ( Project Blue Book - https://www.youtube.com/watch?v=oZanQvY6agE)
.
(Project Majestic - https://www.youtube.com/watch?v=n6avkd1Tm1I)
.
ဒါကို လဲ ဗုဒ္ဓဘာသာမှာ ၃၁ ဘုံ ကျင်လည်ကြတာနဲ့ တူပါတယ်။
.
စဉ်းစား နှိုင်တာ က ဒီ aliens တွေဟာ ခုမြင်နေရတဲ့ life form ကို ရော၊ နောက်ဖြစ်သွားတဲ့ lie form ကိုပါ ဒိုးယိုပေါက် မြင်နေရတဲ့ အသိဉဏ်မျိုး ကို ရှိတဲ့ inteligence species မျိုး ဆိုရင် (ဘုရားပြောတဲ့ နတ်တွေများ ဖြစ်နေရင်)၊ သူတို့အတွက် သေရတာဟာ၊ ဧည့်ခန်းထဲက နေ အခြားအခန်းထဲ ဖြတ်လျှောက်တာလိုပဲ ဖြစ်မှာမို့ ကြောက်စရာ မလို သလို၊ အထူးအဆန်းမဟုတ်တော့ပါ။
.
တစ်ကယ်ဆို လူတွေက အလွန် အမြင်ကျဉ်းမြောင်းတဲ့ species ပါ။ ခွေးတွေဟာ၊ လူတွေ မြင်နှိုင်သမျှ lifeform (visible spectrum) အားလုံး (လူ၊ တိရိစ္ဆာန် မျိုးစုံ) အပြင် အခြား ဘုံ (life form) တွေ (ဥပမာ ပြိတ္တာ၊ သရဲ၊ ဘာတွေပါဦးမလဲ မသိပါ) ကိုပါ မြင်နှိုင်ကြတယ်။ အကြမ်းအားဖြင့် မှန်းဆကြည့်နှိုင်တာက၊ life forms တွေ အားလုံးကို အကောင်းဆုံး၊ အမြင့်ဆုံးကနေ တန်းစီချလိုက်လို့ရှိရင်၊ သူတို့က လူတွေမြင်နှိုင် သမျှ visible spectrum၊ အပြင် လူဆိုတဲ့ life form ထက် နိမ့်တဲ့ အချို့သော ဘုံသား (life form) တွေကို ပါ မြင်နှိုင်တယ်ပေါ့။
.
အချို့သော အကျင့်၊ သီလ နှင့် ပြည့်စုံပြီး ကျင့်ကြံအား ထုတ်ထားသော အဆင့်တစ်ခုကို ရောက်နေသော ဆရာတော် ကြီးတွေ၊ သာမန်လူ အချို့ ရဲ့ ကျင့်ကြံမှု ကြောင့် သူတို့ရဲ့ visibility (or) visible spectrum ဟာ သာမန်လူတွေ ထက်စာရင် ပိုမြင်ရလာပါတယ်။ တစ်နည်းဆိုရသော် လူ့ဘုံ အပြင် ပိုမြင့်သော ဘုံ သားတွေ၊ ပိုနိမ့်သော ဘုံသားတွေ ကို ပါ မြင်နှိုင်လာတာကို၊ ကျွန်တော် ကိုယ်တိုင် လက်တွေ ကြုံတွေ ခဲ့ရဘူးပါတယ်။
.
ကွန်ပျူတာ စကားနဲ့ ပြောရင် ပို ရှင်းနှိုင်ပါတယ်။ စက်တစ်လုံးကို start-up လုပ်ပြီး၊ applications တွေ အများကြီး ဖွင့် လိုက်၊ ပိတ်လိုက်၊ တောက်လျှောက်လုပ်လာတာ ကြာတော့၊ စက်ရဲ့ memory ဟာ ညစ်ငြမ်းလာတယ်။ ဗမာတွေက "စက်လေးလာပြီ။"လို့ ပြောကြတယ်။ ဒါဆို run ရတာ သိတ် efficient မဖြစ်တော့ဘူး။ reboot လုပ်လိုက်ရင် အားလုံး အကောင်းပကတိ အတိုင်း ဖြစ်သွားပြီး ကောင်းကောင်း run နေပြန်ရော။
.
ဒါဆို reboot လုပ်ခြင်းက စက်ရဲ့ memory ကို လုံးဝ reset လုပ်တာ (သို့) ဘဝတစ်ပါး ပြောင်းသွားတာပေါ့။ ဒါကြောင့် ကျွန်တော်တို့ သေလွန်တော့ အရင်ဘဝက အကြောင်းကို မသိတော့ဘူး။
.
အဲ hard drive ထဲ၊ C: DRIVE ထဲ သိမ်းထားတာကျတော့၊ မပျက်သွားပါဘူး၊ reboot လုပ်ပြီးလဲ ရှိနေတုန်းပါဘဲ။ ဒါကို ကျွန်တော်တို့ က ကံကံ၏ အကြောင်းအကျိုးတရားလို့ နားလည်တယ်နော်။
.
အရင်က ရှိတဲ့ Windows 98 နဲ့၊ files & folders တွေအားလုံး အရင်အတိုင်း ရှိတယ်။ ဟုတ်တယ်။ မိမိ ပြုခဲ့တဲ့ ကံက ဘဝ ပြောင်းသွားပေမဲ့ သူ့ရဲ့ အကျိုးဆက်က လိုက်လာတယ်။
.
ဒါကို ပိုကောင်းသွားအောင် ကျွန်တော်တို့က Windows 98 ကနေ Windows 8 ကို ပြောင်းတင်တယ် upgrade လုပ်တယ်၊ version အမြင့်ကို ပြောင်းတယ်။ မပြောင်းသ၍ အဟောင်းအတိုင်း ကောင်းတဲ့နေရာမှာ ကောင်းတယ်။ မကောင်းတဲ့ corrupted files and software တွေကလဲ အရင်လိုပဲ ရှိမြဲရှိတယ်။
.
ဒီလို upgrade လုပ်တာ ဒီထက် ကောင်းတဲ့ version ကို တင်တာက လူ့လောကမှာ ကုသိုလ်ကောင်းမှုပြုတာပေါ့။ မကောင်းတဲ့ malware, virus တွေ ဘာတွေများ မှားဝင်လာရင် ရှိရင်စွဲလေးတောင် corrupted (or) crash ဖြစ်တယ်၊ ဒါကို အပါယ်ကျတယ်၊ အကုသိုလ်သိုလ်လုပ်တာလို့ မြင် နှိုင်တာပေါ့။
.
ကွန်ပျူတာမှာ task manager ကနေ applications or process တွေကို kill process/es လုပ်တာကိုတော့၊ လူတွေအိပ်တာနဲ့ နှိုင်းလို့ရတာပေါ့။ မလိုတာတွေအကုန်ပိတ်၊ ဒါပေမဲ့ Windows kernel ကတော့ run နေတုန်းပဲလေ။
.
ဟော့၊ UNDELETE လို၊ Recover My Disk လို software မျိုးကို install လုပ်လိုက်ရင်၊ အရင်က format လုပ်ပြီးသား၊ files & folders တွေကို ပြန် ဖော်နှိုင်တယ်။
.
ဟော့၊ Predictive dictionary (android) လို software မျိုး တင်လိုက်ရင်၊ ကျွန်တော်တို့ အက္ခရာ တစ်လုံး စရိုက်တာနဲ့၊ သူက မင်း ဒီစာလုံး (သို့) ဟိုစာလုံး ရိုက်ချင်တာလား၊ အဲထဲက မင်းရိုက်ချင်တာကို ရွေးလို့ရတယ် ဆိုပြီး အဆင်ပြေအောင် လုပ်ပေတယ်။
.
လူ့ဘဝမှာတော့ ဒါတွေဟာ၊ အရှေ့ဘဝကို ပြန် မြင်နှိုင်တာမျိုး၊ ကိုယ့်ကိုယ်ကို ပိုကောင်းအောင် ကျင့်ကြံတဲ့အခါ၊ ပိုရင့်ကျက်လာတဲ့အခါ၊ အနာဂါတ်ကို ပို မှန်းဆနှိုင်လာတယ်။ ဒီထက် မြင့်ရင်၊ ရှေ့ဘာဖြစ်မလဲ ကြို predict လုပ်နှိုင်လာတယ်။ လို့ စိတ်ထဲ သဘောပေါက်လာမှာပါ။
.
ဒီတော့ ရေးရခြင်းရဲ့ အကြောင်းကို ပြန် ကောက်ရပါရင်၊ "သရဲ"ဆိုသော အသုံးအနှုန်း၊ အခေါ်အဝေါ်မှာ လူဆိုသော ဘုံသား တွေ၊ terminology တစ်ခု ပါ လူဆိုတဲ့ life form ကို ရရှိပြီး၊ သေလွန်တဲ့ အခါ အခြား ဘုံ (life form) တစ်ခုကိုရောက်သွားပေမဲ့လို့၊ အရှေ့ most recent ဘုံရဲ့ မကောင်းတာတွေ ကို unable to off load from memory လုပ်နေသ၍ အဲဒီကနေ အခြား ကို ခရီး မဆက်နှိုင်ဘူးပေါ့။
.
ဒါကြောင့် ကျွန်တော့အမြင်ကတော့၊ သရဲ ဆိုတာဟာ လူ ဆိုတဲ့ ဘုံသားတွေအတွက်ပဲရှိပြီး၊ လူထက် အသိဉဏ်ပိုမြင့်တဲ့ ဘုံသားတွေအတွက်ကတော့၊ သရဲ လို ဟာမျိုးကို၊ လူတွေက ကိုယ့်ထက်နိမ့်တဲ့ ခွေးကို မြင်နေရသလိုပဲ ဒိုးယိုပေါက် မြင်နေရမှာမို့၊ ကျွန်တော်တို့ လူတွေရဲ့ အာရုံထဲက သရဲ ဆိုတဲ့၊ scary feeling, frighteness မျိုးနဲ့ မဟုတ်တာတော့ သေချာပါတယ်။
.
ဒါကြောင့် ကိုအောင်ခင်မြင့်ရဲ့၊ သရဲအကြောင်း စာစောင်များနှင့်၊ articles and blogs များ၊ alien ဈေးကွက်တွင် အရောင်း တွင်ကျယ်မည် မဟုတ်ပါကြောင်း၊ ဘယ်ရောက်ရောက်၊ ဘယ်ဘဝဖြစ်ဖြစ် "လုပ်မှာပဲ"စီးပွါးရေး ပညာရှင် "အိစံကွား"က ကောက်နှုတ်ချက်ချနှိုင်ပါကြောင်း။။
.
အပျော်သဘောရေးတာမို့ ငြိစွန်းတာ၊ ရှိသွားပါရင်၊ စိတ်မဆိုးဖို့ ကြိုတင်တောင်းပန်ပါရစေ။
.
ဟို တစ်လောလေး တုန်းကတော့ ရေအောက်က ပျောက်ခြင်းမလှ ပျောက်သွားတဲ့၊ ခေါင်းလောင်းပုံ UFO ကြီးကို ရေအောက်က "နဂါး"မီးပူဇော်ကြသေးတယ်လေ။
.
ကဲကဲကဲ၊ aliens တွေကို pyramid ပေါ် တက်ပြီး မီးပူဇော်လိုက်ဦးမယ်။


ဂြိုဟ်သား - ၃။
.
(သူငယ်ချင်းက လူဆိုတဲ့ သတ္တဝါကို ဗြိုဟ်သား (exterrestrial civilization) တွေ က engineered လုပ်ခဲ့တယ် ဆိုတာ သက်သေပြပါလို့ တောင်းဆိုထားပါတယ်။)
.
ကျွန်တော်ကိုယ်တိုင် ဘယ် ဂြိုဟ်သားကိုမှ မျက်မြင် မတွေ့ဖူးတော့ သက်သေ မပြနှိုင်ပါဘူး။
.
ဒါပေမဲ့၊ လူဆိုတဲ့ သတ္တဝါကို exterrestrial civilization တစ်ခုခုက engineered လုပ်ခဲ့သလား ဆိုတဲ့ မေးခွန်းကို ကျွန်တော် ကိုယ်တိုင်ရော ဘယ်လို ထင်သလဲ လို့ မိမိ စဉ်းစားကြည့်ရမယ် ဆိုရင် ----- အောက်ကအတိုင်းပါပဲ။
.
ကျွန်တော်တို့ ရဲ့ ကမ္ဘာ ဂြိုဟ် (Planet Earth) ဟာ သက်တန်း အားဖြင့် နှစ် သန်းပေါင်း ၄.၅၄ ရှိပါပြီ။
.
ဒါပေမဲ့ လွန်ခဲ့သော နှစ် နှစ်ရာအတွင်း မှာမှ လူသားတွေဟာ လေထဲကို ပျံနှိုင်တဲ့ လေယာဉ်ပျံကို စတီထွင်နှိုင်တာပါ။
.
လျှပ်စစ်မီးကို စတီထွင်လာနှိုင်ခဲ့တာပါ။
ရေနွေးငွေ့ အင်ဂျင်ကို စတီထွင်လာနှိုင်ခဲ့တာပါ။
ကွန်ပျူတာကို စတီထွင်လာခဲ့တာပါ။
.
နောက်ပြီး ကမ္ဘာ ပေါ်မှာ ရှိသမျှ civilizations တွေကို ကြည့်လိုက်ရင် အနှစ် တစ်သောင်းမကျော်သေးပါဘူး။
.
ဒါဆို အဓိက မေးစရာ မေးခွန်းက နှစ်ခု ဖြစ်ပါတယ်။
.
မေးခွန်း ၁) ဒါဆို ကမ္ဘာ စ တည်ကထဲက နှစ် သန်းပေါင်း သန်းပေါင်း ၄.၅၄ မှာ နှစ် တစ်သောင်း နှုတ်ရင်၊ အနှစ် သန်းပေါင်း ၄.၅၃ ရပါတယ်။ အဲဒီလောက်အချိန်တွေမှာ လူဆိုတာ ရှိခဲ့မယ် ဆိုရင်၊ ဘာလို ဘာမှ မတိုးတက်နှိုင်တာလဲ။
.
မေးခွန်း ၂) ဘာလို အနှစ် ၄ သန်း မျောက်လောက် အသိဉဏ်နဲ့နေလာပြီး နောက်ဆုံး နှစ် တစ်သောင်းလောက်ကျမှ ရုပ်တရက်ကြီး ထ တိုးတက် တီထွင်လာနှိုင်တာလဲ။
.
ပထမမေးခွန်းကို စဉ်းစားကြည့်ရင်၊ စာဖတ်သူက Liyed Pie ပြောတဲ့၊ "လူဆိုတဲ့ အသိဉဏ် သတ္တဝါ ဆိုတာ၊ ကမ္ဘာပေါ်မှာ နဂိုထဲက ရှိနေတဲ့ ရှေးဦး သက်ရှိတွေ (native species of planet earth) ထဲက နေ human species ဖြစ်လာတာ မဖြစ်နှိုင်ဘူး။"ဆိုတဲ့၊ အယူအဆဟာ သဘာဝ ကျတာ၊ လက်ခံနှိုင်စရာ ဖြစ်လာမှာပါ။ ဘာဖြစ်လို့လဲ ဆိုတော့၊ နဂိုရှိနေတဲ့ native species of planet earth ထဲက နေ လူဖြစ်လာတာဆိုရင်၊ နှစ်ပေါင်း သန်း ၄.၅၄ အတွင်းမှာ နောက်ဆုံးအနှစ် နှစ်ရာကျမှ စောစောကြီးကထဲက လူတွေဟာ တီထွင်နှိုင်ရမှာပေါ့။ တစ်နည်းဆိုရသော်၊ အနှစ် နှစ်ရာအတွင်းမှာ ဒီလောက် တီထွင်မှုတွေ လုပ်နှိုင်ခဲ့တယ် ဆိုရင်၊ အရင် အနှစ် ၂ သန်း အတွင်းမှာ အခု တီထွင် နှိုင်တာတွေထက် အဆပေါင်း (၂၀၀၀၀၀၀/၂၀၀) ၁၀၀၀၀ တိုးတက် တီထွင် ထားတဲ့ civilization တစ်ခု ရှိသင့်နေပြီပေါ့။
.
ဒုတိယမေးခွန်း ကို စဉ်းစာကြည့်ရင်၊ အနှစ် ၄ သန်းကျော် နလပိန်းတုံး နေလာတဲ့၊ ကမ္ဘာပေါ်မှာ နဂိုထဲက ရှိနေတဲ့ ရှေးဦး သက်ရှိတွေ (native species of planet earth) တွေက ဘယ်လို အသိဉဏ်နဲ့များ နောက်ဆုံး အနှစ် တစ်သောင်းလောက်ကျ မှ ရုပ်ချည်း evolve ထဖြစ်ပြီး တီထွင်မှုတွေ လုပ်နှိုင်ရတာလဲ၊ ဖြစ်နှိုင်ပါသလား။ တစ်ဖြေးဖြေး evolve ဖြစ်လာတာဆိုရင်၊ လွန်ခဲ့သော အနှစ် ၃ သန်းလောက်ကထဲက လူတွေ ဟိုဟာလေး ဒီဟာလေး စ တီထွင်လာတာ တွေ့ရမှာပေါ့။ ခုလို ရုပ်တရက်ကြည့် ရွှေဉဏ်တော် စူးရောက် သွားတယ်ဆိုတာ၊ သဘာဝမကျတာ ကို သတိထားမိမှာပါ။
.
အဲဒါက Charles Darwin ရဲ့ Missing Link ပါပဲ၊ ကွင်းဆက်ပြတ်နေတာပါ။ ဒီ Missing Link ကို၊ ခုချိန်အထိ Charles Darwin အပါအဝင်၊ သိပ္ပံပညာရှင်တွေ ဖြေရှင်းချက်မပေးနှိုင်သေးပါဘူး။
.
တစ်ဖက်မှာ Reported Records Exterrestrial Encountering တွေထဲက အထင်ရှားဆုံး နိုင်ငံတကာ လုံးဝ ငြင်းမရတဲ့၊ reports တွေထဲက Betty & Barney Hills ရဲ့ အတွေ့အကြုံမှာ၊ Betty ဟာ သူတွေ့ကြုံရတဲ့ ဂြိုဟ်သား ဆွဲပြတဲ့ သူတို့ရဲ့ဌာနေ ကို ဆွဲပြတဲ့ Zeta Reticuli Planet (star system map) ဆိုတာဟာ ယခုဆို အနှစ် သန်းပေါင်း ၃၀ သန်းကျော် ရှိပါပြီ။ (http://en.wikipedia.org/wiki/Barney_and_Betty_Hill) ဒီ star system map ကို သိပ္ပံပညာရှင် တွေကို ဆွဲပြ တုန်းက ၁၉၆၀ ကျော်ပါ။ အဲဒီတုန်းက အဲဒီ star system map ကို သိပ္ပံပညာရှင် မတွေ့ဖူးသေးပါဘူး။ နောက် ၁၀ ကျော်ကြာပြီး နက္ခတာရာကြည့် မှန်ပြောင်းမှာ အားကောင်းလာသော အချိန်ကျမှ သူတို့က Betty ဆွဲပြသော star system map & Zeta Reticuli Planet ဟာ တစ်ကယ်ရှိနေတာကို သိလာရတာပါ။
.
ဒါဆို ကျွန်တော်တို့ အနှစ် ၄ သန်းကျော်မှာ ဒီလောက်တိုးတက်နှိုင်ရင်၊ အနှစ် သန်း ၃၀ ကျော်ရှိတဲ့ civilization တစ်ခုဟာ ဘယ်လောက် တိုးတက်လိမ့်မလဲ မှန်းလို့ရပါမယ်။ မြေကြီး လက်ခတ်မလွဲမှ ယုံကြည်စရာမလိုပါဘူး။
.
ဒါဆို ကျွန်တော်တို့ က လွန်ခဲ့တဲ့ အနှစ် လေးသန်းမှာ အသိဉဏ် တိုးတက်မလာတဲ့ အတွက် ဒီ တိုးတက်တဲ့ civilization က သတ္တဝါ တွေက ကျွန်တော်တို့ လူသားတွေကို နဂို အသိဉဏ်မရှိသလောက် ဖြစ်နေတာကနေ၊ အသိဉဏ်ရှိနှိုင်အောင်၊ geneticaly engineered လုပ်လိုက်တာပဲ ဖြစ်ဖြစ်၊ နည်းလမ်းတွေ ပေး ဉဏ်ဖွင့်ပေးလိုက်တာပဲ ဖြစ်ဖြစ်၊ လာပြီး shared knowledge ပေးသွားတာပဲ ဖြစ်ဖြစ် လုပ်ပေးသွားတယ် ဆိုတဲ့ အယူအဆဟာ လက်ခံနှိုင်စရာ ရှိ၊ သဘာဝ ကျသလို ဖြစ်နေမှာ ပေါ့။
.
အဲဒီလိုပဲ၊ အဲဒီ civilization တွေက ကမ္ဘာပေါ်မှာ နဂိုထဲက ရှိနေတဲ့ ရှေးဦး သက်ရှိတွေ (native species of earth) တွေကို သူတို့ရဲ့ မျိုးနဲ့ စပ်ပြီး hybrid တစ်ခု အနေနဲ့ လူဆိုတာကို genetically engineer လုပ်ခဲ့တယ်ဆိုတာဟာလဲ လက်ခံနှိုင်စရာရှိတာပေါ့။
.
ဘာဖြစ်လို့လဲ ဆိုတော့ လူဆိုတဲ့ species ရဲ့ anatomy design က ကမ္ဘာပေါ်မှာသာ ရှိတယ် အသိဉဏ်ရှိတာကလွဲပြီး၊ ကမ္ဘာရဲ့ ရာသီတု၊ အန္တရယ် အဝဝ ကို ကြံ့ကြံ့ ခံနှိုင်တဲ့ anatomy design မဟုတ်ပါဘူး။
.
နောက်စဉ်းစားစရာ ရှိတာက အချိန် timeline ကို ကြည့်ရင်၊ အနှစ် ၄ သန်းကျော်လာပြီး မှ လွန်ခဲ့တဲ့ အနှစ် ၅၀၀၀-၁၀၀၀၀ လောက်ကမှ pyramid တို့၊ civilization တို့ စပေါ်လာတာမို့လား။ အရှေ့ပိုင်းမှာ လူဆိုတာ မရှိဘူး။ လူရယ်လို့ evolve မဖြစ်လာနှိုင်တဲ့ နဂို ဒေသခံ မျောက်လို သတ္တဝါ တွေသာရှိခဲ့တယ်။ အဲ လွန်ခဲ့တဲ့ အနှစ် ၅၀၀၀-၁၀၀၀၀ကြားကျမှ ဒီအသိဉဏ်တွေ၊ ရောက်လာတယ် ဆိုတာ external or extraterrestrial knowledge တစ်ခုခုက ထဲ့ပေးသွားတယ်ဆိုတာ အရမ်း ဖြစ်နှိုင် တာပေါ့။
.
ဒါတွေဖတ်ပြီးတော့ ဗုဒ္ဒဘာသာတွေကလဲ၊ တို့ ဗုဒ္ဒမြတ်စွာ ဘုရားရှင် ဟောကြားတဲ့ ၃၁ဘုံနှင့်၊ သံသရာကို အယုံအကြည်မရှိသူ၊ မိစ္ဆာဓိဋ္ဌိလို့ သတ်မှတ်နိုင်ပါတယ်။
.
ဒါတွေဖတ်ပြီးတော့ စာဖတ်သူက၊ ဗုဒ္ဒမြတ်စွာ ဘုရားရှင်လဲ လူစဉ်စစ်ပဲမို့၊ သူ့ကို လဲ exterrestrial species (or) aliens တွေက ဖန်ဆင်းခဲ့တာမို့၊ ဘာလို့ ဗုဒ္ဒဘာသာ ကိုးကွယ်စရာ လို့တော့မလဲ၊ aliens ပဲ ကိုးကွယ်တော့မှာပေါ့လို့ ထင်သွားစရာရှိမှာပေါ့။
.
အကယ်၍သာ တစ်ကယ်ပဲ လူဆိုတဲ့ သတ္တဝါကို () တွေက () လုပ်ခဲ့တာ လို့ စိတ်ကူးယဉ်ကြည့်ပါ။

ဗုဒ္ဒမြတ်စွာ ဘုရားရှင်လဲ လူစဉ်စစ် ဖြစ်တာမို့၊ aliens တွေ တီထွင်ခဲ့တဲ့ လူသတ္တဝါဆိုတဲ့ life form ဖြစ်ပေမဲ့ ပါလာတဲ့အသိဉဏ်ကို develope (or) cultivate လုပ်ရာက aliens မသိသေးတဲ့ နောက်ထပ်အသက် ဆိုတာ ဆက်မဖြစ်တော့တဲ့ formula (way) ကို သိမြင်သွားတယ်လို့ စဉ်းစားလို့ရပါတယ်။
.
ဒါကြောင့် ဗုဒ္ဒမြတ်စွာ ဘုရားရှင် ဟောတာက "ငါ"ဆိုတဲ့ ဂေါတမ က အရေးမကြီးပါ၊ ကိုးကွယ်ရာအမှန်က ဓမ္မဆိုတဲ့ knowledge/wisdom ပါ။
.
ဗုဒ္ဒမြတ်စွာ ဘုရားရှင်ကို ရှိခိုးကန်တော့တာက သူက သံသရာ က လွတ်မြောက်ရာ (liberation from the framework of death and rebirth) ကို ကျွန်တော်တို့ကို သိမြင်စေလို့ သူ့ရဲ့ ကျေးဇူး (gratitude) ကို ကန်တော့တာပါ။
.
ဓမ္မ ဆိုတဲ့ သစ္စာလေးပါး တရား ဆိုတဲ့ knowledge/wisdom ကို အမြဲတမ်း မိမိတို့ရဲ့ အလင်းရောင်ပြတဲ့ လမ်းညွန် အနေနဲ့ ဆည်းကပ်တာပါ။
.
သံဃာတွေဟာ (စစ်မယ်ဆိုရင်) တစ်ကဲ့ ဓမ္မ အစစ်ကို သင်ပေးသူ (reference point) တစ်ခုအနေနဲ့ ကျေးဇူး (gratitude) ကို ကန်တော့တာပါ။ ဆည်းကပ်တာပါ။
.
အရေးကြီးဆုံး သင်ခန်းစာ တစ်ခုက၊ ဗုဒ္ဒမြတ်စွာ ဘုရားရှင် ဆိုတဲ့ လူ တစ်ယောက်ကို aliens တွေ က create လုပ်ခဲ့တာ ဖြစ်ချင်ဖြစ်ပါမယ်၊ ဒါပေမဲ့ သူတို့ created လုပ်ခဲ့တဲ့ လူဆိုတဲ့ ဂေါတမ မြတ်စွာဘုရားက သူတို့ မသိသေးတဲ့၊ လူထပ်ဖြစ်စရာ မလို၊ aliens အပါအဝင် ဘာသတ္တဝါ မှာ ထပ်ဖြစ်စရာ လဲမလိုတော့တဲ့၊ အသက် ထပ်ဖြစ်စေတဲ့ cause တွေအားလုံးကို eliminate လုပ်လိုက်တဲ့ method ကို ရရှိသွားသူ၊ သူနဲ့မျိုးတူ လူသားဆိုတဲ့ species ကို လဲ အဲဒီ အသိဉဏ် (knowledge of Dhamma) ကို ဝေမျှပေးတဲ့ လူတစ်ယောက်အဖြစ် နားလည်နှိုင်ပါတယ်။
.
နောက်တစ်ခုစဉ်းစားလို့ ရတာက၊ ဟုတ်ပြီ၊ ဒီ အဆုံးအစ မရှိတဲ့ စင်္ကြာဝလ္လာထဲမှာ ရှိသမှ ချစ်ခြင်း၊ မုန်းခြင်း၊ မနာလိုဝန်တိုခြင်း အစရှိတဲ့ energy တွေ ရှိနေသမျှ၊ အဲဒီ energy တွေက သူနဲ့ သက်ဆိုင်တဲ့ အမှုန်အမွှားတွေကို စုစည်းဆွဲစေ့ပြီး biological အစိုင်အခဲဖြစ်စေတဲ့ (သို့) ဘဝ ဖြစ်စေတယ်။
.
Biological အစိုင်အခဲဖြစ်တိုင်း သူနဲ့ corresponding ဖြစ်တဲ့ ချစ်ခြင်း၊ မုန်းခြင်း၊ မနာလိုဝန်တိုခြင်း အစရှိတဲ့ energy တွေ ကို ဖြစ်စေတယ်။ ဒါကြောင့် biological အစိုင်အခဲဖြစ် ဖို့ အကြောင်းပြန်ဖြစ်တယ်။
ဒီ cause & effect cycle က ဆက်တိုက်လည်နေတာကို "သံသရာ"လို့ နားလည်ရမယ်။
.
ဒီ "သံသရာ"ကို အဆုံးသတ်ဖို့က ----
Biological အစိုင်အခဲ ဖြစ်ပြီမို့ မဖြစ်နဲ့လို့ ပြောလို့မရဘူး။
.
အဲ ချစ်ခြင်း၊ မုန်းခြင်း၊ မနာလိုဝန်တိုခြင်း အစရှိတဲ့ energy တွေကို တော့ သတိနဲ့ မဖြစ်အောင်ရပ်လို့ရတယ်။
.
ရပ်ခြင်းအားဖြင့်၊ နောက် biological အစိုင်အခဲ ထပ်ဖြစ်ဖို့ အားရင် ရော့နည်းစေတယ်။ တစ်ဖြေးဖြေးရော့ရာက လုံးဝ မဖြစ်တော့ရင်၊ biological အစိုင်အခဲ ထပ်ဖြစ်ဖို့ လုံးဝမရှိတော့ရင်၊ ဘဝ ချုပ်ငြိမ်းသွားတယ် (နိဗ္ဗာန်)။
.
သို့ဖြစ်ပါ၍၊ သံသရာဆိုသည်က ကို ယုံကြည်ပါသည်။ သံသရာမှ လွတ်မြောက်ကြောင်း တရားများကို ကျွန်တော် ယုံကြည် လက်ခံပါသည်။
.
ဤသို့ သော မိမိ ကိုယ်တိုင် တွေးခေါ် စဉ်းစား မှု (self-investigation) ကို ဗဟိုပြုပြီး လောက၏ အမှန်တရားများကို ရှာဖွေရန်၊ ဆင်းရဲခြင်းများမှ လွတ်မြောက်ရန်၊ ဗုဒ္ဒဘာသာ ကို ရွေးချယ်ကိုးကွယ်ပါသည်။
.
Subject matterကို ပြန်ကောက်ရပါရင်၊ aliens or extraterrestrial beings တွေက လူဆိုတဲ့ species of mankind ကို engineered လုပ်ခဲ့သလား ကို သက်သေပြဖို့ထက်၊ Finding the Ultimate Truth က အရေးကြီးဆုံဖြစ်ပါကြောင်း။


(ဖေ့ဘွတ်ပေါ်တွင် ကိုရဲထွန်း (Cliff Lee) ရေးသားသောဂြိုဟ်သား” ခေါင်းစဉ် အပိုင်း ၁။ ၂။ ၃။ အား စုပေါင်း
၍ ကူးယူဖော်ပြထားခြင်း ဖြစ်ပါသည်။)

အော်စလို ခရီးသည် (အပိုင်း -၂)

$
0
0
ယခင်အပိုင်း(၁)မှ အဆက် ....

အက်(စ်)ပီးယား (Esbjerg) ဘူတာအနီး၌ ရှိသော အဝေးပြေး
ကားမှတ်တိုင်တွင် ကားစောင့်နေခိုက် မိုးသည် တိတ်သွားလိုက်
ခပ်ဖွဲဖွဲ ပြန်ရွာလိုက် ဖြစ်နေပါသည်။ ကျနော်တို့ စီးနင်းလိုက်ပါ
ရမည့် အမှတ် (၉၈၀) ဘက်စ်ကား ဆိုက်ရောက်လာသည့်အခါ
ကားရှေ့ မျက်နှာပြင်ပေါ်တွင်  ရေးထားသည့် စာတန်းကို ကြည့်ရင်း
အနည်းငယ် စိတ်ညစ်သွားမိပါသည်။

 

အဘယ်ကြောင့်ဆိုသော် ကားသည် ခရီးအဆုံးအထိ မောင်းနှင်းရန်
ကြေညာထားသော အစီအစဉ်အစား ဒိန်းမတ်နိုင်ငံ၏ တတိယ
မြောက် မြို့တော်ဖြစ်သော “အော်လဘို” (Aalborg) အထိသာ
ရောက်မည်ဖြစ်ကြောင်း သိရပါသည်။ ကျနော်တို့ သွားလိုသည့်
ကိုသန်းအောင်နိုင်တို့ ဇနီးမောင်နှံ နေထိုင်ရာ ဆေးဗြူ” (Sæby)
မြို့အထိ ကားပြောင်းစီးရေးအတွက် အလုပ်များရပါတော့မည်ဟု
စိတ်ထဲတွင် ညည်းညူးမိပါသည်။ ကားသည် နေ့လည် ၂ နာရီ ၁၅
မိနစ်တွင် အက်(စ်)ပီးယား ဘူတာအနီးမှ စတင် ထွက်ခွာလာခဲ့ပါ
သည်။ ကားပေါ်တွင် ခရီးသည် နေရာပြည့် မရှိပါ။ ကျနော်တို့ မြန်မာ
သုံးဦးနှင့်အတူ ဒိန်းမတ်နိုင်ငံတွင် အလုပ် လာလုပ်ကြသော အရှေ့
ဥရောပသားများဖြစ်သော ပိုလန်လူမျိုးများ၊ ရုရှားများ၊ အက်စ်တိုးနီးယား
များ၊ လစ်သူယေးနီးယားများ၊ ဘီလာရုစ်များ၊ ယူကရိန်းနိုင်ငံသားများ
သား စီးနင်းလိုက်ပါကြပါသည်။ အဘယ်ကြောင့် ထိုနိုင်ငံသားများ
ဖြစ်သည်ဟု ကျနော် အသေအချာ ပြောနိုင်သည်ကို နောက်ပိုင်းတွင်
ကျနော် ရှင်းပြပါ့မည်။


ကားသည် အက်(စ်)ပီးယားမြို့မှ ထွက်ခွာလာပြီး ပထမဆုံး ရပ်နား
သည့် နေရာမှာ အက်(စ်)ပီးယား လေယာဉ်ကွင်း ဖြစ်ပါသည်။ ထိုကွင်း
သည် လေကြောင်းသွားလာမှု ခရီးစဉ်များအတွက် အသုံးပြုခြင်း မရှိ
တော့ပါ၊ ပင်လယ်ပြင်ဆိုင်ရာ အရေးပေါ် ကယ်ဆယ်ရေးနှင့် အခြား အရေး
ပေါ် အခြေအနေများအတွက် လေကြောင်းမှ ကူညီရန် လေယာဉ်ပျံအစား
ရဟတ်ယာဉ်စခန်းပုံစံသာ ဖြစ်နေပါသည်။ လေ့ကျင့်ပျံသန်းနေသော
ရဟတ်ယာဉ်များကို တွေ့ရပါသည်။ ကားသည် အဝေးပြေးလမ်းမပေါ်
တွင် တရှိန်ထိုး မောင်းနှင်းနေပါသည်။ ကျနော်တို့ သုံးဦးသည် ခရီးသည်
နှစ်ဦးချင်း ဘေးချင်းယှဉ်တွဲ ထိုင်နိုင်သည့် နှစ်ခုံတွဲများပေါ်တွင် တစ်ဦးစီ
လွတ်လွတ်လပ်လပ် ထိုင်စီးရင်း တဖြေးဖြေး အိပ်ငိုက်နေကြသည်။
ကျနော့်ရှေ့မှ နှစ်ခုံတွဲပေါ်တွင် တစ်ဦးတည်း ထိုင်နေသော ကိုမိုက်ကယ်
သည် သူတို့ ဇနီးမောင်နှံ သွားရောက်တည်းခိုမည့် အော်စလိုမြို့မှ
လူငယ်လေးအကြောင်း ပြောပြနေပါသည်။ ထိုလူငယ်လေးသည်
တခါက “ကလေးစစ်သား” အဖြစ် န.၀.တ စစ်အစိုးရလက်ထက်တွင်
အဓမ္မ စစ်သား စုဆောင်းခြင်း ခံခဲ့ရသူဖြစ်ပြီး၊ နယ်စပ်ဒေသရှိ UNHCR
ဒုက္ခသည် အစီအစဉ်ဖြင့် တတိယ ကမ္ဘာ့နိုင်ငံများဆီသို့ ရွေ့ပြောင်း
နေခွင့်ရခဲ့သူ ဖြစ်ပါသည်။ နယ်စပ်က ဒုက္ခသည်စခန်းများတွင် ထိုကဲ့သို့
စစ်တပ်မှ ထွက်ပြေးလာသော ကလေးစစ်သား အများအပြားရှိ
ပါသည်။ ကိုမိုက်ကယ်၏ ဇနီးသည်ဖြစ်သူ အမ မပိုသည် ထိုင်း-မြန်မာ
နယ်စပ်ရှိ ဒုက္ခသည်စခန်းအတွင်း နေထိုင်ခဲ့စဉ် ကာလများက ထို
ကလေးစစ်သားအဖြစ်မှ ထွက်ပြေးလာသော ကလေးငယ် ဆယ်ဦးခန့်
အား အစစအရာရာ ချက်ပြုတ်ကျွေးမွေး စောင့်ရှောက်ပေးခဲ့ပါသည်။
ထိုကြောင့် ထို “ကလေး စစ်သား” များ၊ သက်ဆိုင်ရာ UNHCR စခန်း
တာဝန်ခံများက အမ မပိုအား ကလေးစစ်သားများ၏ မိခင် “မာမီ”
အဖြစ် ခေါ်ဝေါ် သတ်မှတ်ခဲ့ကြပါသည်။ ကိုမိုက်ကယ်သည် ထိုကလေး
စစ်သားများအကြောင်း သူ သိသမျှ တတွတ်တွတ် ပြောနေသောအချိန်
တွင် အမ မပိုကတော့ နှစ်ခုံတွဲပေါ်တွင် တစ်ဦးတည်း တခေါခေါ
ဟောက်ရင်း အိပ်ပျော်နေပါသည်။

နိုဗယ်ဆုပေးပွဲ အခမ်းအနား ဖိတ်စာမရသော ကျနော်သည် ဤခရီးစဉ်
အတွင်း ကိုမိုးမောင်မောင်နှင့် အမ မပူစူးတို့ ဇနီးမောင်နှံ နေအိမ်တွင်
သွားရောက်တည်းခိုရန် စီစဉ်ထားပါသည်။ ကျနော်လို နော်ဝေနိုင်ငံပြင်ပ
မှ လာရောက်ကြမည့် နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်များ၊ နိုင်ငံရေး အကျဉ်း
သားများဖြင့် ကိုမိုးမောင်မောင်တို့ အိမ်တွင် စည်းစည်းကားကား ဖြစ်နေ
မည်ဟု တွေးတောရင်း စိတ်ထဲ၌ ပျော်ရွှင်ကြည်နူးနေပါသည်။ နိုဗယ်ဆု
ပေးပွဲ အခမ်းအနား တက်ခွင့် ဖိတ်စာမရလည်း မြန်မာများနှင့် အန်တီစု
သီးသန့် တွေ့ဆုံရန် စီစဉ်ထားသော နေရာသို့ ခပ်စောစောသွားပြီး
တန်းစီရင် ကောင်းမလားဟု တစ်ယောက်တည်း တွေးနေမိပါသည်။

ဘတ်စ်ကားသည် “ဗီဘို” (Viborg) ဟုခေါ်သော မြို့တစ်မြို့သို့ ဆိုက်ရောက်
ခဲ့ပြန်ပါသည်။ ထို “ဗီဘို” မြို့သည် ဒိန်းမတ်နိုင်ငံတွင် အင်မတန် ထူးခြားသော
မြို့တစ်မြို့ ဖြစ်ပါသည်။ နိုင်ငံသားတစ်ယောက်သည် သူ၏ ဘိုးဘွား ဆွေစဉ်
မျိုးဆက်၏ အမည်စာရင်းများနှင့် ပြောင်းရွှေ့နေထိုင်ခဲ့သည့် ရာဇ၀င်များကို
သိချင်လျှင် ထို“ဗီဘို”မြို့လေး၏ ဘုရားကျောင်းတွင် စုံစမ်းနိုင်ပါသည်။ ထိုမြို့
၏ ခရစ်ယာန် ဘုရားကျောင်းတွင် တစ်နိုင်ငံလုံးရှိ နိုင်ငံသားများနှင့် ပက်သက်
သော အချက်အလက်ပေါင်းများစွာကို လွန်ခဲ့သော နှစ် ရာပေါင်းများစွာမှစ၍
သိမ်းဆည်းထားခဲ့သည်။ ကျနော်နှင့် ရင်းနှီးသော ဒိန်းမတ် အမျိုးသားကြီးတစ်ဦး
သည် သူ့ဘိုးဘွားများ၏ ရာဇ၀င်ကို ထို“ဗီဘို”မြို့၏ ဘုရားကျောင်းတွင် စုံစမ်း
ကြည့်ရာ သူ့မျိုးရိုး (၈)ဆက်မြောက် အဖိုးသည် ပေါ်တူဂီလူမျိုး ပင်လယ်ဓါးပြ
တစ်ဦးအဖြစ် ဒိန်းမတ်သူ တစ်ဦးနှင့် လက်ထပ်ပေါင်းသင်းခဲ့ပြီး သူတို့မျိုးရိုးကို
စတင်ခဲ့ကြောင်း သိခွင့်ရခဲ့ပါသည်။

ကျနော် ထိုင်နေသည့် ထိုင်ခုံနှင့် မျက်စောင်းထိုးတွင် ဥရောပသားနှစ်ဦး ယှဉ်တွဲ
ထိုင်ပြီး ဒိန်းမတ်ဘာသာစကား မဟုတ်သည့် သူတို့ကိုယ်ပိုင် ဘာသာစကား
များကို ခပ်တိုးတိုး ပြောဆိုနေကြသည်။ ထိုနောက် အမျိုးသားကြီး တစ်ဦးသည်
သူ့ပိုက်ဆံအိတ်မှ မိသားစု ဓါတ်ပုံကို တစ်ပုံကို ထုတ်ပြရင်း သူ့မျက်လုံးအိမ်မှ
မျက်ရည်များသည် ထိုဓါတ်ပုံပေါ်သို့ တစက်ပြီး တစက် ကျဆင်းနေပါသည်။ သူ့
နံဘေးမှ မိတ်ဆွေအား တစုံတရာအတွက် ပြောပြနေပုံရပါသည်။ ကျနော်သည်
ထိုမြင်ကွင်းများကို အရှေ့တောင်အာရှ နိုင်ငံအချို့တွင် အလုပ် လုပ်နေရသော
မြန်မာနိုင်ငံသားများအကြားတွင် မြင်ခဲ့ရဖူးပါသည်။ လူသားစွမ်းအင်း အရင်းအမြစ်
ပညာရှင်များ၊ ကျန်းမာရေး သုတေသီများ၏ အဆိုအရ လူတစ်ဦးသည် အသက်
(၂၀)နှစ်မှ (၄၅) နှစ် ကြား ကာလများအတွင်းသာ ပြင်းထန်သော အလုပ်ကြမ်း
များကို လုပ်ဆောင်နိုင်ပါက လုပ်ဆောင်သင့်ပါသည်။ ထို အသက် အပိုင်းအခြား
ကာလများတွင် ထိုနိုင်ငံသားသည် သူ့တိုင်းပြည်အတွင်းရှိ ကုန်ထုတ် လုပ်ငန်း
များအတွက် ရှင်သန် လုပ်ဆောင်မှု မပါဝင်ခဲ့လျှင် နိုင်ငံတစ်ခု၏ ဆုံးရှုံးမှု
သည် မည်၍မည်မျှ ရှိနိုင်မည်ကို ကျနော်တို့ မှန်းဆကြည့်သင့်ပါသည်။
လူတစ်ယောက် သို့မဟုတ် နိုင်ငံသားတစ်ဦးသည် သူ့မွေးရပ်မြေ သို့မဟုတ်
သူ့နိုင်ငံ၌ သူ့ အနာဂတ်ဘ၀ မရှိခဲ့လျှင် ထိုဖြစ်ရပ်သည် အကြီးမားဆုံး
ကျိန်စာသင့်မှုဟု ကျနော်တော့ ထင်ပါသည်။

ကျနော်တို့ သုံးဦး စီးနင်းလိုက်ပါလာသော ကားသည် “အော်လဘို” (Aalborg)
မြို့သို့ ရောက်ရှိခဲ့ပါသည်။ ကျနော်တို့ သုံးဦးသည် ခရီးဆောင်အိတ် မနိုင်တနိုင်
များကို သယ်ဆောင်ရင်း ကိုသန်းအောင်နိုင်တို့ ဇနီးမောင်နှံ နေထိုင်ရာ “ဆေးဗြူး”
(Sæby) မြို့သို့ ထွက်ခွာမည့် ခရီးသည်တင် ဘက်စ်ကားပေါ် ပြောင်းရွှေ့ခဲ့ပါသည်။
ထိုကားပေါ်တွင် ကျောင်းတစ်ဖက်နှင့် အချိန်ပိုင်း အလုပ် လုပ်နေသော လူငယ်၊
လူရွယ် များစွာကို တွေ့နေရပါသည်၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်
ရေး အလွန်အမင်း အားပေးသည့် ဥရောပ ယဉ်ကျေးမှုသည် မိဘနှင့် သားသမီး
အကြား သံယောဇဉ်ကို သိပ်တော့ အားမပေးပါ။ သို့သော် မိမိကိုယ်ကိုယ် ယုံကြည်
မှုပြည်ဝစေရန် တွန်းအားပေးရာ၌ အင်မတန် ထိရောက်ပါသည်။ ကားပေါ်က
ထိုလူငယ်များ၏ စကားသံများအတွင်း သူတို့သည် ဘယ်ဒေသသို့ ဘယ်နေ့
တွင် အပျော်ခရီး ထွက်မည်၊ အလုပ်က ရသည့်ဝင်ငွေ၊ နိုင်ငံတော်မှ လစဉ်
ထောက်ပံ့သော ပညာသင် ထောက်ပံ့ကြေးများဖြင့် သူတို့၏ နေ့စဉ်ဘ၀တွင်
အပူအပင်ဆိုသော စကားလုံးသည် ရေပန်းမစားနိုင်ဟု ကျနော် ထင်ပါသည်။
ကျနော်တို့ မြန်မာနိုင်ငံက ကျောင်းသားလူငယ်များ၏ နေ့စဉ်ဘ၀များအား
ထိုနည်းတူစွာ ကျနော် ဖြစ်စေချင်ပါသည်။ သို့သော် ကျနော့် ကျောင်းသား
လူငယ်ဘ၀၏ တချို့သော ညများတွင် “ဧည့်စာရင်း စစ်မယ်”ဆိုသည့်
အသံများနှင့်အတူ အိမ်အတွင်းသို့ လက်နက်ကိုင်ပြီး ၀င်ရောက်လာလေ့
ရှိသော ဧည့်ဆိုးများဖြင့် ပြည့်နှက်ခဲ့ဖူးပါသည်။

(ဆက်ရန်။   )

-စစ်ငြိမ်းဒီရေ

လုံခြုံရေးတာဝန်ကျသူ

$
0
0
ကျနော်(စာရေးသူ) လက်ရှိနေထိုင်ရာ မြို့ပြက စုပေါင်း အိမ်ယာ(ဂတ်တို- 
နိုင်ငံခြားသားအများစု နေထိုင်ရာ အိမ်ယာစီမံကိန်း) မှာ နေဖို့ အကြံပေးတဲ့ 
မိတ်ဆွေတစ်ဦး ရှိပါတယ်။ သူက သီရိလင်္ကာနိုင်ငံသူ တမီးလ် အမျိုးသမီးကြီး 
တစ်ဦးပါ။ သူနဲ့ ကျနော်က အလုပ်ထဲက မိတ်ဆွေတွေပါ။ သူတို့ မိသားစု 
နေထိုင်ရာ တိုက်ခန်းဟာ ကျနော်တို့ မိသားစု နေထိုင်တဲ့ နေရာကနေ
လမ်းလျှောက်သွားမယ်ဆိုရင် လေး၊ ငါးမိနစ်လောက် အကွာအဝေးမှာ ရှိပါတယ်။


သူ့ခင်ပွန်းဟာ အိန္ဒိယ၀န်ကြီးချုပ်ဟောင်း ရာဂျစ်ဂန္ဒီကို အသေခံ ဗုံးခွဲလုပ်ကြံ
ခဲ့တဲ့ ကိုယ်ဝန်သုံးလလွယ် တမီးလွတ်မြောက်ရေး ပျောက်ကျား အမျိုးသမီး
နဲ့ ဆွေမျိုးစပ်မယ်ဆိုရင် နှစ်ဝမ်းကွဲလောက် တော်စပ်တယ်လို့ သူက ပြော
ပြပါတယ်။ လွန်ခဲ့သော သီတင်း နှစ်ပတ်ခန့်က အဲဒီ အမျိုးသမီးကြီးက
ကျနော့်အား ....
“အောင်၊ ငါ့အိမ် လုံခြုံရေးအတွက် နေ့ရောညပါ လုံလုံခြုံခြုံ ကာကွယ်ပေး
မယ့်သူ ရပြီ၊ အဲဒါ ရှေ့အပတ်ကျရင် သွားခေါ်မယ်၊ နင် စိတ်ဝင်စားလား .... ”
တဲ့ ... ။ သူ ပြောတဲ့ စကား နာထောင်ပြီး ကျနော် တော်တော်လေး ဇဝေဇ၀ါ
ဖြစ်သွားပါတယ်။ ဒီလို ကုန်ဈေးနှုန်း ကြီးမားတဲ့ နိုင်ငံတစ်ခုမှာ နေတဲ့သူများ
ဟာ အခုလို ကိုယ့်ကိုယ်ပိုင်ကိစ္စအတွက် အချိန်ပြည့် အလုပ်သမား ဌားဖို့
ဆိုတာ အင်မတန် မလွယ်ကူတဲ့ ကိစ္စပါ။ ဒါနဲ့ ကျနော်လည်း ပြန်မေးလိုက်ပါတယ်။
နင့်အလုပ်သမားက ယောက်ျားလား၊ မိန်းမလား၊ လစာရော ဘယ်လောက်
ပေးရလဲ၊ ဘယ် လုံခြုံရေး ကုမ္မဏီကနေ ဌားတာလဲ၊ ဒိန်းမတ်လူမျိုးလား၊
အရှေ့ဥရောပ သားလား၊ အာရှသားလား ... လို့ မေးလိုက်တော့
သူ ပြန်ဖြေပုံက ...
“ငါတို့နင်တို့ နေတဲ့ ဒီအဆောက်အအုံတွေ နံဘေးက သစ်တောထဲက
သစ်ပင်ကြီး တစ်ပင်မှာ သွားပြီး ဆုတောင်းနေတာ တစ်လလောက်ရှိပြီ ဟ။
အခု ငါ့အိမ် လုံခြုံရေးအတွက် စောင့်ရှောက်ပေးမယ့်သူက လူတော့
မဟုတ်ဘူး၊ နင် နားလည်အောင် ဘယ်လို ပြောရမလဲ၊ ၀ိညာဉ် သရဲ
ဆိုတာမျိုး ပေါ့ .... ”

သူ ပြောလိုက်သည့် စကားကြောင့် သူရဲ့ ဇာတ်ကြောင်းကုန်စင်ကို
မေးဖြစ်ခဲ့ပါသည်။ သူတို့ အိမ်သည် လွန်ခဲ့သည့် တစ်လခန့် နေ့ဖက်
တွင် ဖောက်ထွင်းခိုးယူခြင်း ခံရပါသည်။ သူတို့မိသားစုသည် သုံးထပ်
တိုက်၏ အပေါ်ဆုံးထပ်တွင် နေထိုင်ပါသည်။ သူတို့အခန်းနှင့် ဘေး
ခြင်းကပ်တွင် အခန်းတစ်ခန်း ရှိပါသည်။ ဒိန်းမတ်လူ့အဖွဲ့အစည်း၏
ပုဂ္ဂလိကဆန်ဆန် ဖာသိဖာသာ နေတတ်သော အကျင့်များကြောင့်
စပ်စပ်စုစု အရောတ၀င်နေလေ့ မရှိကြပါ။ ဖောက်ထွင်း ခိုးယူခြင်း ခံရ
ချိန်မှာ နေ့ဖက် ဖြစ်ပါသည်။ တစ်မိသားစုလုံး အလုပ်၊ ကျောင်းများ
သွားနေချိန် ဖြစ်သောကြောင့် အိမ်တွင် မည်သူမျှ မရှိပါ။ သူတို့
တမီးလ်လူမျိုးများသည်လည်း ကျနော်တို့ မြန်မာများ နည်းတူ “ရွှေ”
နှင့် ပြုလုပ်ထားသည့် လက်ဝတ်ရတနာများကို အင်မတန် နှစ်ခြိုက်လေ့
ရှိပါသည်။ ဖောက်ထွင်းမှုကြောင့် သူတို့ မိသားစုပိုင် အမေရိကန်ဒေါ်လာ
တစ်သောင်းကျော်ဖိုးခန့် ဆုံးရှုံးသွားပါသည်။ လောလောဆယ် အချိန်
အထိ ရဲလည်း စုံစမ်းဆဲပင် ဖြစ်ပါသည်။ ဒိန်းမတ်နိုင်ငံ၏ လူနေမှုစနစ်
တွင် အာမခံ ပေးသွင်းရသော အာမခံစနစ်များ ရှိပါသည်။ သို့သော်
သူတို့မိသားစုသည် လက်ရှိတိုက်ခန်းတွင် (၁၉)နှစ် နီးပါး နေထိုင်သူများ
ဖြစ်သောကြောင့် ဒေသခံလိုလို ဖြစ်နေကြပြီး ထိုအရာများကို မစဉ်းစား
မိခဲ့ခြင်း ဖြစ်ပါသည်။

မီးဘေးအတွက် မီးအာမခံ၊ ဖောက်ထွင်းခိုးယူမှုအတွက် ထားရသည့်
အာမခံ၊ ကိုယ့်ကလေးငယ် သူတစ်ပါး ပစ္စည်းကို ဖျက်ဆီးမိပါက အလျော်
ပေးနိုင်ရန် ထားရသည့် အာမခံ၊ တစ်မိသားစုလုံးအတွက် ထားရသော
အာမခံ၊ ခရီးသွား အာမခံ စသဖြင့် ဒိန်းမတ် လူနေမှုစနစ်တွင် အာမခံ
စနစ်ပေါင်းစုံ ရှိပါသည်။ သူတို့မိသားစုသည် အာမခံ မရှိသောကြောင့်
အာမခံစနစ်မှ ပြန်လည် အလျော် မရပါ။ ရဲက ဖောက်ထွင်းသူအား ဖမ်းမိ
မှသာ မိမိပစ္စည်း ပြန်ရဖို့ လမ်းစ ရှိပါသည်။

အိမ် ဖောက်ထွင်းခိုးယူခြင်း ခံရသော ပြဿနာနောက်ပိုင်း ထိုတမီးလ်
လူမျိုး ကုလားမကြီးအား သူ့မိတ်ဆွေ  တမီးလ်တစ်ဦးက သရဲမွေးရန်
အကြံပြုပါတော့တယ်။ သူတို့၏ အယူအဆ အရအား နီးစပ်ရာ သစ်ပင်
ခပ်ကြီးကြီး သုံး၊ လေးပင်တို့တွင် ညစဉ် ဖယောင်းတိုင် မီးထွန်းပြီး ဆု
တောင်းပါတယ်။ “ဒါဆို အခု ခင်ဗျား ရလာတဲ့ဆိုတဲ့ သရဲက အထီးလား
အမလား ... ” ဟု ကျနော် မေးလိုက်ရာ ထိုအမျိုးသမီးကြီး ပြန်ဖြေပုံက ....
“ခွေး၊ သရဲဖြစ်တဲ့ ခွေး၊ ခွေး ၀ိညာဉ်ပေါ့ ... ”

တိရိစ္ဆာန်တစ်ကောင် သေဆုံးပြီးတဲ့နောက်ပိုင်း ၀ိညာဉ်အဖြစ် ပူးကပ်နေ
သော ဖြစ်စဉ်တစ်ခုကို လွန်ခဲ့သော ၇- နှစ်ခန့်က ကျနော် ကြုံဖူးပါသည်။
ကျနော့်မိတ်ဆွေ မွန်တိုင်းရင်းသား မုဆိုးမ အမျိုးသမီးကြီးတစ်ဦး၏
နေအိမ်၌ ထို ပြဿနာမျိုး ကြုံတွေ့ရသည်ဟု သိရပါသည်။  ထိုမွန်တိုင်းရင်း
သား မိသားစုတွင် မုဆိုးမ မိခင်နှင့် သား သုံးယောက်ရှိပါသည်။ အငယ်ဆုံး
သားဖြစ်သူသည် အိမ်မက်တစ်ခုကို ညစဉ်ဆက်တိုင်း မြင်မက်ပြီး တရေးနိုး
တွင် ထထ’ ငိုပါသည်။ သူ ပြောပြမှုအရ သူ့ကုတင်၏ အောက်တွင် အင်မတန်
ကြီးမားသော ခွေးကြီးတစ်ကောင်သည် သူ့အား ကြည့်ပြီး ဟောင် နေသည်
ဟု ပြောပြပါသည်။ ထိုပြဿနာအား ရွှေ့ပြောင်း အခြေချလာသူများနှင့်
သက်ဆိုင်သော အစိုးရဌာနသို့ ပြောပြပါသည်။ ထိုအခါ ထိုအိမ်နှင့် ပက်သက်
သော ရာဇ၀င်များကို ပြန်လည် ကြည့်ရှုသောအခါ သူတို့အရင် နေထိုင်
သွားသော မိသားစုတစ်စုတွင် ခွေးတစ်ကောင် မွေးခဲ့ဖူးကြောင်း သိရပါ
သည်။ ဒိန်းမတ်နိုင်ငံတွင် ခွေးသည် တိရိစ္ဆာန်ကု ဆရာဝန်၏ ခွင့်ပြုထောက်
ခံချက်ရမှ မွေးမြူးရသဖြင့် ထိုကဲ့သို့ ခွေးမွေးမြူးခြင်း မှတ်တမ်းကို အတိအကျ
သိရခြင်း ဖြစ်ပါသည်။ ထို့နောက် ယခင်နေခဲ့ဖူးသူများနှင့် ဆက်သွယ်သော
အခါ သူတို့မိသားစုသည် သူတို့မွေးခဲ့သော ထိုခွေးကြီး သေဆုံးသည့်အခါ
ထိုခြံထဲတွင် တွင်းတူးမြုပ်နှံခဲ့ကြောင်း သိရပါသည်။ ထို့ကြောင့် ခွေးသေ
အလောင်းအား တူးထုတ်ပြီး အခြားတစ်နေရာတွင် ရွှေ့ပြောင်းမြုပ်နှံလိုက်မှ
ကလေးငယ်အား ညစဉ် ခြောက်လန့်နေသော ခွေးသရဲ ဇာတ်လမ်း
ပြီးဆုံးသွားပါသည်။

ယခုတဖန် ထိုတမီးလ်ကုလားမကြီး၏ ဇာတ်လမ်းမှာ အသစ်ဖြစ်လာ
ပြန်ပါသည်။ သူ ချိန်းဆိုသော ခွေးသရဲအား သူ့အိမ်သို့ ခေါ်ဆောင်မည့်
နေ့တွင် ကျနော် အလုပ်ရှုပ်နေသောကြောင့် မသွားဖြစ်ခဲ့ပါ။ သူ့သမီး
အငယ်မလေးသည် ကျနော်တို့ အလုပ်ထဲတွင် ကျောင်းတစ်ဖက်နဲ့
အချိန်ပိုင်းအလုပ် လုပ်နေပါသည်။ လွန်ခဲ့သော ရက်အနည်းငယ်က
အလုပ်၏ ခေတ္တ နားချိန်အတွင်း ထိုကုလားမလေးက ကျနော် အပါအ၀င်
အလုပ်ထဲမှ မိတ်ဆွေများအား သူ့အိမ်မက်အကြောင်း ပြောပြပါသည်။

“ညက တော်တော်ကိုး ထူးဆန်းတဲ့ အိမ်မက်တစ်ခုကို ကျမ မက်တယ်၊
ကျမတို့ အိမ်ခန်းတံခါးကို အပြင်ကနေ အဆက်မပြတ် ခေါင်းလောင်း
တီးနေလို့ ကျမ တံခါးကို ဖွင့်လိုက်တော့ အပေါက်ဝမှာ လူကြီးတစ်ယောက်
မတ်တပ်ရပ်နေတယ်၊ အဲဒါနဲ့ ဘာကိစ္စ ရှိလို့လဲ မေးလိုက်တော့၊ နင်တို့
အိမ်မှာ ငါ့ခွေး ရောက်နေလို့ ငါ လိုက်လာတယ် တဲ့၊ မောလိုက်တာ သောက်
စရာ ဘာရှိလဲလို့ ပြောတာနဲ့ ကျမက သူ့ကို ဧည့်ခန်းထဲကို ခေါ်လာခဲ့တယ်၊
အခန်းထဲလည်း ရောက်ရော ထူးထူးဆန်းဆန်း ကျမတို့ အခန်းထဲမှာ
ဘယ်ကမှန်းမသိတဲ့ ခွေးတစ်ကောင် ရှိနေတယ်၊ အဲဒီခွေးဟာ ခုနက
ဧည့်ခန်းထဲ ၀င်လာတဲ့ လူကြီးကို နမ်းရှိုက်နေပုံများ တော်တော်ကိုး ရင်းနှီး
တဲ့ ပုံစံမျိုး၊ အဲဒီနောက် အဲဒီ လူကြီးက ကျမကို ဘာပြောသလဲ ဆိုတော့
နင်တို့ မိသားစု ငါ့ခွေးကို ခေါ်ထားတာ အခု ငါက သူ့ကို နင်တို့ဆီကနေ
ပြန်ခေါ်တာ ခေါ်လို့ မရဘူး၊ ခေါ်လို့ မရရင်တော့ ငါလည်း သူနဲ့အတူတူ
နင်တို့ဆီမှာ နေမယ်ဆိုပြီး ပြောတယ်၊ ဒါနဲ့ ကျမက ရှင်ကိုလည်း ကျမ
မသိဘူး၊ ရှင့်ခွေးကိုလည်း ကျမ မသိဘူး၊ ရှင် အခု ချက်ချင်း ထွက်သွားလို့
အော်လိုက်တော့ ... အိမ်မက်ကနေ ငယောင်ခြောက်ခြားနဲ့ ကျမလည်း
နိုးလာတာပဲ .... ”

ထိုနောက် တစ်ခုသော နံနက်ခင်းတစ်ခုတွင် သူတို့ တိုက်ရှေ့က ဖြတ်
လျှောက်ရင်း သူတို့အခန်းဆီ မော့ကြည့်လိုက်မိပါသည်။ အခန်းရှေ့
ဝရံတာတွင် မတ်တပ်ရပ်နေသော ကျနော့်မိတ်ဆွေ တမီးလ်ကုလားမကြီး
နှင့်အတူ သူ့မိတ်ဆွေ တမီးလ်အမျိုးသမီး တစ်ဦးတို့ မတ်တပ်ရပ်ရင်း
စကားပြောနေသည့်ကို တွေ့ရပါသည်။ ကျနော့်ကို တွေ့လိုက်သည်နှင့်
တပြိုင်နက် ကျနော့်မိတ်ဆွေ ထိုအမျိုးသမီးကြီးက သူတို့အခန်းဆီ
အလည်လာဖို့ လှမ်းပြောပါသည်။ နဂိုကတည်းက သူမွေးထားသော
ခွေးသရဲအကြောင်း သိချင်နေသည့် ကျနော်၏ ခြေလှမ်းများသည် သူတို့
တိုက်အပေါ်ထပ်သို့ ဦးတည်လိုက်ပါသည်။

သူတို့ဧည့်ခန်းထဲ ထိုင်နေရင်း ဟိုရောက်ဒီရောက် စကားများကို နားထောင်
လိုက် ပြန်လည် ပြောဆိုလိုက် လုပ်နေသော ကျနော့်အား ခြေဆုံးခေါင်းဆုံး
ကြည့်နေသည့် သူတို့ဧည့်သည် တမီးလ်အမျိုးသမီး၏ မျက်လုံးများအား
ကျနော် မသိချင်ယောင် ဆောင်နေခဲ့ပါသည်။ ထို့နောက် ထိုဧည့်သည်က
ကျနော့်အား .... “နင် ငယ်ငယ်က ညဖက် အိပ်နေရင်း ခြေထောက်မှာ
ခြေချင်းတွေ ချူတွေ ချိတ်ဆွဲထားလို့ လမ်းလျှောက်တဲ့အခါ ထွက်ပေါ်
လာတဲ့ အသံမျိုး ကြားဖူးတယ်လို့ ငါတော့ ထင်တယ် ... ” ဟု ပြော
လိုက်ရာ ကျနော် အနည်းငယ် အံသြသွားပါသည်။ ကျနော် သုံးနှစ်သား
အရွယ်က  အချို့ ညဖက်များတွင် အိမ်ယာမှထပြီး ပြတင်းပေါက်တစ်ခု
အနားသို့ တစ်ယောက်တည်း ထ သွားလေ့ရှိကြောင်း၊ ထို့နောက် တစ်စုံ
တစ်ယောက်နှင့် စကားပြောသလို မပီမသ စကားများ ပြောတတ်ကြောင်း၊
ထိုအခါ ပြတင်းပေါက် အခြားဖက်တွင် ကုလားမများ ၀တ်ဆင်လေ့
ရှိသော ခြေချင်းသံများ ကြားရလေ့ရှိကြောင်း ငယ်ငယ်က ကျနော့်အား
ထိန်းကျောင်းခဲ့သော အမ ၀မ်းကွဲတော်စပ်သူ တစ်ဦး ပြောပြသည်ကို
သတိရမိပါသည်။ သူက ... “နင်လည်း အိန္ဒိယက လာတာပါ ... ” ဟု
ဆက်ပြောပါသည်။

ထိုဧည့်သည် တမီးလ်အမျိုးသမီးသည် ကျနော့်မိတ်ဆွေ မိသားစုအတွက်
ခွေးသရဲအား သယ်ဆောင်ရာတွင် ကူညီခဲ့သူ ဖြစ်ကြောင်း သိရပါသည်။
ယခုရက်ပိုင်းများတွင် ကျနော့်မိတ်ဆွေ မိသားစုသည် သူတို့အိမ်အား
လာရောက် ဖောက်ထွင်းမည့် သူခိုးများရန်ကို မကြောက်ရသော်လည်း
ညဖက်များတွင် ဘယ်က ဘယ်လိုမှန်း မသိ လေထဲတွင် မျှောပါလာသော
ခွေးအူသံများ၊ အိမ်အ၀င်အ၀ တံခါးရှေ့မှ ချောင်းဟန့်သံများကြောင့်
ထိုဧည့်သည်အား ထိုနေ့တွင် ဖိတ်ခေါ်ရခြင်း ဖြစ်ကြောင်း သိရပါသည်။

ကျနော်က ကျနော့်မိတ်ဆွေအား အာမခံစနစ် ထားရှိရန် ထပ်မံ အကြံ
ပေးလိုက်သည့်အခါ ကျနော့်မိတ်ဆွေက ....
“အာမခံထားဖို့ ဆုံးဖြတ်ပြီးပါပြီ၊ ခက်တာက အခု ခေါ်ထားမိတဲ့
ဟာတွေကို မြန်မြန် ပြန်ပို့ချင်တာပဲ သိတယ်၊ အခု ကလေးတွေ
လည်း သိကုန်တော့ ပိုဆိုးတာပေါ့၊ ခေါ်တုန်းက ခေါ်ချင်သလို
ခေါ်လို့ မရနိုင်သလို ပြန်ပို့ချင်တော့လည်း ပြန်ပို့ချင်တိုင်း ပြန်ပို့လို့
မရပဲ အချိန်တစ်ခုအထိ သည်းခံပြီး စောင့်နေရတာလည်း မလွယ်ဘူး ... ”
ဟု ညည်းရှာပါသည်။


-ကိုအောင်(ပျူနိုင်ငံ)

မြန်မာ့ရုပ်ရှင် အကယ်ဒမီဆုပေးပွဲ၏ အရှက်နည်းမှု

$
0
0
ထာဝရအလင်းတန်းများ သို့မဟုတ် 
တရုတ်နိုင်ငံထုတ် The Road Home ရုပ်ရှင်ဇာတ်လမ်းအား ပုံတူကူးချခဲ့ခြင်း ....

-ရီမြင့်ရုပ်ရှင်ထုတ်လုပ်ရေး (အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆု) 
-ဒါရိုက်တာ ထွန်းအောင်ဇော် (အကောင်းဆုံး ရုပ်ရှင် ဒါရိုက်တာဆု)
-နာင်နောင် (အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု)
-မယ်လိုဒီ (အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု)
-မော့စ် (အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆု)
-ဟိန်းထက် (လယ်ဝေး) (အကောင်းဆုံးတည်းဖြတ်ဆု)
-ဇော်မျိုးထွဋ် (အကောင်းဆုံးတေးဂီတဆု)
-မြင့်ဆောင်၊ စိုးကျော်ဆန်း (အကောင်းဆုံးဇာတ်ညွှန်းဆု)

ဂုဏ်သိက္ခာရှိပြီး တိုင်းပြည်က ချစ်တဲ့ သန်းကြွယ်သူဋ္ဌေးတစ်ဦး သို့မဟုတ်

$
0
0
ဂုဏ်သိက္ခာရှိပြီး တိုင်းပြည်က ချစ်တဲ့ သန်းကြွယ်သူဋ္ဌေးတစ်ဦး သို့မဟုတ်
ကမ္ဘာကျော် Maersk သင်္ဘောလိုင်းပိုင်ရှင် မတ်စ်မကင်လီ မိုလာ (Mærsk Mc-Kinney Møller) ဆိုတဲ့ သူတစ်ဦး ကမ္ဘာမြေပေါ်မှာ ရှိခဲ့ဘူးပါတယ် ...


-သူ့ကို ၁၃ ရက် ဇူလိုင်လ ၁၉၁၃ ခုနှစ် (ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့နဲ့ တွက်မယ်ဆိုရင် ကျနော်တို့ ဗိုလ်ချုပ်ထက် ငါးလ တိတိ ငယ်ပါတယ် ...) -နေ့မှာ မွေးဖွားခဲ့ပါတယ် ...။
၁၆ ရက် ဧပြီလ ၂၀၁၂ ခုနှစ်မှာ ကွယ်လွန်သွားပါပြီ (မြန်မာလို နှစ်ဆန်း တစ်ရက်နေ့ပေါ့) ...


-သူဟာ ဒိန်းမတ်နိုင်ငံမှာ အချမ်းသာဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး ကမ္ဘာကျော် ကွန်တိန်နာ သင်္ဘောလုပ်ငန်း ပိုင်ရှင်လည်း ဖြစ်ပါတယ်၊ ၂၀၀၇ ခုနှစ်က စာရင်းဇယားများအရ သူ့ပိုင်ဆိုင်မှုဟာ တစ်ဦးတည်း အမေရိကန် ဒေါ်လာ သန်းထောင်ပေါင်း ၂၃ ဘီလယျံ၊ အုပ်စုလိုက် ပိုင်ဆိုင်မှုအရ အမေရိကန်ဒေါ်လာ သန်း ၂၅ ထောင် ဖြစ်ပါတယ်၊ ရေနံနဲ့ သဘာဝဓါတ်ငွေ့ အစုရှယ်ယာပိုင်ဆိုင်ရာ ကိန်းဂဏန်းတွေကတော့ ခန့်မှန်းချေ အမေရိကန်ဒေါ်လာ ဘီလယျံပေါင်း ၆၈ ဘီလယျံ လောက် ရှိပါတယ် ...

-သူဟာ သူနေထိုင်တဲ့ Hellrerup မြို့နယ်အုပ်ချုပ်ရေးရုံးထံ နှစ်စဉ် အခွန်ငွေ အမေရိကန်ဒေါ်လာ သန်း ၅၀ ထက် မနည်း အခွန်ပေးဆောင်တဲ့ သူပါ၊ နိုင်ငံတော်ထံကို အဲဒီထက် ငါးဆလောက်ရှိတဲ့ အခွန်ကို နှစ်စဉ် ပေးဆောင်ပါတယ် (သူ့ပိုင်ဆိုင်မှုက ကမ္ဘာနဲ့အ၀ှမ်းဖြစ်ပြီး၊ ဒိန်းမတ်က လုပ်ငန်းအရ ဒိန်းမတ်မှာ အခွန်ဆောင်ပြီး အခြားနေရာက လုပ်ငန်းတွေအတွက် အခြားနိုင်ငံတွေမှာ အခွန်ပေးရပါတယ်) ....

-သူဟာ ပိုက်ဆံ ချမ်းသာလို့ သူ့တစ်ပါးအပေါ် မောက်မောက်မာမာ ကြမ်းကြမ်းတမ်းတမ်း အထက်စီးကနေ ပြောဆိုဆက်ဆံတဲ့သူမျိုး လုံးဝ မဟုတ်ပါဘူး၊ သာမန် အခွန်ထမ်း ပြည်သူတစ်ဦးလို ဘ၀ကို ရိုးရှင်းစွာ ဖြတ်သန်းခဲ့ပါတယ် ...

-သူ့ဘ၀ တလျှောက်မှာ သူ ပိုင်ဆိုင်မှုတွေနဲ့ ပက်သက်ပြီး သတင်းနဲ့ မီဒီယာတွေ၊ အစိုးရ အကောက်ခွန် အရာရှိတွေကို အချိန်မရွေး ဖိတ်ခေါ်ပါကြောင်း အကြိမ်ကြိမ် ပြောဆိုခဲ့ပါတယ်၊ သူ့ရဲ့ သန့်ရှင်းတဲ့ ပိုင်ဆိုင်မှုကို အစစ်ခံရဲသူ တစ်ဦးပါ ....

-သူဟာ ဥရောပတိုက်က သူဋ္ဌေးတွေ အားလုံးထဲမှာ အသန့်ရှင်းဆုံး ဂုဏ်သိက္ခာရှိသူ လို့ နာမည်ကြီးသူ တစ်ဦးပါ ....

-သူဟာ ဒုတိယကမ္ဘာစစ်အတွင်းက ပြည်ပြေးတစ်ဦး အဖြစ် အမေရိကန် ပြည်ထောင်စု နယူးယော့မြို့မှာ နေထိုင်ခဲ့ပါတယ် ...

-သူဟာ ဒိန်းမတ်နိုင်ငံရဲ့ ထင်ရှားတဲ့ အဆောင်အဦး တော်တော်များများကို ဒေါ်လာ သန်းချီပြီး အကုန်အကျခံ ဆောက်လုပ် လှူဒါန်းခဲ့ပါတယ် (ဥပမာ Copenhagen Opera House) ...

-သူ ကွယ်လွန်တဲ့နေ့ အသုဘ အခမ်းအနားကို တက်ရောက်လာတဲ့ ဒိန်းမတ် ဘုရင်မကြီးက “ကျမတို့ နိုင်ငံရဲ့ အင်မတန် ကြီးမြတ်တဲ့ ပုဂ္ဂိုလ်ဟာ ကျမတို့ အားလုံးကို ထားရစ်ခဲ့ပါပြီ” ...လို့ ၀မ်းနည်းစကား ဆိုခဲ့ပါတယ် ....



“အဲလ်ဒီ(ALDI)” ကုန်ပဒေသာဆိုင်လုပ်ငန်းဖြင့် ချမ်းသာခဲ့သော ကမ္ဘာကျော် ညီအကိုနှစ်ဦး

$
0
0
ကားလ်(Karl) နှင့် သူ့ညီ သီအို(Theo) တို့ကို ဂျာမန်နိုင်ငံ အနောက်ပိုင်း
အီဆန်(Essen) မြို့မှာ မိုင်းလုပ်ငန်းတစ်ခုက အလုပ်သမားဖြစ်သူ ဖခင်နှင့်
ကုန်ခြောက်ဆိုင် ခပ်သေးသေးကို ဖွင့်လှစ်ရောင်းချတဲ့မိခင်ဖြစ်သူတို့ကနေ
ပထမ ကမ္ဘာစစ်ပြီးကာစ ၁၉၂၀ ခုနှစ်နဲ့ ၁၉၂၂ ခုနှစ်တို့မှာ မွေးဖွားခဲ့ပါတယ်။

သူတို့ညီအကို နှစ်ဦးစလုံး၏ အမည် အပြည်အစုံများက Karl Albrecht နှင့်
Theo Albrecht တို့ဖြစ်ပြီး သူတို့နာမည်များရဲ့ နောက်ပိုင်း စကားလုံးဖြစ်တဲ့
“အဲလ်ဗီခ်ျ” (Albrecht) ဆိုသော အမည်ဟာ သူတို့မျိုးရိုး အစဉ်အဆက်
ယူဆောင်ထားတဲ့ မိသားစုအမည် (surname) ဖြစ်ပါတယ်။ သူတို့ညီအကို
နှစ်ဦးကို ချမ်းသာကြွယ်ဝသူများဖြစ်လာအောင် တွန်းပိုခဲ့တဲ့ “အဲလ်ဒီ”(ALDI)
ဆိုတဲ့ အမည်ဟာ Albrecht-Diskount ဆိုတဲ့ “အဲလ်ဗီခ်ျ သက်သာဆိုင်”
ဆိုတဲ့ ဂျာမန်စကားလုံးထဲက ပထမစာလုံး Albrecht ကနေ အေ “A”နှင့်
အယ်လ် “L”၊ ဒုတိယ စာလုံး Diskount ကနေ ဒီ “D”နှင့် အိုင် “I”တို့ကို
ယူပြီး A+L+D+I = ALDI ဆိုတဲ့ အမည်ကို မွေးဖွားခဲ့တာပါ။

အကိုဖြစ်သူ ကားလ် (Karl Albrecht) ဟာ ယနေ့တိုင် သက်ရှိထင်ရှား
ရှိပြီး အသက်အားဖြင့် ၉၂ နှစ် ရှိပါပြီ။ ညီဖြစ်သူ သီအို (Theo Albrecht)
ကတော့ လွန်ခဲ့တဲ့ ၂၀၁၀ ခုနှစ် ဇူလိုင်လက အသက် ၈၈ နှစ်အရွယ်ဖြင့်
ကွယ်လွန်သွားပါပြီ။ ညီဖြစ်သူ သီအိုဟာ ၁၉၇၁ ခုနှစ်က ၁၇ ရက်ကြာ
ပြန်ပေးဆွဲခံရလို့ အမေရိကန် ဒေါ်လာ ၂ သန်း ပေးချေပြီး လူဆိုးတွေ
လက်က လွတ်မြောက်ခဲ့ရသူပါ။ ၁၉၇၁ ခုနှစ် အဲဒီ အဖြစ်အပျက်နောက်ပိုင်း
မှာ သူတို့ ညီအကို နှစ်ဦးဟာ သူတို့ရဲ့ ပုဂ္ဂိုလ်ရေးပိုင်ဆိုင်ရာ အချက်အလက်
တွေ သတင်းနဲ့ မီဒီယာတွေ၊ လူအများစု သိမြင်နိုင်တဲ့ ရှုထောင့်တွေပေါ်မှာ
ထင်ထင်ပေါ်ပေါ် ဖေါ်ပြလေ့ မရှိအောင် နေလေ့ရှိပါတယ်။

ညီဖြစ်သူ သီအိုဟာ အမေရိကန် အခြေစိုက် ကမ္ဘာကျော် TRADER JOE’S
ကုမ္မဏီကြီး၏ တစ်ဦးတည်းသော ပိုင်ရှင်လည်း ဖြစ်ခဲ့ဘူးပါတယ်။

အကိုဖြစ်သူ ကားလ် ဟာ ဒုတိယကမ္ဘာစစ်အတွင်း ဂျာမန် အာဏာရှင်
အဒေါ့ဟစ်တလာရဲ့ နာဇီပါတီမှာ ပါတီဝင်ဖြစ်ခဲ့ဘူးပါတယ်။ ၁၉၃၅ ခုနှစ်
ကနေ ၁၉၄၅ ခုနှစ်အထိ စစ်မှုထမ်းခဲ့ပါတယ်။ စစ်အပြီး အလုပ်လက်မဲ့
ဖြစ်နေတဲ့ သူတို့ ညီအကိုဟာ မိခင်ဖြစ်သူရဲ့ ကုန်ခြောက်ဆိုင် စီးပွားရေး
လုပ်ငန်းကို စတင်လုပ်ဆောင်ခဲ့ကြတာပါ။ ၁၉၅၀ ခုနှစ်မှာ သူတို့ ညီအကို
နှစ်ဦးဟာ “ရာရ်” (Ruhr) မြစ်ဝှမ်းဒေသ တလျှောက်မှာ ကုန်ပဒေသာ
ဆိုင်ပေါင်း ၁၃ ဆိုင်ကို ပိုင်ဆိုင်လာပါတယ်။
**** အဲဒီအချိန်က သူတို့လုပ်ငန်းရဲ့ ဆွဲဆောင်မှုက ကုန်ပစ္စည်းများ
အပေါ် အမြတ်နည်းနည်းသာ ဈေးတင်ထားပြီး ၀ယ်သူစိတ်ကြိုက်ဖြစ်ရေး
ဆိုတဲ့ ဦးတည်ချက်ပါ ....

သာမန် အလယ်အလတ်တန်းစာ စီးပွားရေး လုပ်ငန်းစု ကုမ္မဏီအဆင့်
ကနေ ၁၉၆၀ ခုနှစ်မှာ သူတို့ ညီအကိုဟာ ဈေးဆိုင်ခွဲပေါင်း ဆိုင် ၃၀၀
ကို ပိုင်ဆိုင်တဲ့ လုပ်ငန်းရှင်အဆင့် ရောက်ရှိလာပါတယ်။ အဲလို သူတို့
ကျော်ဖြတ် အောင်မြင်ခဲ့တဲ့ အဆင့်မှာ သူတို့ပိုင်ဆိုင်တဲ့ ဈေးဆိုင်များဟာ
အကောက်ခွန်ဆိုင်ရာ အငြင်းပွားဖွယ် ဆေးလိပ်ဗူးတွေကို ရောင်းချ
ခဲ့တယ်လို့ ဆိုပါတယ်။
(*** အဲဒီခေတ်က ဂျာမန်နိုင်ငံဟာ အရှေ့ဂျာမန်နဲ့ အနောက်ဂျာမန်
ဆိုပြီး နှစ်နိုင်ငံရှိခဲ့ပါတယ်။ ပါလီမန် လက်ယာ နိုင်ငံရေး စနစ်ကို ကျင့်သုံး
တဲ့ အနောက်ဂျာမဏီနိုင်ငံဟာ Capitalism စနစ်အတိုင်း အခွန်က ရတဲ့
ဝင်ငွေနဲ့ ရပ်တည်ခဲ့ပါတယ်။ ဒါကြောင့် အနောက် ဂျာမဏီနိုင်ငံက အရက်၊
ဘီယာနဲ့ စီကရက်ဆေးလိပ် ဈေးဟာ အရှေ့ဂျာမဏီလို့ ခေါ်တဲ့ ကွန်မြူနစ်
စနစ်ကျင့်သုံးတဲ့ နေရာထက် ဈေးပိုကြီးပါတယ်။ ဒါကြောင့် အရှေ့ဂျာမဏီ
ဖက်ကနေ အနောက်ဂျာမဏီဖက်ကို အရက်၊ ဘီယာနှင့် စီကရက်တွေ
မှောင်ခိုတင်သွင်းမှုအချို့ ရှိခဲ့ပါတယ်။

***၁၉၆၂ ခုနှစ်မှာ အဲလ်ဒီ (ALDI) ဆိုတဲ့ အမှတ်တံဆိပ်ကို ကုန်ပဒေသာ
ဆိုင်တွေမှာ ချိတ်ဆွဲပြီး ဈေးကွက်ထဲ နေရာယူခဲ့ပါတယ်။

***၁၉၆၆ ခုနှစ်မှာ သူတို့ညီအကိုဟာ ပိုင်ဆိုင်မှု ဘဏ္ဍာငွေတွေကို တရားဝင်
ခွဲယူခဲ့ကြပါတယ်။ သို့ပေမယ့် ကုမ္မဏီပိုင်ဆိုင်ရာ ပူးပေါင်းမှုကိုတော့ ဒီအတိုင်း
ဆက်လက် ထားရှိခဲ့ပါတယ်။

-အကိုဖြစ်သူ ဖြစ်သူ ကားလ်(Karl)ဟာ “အဲလ်ဒီ(ALDI)” တောင်ပိုင်း ကုမ္မဏီ
အစုအဖွဲ့ရဲ့ အကြီးအကဲ၊ ပိုင်ရှင်အဖြစ် ရပ်တည်ခဲ့ပြီး သူ့လက်အောက်မှာ
ကုမ္မဏီပေါင်း (၃၁)ခု၊ ဈေးဆိုင်ပေါင်း (၁၆၀၀) ရှိခဲ့ပါတယ်။

-ညီဖြစ်သူ သီအို(Theo) ဟာ “အဲလ်ဒီ(ALDI)” မြောက်ပိုင်း ကုမ္မဏီ
အစုအဖွဲ့ရဲ့ အကြီးအကဲ၊ ပိုင်ရှင်အဖြစ် ရပ်တည်ခဲ့ပြီး သူ့လက်အောက်မှာ
ကုမ္မဏီပေါင်း (၃၅)ခု၊ ဈေးဆိုင်ပေါင်း (၂၅၀၀) ရှိခဲ့ပါတယ်။

***ယနေ့တော့ “အဲလ်ဒီ(ALDI)” ကုမ္မဏီဟာ ကမ္ဘာအနှံ ဈေးဆိုင်အခွဲ
ပေါင်း (၉၀၀၀) ကျော်ကို ဖွင့်လှစ် ရောင်းချနေပါပြီ။

-“အဲလ်ဒီ(ALDI)” ကုမ္မဏီရဲ့ လည်ပတ် ပိုင်ဆိုင်မှု ငွေ ပမဏဟာ
၂၀၀၉ ခုနှစ် စာရင်းဇယားများအရ အမေရိကန် ဒေါ်လာ သန်းထောင်ပေါင်း
၅၃ ( ၅၃- ဘီလယျံ) ရှိပါတယ်။

-အကိုဖြစ်သူ ကားလ် (Karl) ဟာ လက်ရှိ ဂျာမန်နိုင်ငံမှာ အချမ်းသာဆုံး
ဖြစ်ပြီး ဥရောပတိုက် ချမ်းသာကြွယ်ဝသူများ စာရင်းမှာ နံပါတ် (၄)ဦး
မြောက်ဖြစ်ပါတယ်။ သူ့ပိုင်ဆိုင်မှုက အမေရိကန်ဒေါ်သာ သန်းထောင်ပေါင်း
25.4 (၂၅.၄ ဘီလယျံ)ကို ပိုင်ဆိုင်ပါတယ်။ အင်္ဂလန်နိုင်ငံက Leeds United
ဘောလုံးကလပ်အသင်း ပိုင်ရှင်လည်း ဖြစ်ပါတယ်။

-၂၀၁၀ ခုနှစ်က ကွယ်လွန်သွားတဲ့ ညီဖြစ်သူ သီအို(Theo) ဟာ ကမ္ဘာပေါ်
မှာ ၃၁- ဦးမြောက် အချမ်းသာဆုံး ဖြစ်ခဲ့ပြီး အမေရိကန် ဒေါ်လာသန်းထောင်
ပေါင်း 16.7 (၁၆.၇ ဘီလယျံ) ကို ပိုင်ဆိုင်ခဲ့ပါတယ်။ သူ့ကွယ်လွန်တော့
သူ့နေရာကို သူ့သား အငယ်ဖြစ်သူ “ဘက်ဟိုး” (Berthold Albrecht) ဆက်ခံ
ပါတယ်။ “ဘက်ဟိုး”လည်း ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် နိုဝင်ဘာလမှာ ကွယ်လွန်
သွားပြန်တော့ သီအိုရဲ့ သားအကြီးဖြစ်သူ သီအိုဂျူနီယာ (Theo Albrecht. Jr)
ဆက်လက် တာဝန်ယူထားပါတယ်။

***** ယနေ့တော့ “အဲလ်ဒီ (ALDI)” ကုန်ပဒေသာဆိုင် စီးပွားရေးအုပ်စု
ဟာ နိုင်ငံပေါင်း (၁၇) နိုင်ငံဖြစ်တဲ့ ... ဂျာမန်၊ သြစတြေရီးယား၊ သြစတြီးရီးယား၊
ဘယ်ဂျီယန်၊ ဒိန်းမတ်၊ ပြင်သစ်၊ ဟန်ဂေရီ၊ အိုင်ယာလန်၊ လူဇင်ဘတ်၊ နယ်သာလန်၊
ပိုလန်၊ ပေါ်တူဂီ၊ စလိုဗေးနီးယား၊ စပိန်၊ ဆွစ်ဇာလန်၊ အင်္ဂလန်၊ အမေရိကန်
နိုင်ငံတွေမှာ အကိုဖြစ်သူ ကားလ် (Karl) ဦးဆောင်တဲ့ “အဲလ်ဒီ(ALDI)” တောင်ပိုင်း
အုပ်စုက ဆိုင်ခွဲပေါင်း (၄၄၃၀)ဆိုင်၊ ညီဖြစ်သူ သီအို(Theo) အရိုက်အရာကို ဆက်ခံ
တဲ့ တူဖြစ်သူ သီအိုဂျူနီယာ ဦးဆောင်တဲ့ “အဲလ်ဒီ(ALDI)” မြောက်ပိုင်းအုပ်စု
က ဆိုင်ခွဲပေါင်း (၄၈၀၅) ဆိုင်တို့ကို ဖွင့်လှစ်ပြီး နေရာ ယူထားပါတယ်။

*** တကယ်တော့ သူတို့ညီအကို နှစ်ဦးစလုံးဟာ ပထမ ကမ္ဘာစစ်ပြီးကာစ
၁၉၁၈ ခုနှစ်က သာမန် အခြေခံလူတန်းစားမျှသာ နေထိုင်စားသောက်ရတဲ့
မိသားစု တစ်စုကနေ မွေးဖွားကြီးပြင်းခွင့် ရခဲ့သူတွေ ဖြစ်ပါတယ်။

(*** ဓါတ်ပုံထဲက ပုံအကြီးက အကိုဖြစ်သူ ကားလ်- Karl ဖြစ်ပြီး
ပုံအသေးက ညီဖြစ်သူ သီအို- Theo ပါ။)

သရဲတွေ ၀ိုင် သောက်တတ်သလား

$
0
0

ကျနော်တို့ နေထိုင်တဲ့ ရပ်ကွပ်ထဲက ပင်စင်စား အဖိုးကြီးတွေ အဖွဲ့
တစ်ဖွဲ့ ဖွဲ့ထားတာရှိတယ်။ ထူးထူးဆန်းဆန်း လေ့လာရေး အသင်း
ပုံစံမျိုး ဆိုပါတော့။ အမှန်တော့ ဒီအဖွဲ့က ဟိုနေရာ ဒီနေရာက
သတင်းပလင်း ကြားရင် ပျော်ပွဲစားထွက်သလို ပေါင်မုန့်တွေ၊ အသားပြား
တွေ၊ ၀ိုင်တွေ၊ ကော်ဖီ ထည့်ထားတဲ့ ဓါတ်ဗူးတွေ၊ သယ်ဆောင်ပြီး တရုံရုံနဲ့
စကား စုပြော၊ အတူ စုအိပ်တဲ့ “ဂဲသားရင်း” လုပ်တဲ့ သဘောက များ
နေပါတယ်။ ကျနော်က အဲလို ဝေဖန်ရင် အဖိုးကြီးတွေက စိတ်ကောက်
ကြပါတယ်။

ဟိုတလောက ကျနော်တို့မြို့နဲ့ တစ်မြို့ကျော်က စာကြည့်တိုက် တစ်ခု 
မှာ သရဲ ခြောက်တယ်ဆိုတဲ့ သတင်း ထွက်လာတယ်။ အဲဒီ စာကြည့်တိုက်
နဲ့ ကပ်လျက်တိုက်မှာ နေထိုင် အမျိုးသမီး တစ်ဦးက လွန်ခဲ့တဲ့ ၁၀ နှစ်
ကျော်က စိတ်ဓါတ်ကျ ရောဂါနဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့ဖူးပါတယ်။
သို့ပေမယ့် သူမက နေ့တိုင်း အဲဒီ စာကြည့်မှာ စာလာဖတ်လေ့ရှိတယ်။
စာကြည့်တိုက် ၀န်ထမ်းတွေနဲ့ လည်း တော်တော် ခင်မင်ရင်းနှီးတယ်လို့
ပြောကြပါတယ်။ သူမ အဲလို သေဆုံးသွားပြီးတဲ့ နောက် စာကြည့်တိုက်ထဲ 
အသံဗလံတွေ ထွက်လာပါတယ်။ အခုမှ ထွက်လာတာ မဟုတ်ပါဘူး။
ဆယ်နှစ်နီးပါး ဒီသရဲ ခြောက်တယ် ဆိုတဲ့ သတင်းဟာ တော်တော်ကိုး
မွှေးနေပါတယ်။ သတင်းဌာနတွေ၊ ဂျာနယ်လစ်တွေ၊ သရဲ ရှာဖွေရေးသမား
တွေ ခြေချင်း ထပ်လုနီးပါး စုံစမ်းခဲ့ကြဘူးပါတယ်။ သရဲခြောက်တဲ့ အသံဗလံ
တော့ သူတို့ ကြားရတယ် ... တဲ့ ... ။ သရဲနဲ့ တိုက်ရိုက် ဆက်သွယ်ဖို့
ကြိုးစားမှုတော့ မအောင်မြင်ကြပါဘူး ...။

ဒါနဲ့ ကျနော်တို့ ရပ်ကွပ်ထဲက အထက်ပါ ဘော်လန်တီယား ထူးထူး
ဆန်းဆန်း လေ့လာရေး အဖွဲ့ဟာ “အလုပ်မရှိ ကြောင်ရေချိုး” ဆိုသလို
အဆိုပါ စာကြည့်တိုက်မှာ တစ်ညတာ စုံစမ်းမှုတွေ လုပ်ဖို့ ဆုံးဖြတ်
လိုက်ပါတယ်။ အဖွဲ့ဝင်ဖြစ်တဲ့ ကျနော့်ထံလည်း အကြောင်း ကြားပါတယ် ...
အောင် ... ၀ိုင်အရက် အကောင်းစား အနည်းဆုံး နှစ်ပုလင်း သယ်လာပါ၊
မြန်မာ အစား အစား သယ်လာမယ် ဆိုရင် ငရုတ်သီးပါတဲ့ ဟာတွေ
သယ် မလာပါနဲ့၊ ငါတို့ စားလို့ မရလို့ ...
အဲဒါနဲ့ မနေ့က ညမှာ ရပ်ကွပ်ထဲက ၁၀၉- ၁၁၀ အဖိုးကြီးတသိုက်နဲ့
အတူ အဲဒီ သရဲခြောက်တယ်လို့ နာမည်ကြီးတဲ့ စာကြည့်တိုက်ဆီ
ကျနော် ရောက်ရှိခဲ့ပါတယ် ...။

လူတွေက သရဲအဖြစ် ရောက်ရှိနေတဲ့ အမျိုးသမီးရဲ့ ဓါတ်ပုံကို စာကြည့်
တိုက်ထဲက စာပွဲတစ်ခုပေါ် တင်ပြီး ဓါတ်ပုံရှေ့မှာ ဓါတ်ခဲသုံး မီးလုံး ခပ်သေးသေး
ထွန်းထားပါတယ် ...
စာကြည့်တိုက်ထဲမှာ ဖယောင်းတိုင် သုံးခွင့် မရှိပါဘူး၊ မတော်တဆ မီး ထ
လောင်ရင် ပြဿနာ အကြီးကြီး ဖြစ်သွားနိုင်လို့ပါ ...
အဲဒီ ဓါတ်ပုံနဲ့ မီးလုံးဟာ စာကြည့်တိုက်ရဲ့ ချောင်ကျကျ တစ်နေရာမှာ ထွန်းညှိ
ထားလို့ ကြည့်လိုက်ရင် စိတ်ခြောက်ခြားစရာပါ ...
ကျနော်က အဖိုးကြီးတွေထံ ခွင့်တောင်းပါတယ် ... အဲဒီ ဓါတ်ပုံတင်ထား
တဲ့ စာပွဲပေါ်မှာ ၀ိုင်အရက် တစ်ခွက်လောက် ကွယ်လွန်သူ သောက်ဖို့
တင်ခွင့်ပြုပါ လို့ ...
အဖိုးကြီးတွေက ...
သရဲက ၀ိုင် သောက်ပါ့မလားကွာ ... တကယ်လို သောက်တယ် ဆိုရင် ...
အမျိုးသမီးတွေ သောက်တဲ့ ပေါ်တူဂီနိုင်ငံထုတ် ပေါ်တို ၀ိုင် အပါအ၀င်
အနံ့သိပ်မပြင်းတဲ့ ၀ိုင်တွေက ဈေးကြီးတယ်ကွ ... အဲဒီတော့ ငါတို့
သောက်မဲ့ အထဲကနေ ခွဲတိုက်ရင် ငါတို့ ဝေစု လျှော့တာပေါ့ ... ဘယ်လို
လုပ်ရင် ကောင်းမလဲ ... လို့ပြောကြပါတယ် ...

ကျနော်က အကြံတစ်ခု ပေးလိုက်ပါတယ် ...
ဒါဆို ဒီ သရဲမ သောက်ဖို့ ခွက်ထဲမှာ ၀ိုင်အစစ်ကို တ၀က်ပဲ ထည့်မယ်ဗျာ ...
ကျန်တ၀က်ကို ရေရောမယ် ဆိုရင် သူ့အတွက်လည်း အဆင်ပြေ ... ကျနော်
တို့ ဝေစုလည်း မလျှော့ဘူးပေါ့ ...
အဲလို ပြောတော့ အဖိုးကြီးတသိုက် တခစ်ခစ် ရယ်ကြတယ် ...
သရဲကို ရေရောတဲ့ ၀ိုင် တိုက်လို့ မင်းကို ဒေါကန်နေအုံးမယ် ... တဲ့ ...


ရပ်ကွက်ထဲက အဖိုးကြီးအုပ်စုဟာ အရင်ထက် စာရင် တော်တော်လေး
အဆင့်မြင့်တဲ့ ကင်မရာတွေ၊ ဗွီဒီယို ရိုက်စက်တွေ၊ အသံဖမ်းစက်တွေပါ
ပါလာလို့ ကျနော် နည်းနည်း အံ့သြမိပါတယ်။ ဒါနဲ့ ဒီပစ္စည်းတွေ ဘယ်တုန်း
က ၀ယ်လိုက်သလဲလို့ ကျနော်က မေးမြန်း စပ်စုလိုက်တော့ ...
နှစ်ကူး “ဒစ္စကောက်” အထူးလျှော့ဈေးပွဲတော် စစ ဖွင့်ချင်းနေ့က
မနက်စောစော တန်းစီးပြီး ၀ယ်ထားတာပါ တဲ့။ သူတို့ ပြောတာကိုး
နားထောင်ပြီး ကျနော် အတော်မသတ်အောင် ရယ်နေမိပါတယ်။
ဒီအဖိုးကြီးတွေ ငယ်ငယ်ကဆို ဘယ်လောက်တောင် “ကဲ” လိုက်မလဲ
မမှန်းတတ်ဘူး။ သူတို့ ကလေးဘ၀ကဆို သူတို့လည်း ကျနော်လို
“မျောက် မူးလဲ” အောင် ဆော့တတ်တဲ့ ကလေးမျိုးတွေပဲ ဖြစ်မယ်လို့
ကိုယ်ဘာသာ ထင်မိပါတယ်။

အဖိုးကြီး ငါးယောက်ရယ်၊ အသက် ငါးဆယ်ကျော် တစ်ဦးရယ်၊ ကျနော်ရယ်
စုစုပေါင်း ခုနှစ်ဦး တို့ စုစုပေါင်း သယ်လာတဲ့ ၀ိုင်ပုလင်း အရေအတွက်ကို
ကြည့်ပြီး နည်းနည်းတော့ လန့်သွားပါတယ်။ ၀ိုင်ပုလင်းပေါင်းက ၂၅ လုံး
တောင် ဖြစ်နေပါတယ်။ စားစရာတွေကလည်း အလျှံအပယ်ပါ။ ကျနော်တို့
အုပ်စု စာကြည့်တိုက်ကို ရောက်ရှိခဲ့တဲ့ အချိန်ဟာ ည ၈ နာရီ ကျော်ကာစ
ဖြစ်ပါတယ်။ အားလုံး ဗိုက်မဆာသေးလို့ နောက်မှ စားမယ်ဆိုပြီး ၀ိုင်ပုလင်း
ဖွင့်ပြီး သောက်နေခဲ့ကြပါတယ်။ စာကြည့်တိုက်ထဲက တီဗွီမှာ အစိုးရ
သတင်းလိုင်းကို ဖွင့်ထားကြပါတယ်။ အဖိုးကြီးတစ်ဦးက သေဆုံးပြီး သရဲဘဝ
ရောက်နေတဲ့ မာရီယာ ဆိုသူ  အမျိုးသမီးရဲ့ ဘ၀ဇာတ်ကြောင်းကို အားလုံး
သိအောင် ရှင်းပြပါတယ်။

အဲလို ရှင်းပြနေခိုက် စာကြည့်တိုက်ထဲက အိမ်သာ အ၀င်အ၀ တံခါးကို
ခပ်ပြင်းပြင် ဆောင့်ပိတ်လိုက်သံကြောင့် ကျနော်တို့ အားလုံး ပါးစပ်
အဟောင်းသား ဖြစ်သွားပါတယ်။ ဒီစာကြည့်တိုက်ထဲ ကျနော်တို့ ခုနှစ်ဦး
ကလွှဲရင် အခြားမည်သူမျှ မရှိပါ။ ကျနော်တို့ အုပ်စုဟာ အိမ်သာအပေါက်ဝ
တံခါးကို ဖွင့်ပြီး အထဲမှာ လူ ရှိ၊ မရှိ ကြည့်ကြပါတယ်။ အထဲမှ မည်သူမျှ
မရှိပါ။ ဒါဆို ခုနက “ဒုန်း” ကနဲ မြည်အောင် တံခါးကို ဆောင့်ပိတ်စေတဲ့
သဘောဟာ ဘာလဲ ... ။ အပြင်ဖက်မှာ နှင်းတွေကျနေလို့ အေးစက်
နေပေမယ့် ကျနော်တို့ အားလုံးရဲ့ ဆံပင်တွေ အနည်းငယ် ထိုးထောင်
နေပါတယ်။ ကျနော်တို့ အုပ်စုခေါင်းဆာင် “ဖင်းလ်” ဆိုတဲ့ အဖိုးကြီးက ...
... မာရီယာ ... နင် ဒီနေရာမှာ ရောက်နေလား ... ရှိနေလား ...
ငါ့နာမည် ဖင်းလ် ပါ။ ငါတို့ အုပ်စုက အပျော်တမ်း လေ့လာစူစမ်းရေး
အဖွဲ့ပါ။ ငါတို့အုပ်စုက နင့်ကို အနှောက်အယှက် မပေးပါဘူး။ နင့်အနေနဲ့
လိုအပ်တာ တခုခု ရှိရင် ... ငါတို့ အုပ်စုနဲ့ ဆက်သွယ်နိုင်ပါတယ် ...

ရုတ်တရက် ကျနော်တို့အားလုံး ရေမွှေးနံ့တစ်ခုကို ရူရှိုက်ရသလို အနံ့
တစ်ခု နှာခေါင်းထဲ ၀င်လာပါတယ်။ ကျနော်တို့တိုက်နဲ့ တိုက်တန်းလျား တစ်ခု
ကျော်လောက်မှာ နေထိုင်တဲ့ “နီကိုလိုင်” ဆိုတဲ့ အဖိုးကြီးက ကျနော်နဲ့ ပခုံးဘေး
တိုက်မှာ မတ်တပ်ရပ်နေပါတယ်။ သူ့က သူ့ခန္ဓာကိုယ်နဲ့ ကျနော့်ဖက်ကို အသာလေး
တိုးလိုက်လို့ သူ့မျက်နှာကို ကြည့်လိုက်တဲ့အခါ သူ့မျက်ခုံးကို ပင့်ပြီး တစ်ခုခုတော့
ထူးဆန်းနေပြီလို့ အသံတိတ် အချက်ပြပါတယ်။ ကျနော်တို့ အုပ်စုထဲက အဖိုးကြီး
တစ်ဦးက ဗွီဒီယိုရိုက် ကင်မရာနဲ့ လျှောက်ရိုက်နေသလို၊ နောက်ထပ် အဖိုးကြီး
တစ်ဦးကလည်း အသံဖမ်း ကိရိယာနဲ့ တစုံတခုများ ဖမ်းယူ ရရှိမလားဆိုတဲ့
ကြိုးစားကြည့်ပါတယ်။

မာရီယာ ... လို့ ခေါ်ဝေါ်တဲ့ ကွယ်လွန်ပြီး သရဲဘ၀ ရောက်နေသူထံမှ မည်သည့်
တုန့်ပြန့်မှုမှ မရှိပါ။ ကျနော်တို့ အားလုံး ည ကိုးနာရီ ကျော်ကာစအထိ အိမ်သာ
နား တ၀ိုက်နဲ့ သူ့ဓါတ်ပုံ တင်ပြီး မီးလုံးထွန်းထားတဲ့ အနားတ၀ိုက်တွေမှာ စောင့်
ကြည့်ခဲ့ပါတယ်။ ထပ်ပြီး ထူးခြားမလာပါ။ ကျနော်တို့ ၀ိုင်အရက်တွေ တင်ထားတဲ့
စာပွဲဆီ ပြန်လာခဲ့ကြပါတယ်။ စာပွဲအနားကို အရောက် ကျနော်တို့ အားလုံး အံ့သြ
စရာ မြင်ကွင်းတွေ တွေ့လိုက်ရပါတယ်။ ကျနော်တို့ အုပ်စု သယ်လာတဲ့
စားစရာအချို့ ဗူးတွေပွင့်ပြီး တစုံတယောက် ယူစားထားသလို ပြန့်ကျဲနေပါတယ်။
စောစောက ကျနော်တို့ ဖွင့်ပြီး သောက်ကာစ ၀ိုင်ပုလင်း နှစ်လုံးထဲမှာ ၀ိုင်တွေ
ကုန်ဆုံးနေတာကိုး ကြည့်ပြီး ကျနော်တို့မျက်လုံးတွေ တော်တော်လေး ပြူးသွား
ပါတယ်။

ဒါတွေ ဘယ်သူ စား သွားပါလိမ့် ...
ဝိုင်တွေ ဘယ်သူများ လာ ထပ်သောက် သေးလဲ ...
အဖြေစကားများ ပြန်မလာပါ။ ကျနော်တို့ အားလုံး တစ်ယောက်မျက်နှာ
တစ်ယောက်ကြည့်ပြီး ပြုံးရမလိုလို၊ မဲ့ ရမလိုလို ဖြစ်နေကြပါတယ်။
ကျနော်တို့ အုပ်စုထဲက “ဂျွန်” ဆိုတဲ့ အဖိုးကြီးက ခွက်တစ်ခွက်ကို လက်ညှိုးထိုး
ပြပါတယ်။ ငါတို့ ခုနက ထ လာတုန်းက ဒီခွက်ကို ဘယ်သူမှ မသုံးသေးဘူး။
အခု ဒီခွက်က တယောက်ယောက် ၀ိုင် ထည့်သောက်ထားသလို ဖြစ်နေတယ်။
ငါတို့က ခုနှစ်ယောက် ... အခု ၀ိုင်သောက်ထားတဲ့ ခွက်က ရှစ်ခွက် ဖြစ်နေ
တယ်။ မူးလို့ ယူသောက်ရအောင်လည်း ငါ သိသလောက် အားလုံး တစ်ယောက်
တစ်ခွက်တောင် ကုန်အောင် မသောက်ကြသေးဘူး။ ခွက်ထဲ ထည့်ပြီး မသောက်
ရသေးတဲ့ သူတောင် ရှိသေးတယ်။ အခု ရှစ်ခွက်မြောက် ခွက်က ဘယ်သူ
ထည့်သောက်ထား သလဲ ... ။ ဒါ ငါတို့အတွက် မမြင်နိုင်တဲ့ စမ်းသပ်မှုလား၊
စိန်ခေါ်မှုလား ...

“ဂျွန်” ပြောလိုက်တဲ့ စကားကြောင့် ကျနော်တို့တတွေ မျက်ခုံးတွေ တွန့်
သွားတဲ့အထိ စဉ်းစားရ အကြပ်ရိုက်သွားပါတယ်။ ဒီစာကြည့်တိုက်ထဲမှာ
ကျနော် ခုနှစ်ယောက် အပါအ၀င် နောက်ထပ် တစ်ဦးဦး ရှိသေးလား ...
ရုတ်တရက် ကျနော် အပါအ၀င် အဖိုးကြီး တချို့ တနေရာဆီ အပြေးအလွှား
သွားကြည့်ကြပါတယ်။ သရဲဘ၀ ရောက်နေသူလို့ လူပြောသူပြော များနေတဲ့
မာရီယာ ဓါတ်ပုံတင်ထားတဲ့ စာပွဲဆီပါ။ မာရီယာ ဓါတ်ပုံရှေ့မှာ ကျနော်ကိုယ်တိုင်
ရေရောထားတဲ့ ၀ိုင်ခွက် ရှိပါတယ်။ စာပွဲရှေ့ရောက်လို့ ၀ိုက်ခွက်ထဲ ကြည့်လိုက်
တော့ ခွက်ထဲမှာ ဘာမှ မရှိပါ။ ... ဟင် ... ဟာ ... ဆိုတဲ့ အသံတွေ ကျနော်တို့
နှုတ်ဖျားက ထွက်ပေါ်လာပါတယ်။

နောက်တော့ ကျနော်တို့ တစ်အုပ်စုလုံး ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ပါတယ်။
များများသောက်၊ မြန်မြန်သောက် ... မြန်မြန်မူးပြီး မြန်မြန် အိပ်ပျော်သွားဖို့ပါ ...
ဝိုင်ပုလင်းပေါင်း နှစ်ဆယ်ကျော်ကို ကျနော်တို့ ခုနှစ်ဦး၊ တစ်ခွက်ပြီး တစ်ခွက်
ခပ်မြန်မြန် သောက်နေကြပါတယ်။ မူးကာစ ကျနော်တို့ မြင်ကွင်းထဲမှာ ကျနော်တို့
အားလုံးဟာ ခုနှစ်ဦးလား ... ရှစ်ဦးလား ဆိုတာ တဖြေးဖြေး ဝေး၀ါးလာပါတယ်။

************
ညှိုငယ်ပြီး ငိုထားလို့ မျက်လုံးတွေ မို့အစ်နေတဲ့ အမျိုးသမီးတစ်ဦးဟာ
ကျနော့်ရှေ့မှာ ခေါက်တုပ်ခေါက်ပြန့် လမ်းလျှောက်နေပါတယ်။ သူမကို ကျနော်
ကြည့်နေတာကိုတောင် သူမ သတိ မထားမိတဲ့ ပုံစံမျိုးပါ။ သူ့ဘာသာ သူ
လမ်းလျှောက်ရင်း တစ်ခုခုကို တွေးနေပုံ ရပါတယ်။
ရုတ်တရက် သူမဟာ ကျနော်ရှေ့ကနေ ကွယ်ပျောက်သွားပါတယ်။
အဲဒီနောက် ကျနော့်ပခုံးကို အင်မတန် အေးစက်တဲ့ လက်တစုံက ရုတ်တရက်
လာပြီး ဆုပ်ကိုင်လာပါတယ် ...
ကျနော် လန့်ပြီး အော်လိုက်တဲ့ အချိန်မှာ ...

မိုးလင်းနေပါပြီ ...
ကျနော်တို့ ခေါင်းဆောင် ဖင်းလ် ဦးဆောင်ပြီး ...
ညက ကျနော်တို့အားလုံးကြောင့် ရှုပ်ပွနေသမျှကို ပြန်ပြီး သန့်ရှင်းရေး လုပ်
ကြပါတယ်။ အဲဒီနောက် ၀ိုက်အရက်တွေ ယူသောက်တဲ့ စာကြည့်တိုက်
ကနေ ထွက်ခွာခဲ့ကြပါတယ် ... ။

(ပြီးပါပြီ။)

သရဲခြောက်သော အိမ်ကြီး

$
0
0
သူ အပါအ၀င် လူ ၁၆ဦးတို့ ကားမှတ်တိုင်တွင် လိုင်းကားစောင့်နေခိုက်
အဖိုးအို ပေါလ် သည် လိုက်နာရမည့် စည်းကမ်းများကို ရှင်းပြပါသည်။
ထိုသရဲခြောက်သည်ဟု နာမည်ကြီးနေသော အိမ်ကြီးတွင် ဓါတ်ပုံ၊ ဗွီဒီယို
ရိုက်ခွင့် မပြုပါ၊ အဘယ်ကြောင့်ဆိုသော လက်ရှိအိမ်ရှင်သည် သူ့အိမ်
အား ပြန်လည်ရောင်းချရန် အိမ်ရောင်းဝယ်ရေး ကုမဏ္ဍီထံတွင် ကြေညာ
ထားသောကြောင့် ဖြစ်ပါသည်။ အဖိုးအို ပေါလ် ဦးဆောင်သည့် ကျနော်တို့
ဘော်လန်တီယာ အဖွဲ့သည် အိမ်ရှင်နှင့်တကွ သံသယ၀င်နေသူအပေါင်း
တို့၏ သံသယကို ချေဖျက်ပေးနိုင်ရန်အလိုငှါ အဖြေတစ်ခုအား ရလို၊ ရငြား
တစ်ညတာ အိပ်စက်လေ့လာပေးရန် ဖြစ်ပါသည်။

သရဲခြောက်သည်ဟု နာမည်ထွက်နေသည့် အိမ်ကြီးသည် ကျနော်တို့နေထိုင်
ရာ Hillerød ဒေသနဲ့ ၇ ကီလိုမီတာခန့်သာ ဝေးသော မြို့နှစ်မြို့ကြား ဒေသ
တစ်ခုတွင် ဖြစ်ပါသည်။ Ny Hammersholt ဟု ခေါ်သော အဆိုပါ ဒေသသည်
၁၈ ရာစုက ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့တော်တွင် လက်ရောက် အလုပ်
လုပ်ကိုင်ကြသော ဆွီဒင်လူမျိုးများ အများဆုံးနေရာဒေသ ဖြစ်သဖြင့်
Little Sweden ဟု ဒိန်းမတ်လူမျိုးများက ခေါ်ဝေါ်ကြပါသည်။

ကျနော်တို့အဖွဲ့သည် လိုင်းကားအမှတ် ၃၀၁ အား ဟီးလာရို့(Hillerød) ဘူတာ
အထိ စီးခဲ့ကြပြီး ဘူတာအနီးရှိ လိုင်းကားမျိုးစုံ စုရပ်မှတဆင့် လိုင်းကားအမှတ် ၃၃၅
အား ပြောင်းလဲစီးရပါသည်။ ထိုမှတဖန် ဆယ်မိနစ်ခန့် လိုင်းကား စီးပြီးသောအခါ
ကျနော်တို့ တစ်ညတာ လေ့လာရမည့် သရဲခြောက်သည်ဟု သတင်းထွက်နေ
သော အိမ်ကြီးထံ ရောက်ခဲ့ကြပါသည်။ ယခင်က ကျနော်တို့ ဘော်လန်တီယား
အဖွဲ့သည် ဆယ်ဦးပင် မပြည့်ပါ၊ ထို့နောက် ဆယ်ဦး ကျော်လာပါသည်၊ ယခုအခါ
အဖွဲ့ဝင် သုံးဆယ်ကျော် ရှိလာသောကြောင့် ကျနော်တို့အုပ်စုသည် ကျနော်တို့
ဒေသ၏ စုဝေးခန်းမကို ဌားရသည့်အထိ တိုးတက်လာပါသည်။ အဖွဲ့ဝင်အများစု
သည် ပင်စင်စား အဖိုးအိုများဖြစ်ကြပြီး အကြောင်းတစုံတရာကြောင့် လုပ်ငန်းခွင်မှ
ပင်စင်လစာဖြင့် အနားယူနေကြသူများ ဖြစ်ပါသည်။ ကျနော်သိသလောက် ကျနော်
နဲ့ တခြား အဖွဲ့ဝင် ခြောက်ဦးခန့်သာ အလုပ်လစာဖြင့် ရပ်တည်နေသော အလုပ်
သမားများ ဖြစ်ကြပါသည်။

ထိုအိမ်ကြီးဆီသို့ ချီတက်လာကြသည့် ကျနော်တို့အားလုံးလိုလို ကိုယ်ပိုင်ကားများ
ရှိသူများ ဖြစ်ပါသည်။ သို့သော် ကျနော်တို့ ၁၆ ဦး မောင်းနှင်းလာကြမည့် ကားမျိုးစုံ
အတွက် ယာဉ် ရပ်နားစရာ နေရာအလုံအလောက်မရှိပါ။ ထို့ကြောင့် အထုပ်အပိုးမျိုးစုံ၊
စားစရာ သောက်စရာ မျိုးစုံကို သယ်ဆောင်လာသော လူ ၁၆ ဦးတို့သည် လိုင်းကား
ဖြင့် သွားရောက်ရချင်းဖြစ်ပါသည်။ ထို ၁၆ ဦးထဲတွင် ကျနော်နဲ့ မျက်နှာချင်း ရင်းနှီး
နေသူမှာ ဆယ်ဦးခန့်သာ ရှိပါသည်။ ကျန် မျက်နှာစိမ်းများကို ကျနော် မသိပါ။ အဖိုးအို
ပေါလ် မိတ်ဆက်ပေးမှ ထိုသူများသည် အဖွဲ့ဝင်သစ်များ ဖြစ်သည်ဟု သိရပါသည်။
ကျနော်တို့ ရပ်ကွက်ထဲတွင် ကားလမ်း၏ တဖက်အခြမ်းတွင် “မ”ဂဏန်း ကိုယ်စားပြု
အိမ်နံပါတ်များ ချိတ်ဆွဲထားပြီး ဟိုတဖက်အခြမ်းတွင် “စုံ” ဂဏန်း ကိုယ်စားပြု အိမ်နံပါတ်
များ ချိတ်ဆွဲထားပါသည်။ ထိုအဖွဲ့ဝင်သစ်များသည် ကျနော်တို့နဲ့ ကားလမ်းခြားသော
အခြားတဖက်တွင် နေထိုင်ကြသူများဟု သိရပါသည်။

ယခင်က ကျနော်တို့ လေ့လာစူးစမ်းရေးအဖွဲ့တွင် ကျနော်သည် အသက် အငယ်ဆုံး
ဖြစ်နေပါသည်။ ယခုအခါ အသက် ၁၉ နှစ်အရွယ် လူငယ်တစ်ဦး၊ အသက် သုံးဆယ်
ကျော်ကာစ လူငယ်နှစ်ဦးတို့အား တွေ့လိုက်ရမှ ကျနော့်ထက် ငယ်သော သူများ
အဖွဲ့ထဲ၌ ရှိလာပါလားဟု သတိပြုမိပါသည်။ “ဆိုးရွှန်း” ဆိုသည့် အသက်ခြောက်ဆယ်
ကျော်ကာစ အမျိုးသားကြီးသည် သူ့သား နီကိုလိုင်နဲ့ ကျနော့်အား မိတ်ဆက်ပေးပါ
သည်။ တက္ကသိုလ်ကျောင်းနေတက်သော သူ့သားသည် သရဲ၊ တစ္ဆေ၊ နာမ်၊ ၀ိညာဉ်
များကို လက်ခံချင်ပုံ မရပါ။ စူးစမ်းချင်ရုံ သက်သက်ဖြင့် သူ့ဖခင်နှင့်အတူ လိုက်လာ
သည်ဟု သိရပါသည်။ နီကိုလိုင်၊ စတေးဖန် ဆိုသည့် လူငယ်နှစ်ဦးသည် ကျနော်နှင့်
အတူ ၀ိုင်ပုလင်း၊ အရက်ပုလင်း၊ ဘီယာကဒ်များအား ကားမှတ်တိုင်မှ အိမ်ကြီးဆီသို့
သယ်လာခဲ့ကြပါသည်။

သရဲခြောက်သော အိမ်ကြီးသည် နှစ်ထပ်အိမ်ဖြစ်ပါသည်။ သရဲခြောက်သည်ဟု
နာမည်ထွက်လာသော အခန်းမှာ အပေါ်ထပ် ဘယ်ဖက်အခန်းဖြစ်ပါသည်။ ထိုအခန်း
တွင် လွန်ခဲ့သော ခြောက်လခန့်က အိမ်ဌား မိသားစု တစ်စု နေထိုင် ပြောင်းရွှေ့သွား
ကြောင်း သိရပါသည်။ ထို့နောက်တွင် ထိုအခန်း၌ မည်သူမျှ မနေကြပါ။
အပေါ်ထပ် ညာဖက်အခန်းနှင့် အောက်ထပ် နှစ်ဖက်စလုံးတို့တွင် အိမ်ဌားများ
ရှိသည်ဟု ကျနော်တို့ အဖွဲ့ခေါင်းဆောင် အဖိုးအို ပေါလ် က ပြောပြထားပါသည်။
အိမ်ရှင်သည် ထိုအိမ်နှင့် ၁၀ ကီလိုမီတာခန့် ဝေးသော ဘီးရာကယ်ရို့(Birkerød)
မြို့တွင် နေထိုင်ကြောင်း သိရပါသည်။ ကျနော်တို့ အုပ်စု စားစရာသောက်စရာများ
ကို သယ်ဆောင်၍ အပေါ်ထပ် တက်ရန် လှေကားထိပ်သို့ ရောက်သည့်တိုင် ထိုအိမ်
အနီးအနား ပတ်ဝန်းကျင်တွင် မည်သည့် လူအရိပ်လူအယောင်မျှ မတွေ့ရသေးပါ။
အခန်းသော့ ယူလာသော အဖွဲ့ခေါင်းဆောင် အဖိုးအို ပေါလ်နှင့် လူကြီးတချို့ ရှေ့မှ
တက်သွားကြပါသည်။ ဘီယာကဒ်များ၊ ၀ိုင်ပုလင်းများ၊ အရက်ပုလင်းများ
သယ်လာကြသော ကျနော်တို့သည် လှေကားအောက်ခြေတွင် ခေတ္တ နားနေ
ကြပါသည်။ အိမ်အပေါ်ထပ်မှ သော့ဖွင့်သံ၊ စကားပြောသံများ၊ အပြန်အလှန်
နှုတ်ဆက်သံများကို ကြားနေရပါသည်။ ထို့နောက် ထို့အိမ်၏ ညာဖက်အခန်း
မှ အိမ်ဌားများ ဖြစ်ပုံရသော ကလေးငယ်တစ်ဦးနှင့် အသက် ခပ်ကြီးကြီး အမျိုးသား
ကြီးတစ်ဦးတို့သည် ကျနော်တို့အားလုံးအား ပြုံးပြနှုတ်ဆက်ပြီး အိမ်အပြင်ဖက်
သို့ ထွက်သွားကြပါသည်။ ကလေးငယ်၏ လက်ထဲတွင် ကစားစရာ ဘောလုံးလေး
တစ်လုံးအား ကိုင်ဆောင်ထားသည်ကို ကျနော် တွေ့လိုက်ရပါသည်။

သရဲ၊ တစ္ဆေ၊ နာမ်၊ ၀ိညာဉ်များ ခြောက်လှန့်သည်ဟု နာမည်ထွက်နေသော ထိုအခန်း
သည် ၁၀၀ မီတာ ပတ်လည်လောက် ကျယ်ဝန်းပါသည်။ မိသားစု အိပ်ခန်း တစ်ခန်း၊
အိပ်ခန်းငယ် နှစ်ခန်း၊ ဧည့်ခန်း၊ မီးဖိုးချောင်၊ အိမ်ရှေ့ ၀ရံတာ အားလုံးလိုလို သပ်သပ်
ရပ်ရပ် သန့်သန့်ရှင်းရှင်း ရှိနေပါသည်။ ဧည့်ခန်းထဲတွင် ဖုန်မတက်အောင် ဖုံးအုပ်ထား
သော အ၀တ်များကို ဖယ်ရှား၊ ပြတင်းပေါက်များ ဖွင့်လိုက်သောအခါ ကျနော်တို့လူအုပ်
ဖြင့် ထိုအိမ်သည် ရယ်သံမောသံများအကြား စည်းကားနေသလိုလို ဖြစ်နေပါသည်။
မီးဖိုချောင်အခန်းမှ ရေခဲသေတ္တာရော၊ ကော်ဖီဖျော်စက်တို့ပါ အသစ်နီးပါးမျှ အသုံးပြုနိုင်
ဆဲ ပုံစံမျိုး ရှိနေကြပါသည်။ ကျနော်တို့ အုပ်စု ထိုအိမ်သို့ ရောက်ရှိနေချိန်မှာ ည
၇ နာရီကျော်ကျော်သာ ရှိပါသေးသည်။ နွေရာသီဖြစ်သောကြောင့် ဥရောပမြောက်ပိုင်း
နိုင်ငံများတွင် ည ၁၀ နာရီ ကျော်သည့်အထိ ကောင်းကင်၏ လင်းထိန်မှုအား ရရှိနေ
ပါသည်။ ထို့ကြောင့် ည ၇ နာရီသည် ညနေခင်း ပုံစံမျှသာ ဖြစ်နေပါသည်။

ဧည့်ခန်းထဲတွင် ကျနော်တို့ အားလုံး ၀ိုင်းဖွဲ့ ထိုင်နေကြပါသည်။ ကော်ဖီသောက်သူ
ရှိသကဲ့သို့ အချို့လည်း ဘီယာ၊ ၀ိုင်၊ အရက် သောက်ဖို့ ဟန်ပြင်နေကြပါသည်။
အဖိုးအို ဟန်နရီက ကျနော်တို့အားလုံး ကြုံခဲ့ဖူးသည် သရဲတစ္ဆေ ထိတ်လန့်ဖွယ်
အကြောင်းများကို အလှည့်ကျ ပြောပြရန် တောင်းဆိုလိုက်ပါသည်။ စတင်ပြောဆိုသူ
မှ ကျနော့်နံဘေးမှ အဖိုးအိုတစ်ဦးဖြစ်ပါသည်။ သူ့နာမည်ကို ကျနော် မှတ် မထားမိပါ။
သူ့တွင် မြေးတစ်ဦးရှိပါသည်။ သူ့သမီးနှင့် သူ့သမက်တို့သည် လွန်ခဲ့သော ၂၅ နှစ်ခန့်
က အာရှဒေသ အင်္ဂလန် ကိုလိုနီဟောင်း ဟောင်ကောင်ကျွန်းသို့ အလည်သွားစဉ်
ဗီယက်နမ် လှေစီး ဒုက္ခသည် ကလေးငယ်တစ်ဦးအား မွေးစားခဲ့ကြပါသည်။ ထို
ကလေးငယ်သည် ယခုအခါ အသက်အားဖြင့် ၂၈ နှစ်အရွယ် အမျိုးသမီးတစ်ဦး
ဖြစ်နေပါသည်။ ထိုအမျိုးသမီး၏ မိဘ အရင်းအခြာ ရှာပုံတော်တွင် သရဲဝင်စီးနေ
သော ဆေးဂုံမြို့မှာ အဖွားအိုတစ်ဦးအကြောင်း ပြောပြပါသည်။

“ကျုပ့်မြေးမလေး ပါလာတဲ့ အဲဒီ ဗီယက်နမ်လှေကို ပင်လယ်ပြင်မှာ တခြားလှေတွေ
က တွေ့တော့ တစ်လှေလုံး လူတွေ တုန်းလုံးပလက် မေ့မျှောနေကြတယ်၊ သေတဲ့
သူလည်း သေနေကြတာ၊ အဲဒါဗျာ ထူးထူးဆန်းဆန်း သေဆုံးနေတဲ့ လင်မယားပုံစံ
စုံတွဲနှစ်တွဲအလယ်မှာ အဲဒီ ကလေးမလေးကို တွေ့တယ်၊ ဘယ်အတွဲက သူ့မိဘ
လည်းဆိုတာ ဘယ်သူမှ သေသေချာချာ မပြောနိုင်ကြဘူး၊ ဒီလိုနဲ့ ကျုပ့်သမီးက
ဒီကလေးကို မွေးစားလာတာ၊ လွန်ခဲ့တဲ့ ငါးနှစ်လောက်က ကျုပ့်မြေးမလေးက
ပူဇာလို့ သူ့မိဘအရင်းတွေ သို့မဟုတ် ဆွေမျိုးတွေများ တွေ့လိုတွေ့ငြား
ဗီယက်နမ်ကို ကျုပ်တို့ ရောက်ခဲ့ကြတယ်၊ အဲဒီ ဆေးဂုံမြို့မှာ ကွယ်လွန်သူတွေ
ရဲ့ ၀ိညာဉ်တွေ ၀င်ရောက်ပူးကပ်နိုင်တဲ့ မိန်းမကြီး တစ်ယောက်ကို သွားတွေ့
တယ်၊ ဒါနဲ့ ကျုပ်တို့ မေးကြည့်လိုက်တော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်က
သူ့အမေရဲ့ ၀ိညာဉ်ပူးကပ်ပြီး ပြောပြတယ်ဗျ၊ အဲလို ပြောပြတဲ့ တောမြို့လေးကို
ရောက်တော့ သူ့အဖွားအရင်းနဲ့ တွေ့ရတယ်၊ သူ ငယ်ငယ်က သူ့မိဘနှစ်ပါး
နဲ့ တွဲရိုက်ထားတဲ့ဓါတ်ပုံလေးတောင် ရလာတယ်၊ ကျုပ့်သမီး သူ့ကို မွေးစားစဉ်
က ရိုက်ထားတဲ့ ဓါတ်ပုံထဲက ပုံစံအတိုင်းပဲ၊ သူ့မိဘနှစ်ပါးကလည်း သူ့ကို တွေ့
ခဲ့ရတဲ့ ဒုက္ခသည်တွေ ပါလာတဲ့ လှေထဲကလို သူ့နံဘေးမှာ သေဆုံးနေတဲ့ ရုပ်
အလောင်းတွေနဲ့ အတူတူပဲ၊ ဒီ ၀ိညာဉ်ဝင်ပူးနေတဲ့ မိန်းမကြီးဟာ ဒီလို အဖြစ်အပျက်
ပေါင်းများစွာကြားမှ ဘယ်သူမှန်း မသိ၊ ဘယ်ဝါမှန်း မသိတဲ့ ကျုပ့်မြေးကို အဲလို
ပြောပြနိုင်တာကိုး ကျုပ်ဖြင့် စဉ်းစားလို့တောင် မရဘူး ဗျာ .... ”

ဒုတိယမြောက် ပြောပြသူ ဒန်းနီရယ်ကတော့ သူတို့ အိမ်နံဘေးက ကွယ်လွန်
သွားသော အဖိုးအိုးတစ်ဦး၏ ညဖက် ညည်းတွားသံကို ပြောပြပါသည်။ တံခါးဖွင့်သံ၊
ပြန်ပိတ်သံ၊ ချောင်းဆိုးသံ၊ တစ်ယောက်တည်း စကားပြောနေသံများ ကြားရလေ့
ရှိကြောင်း ပြောပြပါသည်။ တခါတရံ လေး၊ ငါး၊ ခြောက်လအထိ မည်သည့်အသံမျှ
မကြားရပဲ ရှိတတ်သည်။ နောင်တဖန် အဲလို မကြာခဏ ပြန်ကြားရသည်ဟု သူက
ပြောပြပါသည်။

တတိယမြောက် ပြောပြသူမှာ အဖိုးအို ပီတာ ဖြစ်ပါသည်။ အဖိုးအို ပီတာသည်
ချီလီနိုင်ငံ စစ်အာဏာရှင်ဟောင်း ပီနိုရှေးအား ဆန့်ကျင်သော ချီလီ လူ့အခွင့်
အရေးအဖွဲ့တစ်ခုတွင် ကူညီပေးခဲ့ဖူးသူ ဖြစ်ပါသည်။ သူသည် ချီလီနိုင်ငံ၏
ကျေးလက်ဒေသတစ်ခုတွင် အင်မတန်ထူးဆန်းသော နာမ်ဝိညာဉ်များ လိုက်ပါ
သော အဝေးပြေး လိုင်းကားကြီးတစ်စီးပေါ်တွင် တစ်နေ့ကုန် စီးနှင်းဖူးကြောင်း
ပြောပြပါသည်။ ခရီးသည်တင်ကားကြီးကို ထို ကျေးလက်ဒေသတွင် လူအများအပြား
ကြုံဖူးကြောင်း သူက ပြောပြပါသည်။ ထိုအဝေးပြေး ကားကြီးသည် လွန်ခဲ့သော
နှစ်ပေါင်းများစွာ လမ်းတစ်နေရာတွင် တိမ်းမှောက်ပြီး ကားပေါ်ပါလာသူ အားလုံး
ကွယ်လွန်ခဲ့သော ဖြစ်စဉ်တစ်ခု ဖြစ်ပါသည်။ ထိုနောက်တွင် ထို သရဲတစ္ဆေ္တများ
လိုက်ပါလာသော ထိုခရီးသည်တင်ကားသည် ထိုဒေသတွင် မကြာခဏ လှည့်လည်
သွားလာနေသူကို လူတချို့ တွေ့ဖူးကြုံဖူးကြသည်ဟု သူက ပြောပြသည်။ တနေ့
တွင် သူနဲ့ သူ့မိတ်ဆွေ ချီလီ အမျိုးသားတစ်ဦးတို့သည် ကျေးရွာလေးတစ်ခုမှ
မြို့ပေါ်သို့ သွားရောက်ရန် ကားစောင့်နေခိုက် ထိုကားပေါ်သို့ ရောက်ရှိခဲ့ကြသည်
ဟု ပီတာက ပြောပြပါသည်။ အစပထမတွင် သူတို့နှစ်ဦးစလုံး သတိ မထားမိပါ။
သူတို့နံဘေးတွင် ခပ်ချောချော အမျိုးသမီးများအား မိတ်ဖွဲ့ဖြစ်ခဲ့သည်ဟု သူက
ပြောပြပါသည်။ ထိုနောက် သူတို့နှစ်ဦးစလုံး ကားပေါ်တွင် အိပ်ချင်သလိုလို ဖြစ်
လာကြပါသည်။ အိပ်ပျော်သွားပြီး နိုးလာသောအခါ သူတို့နှစ်ဦးစလုံး ကားလမ်း
နံဘေးရှိ စိုက်ခင်းတစ်ခုထဲတွင် အိမ်ပျော်နေကြောင်း သိလိုက်ရပါသည်။

အဖိုးအို ပီတာ၏ စကားအဆုံးတွင် အဖွဲ့ခေါင်းဆောင် အဖိုးအို ပေါလ်က ...
“ပီတာ၊ မင်းတို့နှစ်ယောက် အဲဒီကားပေါ်က အမျိုးသမီးတွေကို သွားငေးမိလို့
ကားပေါ်ကနေ တွန်းချလိုက်တာ မဟုတ်လား ....” ဟု နောက်ပြောင်လိုက်ပါသည်။

ရယ်သံများ ဖုံးလွှမ်းနေသော ကျနော်တို့ အားလုံးသည် စကားဝိုင်းကို ခေတ္တနားပြီး
ညစား စားဖို့အတွက် ပါလာသည့် အစားအစာများကို ခင်ကျင်း ပြင်ဆင်ကြပါသည်။
ကျနော်တို့ ညစား စားနေခိုက် အောက်ထပ် အပြင်ဖက်မှာ အသံတစ်သံကို ဆက်တိုက်
ကြားနေရပါသည်။ ထိုအသံမှာ လူစီး ဒန်းတစ်ခု၏ သံကြိုးများ ပွတ်တိုက်သံမျိုး ဖြစ်ပါ
သည်။ အဖိုးအို ပေါလ်သည် ပြတင်းမှ နေ၍ အိမ်အပြင်ဖက်မှာ တစုံတယောက်နဲ့
စကားပြောနေပါသည်။ ကျနော်တို့ အားလုံးသည် စားလိုက်သောက်လိုက်ဖြင့် တ၀ါးဝါး
တဟားဟား ဖြစ်နေကြပါသည်။ ပေါလ်သည် ကျနော်တို့ စကားဝိုင်းထဲတွင် ၀င်ထိုင်ရင်း ...
“အောက်ထပ်က ဒန်းမှ ထိုင်နေတဲ့ ရဲလ်ပယ် က အခုပဲ ပြောပြလိုက်တယ်။ ဒီအိမ်မှာ
ဘာ သရဲတစ္ဆေမှ မရှိပါဘူးတဲ့၊ လူတွေ အထင်မှားနေကြတာ တဲ့။ အေးလေ၊ သူ
ပြောသလို ဘာမှ မရှိရင်တော့ ငါတို့တတွေ ဒီတည စကားတွေ စုပြောရင်း ဖြတ်သန်း
ကြတာပေါ့ ....”

ထို့နောက် ကျနော်တို့အားလုံး စကားဝိုင်းကို ဆက်ကြပါသည်။ စတုတ္ထမြောက်
သရဲတစ္ဆေ အတွေ့အကြုံ ပြောပြသူမှာ အဖိုးအို ဖရက်ဒစ် ဖြစ်ပါသည်။ သူသည်
လွန်ခဲ့သော ၁၀ နှစ်ခန့်က ကိုပင်ဟေဂင်မြို့တော်အလယ်က အစိုးရ ရုံးဌာနတစ်ခု
တွင် အဆင့်မြင့် ၀န်ထမ်းတစ်ဦးအဖြစ် တာဝန်ထမ်းဆောင် ခဲ့ဖူးသူ ဖြစ်ပါသည်။
တနေ့၌ သူသည် ရုံးသို့ စောစောစီးစီး သွားမိပါသည်။ ဓါတ်လှေကား ခလုတ်ကို
နှိပ်လိုက်သောအခါ ဓါတ်လှေကားထဲတွင် လူ ငါးဦးခန့်ကို တွေ့ရပါသည်။ ထိုသူ
များသည် ညှိုးနွမ်းနေသော မျက်နှာပုံစံများဖြင့် သူ့အား ကြည့်နေသည်ကို သူ
သတိထားမိပါသည်။ သူ့ဌာနရှိရာ အထပ်သို့ ရောက်ရှိချိန်တွင် သူ့နံဘေးမှ
လူငါးဦးစလုံး ပျောက်ချင်းမလှ ပျောက်သွားပါသည်။ ထိုအဖြစ်အပျက်ကို စုံစမ်း
ကြည့်ခဲ့ရာ ထိုပုဂ္ဂိုလ်ငါးဦးသည် လွန်ခဲ့သော နှစ်ပေါင်းများစွာက ထိုရုံးဌာနတွင်
တာဝန်ထမ်းဆောင်ဖူးသော ကွယ်လွန်သူများဖြစ်ကြောင်း သိရပါသည်။

ပဉ္စမမြောက် ပြောပြသူမှာ “ဆိုးရွှန်း” ဖြစ်ပါသည်။ သူပြောပြသည် ဇာတ်လမ်းမှာ
သူ့ အခင်ဆုံး သူငယ်ချင်း၏ ကြေကွဲဖွယ်ရာ အချစ် သရဲဇာတ်လမ်းဖြစ်ပါသည်။
ဖွဲ့ဖွဲ့နွဲ့နွဲ့ ပြောပြတတ်သော သူ့စကားသံများကို နားထောင်ရင်း ကျနော်တို့အားလုံး
ဘီယာဗူးများကို ဖွင့်ဖောက်ပြီး သောက်နေခဲ့ကြသည်။ ရုတ်တရက် အပြင်ဖက်တွင်
မိုးရွာလာသည်ကို သတိထားမိပါသည်။ ပြတင်းများကို ပိတ်ပြီး ပါလာသော ဟင်းလျှာ
အမြည်းများကို အဖော်ပြုရင်း ဆိုးရွှန်း ပြောပြသော သရဲတစ္ဆေ ဘ၀အထိ အချစ်ကြီး
ချစ်ကြသော လက်တင်အမေရိကားသူ အမျိုးသမီးနှင့် ဥရောပသားတို့၏ ဖြစ်စဉ်ကို
နားထောင်နေမိသည်။

ဆဋ္ဌမမြောက် သရဲတစ္ဆေ အတွေ့အကြုံကို ပြောပြရန် အလှည့်ကျသူမှာ “ဆိုးရွှန်း”
သားဖြစ်သူ တက္ကသိုလ်ကျောင်းသား နီကိုလိုင်၏ အလှည့်ဖြစ်သည်။ နီကိုလိုင်သည်
သရဲတစ္ဆေ အတွေ့အကြုံ လုံးဝ မရှိသူဖြစ်ပြီး သူ ပြောပြသော အကြောင်းအရာမှာ
လူတိုင်းတွင် ရှိတတ်သော ကြောက်စိတ်၏ ဆန်းကျယ်ပုံကို ပြောပြခြင်း ဖြစ်ပါသည်။
အားငယ်စိတ်နှင့် သိမ်ငယ်စိတ်တို့ ဖြစ်ပေါ်နေသော လူတစ်ဦး သို့မဟုတ် အမြဲလိုလို
စိတ်ပင်ပန်းစရာများ ပြည့်နှက်နေသော ၀န်းကျင်တစ်ခုတွင် လူ့စိတ်သည် ထင်ရောင်
ထင်မှားများကို ဟုတ်သလိုလို ရှိသလိုလို မြင်မိတတ်ကြောင်း ပြောပြပါသည်။

သတ္တမမြောက် အတွေ့အကြုံပြောပြသူမှာ အဖွဲ့ခေါင်းဆောင် အဖိုးအို ပေါလ် ဖြစ်
ပါသည်။ ပေါလ်သည် သတင်းဌာနတွင် သရဲတစ္ဆေ ၀ိညာဉ်များနှင့် ပက်သက်သော
သတင်းသမားအဖြစ် နှစ်ပေါင်းများစွာ ရိုက်ကူးလာသူ ဖြစ်သောကြောင့် သူပြောပြ
သော အကြောင်းအရာသည် ထူးခြားဆန်းကြယ်စွာဖြင့် နားထောင်လို့ အင်မတန်
ကောင်းသော ဖြစ်ရပ်မှန် ဇာတ်လမ်းဖြစ်ပါသည်။ သရဲတစ္ဆေအကြောင်း ပေါလ်
ပြောပြနေခိုက် အခန်းတံခါးကို တစုံတခု ခပ်ပြင်းပြင်း လာရောက်ထိမှန်သံကို
ကျနော်တို့ အားလုံး ကြားလိုက်ရပါသည်။ ထို့ကြောင့် အခန်းတံခါးကို ဖွင့်လိုက်
သောအခါ ရှေ့ဆုံးမှာ ဦးဆောင် တံခါးဖွင့်လိုက်သူ လူငယ်လေး နီကိုလိုင်ဆီမှာ
တစုံတခုအတွက် အံသြသွားသံကို ကြားလိုက်ရပါသည် ....

တံခါးဝင်ပေါက်၏ အပြင်ဖက်တွင် မည်သူမျှ မရှိပါ။ ခုနက ၀င်ပေါက်တံခါးကို
လာရောက်ထိမှန်သည့် တစုံတခုကို သရဲတစ္ဆေများအား လုံးဝ အယုံအကြည်မရှိ
သော နီကိုလိုင်က လှေကားတလျှောက်တွင် လိုက်လံ ရှာဖွေနေပါသည်။ သို့သော်
နီကိုလိုင် အပါအ၀င် ကျနော်အားလုံး မည်သည့်အရာကိုမျှ မတွေ့ရပါ။ အဖိုးအို
ဆိုးရွှန်းကတော့ ကျနော်တို့ရောက်နေသည့်အခန်းနံဘေးရှိ ညာဖက်အခန်းတွင်
နေထိုင်သူများက ကျနော်တို့ အုပ်စုအား ကျီစယ်နောက်ပြောင်မူသာ ဖြစ်နိုင်ကြောင်း
သူ့သား နီကိုလိုင်ကို ပြောပြပါသည်။

ထို့နောက် ကျနော်တို့ စကားဝိုင်းကို ပြန်စခဲ့ကြပါသည်။ အဌမမြောက် အတွေ့အကြုံ
ပြောပြရမည့်သူမှာ အသက် ၁၉ နှစ်အရွယ် ဂျွန်၏ အလှည့် ဖြစ်ပါသည်။ သူ့တွင်
ထူးထူးခြားခြား အတွေ့အကြုံမရှိသောကြောင့် န၀မမြောက် အလှည့်ကျသူ
အန်ကယ် “ဖင်းလ်” ၏ အလှည့်ဖြစ်ပါသည်။ အဖိုးအို ဖင်းလ်သည် နောက်ပြောင်ကျီစယ်
သန်သူ တစ်ဦးဖြစ်သောကြောင့် သူ ပြောပြသည့် သရဲတစ္ဆေအကြောင်းမှာ ကြောက်စရာ
မကောင်းပဲ ရယ်စရာ ကောင်းနေပါတော့သည်။ သူသည် ကမ်းခြေတစ်ခုတွင် အင်မတန်
ချောမောလှပပြီး ရေကူးဝတ်စုံ ၀တ်ထားသော သရဲမလေးနှစ်ဦးနှင့် ကြုံဖူးသည့်
အကြောင်းကို ရယ်ရယ်မောမော ပြောပြနေပါသည် ....

ထိုအခိုက် အဖိုးအို ပေါလ်က တစုံတခုကို ကြားလိုက်ဟန်ဖြင့် စကားကောင်းနေ
သော အဖိုးအို ဖင်းလ် အား ဟန့်တားလိုက်ပါသည်။ ထိုနောက် အ၀င်အ၀ တံခါး
ဆီ သွားပြီး တံခါးဖွင့်လိုက်သည့်အခါ မျက်နှာချင်းအခန်းမှ တံခါးလည်း ပွင်းနေပြီး
အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦး ရပ်နေသည်ကို တွေ့ရပါသည်။
သူတို့နှစ်ဦးသည် ဧည့်ခန်းထဲတွင် အုပ်စုလိုက်ထိုင်ပြီးနေသော ကျနော်တို့
အုပ်စုအား ကြည့်ရင်း စိတ်ဆိုးဒေါသထွက်နေပုံ ရပါသည်။ အချိန်သည် ည
နှစ်နာရီ ထိုးဖို့ အနည်းငယ်သာ လိုပါသည်။ အဖွဲ့ခေါင်းဆောင် ပေါလ်က
ကျနော်တို့အဖွဲ့ ဒီည ဒီအိမ် ဒီအခန်းအတွင်းသို့ ရောက်ရှိနေကြပုံကို
သူတို့နှစ်ဦးအား ရှင်းပြနေပါသည်။ သူတို့နှစ်ဦးက ပေါလ်အား ပြောပြနေပုံ
မှာ ကျနော်တို့အုပ်စုသည် တချိန်လုံး လှေကားအတိုင်း အပေါ်တက်လိုက်၊
အောက်ဆင်းလိုက်ဖြင့် အသံတဒုန်းဒုန်းဖြင့် ဆူညံ့နေကြောင်း၊ အဲလို မလုပ်ဖို့
လာပြောချင်းဖြစ်ကြောင်း ရှင်းပြပါသည်။ ပေါလ် အပါအ၀င် ကျနော်တို့ အားလုံး
ကလည်း ကျနော်တို့အုပ်စု အပေါ်တက်၊ အောက်ဆင်းကို စောစောက တစ်ကြိမ်
သာ လုပ်မိကြောင်း၊ ကျနော်တို့အခန်း အ၀င်အ၀ တံခါးကို တစုံတခု လာရောက်
ထိမှန်သံကြား၍ ထွက်ကြည့်မိကြောင်း သူတို့နှစ်ဦးကို ပြောပြလိုက်ပါသည်။

ထိုသို့ စကားပြောနေခိုက် အဖိုးအို ဖင်းလ်သည် ကျနော်တို့အားလုံးကို ကျော်
ထွက်သွားပြီး လှေကားတလျှောက်တွင် ခင်းထားသော ကော်ဇောကို လက်ဖြင့်
စမ်းနေပါသည်။ ထို့နောက် ဟုတ်တယ်ဗျ ... ဒီမှာကြည့် ရေတွေစိုနေတယ်၊ ဒါ
အပြင်မှာ ရွာနေတဲ့ မိုးထဲကနေ တစုံတယောက် လာရင်းကနေ သူ့ခန္ဓာကိုယ်နဲ့အတူ
မိုးရေတွေ ပါလာတာ၊ ကျုပ်ပြောပြနေတဲ့ ကမ်းခြေက သရဲမလေးတွေ လာသွား
သလား မပြောတတ်ဘူး ... ဟားဟားဟား ... ဟု ရယ်မောနေပါသည်။

ထိုနောက် ကျနော်တို့ အားလုံး ဧည့်ခန်းဆီသို့ ပြန်လာခဲ့ကြပါသည်။ အပြင်တွင်
ရွာနေသော မိုးသည် တဖြေးဖြေး စဲလာပါသည်။ လှေကား အတက်အဆင်း အခန်း
အပြင်ဖက်ဆီမှ မည်သည့်အသံများ ကြားရမလဲလို့ အားလုံး စောင့်မျှော်ရင်း စကား
ဝိုင်းကို ဆက်ခဲ့ကြပါသည်။ အဖိုးအို ဖင်းလ် အလှည့်အပြီးတွင် ပြောပြရန် အလှည့်
ကျသူမှာ ဒိန်းမတ်- အီဂျစ်ကပြား အန်ကယ် အလီ၏ အလှည့်ဖြစ်ပါသည်။
အန်ကယ်အလီ ပြောပြသော သရဲတစ္ဆေ အတွေ့အကြုံသည် သရဲတစ္ဆေ
ခြောက်လှန့်မှုထက် လူမိုက်ဂိုဏ်း အချင်းချင်း အုပ်စုဖွဲ့ တိုက်ခိုက်သော
အဖြစ်အပျက်က ပိုများနေပါသည်။ အန်ကယ် အလီသည် တခါက ကိုပင်ဟေဂင်
မြို့တော်တွင် အင်မတန် ထင်ရှားခဲ့သော အာရှနွယ်ဖွားလူမိုက်ဂိုဏ်းမှ ဂိုဏ်းဝင်
လူငယ်တစ်ဦးဖြစ်ခဲ့ဖူးပါသည်။ သို့သော် နောက်ပိုင်းတွင် သဘောမနော
ကောင်းသော သူ့သဘာဝ အရ ထိုဂိုဏ်းမှ နုတ်ထွက်ခဲ့သူ ဖြစ်ပါသည်။

ဆယ့်တစ်ဦးမြောက် ပြောပြသူမှာ “မီးကယ်လ်” ဖြစ်ပါသည်။ မီးကယ်သည်
လူငယ်တစ်ဦးဖြစ်သောကြောင့် သူ ပြောပြသော သူ့အတွေ့အကြုံ သရဲ
တစ္ဆေဖြစ်ရပ်သည် ခြောက်လှန့်မှုထက် သူ ၀ါသနာပါသော ခရီးသွားဖြစ်စဉ်
က ပိုများနေပါသည် .....

ဆယ့်နှစ်ဦးမြောက် ပြောပြရသူမှာ ကျနော် ဖြစ်ပါသည်။ ကျနော်သည်
ရန်ကုန် အင်းစိန် တွဲဖက် အကျဉ်းထောင်ထဲတွင် တွေ့ကြုံရဖူးသော အသံဖြင့်
ခြောက်သည့် သရဲဇာတ်လမ်းကို သူတို့အား ပြောပြပါသည်။ ပေါလ်နှင့် ဆိုးရွှန်း
တို့သည် ကျနော့်အား ထိုအဖြစ်အပျက်နှင့် စပ်လျဉ်းသော သူတို့ သိချင်သည်များ
ကို အလုအယက် မေးမြန်းကြပါသည်။ သရဲတစ္ဆေကို လုံးဝ လက်မခံသော
လူငယ်လေး နီကိုလိုင်လည်း ကျနော့်အား မေးခွန်းများစွာ မေးမြန်းပါတော့သည် ...

ပြတင်းပေါက်မှာ ၀င်ရောက်လာသော အလင်းရောက်သည် တဖြေးဖြေး
တောက်ပလာပါသည်။ လက်ကိုင် တယ်လီဖုန်းမှ အချိန်ကို ကြည့်လိုက်သည့်
အခါ နံနက် လေးနာရီခွဲပြီးကာစ ဖြစ်နေပါသည်။ အိပ်ချင်စိတ်သည် ထိန်းဖို့
ခက်ခဲသထက် ခက်ခဲလာပါသည် ...

ကျနော့်အလှည့်ပြီးနောက် အလှည့်ကျသူမှာ အဖိုးအို “စတီးန်” အလှည့်
ဖြစ်ပါသည်။ စတီးန် စကားသံကို နားထောင်ရင် ကျနော့်မျက်လုံးများ မှေးစင်း
လာပါသည်။ ရုတ်တရက် ဆူဆူညံ့ညံ့ အသံများကြောင့် အိပ်ငိုက်တ၀က် အိပ်ပျော်
တ၀က် ဖြစ်နေရာမှ ကျနော် နိုးလာပါသည်။ အဖွဲ့ခေါင်းဆောင် ပေါလ်သည်
တစုံတယောက်နှင့် ဖုန်းပြောရင်း ငြင်းခုန်နေပုံရပါသည်။ နောက်ထပ် နာရီဝက်
ခန့်ကြာသော အိမ်ပိုင်ရှင် ဇနီးမောင်နှံနှစ်ဦး ကျနော်တို့ထံ ရောက်ရှိလာပါသည်။

ထိုအိမ်ကြီးအား အမွေဆက်ခံထားသော အိမ်ပိုင်ရှင် အမျိုးသမီးနှင့် ကျနော်တို့
အဖွဲ့ခေါင်းဆောင် ပေါလ်သည် သူတို့နှစ်ဦးသာ ကြားနိုင်လောက်သော စကား
သံများဖြင့် တစုံတရာအကြောင်း တိုးတိုးတိတ်တိတ် ပြောနေကြပါသည် ...

ထို့နောက် ကျနော်တို့ အားလုံး သယ်ဆောင်လာသော ပစ္စည်းပစ္စယများ ထုပ်ပိုးရင်း
ပြန်လည်ထွက်ခွာဖို့ ပြင်ဆင်ခဲ့ကြပါသည်။ အောက်ထပ် အပြင်ဖက်သို့ ရောက်သော
အခါ ပေါလ်သည် အိမ်နံဘေးဆီသို့ ခြေလှမ်း သုတ်သုတ်ဖြင့် သွားရင်း တစုံတခုကို
သွားကြည့်နေပါသည်။ ကျနော်နှင့် နီကိုလိုင်လည်း ပေါလ် အနောက်မှ အလျင်အမြင်
သွားကြည့်ကြပါသည်။ အိမ်နံဘေး ပတ်လည်တွင် မည်သည့်အရာမျှ မရှိပါ။

အပြန် လိုင်းကားပေါ်တွင် အဖိုးအို ပေါလ်ပြောပြသည်မှာ ...
မနေ့က ညနေပိုင်းက ထိုအိမ်ကြီး၏ လှေကား အတက်အဆင်းတွင် တွေ့လိုက်
ရသော ဘောလုံးပိုက်ထားသည့် ကလေးငယ်လေးနှင့် သူနှင့် မိတ်ဆက်စကား
ပြောခဲ့သူ အဖိုးအို “ရဲလ်ပယ်” ဆိုသူတို့သည် သက်ရှိ ထင်ရှားရှိသော လူသားများ
မဟုတ်ကြပါ။ သူတို့သည် လွန်ခဲ့သော သုံးနှစ်ခန့်က ဗီလာရုစ်နိုင်ငံတွင်
ကွယ်လွန်သွားကြသော အိမ်ရှင် မိသားစုဝင်များသာ ဖြစ်ပါသည်။ အပေါ်ထပ်
ညာဖက်အခန်းတွင် လင်မယားနှစ်ဦးနှင့် တစ်နှစ် မပြည့်သေးသည့်
ကလေးငယ်တစ်ဦးသာ ရှိပါသည်။ သူတို့တစ်အိမ်လုံးတွင် အဲလို အသက်အရွယ်
ပုံစံမျိုး လုံးဝ မရှိကြောင်း အိမ်ရှင် အမျိုးသမီးက ပြောပြကြောင်း အဖွဲ့ခေါင်းဆောင်
အဖိုးအို ပေါလ်က ကျနော်တို့ အားလုံးအား ရှင်းပြပါသည်။

မနေ့ညနေက ကျနော်တို့အုပ်စု ညစား စားနေချိန်တွင် ကြားခဲ့ရသော အောက်ထပ်
အပြင်ဖက်က လူစီး ဒန်းမှ သံကြိုးချင်း ပွတ်တိုက်သံသည်လည်း တကယ်မဟုတ်
သော နာမ်ဝိညာဉ်များ၏ လှည့်ဖျားမှုသာ ဖြစ်ဖို့ များပါသည် .....

(ဤမျှသာ။)


စွဲကပ်နေသော ၀ိညာဉ်တစ်ခု

$
0
0

လွန်ခဲ့သော ဆယ်နှစ်ခန့် ကျနော် ဒိန်းမတ်နိုင်ငံသို့ စတင်အခြေချကာစက ဖြစ်ပါသည်။
ဒိန်းမတ်နိုင်ငံနှင့် ဂျာမန်နိုင်ငံတို့ ထိစပ်ရာ နှစ်နိုင်ငံနယ်စပ်မှ ကီလိုမီတာ ၁၀၀ ခန့်တွင်ရှိသည့်
နယ်မြို့လေးတစ်မြို့တွင် ကျနော် နေထိုင်ခဲ့ပါသည်။ ထိုမြို့လေးတွင် မြန်မာနိုင်ငံမှ အကြောင်း
အမျိုးမျိုးကြောင့် ပြောင်းရွှေ့လာကြသူ ကလေး၊ လူကြီး လူဦးရေ တစ်ရာနီးပါးခန့် နေထိုင်ကြ
ပါသည်။ ထိုမြို့လေးတွင် ဒေါ်မြင့်အေး (အမည်အရင်း မဟုတ်) ဆိုသည့် မုဆိုးမ အမျိုးသမီးကြီး
တစ်ဦးသည် သားသမီးသုံးဦးတို့နှင့်အတူ ကျနော့်နေအိမ်နှင့် ဆယ်မိနစ်ခန့် လမ်းလျှောက်
သွားရသော ရပ်ကွက်တစ်ခု၌ နေထိုင်ကြပါသည်။

မြန်မာတို့၏ထုံးစံအတိုင်း ပျော်ပျော်ရွှင်ရွှင်ယဉ်ကျေးမှုကို ခုံမင်တတ်သည်ဖြစ်ရာ စနေ၊
တနင်္ဂနွေနေ့ ပိတ်ရက်များတွင် ထိုမြို့လေး၌ တစ်အိမ်ပြီး တစ်အိမ် အလှည့်ကျ ချက်ပြုတ်
စားသောက်ကာ ရောက်တတ်ရာရာများ ပြောဆိုနေလေ့ရှိပါသည်။ တစ်ခုသော စနေနေ့တွင်
ကျနော်တို့မြို့၌ နေထိုင်ကြသော မြန်မာမိသားစုများ အားလုံးသည့် ဒေါ်မြင့်အေးနေအိမ်၌
စုပေါင်းချက်ပြုတ်စားသောက်လျက်ရှိကြပါသည်။ ထိုအချိန်တွင် ကျနော်သည် ကော်ဖီထည့်
ထားသော ဓါတ်ဗူးထဲတွင် ကော်ဖီကုန်သွားသဖြင့် ထပ်ဖြည့်ရန်အတွက် ဧည့်ခန်းမှ မီးဖိုချောင်
ဆီသို့ အသွား ကလေးအိပ်ခန်းရှေ့ ဖြတ်သွားခိုက် ကလေးအိပ်ခန်းထဲမှာ တစ်ခုခု ခုန်ပေါက်
ဆော့ကစားသံကို ကြားလိုက်ရပါသည်။ အခန်းတံခါးသည် အနည်းငယ် “ဟ”သောကြောင့်
အခန်းအတွင်းသို့ ကျနော် ကြည့်လိုက်သည့်အခါ တစုံတခုသည် ကုတင်အောက်သို့ ၀င်သွား
သည်ကို တွေ့လိုက်ရပါသည်။ ထို့ကြောင့် … “အခန်းထဲက သားသားတို့ မီးမီးတို့ ဆော့
ချင်ရင် ခြံထဲမှာ သွားဆော့ကြနော်၊ တော်ကြာ တခန်းလုံး ရှုပ်ပွနေရင် အန်တီဒေါ်မြင့်အေး
ဆူနေအုံးမယ် …” ဟု လှမ်းအော် သတိပေးလိုက်ပါသည်။ ထိုအခါ အခန်းထဲမှာ ခွေးဟောင်
သံထွက်ပေါ်လာသဖြင့် ကျနော့်စိတ်ထဲဝယ် ကလေးငယ်များက ကျနော့်အား ရယ်စရာ
မောစရာ ပြန်လည် လှောင်ပြောင်ချင်ဖြစ်မည်ဟု တွေးပြီး “ဟ”ထားသော အခန်းတံခါး
ကို ဆွဲဖွင့်လိုက်ရာ အခန်းထဲတွင် မည်သူ့ကိုမျှ မတွေ့ရပါ။ ထို့ကြောင့် ကုတင်အောက်
တွင် ပုန်းနေမည်ဟု စိတ်ထဲမှ ထင်ပြီး ကုတင်အောက်သို့ ငုံ့ကြည့်လိုက်ရာ မည်သူမျှ
မရှိပေ။ နှစ်ထပ်အိပ် ကုတင်တစ်လုံး၊ သာမန်ကုတင်တစ်လုံး၊ စာရေးစာပွဲ သုံးလုံးနှင့်
ဗီရို အနည်းငယ်သာရှိသည့် ထိုအခန်းအတွင်း နေရာပေါင်းစုံ ရှာဖွေကြည့်သော်လည်း
မည်သည့်ကလေးငယ်မှ မရှိပေ။ ပြတင်းပေါက်များသည်လည်း အသေတပ်ဆင်
ထားသော မှန်ပြတင်းပေါက်များသာ ဖြစ်ပါသည်။ ခုနက ဆော့ကစားသံပြုပြီး  ကျနော့်အား
ခွေးဟောင်သလို ဟောင်ပြခဲ့သော အသံပိုင်ရှင်ကို ကျနော် လုံးဝ မရှာဖွေနိုင်ခဲ့ပါ။

ကော်ဖီခွက်ကို လက်တစ်ဖက်မှ ကိုင်ထားရင်း ခြံထဲသို့ ကျနော် ဆင်းခဲ့ပါသည်။
ကလေးငယ်များစွာသည် ခြံထဲတွင် ပြေးလွှားဆော့ကစားနေကြပါသည်။  အိမ်ရှင်
ဒေါ်မြင့်အေးသည် နွေရာသီသုံး ထင်းမီးဖိုတစ်ခု၏ အပေါ်တွင် ဥရောပမြောက်ပိုင်းသား
များ အင်မတန်နှစ်ခြိုက်သဘောကျလေ့ရှိသော ပေါင်မုန့်အရှည်တချို့နဲ့ အမဲသား၊
ကြက်သားများကို မီးကင်နေပါသည်။ သူမ၏ နံဘေးတွင် အခြား အိမ်ထောင်သည်
လေး၊ ငါးဦးခန့် ရောက်တတ်ရာရာများကို ပြောဆိုနေကြပါသည်။ ကျနော် ပြောပြလိုက်
သည့် ကလေးခန်းအတွင်းမှ ဆော့ကစားသံများ၊ ရှာဖွေလို့ မရသည့် အသံပိုင်ရှင်အကြောင်း
ကို ကြားရသည့်အခါ အိမ်ရှင် ဒေါ်မြင့်အေးမျက်နှာသည် ဖြူဖတ်ဖြူရော် ဖြစ်သွားသကဲ့သို့
သူ့နံဘေးမှာ အခြားအမျိုးသမီးများသည်လည်း ပါးစပ်အဟောင်းသားဖြင့် ကျနော့်စကား
ကို နားထောင်နေကြပါသည်။ သူတို့ဖြစ်ပျက်သွားသော မျက်နှာ အမူအရာများကို တွေ့မြင်
ရသည်အထိ ကျနော့်စိတ်ထဲတွင် မည်သည့် ခံစားမှုမျိုးမှ မရှိသေးပေ။ အမျိုးသမီးတစ်ဦးက ….
“ဒါ သရဲခြောက်တာ ….” ဟု ပြောလိုက်မှသာ ကျနော်လည်း ကြက်သီးထသလိုဖြစ်သွား
ပြီး ခုနက ဖြစ်ပျက်ခဲ့သမျှသည် တစုံတစ်ဦးက နောက်ပြောင်ချင်း မဟုတ်ပဲ နေ့ခင်း
ကြောင်တောင် သရဲခြောက်ခံလိုက်ရပါလားဟု သိလိုက်ရပါသည်။

နောင် တစ်လခန့်ကြာသောအခါ ကျနော်တို့မြို့၏ မြူနီစပယ်- စည်ပင်သာယာဌာန
မှ မြေကြီးတူးစက်ဖြင့် အဆိုပါ ဒေါ်မြင့်အေး ခြံအတွင်းမှ တစုံတစ်ခုကို လာရောက် တူးနေ
ကြောင်း ကြားသိရသဖြင့် ကျနော် သွားရောက်ကြည့်ရူခဲ့ပါသည်။ ထိုအခါကျမှ အိမ်ရှင်
ဒေါ်မြင့်အေးက ကျနော့်အား အကြောင်းစုံ ရှင်းပြပါတော့သည် ……

ဒေါ်မြင့်အေးတို့ မိသားစု ဒိန်းမတ်နိုင်ငံရောက်ကတည်းက အဆိုပါအိမ်တွင် နေထိုင်ရန်
မြို့နယ် အုပ်ချူပ်ရေးကောင်စီက နေရာချထားပေးပါသည်။ ထိုအခန်းသည် ဒေါ်မြင့်အေး
၏ သားနှစ်ဦးတို့အတွက် ကလေးအိပ်ခန်းဖြစ်ပါသည်။  သားအငယ်ဖြစ်သူ ရန်ရန် သည်
ညတရေးနိုးများတွင် အိပ်မက်ဆိုးများမက်ပြီး မကြာခဏ နိုးလာလေ့ရှိပါသည်။ အင်မတန်ကြီး
သော ခွေးကြီးတစ်ကောင်သည် သူ့ကုတင်အောက်တွင် ရှိနေပြီး သူ့အား တခါတရံ စိုက်ကြည့်
နေတတ်သလို၊ အအိပ်ဆော့ပြီး “ဖက်လုံး” ကုတင်အောက်သို့ ပြုတ်ကျသွားသည့်အခါ ထိုခွေး
ကြီးက သူ့အား “တဝေါင်းဝေါင်း” ဟောင် သည်ဟု သားဖြစ်သူ ရန်ရန် က ပြောပြပါသည်။

သားဖြစ်သူ ပြောပြကာစက ဒေါ်မြင့်အေးသည် ထိုအဖြစ်အပျက်ကို သရဲတစ္ဆေဟု မယူဆပဲ
ကလေးငယ်များ ဆော့နေကြ ကွန်ပြူတာ ဂိမ်းတစ်ခုခုကို စိတ်ဆွဲပြီး အိမ်မက် မက်၊ ယောင်
နေသည်ဟုသာ စိတ်ထဲ ထင်ခဲ့ပါသည်။ တနေ့သောအခါ အိမ်ရှင် ဒေါ်မြင့်အေးသည်
ကလေးငယ်များ ကျောင်းသွားနေစဉ် အိမ်အတွင်း တစ်ဦးတည်း အိမ်သန့်ရှင်းရေး လုပ်
နေခိုက် …. ကြောင်လိုလို ခွေးလိုလို သတ္တ၀ါတစ်ကောင် သူ့နောက်ကျောမှ ဖြတ်၍ ကလေးငယ်
များ အိပ်သည့် အခန်းအတွင်းသို့ ၀င်ရောက်သွားသည်ကို တွေ့လိုက်ရသောကြောင့်
နံဘေးခြံမှာ ကြောင်ဖြစ်မည်ဟု ထင်ကာ အခန်းတံခါးဖွင့်ပြီး မောင်းထုတ်ရန် ဟန်ပြင်
လိုက်ပါသည်။ အခန်းတံခါးကို ဖွင့်ပြီး အခန်းထဲ ကြည့်လိုက်သည့်အခါ မည်သည့်ကြောင်ကိုမျှ
မတွေ့ရပါ။ သို့ဖြင့် ကုတင်အောက်များဆီသို့ ရှာကြည့်လိုက်ရာ သားအငယ်ဆုံးဖြစ်သူ ရန်ရန်၏
ကုတင်အောက်တွင် တော်တော်ကြီးသော ခွေးကြီးတစ်ကောင်ကို ရုတ်တရက် တွေ့လိုက်ရ
သောကြောင့် ဒေါ်မြင့်အေး အနည်းငယ် လန့်သွားပါသည်။ ထို့ကြောင့် ထိုခွေးကြီးကို အခန်းထဲမှ
ထွက်သွားရန် မြန်မာဘာသာစကား၊ ဒိန်းမတ်ဘာသာစကားတို့ဖြင့် မောင်းထုတ်သော်အခါ
ထိုခွေးကြီးက သူမအား စူးစူးဝါးဝါး ထိုးဟောင်ပါတော့သည်။ ထိုသို့ ဟောင်နေရင်း ခွေးကြီးသည်
သူ့မျက်စိရှေ့မှာပင် ပျောက်ချင်းမလှ ပျောက်သွားပါသည်။ ထိုအခါကျမှ အိမ်ရှင် ဒေါ်မြင့်အေး
တစ်ယောက် နေ့ခင်းကြောင်တောင် သူ့အိမ်ထဲ သရဲခြောက်ခံထိပြီးဟု သိလိုက်ရပါသည်။

ထို့နောက် မကြာခဏဆိုသလို သားသမီးများထံမှ ထိုခွေးအကြောင်း အိမ်မက် မက်သည်ဟု
ကြားသိလာရပါသည်။ ထိုအိမ်မှ ပြောင်းရွှေ့ရန် မြို့နယ်အုပ်ချူပ်ရေး၏ ရွှေ့ပြောင်းအခြေချ
ဌာနသို့ ပြောဆိုကြည့်သောအခါ ဌာန၏ တာဝန်ခံများက … “အဘယ်ကြောင့် ထိုအိမ်မှ
ရွှေ့ပြောင်းချင်သနည်း …” ဟု မေးမြန်းရာ ဒေါ်မြင့်အေးက ပြသနာ အကြောင်းစုံကို ပြောပြ
လိုက်ပါသည်။ ထိုအခါ မြို့နယ် အုပ်ချူပ်ရေး တာဝန်ခံများက ထိုအိမ်ကိစ္စကို အမြန်ဆုံး စုံစမ်း
ပေးမည်ဟု ကတိပေးပါသည်။ ဒေါ်မြင့်အေးတို့အိမ်ရှိ ထိုတစ္ဆေခွေးကြီး အသံ ကျနော် ကြား
ခဲ့ရသော အချိန်မှာ မြို့နယ် အုပ်ချူပ်ရေးဌာနမှ စုံစမ်းနေဆဲ ကာလ ဖြစ်ပါသည်။ ထို့နောက်
မြို့နယ် အုပ်ချူပ်ရေးဌာနက အိမ်ရှင် ဒေါ်မြင့်အေးအား ဒိန်းမတ်လူမျိုး မိသားစု တစ်စုနှင့်
မိတ်ဆက်ပေးပါသည်။ ထိုမိသားစုသည် ဒေါ်မြင့်အေးတို့ မိသားစု လက်ရှိနေထိုင်ရာ အိမ်တွင်
ယခင်က နေထိုင်ခဲ့သူများဖြစ်ပါသည်။ သူတို့မိသားစုတွင် အချစ်တော် ခွေးကြီးတစ်ကောင်
ရှိပြီး ထိုခွေးကြီးအား သားဖြစ်သူက သူ့အခန်းထဲတွင် ထားလေ့ရှိပြီး ညအခါ ကုတင်နား
တ၀ိုက်တွင် အိပ်စက်လေ့ရှိကြောင်း ပြောပြပါသည်။ တနေ့သောအခါ ထိုခွေးကြီးသည်
ခြံရှေ့၌ အမှိုက်သိမ်းကား ခေတ္တရပ်နေစဉ် ကားအောက်ထဲ ၀င်နေရာမှ ကားထွက်သွား
သောအခါ ကားဘီ တက်ကြိတ်မိပြီး သေဆုံးခဲ့ပါသည်။ ထိုခွေးကြီး အလောင်းကိုလည်း
ထိုခြံထဲတွင် မြုပ်နှံခဲ့ကြောင်း ယခင်အိမ်ရှင် မိသားစုက ဒေါ်မြင့်အေးအား ပြောပြပါသည်။

ထို့နောက် မြို့နယ်အုပ်ချူပ်ရေး ဌာန၏ အကူအညီဖြင့် ခြံထဲတွင် မြုပ်နှံထားသော ခွေးကြီး၏
အလောင်းကို ပြန်လည်တူးဖော်ပြီး မြို့နယ်အမှိုက်ပုံအနီးတွင် မြုပ်နှံလိုက်ပါသည်။ ထို့နောက်
တွင် ဒေါ်မြင့်အေးတို့ အိမ်၌ ခြောက်လှန့်နေသော ခွေးသရဲ ဇာတ်လမ်းအကြောင်း မကြားရ
တော့ပါ။

(ပြီးပါပြီ။)

ရွေးကောက်ပွဲဆိုင်ရာ up to date သတင်း အချက်အလက်များ စုစည်းမှု

$
0
0
(ဤလင့်ခ်ကို ပြန်နှိပ်ပြီuးp to dateနောက်ဆုံး သတင်းအချက်အလက်များကို ထပ်မံ့ကြည့်ရှု
နိုင်ပါသည်။)

(၂၆) ဖြူး မဲဆန္ဒနယ်တစ်ခုမှာသာကြံ့ဖွတ်ဖက်က ပြိုင်တဲ့ သူရဦးရွှေမန်းနဲ့ NLD
ကိုယ်စားလှယ်တို့ မဲကွာခြားချက် အနည်းအငယ်ကလွှဲရင် ....
ကျန်နေရာ အများစုမှာ NLD အပြတ်အသတ် အနိုင်ရနေပါတယ် ....
ရန်ကုန်တိုင်း ဗဟန်း၊ တောင်ဥက္ကလာပတို့မှာ ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီးတို့မှာ NLD နိုင်သလောက် ဖြစ်နေပါပြီ ...
ဂန့်ဂေါမှာ နာမည်ကျော် ဘူးလက်လှဆွေ မဲအပြတ်နဲ့ ရှုံးနိမ့်နေပါပြီ ....
နေပြည်တော် ဇမ္မူသီရိမှာလည်း NLD က ဖြိုးဇေယျာသော် ခိုင်မာ မဲ ပြန်လည်ရရှိနေပါပြီ .....

(facebook) 


(၂၅) ရေစကြိုမျြို့နယ်ကျောက္ကာကျေးရွာအုပ်စုကျောက်တံခါးကျေးရွာတွင်ပြည်သူ့
လွှတ်တော်၌ NLD ဒေါက်တာ တင်ဌေးအောင်က ၁၅၂ မဲ USDP မှ သမ္မတရုံးဝန်ကြီး
ဦးစိုးမောင်က ၆၅ မဲဖြင့် ဦးစိုးမောင် ရှုံးနိမ့်သည်။ အမျိုးသားလွှတ်တော်တွင် NLD
ဦးကျော်ငွေက ၁၅၆ မဲ USDP ဦးတင်မောင်ကျော်က ၆၁ မဲ ဖြင့် USDP ကိုယ်စာ
လှယ်လောင်း ရှုံးနိမ့်သည်။ တိုင်းဒေသကြီး ၁ တွင် NLD ဦးတင်သောင်းက ၁၅၆ မဲ
USDP ဦးမြင့်နိုင်က ၆၂ မဲဖြင့် ဦးမြင့်နိုင် ရှုံးနိမ့်သည်။ (11 news)



(၂၄)ဗဟန်းမြို့နယ် ဆရာစံတောင်ရပ်ကွက် မဲရုံအမှတ်(၅) စတင်ရေတွက်နေ ….

NLD 16 …. USDP 8 …. ညိုညိုသင်း 8 (facebook)



(၂၃) ယခုလောလောဆယ်မဲရုံပိတ်လို့မဲစတင်ရေတွက်ကာနီးမှာရန်ကုန်တိုင်းရဲ့

မြို့နယ်အများစုမှာလျှပ်စစ်မီးပျက်တောက်သွားပါပြီ။ (facebook)


(၂၂)ရန်ကင်းမြို့နယ်မှာလည်း မီးပျက်သွားလို့ မဲရေတွက်ရန် အခက်အခဲဖြစ်နေ။

(facebook)


(၂၁) ပြင်ဦးလွင်မြို့ရပ်ကွက်ကြီးတပ်မတော်အုပ်ချုပ်မူကျောင်းဝင်းအတွင်းရှိမဲရုံအမှတ်တွင်မဲများစတင်ရေတွက်နေပြီဖြစ်သည်။(7 day news)



(၂၀) ဒဂုံဆိပ်ကမ်းမြို့နယ်၆၇ ကျူးကျော်ရပ်ကွက်ရှိမဲရုံတွင် မဲပေးနိုင်သူဦးရေ၂၂၄၆ရှိတဲ့အနက်မဲရုံမှာတစ်ရုံထဲဖြစ်သည့်အတွက်အဆင်မပြေမှုတွေဖြစ်ပေါ်နေပြီးနေ့လည်၂နာရီခွဲအထိလူဦးရေ၁၀၀၀ကျော်ရုံသာမဲပေးထားသည်။မဲဆန္ဒရှင်သက်သေခံလက်မှတ်၄၀၀ထုတ်ယူရန်ကျန်ရှိပြီးမဲရုံပိတ်ချိန်အထိမဲပေးသူမကုန်ပါကတန်းစီနေသူများကိုမဲရုံပရဝဏ်အတွင်းထည့်၍မဲပေးခိုင်းမည်ဟုကော်မရှင်ကပြောသည်။(7 day news)



(၁၉) ရန်ကုန်မြို့သာကေတမြို့နယ်တွင်မဲပေးသူဦးရေ၁၃၁၈၁၁ရှိရာမဲရုံပိတ်ရန်တစ်နာရီခွဲလိုသည့်အချိန်တွင်မဲပေးသူ၈သောင်းရှိပြီဖြစ်ကြောင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းဒေါ်သက်ထားနွယ်ဝင်းကပြောသည်။ (7 day news)



(၁၈) နေပြည်တော်ပျဉ်းမနားမြို့နယ်တောင်ပေါ်ဒေသမဲရုံရုံတွင် NLD အနိုင်ရ။

(11 news)

 

(၁၇) ညောင်တုန်းမြို့တွင်မဲရုံအချို့စတင်ပိတ်သိမ်းလိုက်ပြီဖြစ်ပြီးမဲရေတွက်မှုများစတင်နေပြီဖြစ်ကြောင်းသိရသည်။

ညောင်တုန်းမြို့ကွမ်းသီးပင်ကျေးရွာအုပ်စုဝဲနယ်အထက်စုရွာနှင့်ပေါက်ကုန်းကျေးရွာတို့တွင်မဲလာပေးနိုင်သည့်ဆန္ဒရှင်ဦးရေပြည့်မှီသွားပြီဖြစ်သောကြောင့်မဲရုံပိတ်သိမ်းကာမဲရေတွက်မှုစတင်နေပြီဖြစ်ကြောင်းညောင်တုန်းမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အောင်နိုင်ရေးဥက္ကဌဦးအောင်မျိုးဝင်းကပြောသည်။ (11 news)


(၁၆) မန္တလေးမြို့တော်ဝန်ဦးအောင်မောင်းဝင်ရောက်ယှဉ်ပြိုင်မည့်မဟာအောင်မြေ
မြို့နယ်၊မဟာမြိုင်အပိုင်း() မဲရုံ()တွင်ကား ()စီးခန့်ဖြင့်အုပ်စုလိုက်နယ်ကျော်
မဲပေးမှုဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ပြီးမြို့နယ်ရွေးကောက်ပွဲကော်မရှင်တွင်ဖြေရှင်းလျက်
ရှိကြောင်းသတင်းရရှိပါသည်။မဲပိုစာရင်းဖြင့်ပျော်ဘွယ်၊ရမည်းသင်းဖက်ကလာရောက်
သည်ဟုသိရပါသည်။ (facebook)



(၁၅)ဂန့်ဂေါနယ် အန်းတားရွာတွင် NLD အပြတ်အသတ် အနိုင်ရကြောင်း သတင်းများ

ထွက်ပေါ်။ (facebook)


(၁၄)  နေပြည်တော်ကောင်စီ၊ပျဉ်းမနားမြို့နယ်၊ဘိုမအုပ်စု၊မဲရုံအမှတ်() မဲစားရင်း
ပိတ်သွားပြီး၊ အာဏာရကြံ့ခိုင်ရေးမှ အနိုင်တွက်ထားသောကြံ့ခိုင်ရေးနယ်မြေ
မဲဆန္ဒရုံးတွင် မဲများရေတွက်ရာ NLD. -57 …. USDP-51
မဲပေးသူ-၁၄၃ယောက် NLDပြည်သူ့ပါတီမှအနိုင်ရရှိကြောင်း သိရ။
(facebook)
 



(၁၃) ပြည်ခိုင်ဖြိုးပါတီအထွေထွေအတွင်းရေးမှူးဦးတင်နိုင်သိန်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ဝင်ရောက်ယှဉ်ပြိုင်မည့်ကလောမြို့နယ်တွင်မဲဆန္ဒနယ်ပြင်ပရောက်တပ်မတော်သားများ၏ကြိုတင်မဲများပြန်လည်ရောက်ရှိလာချိန်တွင်မြို့နယ်ကော်မရှင်ရုံးမှလက်ခံစဉ်မဲလက်မှတ်စာအိတ်များပွင့်လျက်ရှိကြောင်းကလောမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကပြောကြားသည်။နိုဝင်ဘာရက်တွင်ရောက်ရှိလာသောတပ်မတော်သားမဲဆန္ဒရှင်ပေါင်း၂၀၀ကျော်မဲစာအိတ်များပွင့်နေကြောင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အောင်နိုင်ရေးဥက္ကဋ္ဌဦးတင်လှဦးကပြောကြားသည်။(11 news)



(၁၂) ရန်ကုန်တိုင်း အင်းစိန်မြို့နယ်၊တည်ငြိမ်နံ့သာကုန်းရပ်ကွက်မဲရုံအမှတ်တွင်

မဲပေးခွင့်ရှိသူ ၁၁၈၄ ဦးရှိပြီးယခု နေ့လည် ၁ နာရီ အထိ ၅၀၀ ကျော်သာ ပြီးစီး

၍ အချိန်မလောက်မှာကို စိုးရိမ်နေရ။ (facebook)


(၁၁)  ကောလင်းမြို့သုဝဏ္ဏ  ရပ်ကွက်ရှိ  မဲရုံတွင်  တာဝန်ကျအလယ်တန်းပြဆရာမအပါအဝင်မိသားစုသုံးဦးစလုံးမဲစာရင်း  အမည်မပါသဖြင့်  မဲပေးခွင့်မရကြောင်းသတင်းရရှိသည်။
(7Day-News)
(၁၀) ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိမြို့နယ်၁၇မြို့နယ်အတွင်းမှမဲရုံပေါင်း၃၆ရုံမှ

မဲဆန္ဒရှင်၇၅၈ဦးအားပျမ်းမျှကောက်ယူထားသောစာရင်းအရမဲပေးထားမှုအခြေအနေ

မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ NLD ပါတီ - ၇၀၀ ဦး … USDP ပါတီ - ၂၄ ဦး
မဖြေဆိုသူ - ၃၂ ဦး … တစ်သီးပုဂ္ဂလ - ၁ ဦး…. မဲမပေးရသူ - ၁ ဦး(11 news) 


(၉) ပျော်ဘွယ်မြို့ပေါ်ရှိမဲရုံတစ်ရုံတွင်မဲရုံမှူးမှတံဆိပ်တုံးကိုယ်တိုင်ဝင်ထုပေးမှုဖြစ်ပွား

ပျော်ဘွယ်မြို့ပေါ်ရှိရွှေပြည်ရန်အောင်မဲရုံအမှတ်()တွင်မဲရုံမှူးဖြစ်သူ

ဒေါ်နီလာညွှန့်မှမဲပေးသူ၁၀ဦးအတွက်ကိုယ်တိုင်တံဆိပ်တုံးဝင်ထုပေး

မှုဖြစ်ပွားခဲ့ကြောင်းပျော်ဘွယ်မြို့ NLD မှပြည်သူ့လွှတ်တော်ကိုယ်စားလှယ်

လောင်းဦးကျော်စိုးထံမှသတင်းရရှိပါသည်။ထိုကဲ့သို့သတင်းကြားသည့်အတွက်

ဦးကျော်စိုးမှသွားရောက်တားခဲ့ရာဒေါ်နီလာညွှန့်မှမဲပေးရန်လာရောက်သူများထဲမှ

၁၀ဦးအတွက်ကို၎င်းကိုယ်တိုင်ထုပေးလိုက်ကြောင်းပြောကြားခဲ့ပြီးအဆိုပါ၁၀ဦးမှ

အကူအညီတောင်းသည့်အတွက်ထုပေးလိုက်ခြင်းဖြစ်ကြောင်း၊မဲရုံမှူး

များမှာအကူအညီတောင်းလျှင်လုပ်ပေးခွင့်ရှိသည်ဟုပြန်လည်ပြော

ကြားကြောင်းနှင့်အသက်ကြီးသူများပါဝင်၍အကူအညီတောင်းသည့်အတွက်

ထုပေးခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်ဟုဦးကျော်စိုးထံမှသိရှိရသည်။

(11 news)
 

(၈) တောင်တွင်းကြီးမြို့နယ်ဆူးကောက်ကြီးကျေးရွာညောင်ကုန်းမဲရုံတွင် ပြည်သူ့

လွတ်တော်အတွက် NLD ၆၄မဲ၊ကြံ့ခိုင်ရေး ၅၃မဲ၊အမျိုးသားလွှတ်တော်အတွက်

NLD ၆၄မဲ၊ကြံ့ခိုင်ရေး ၅၁မဲ၊တိုင်းဒေသကြီး NLD ၆၇မဲ၊ကြံ့ခိုင်ရေး ၅၃မဲ….

မဲပေးပိုင်ခွင့်ရှိသူ လူဦးရေ နည်းသဖြင့် ပြီးစီးသွားပါကြောင်း သိရ။(facebook)


(၇) ထန်းတပင်မြို့နယ်ရှိ မဲရုံတချို့တွင် မဲရုံဧရိယာအတွင် ကြံ့ခိုင်ရေးပါတီဝင်များက သူတို့

ပါတီအား မဲထည့်ရန် ဇွတ်အတင်း စည်းရုံနေ။ (Facebook)

(၆)မန္တလေးတိုင်းဒေသကြီး …  ချမ်းမြသာစည်မြို့နယ်ဖက်မှာဝင်ရောက်ယှဉ်ပြိုင်မယ့်
လွှတ်တော်ကိုယ်စားလောင်းအမည်ကမဟာအောင်မြေမဲလက်မှတ်တွေထဲမှာရိုက်နေတယ်၊
ကျွန်တော့်နာမည်ကပါလိုက်မပါလိုက်နဲ့ဖြစ်နေတယ်ဟုNLD ကိုယ်စားလှယ်လောင်း
ဦးဇာနည်အောင်ကမီဒီယာများထံပြောကြား။(Friday Times News Journal )


(၅) ဘားအံမြိုအမှတ်() ရပ်ကွက်ရပ်ကွက်ရုံးများတွင်ကြိုတင်မဲပေးလျှက်ရှိရာ 
နိုဝင်ဘာရက်ကရဲတပ်သားထွန်းထွန်းဦးမှကြိုတင်မဲပေးပြီးနောက်တံဆိပ်တုံးကို 
ကိုင်ပြီးအခြား  ရဲတပ်ကြပ်လှမိုး၏ဆန္ဒမဲလက်မှတ်အားဝင်ရောက်ရိုက်နိုက်လိုက်
သည့်အတွက်   မဲရုံအတွင်းစောင့်ကြည့်နေသောလူ့ဘောင်သစ်ဒီမိုကရက်တစ်
ပါတီဗမာတိုင်းရင်းသားရေးရာဝန်ကြီးကိုယ်စားလှယ်လောင်းဦးဇော်မင်းဦး() 
ဇော်ရဲထက်မှကန့်ကွက်ခဲ့ခြင်းဖြစ်သည်။(11 news)


(၄) ကလေးမြို့ ဘုရင့်နောင် လမ်းပေါ်ရှိ မိတ္တူဆိုင်တွင်
ကြိုတင်မဲဟု ယူဆရသော စာရွက် ပါဝင်သော စာအိတ် များစွာကို
ကော်ကပ် ပိတ်နေသည့် ဖြစ်စဉ်အား ကော်မရှင်ထံသို့ NLD တိုင်ကြားမည်။

(၃)စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ၏ မြေးဖြစ်သူ ဖိုးလပြည့် အပါအ၀င် စစ်အာဏာရှင် မိသားစုများ ကြိုတင်မဲအား ဥပဒေအတိုင်း မဲရုံတွင် သွားရောက် မပေးပဲ နေအိမ်တွင် မဲပေးနေကြောင်း The Voice Weekly ဂျာနယ်မှ ဓါတ်ပုံနှင့်တကွ ဖော်ပြ။

(၂) ရှမ်းပြည်နယ်ကလောမြို့နှင့်ချင်းပြည်နယ်မတူပီမြို့များထံသို့ကြိုတင်မဲပြားများကြေမွပြီး
ရောက်ရှိလာ။

(၁)ရန်ကုန်တိုင်းဒေသကြီး၊ခရမ်းမြို့နယ်၊မဲဆန္ဒနယ်အမှတ် ( )ဆင်မင်းအိုင်ကျေးရွာတွင်ရပ်/ကျေးရွေးကောက်ပွဲကော်မရှင်ရုံးရှိကြိုတင်မဲထည့်မဲပုံးကိုဆင်မင်းအိုင်ဘုန်းကြီးကျောင်းမှဘုန်းတော်ကြီးအရှင်သုနန္ဒကကြိုတင်မဲပုံးကိုမဲရုံမှ၎င်း၏ဘုန်းကြီးကျောင်းသို့ယူဆောင်သွားပြီးနောက်၎င်းအလိုရှိသူများကိုကြိုတင်မဲများပေးစေခဲ့သည်ဟုသတင်းရရှိသည်။ယနေ့နိုဝင်ဘာလရက်နံနက်တွင်ခရမ်းမြို့နယ်ရပ်/ကျေးကော်မရှင်မှမဲပုံးကိုဘုန်းကြီးကျောင်းမှပြန်လည်ယူဆောင်လာခဲ့သည်။ယမန်နေ့ညဦးပိုင်းကဘုန်းကြီးကျောင်းသို့မဲပုံးယူဆောင်သွားစဉ်တွင်ကြိုတင်မဲမဲသာရှိခဲ့ပြီးယနေ့နံနက်ဘုန်းကြီးကျောင်းမှပြန်ယူဆောင်ခဲ့ချိန်တွင်ကြိုတင်မဲပေါင်း၁၁မဲဖြစ်နေပြီးယမန်နေ့ညကဘုန်းကြီးကျောင်းတွင်ကြိုတင်မဲမဲပေးစေခဲ့ကြောင်းစစ်ဆေးတွေ့ရှိသည်ဟုခရမ်းမြို့နယ်တွင်နေထိုင်သူကိုသိန်းဇော်လတ်ထံမှကြားသိရသည်။ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ရန်ကုန်တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အရာရှိ၊ဦးခင်ဇော်ထွန်းထံသို့၈၈မျိုးဆက်( ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)ရုံးမှသတင်းပို့တိုင်ကြားထားသည်။

မြန်မာနိုင်ငံနဲ့ ဒိန်းမတ်နိုင်ငံ ဘယ်နိုင်ငံက ပိုလှသလဲ ... !!! အပိုင်း(၁)

$
0
0
ဒိန်းမတ်နိုင်ငံဟာ ဥရောပတိုက်မှာ လှတဲ့နိုင်ငံတစ်ခုလို့ ပြောရမှာတောင် တော်တော်ကို ခက်ပါတယ်။ ကျနော့် အမြင်ပါ။ ဥရောပတိုက် ကုန်းမကြီးနဲ့ စပ်ဆက်နေတဲ့ ဒိန်းမတ်နိုင်ငံဟာ အင်မတန်သေးငယ်တဲ့ အစိတ်အပိုင်းတစ်ခုပါ။ သမုဒ္ဒရာထဲ ရောက်နေတဲ့ ဂရင်းလန်းနဲ့ ဖာရိုးကျွန်းစုတွေဟာ ဒိန်းမတ်နိုင်ငံရဲ့ ကြီးမာတဲ့ အစိတ်အပိုင်းတွေ ဖြစ်ပေမယ့် ဥရောပတိုက်ထဲ မပါဝင်ပါဘူး။ ဥရောပတိုက်မှာ ဆက်စပ်နေတဲ့ ဒိန်းမတ်နိုင်ငံဟာ မြန်မာနိုင်ငံက ရှမ်းပြည်နယ်လောက်ပဲ ရှိပါတယ်။ မြင့်မားတဲ့ တောင်တန်းမပြောနဲ့ ပေ ၅၀၀ အမြင့်ရှိတဲ့ ကုန်းမြေမြင့်တာင် မရှိပါဘူး။ သို့ပေမယ့် နေရောင်ခြည် တိုးမဖောက်နိုင်တဲ့ သစ်တော စိုက်ခင်းတွေ ဒိန်းမတ်မှာ ရှိပါတယ်။ သဘာဝ အလျောက် ပေါက်နေတဲ့ သစ်တောတွေ မဟုတ်ပါဘူး။ တကူးတက စိုက်ပျိုးထားတဲ့ လူလုပ် သစ်တောတွေပါ။ မြန်မာနိုင်ငံမှာကျတော့ သဘာဝသစ်တော ဧရိယာတွေ တစတစ ပြုန်းတီးနေပါပြီ။ ဒိန်းမတ်နိုင်ငံဟာ ဥရောပတိုက်က အခြားသော နိုင်ငံတွေထက် ဧရိယာ အကျယ်အ၀န်း နည်းပါးသလို သဘာဝ ရှုခင်းလည်း ဆင်းရဲပါတယ်။ ဒိန်းမတ်နိုင်ငံ နံဘေးက နော်ဝေနိုင်ငံဟာ သဘာရှုခင်း အလှဆုံး စာရင်းဝင် နိုင်ငံတစ်ခုပါ။ ဒိန်းမတ်တောင်ဖက်မှာ ရှိတဲ့ ဂျာမန်နိုင်ငံဆိုရင်လည်း လှပတဲ့ သဘာဝ ရှုခင်းတွေ ရှိပါတယ်။ အဲဒီ နိုင်ငံတွေလို ဒိန်းမတ်နိုင်ငံဆီ နိုင်ငံတကာ ခရီးသွားတွေ အလည်လာဖို့၊ ပြည်တွင်း ခရီးသွားတွေ သဘောကျဖို့ ဒိန်းမတ် လူ့အဖွဲ့အစည်းက အမျိုးမျိုးဖန်းတီးလေ့ရှိပါတယ်။
လေး၊ ငါး၊ ဆယ်ပေလောက် ကျယ်တဲ့ ချောင်းရိုးကိုတောင် ဒိန်းမတ်မှာ အနားသပ် ကမ်းစပ်တလျှောက် ပြုပြင်ထိန်းသိမ်းပြီး လူသွားလမ်း ကုန်းဘောင်လေးတွေအဖြစ် ညီညီညာညာလေးတွေ လုပ်လေ့ရှိပါတယ်။ ချောင်းကမ်းစပ် တလျှောက် လမ်းလျှောက်သွားလို့တဲ့ လမ်းလေးတွေ၊ စက်ဘီးစီးသူတွေအတွက် စက်ဘီးလမ်းတွေ၊ နားနေ ခုံတန်းလျားတွေ၊ အမှိုက်ပြစ်ရန် နေရာတွေ၊ အရေးပေါ် ဖုန်းခေါ်ဆိုနိုင်တဲ့ ဖုန်းရုံတွ၊ အများသုံး အိမ်သာတွေ ရှိပါတယ်။ ဒိန်းမတ် လူ့အဖွဲ့အစည်း ကံကောင်းတယ်လို့ ပြောနိုင်တဲ့ အရာတစ်ခု ရှိပါတယ်။ အဲဒါက အကြောင်းမဲ့သက်သက် ဖျက်လိုဖျက်ဆီး လုပ်တဲ့သူ နည်းပါး တာပါ။ အမှိုက်ပုံတွေ ကို ခြေထောက်နဲ့ ကန်ပြီး မှောက်လဲပြစ်တာ၊ ကားဂိတ်က မှန်ရုံတွေကို ရိုက်ခွဲပြစ်တာ၊ အမှိုက်တွေကို စည်းမဲ့ကမ်းမဲ့ စွန့်ပြစ်တာမျိုး မကြားရသလောက် နည်းပါးလို့ပါ။ လူသွားလူလာ နည်းပါးတဲ့နေရာတွေမှာ လုယက်မှု မရှိသလောက် နည်းပါးတာ၊ အုပ်စုလိုက် အနိုင်ကျင့်မှု မကြားရသလောက် နည်းပါးတာဟာလည်း ဒိန်းမတ်နိုင်ငံဆီ အလည်လာမယ့် ခရီးသည်တွေ အတွက် ဘ၀င်ကျစရာပါ။ လမ်းမတွေပေါ် ဦးတည်ရာ သွားလာနေတဲ့ စိတ်ရောဂါ ဝေဒနာသည်တွေလည်း ဒိန်းမတ်မှာ မရှိသလို လမ်းမပေါ်မှာ ခရီးသွားတွေကို ဒုက္ခပေးနိုင်တဲ့ ခွေးလေခွေးလွင့်လို အိမ်မွေးတိရစ္ဆာန်တွေ လုံးဝ မရှိပါဘူး။ ဒိန်းမတ်နိုင်ငံရဲ့ မည်သည့် အစိတ်အပိုင်းကို မဆို ခရီးစရိတ် သက်သာတဲ့ အစိုးရသယ်ယူပို့ဆောင်ရေး အစီအစဉ် ဘတ်စ်ကား၊ မီးရထား၊ သင်္ဘော စတဲ့ အစီအစဉ်တွေနဲ့ သွားလို့ရအောင် စီစဉ်ပေးထားပါတယ်။

တကယ်တော့ ဒိန်းမတ်နိုင်ငံမှာ လောက်လောက်လားလား လှပတဲ့ သဘာဝရှုခင်းဆိုတာ မရှိဘူးလို့ ပြောမယ်ဆိုရင်တောင် ပြောလို့ရပါတယ်။ ဒိန်းမတ်ဟာ မြန်မာနိုင်ငံလို သဘာဝရှုခင်း အမြောက်အများပိုင်ဆိုင်တဲ့ နိုင်ငံမျိုး လုံးဝ မဟုတ်ပါဘူး။ ဥရောပတိုက်ထဲက ဘယ်လဂျီယံလို ဧရိယာ ခပ်ကျဉ်းကျဉ်း နိုင်ငံအချင်းချင်းတောင် ကြွားလုံး ထုတ်စရာ မရှိတဲ့ နိုင်ငံတစ်ခုပါပဲ။ 
............. ဆက်ရန် .....
(*အပိုင်း(၂) လာမည်၊ အားတဲ့အခါ .... :D )

မြန်မာနိုင်ငံနဲ့ ဒိန်းမတ်နိုင်ငံ ဘယ်နိုင်ငံက ပိုလှသလဲ !!! အပိုင်း(၂)

$
0
0
ဒိန်းမတ်နိုင်ငံက ကျနော့် မိတ်ဆွေတွေနဲ့ ဆုံတိုင်း ပြီးခဲ့တဲ့နှစ် မြန်မာနိုင်ငံဆီ အလည်ပြန်တုန်းက ကြုံခဲ့ရတဲ့ ထူးထူးဆန်းဆန်း အဖြစ်အပျက်တွေကို ပြောပြမိတယ်။ မြန်မာနိုင်ငံက မြို့တိုင်းလိုလိုမှာ မြို့ဝင်ကြေး ကောက်ခံတဲ့ “၀ါးတားဂိတ်” တွေရှိတယ်ပေါ့။ အဲလို ကောက်ခံရရှိတဲ့ မြို့ဝင်ကြေးကို ကောက်ခံတဲ့သူတွေ ဘယ်နေရာမှာ ဘယ်လို သုံးစွဲသလဲတော့ မပြောတတ်ဘူး သာမန် အိမ်စီးကားဆို မြန်မာငွေ ၂၀၀ ကျပ်ကနေ ၅၀၀ ကျပ်အထိ ကောက်ခံလေ့ရှိတယ်။ ဒါကြောင့် မြန်မာနိုင်ငံထဲ ခရီးသွားရင် ၀ါးတားဂိတ်မှာ ဂိတ်ကြေးပေးဖို့ ပိုက်ဆံ လေး၊ ငါးထောင်လောက် အနည်းဆုံး ဆောင်ထားရတယ်။ ရယ်စရာ အဖြစ်အပျက်တစ်ခုတောင် ကြုံဖူ့းပါတယ်။ ပုဂံကနေ ဘုရားဖူးပြီး မန်းတလေးပြန်လာတော့ မြင်းခြံမြို့ထဲ အ၀င် မြို့အ၀င် ၀ါးတားဂိတ်ကြီး ပွင့်နေလို့ ကျနော်တို့လည်း မြို့ထဲ မောင်းဝင်လာတာပေါ့။ ဒါနဲ့ ဂိတ်ကြေးကောက်တဲ့သူတွေ ဘယ်များရောက်နေလဲလို့ ရှာကြည့်လိုက်တော့ သူတို့က ဂိတ်နံဘေးမှာ ထန်းရည်လား အရက်လား မပြောတတ်ဘူး၊ စားပွဲသောက်ပွဲ ကျင်းပနေကြတယ်။ ကျနော်တို့ကား ဖြတ်သွားတော့မှ ကပြာကယာ ထပြီး ဂိတ်ကြေးကောက်ဖို့ ထလာကြတယ်။ သို့ပေမယ့် သူတို့ နောက်ကျ ကျန်ရစ်ခဲ့ပါပြီ။ တန်ဆောင်မုန်းလပြည့်နေ့ အမရပူရ တောင်သမန်အင်းနံဘေးက ဦးပိန် တံတား အသွား ၀ါးတားဂိတ်တွေ အဆင့်ဆင့် ကောက်ခံနေတာ တွေ့ရတယ်။ တန်ဆောင်မုန်းလပြည့်နေ့ အာဝါဒေးပွဲလုပ်ပြီး ရပ်ကွက်ထဲက လူတွေ စုပေါင်း ချက်ပြုတ်စားသောက်ဖို့ ၀ါးလုံးနဲ့ တားပြီး ပိုက်ဆံ အလှူခံတာပါတဲ့။ တချို့လည်း သောက်ထားလို့ မူးနေပုံရတယ်။ ကားခေါင်းက ဘောနက် အဖုံးပေါ် တက်ထိုင်ပြီး အလှူငွေ ကောက်ဖို့ ကြိုးစားနေတာတွေ တွေ့ရတယ်။ ကျနော်ကားတော့ ရှေ့ခန်းထဲက ထိုင်နေတဲ့သူတွေက ရုပ်တည်တည်နဲ့ ကားမီးကြီးထိုးပြီး ရပ်မပေးနိုင်ဘူးလို့ သင်္ကေတပြ လမ်းဖယ်ခိုင်းရင် သူတို့ နောက်ဆုတ်သွားကြတယ်။
ပုပ္ပါးတောင် သွားတုန်းက ပုပ္ပါးတောင်မှာ မျောက်စာနဲ့ ပန်းရောင်းတဲ့ သူတွေ ပိုက်နက် ဧရိယာခွဲထားတဲ့ အကြောင်း ပြည်ပရောက် အသိမိတ်ဆွေတွေကို ပြန်ပြောပြရင် သူတို့ အံ့သြကြတယ်။ ပုပ္ပါးတောင် စတက်တဲ့ နေရာကနေ လှေကားထစ် သုံးဆစ်ချိုးလောက်အထိ မျောက်စာရောင်းတဲ့သူတွေ ရွှေပန်းငွေပန်း ရောင်းတဲ့သူတွေ တကောက်ကောက်လိုက်လာပြီး အားပေးကြပါ၊ ၀ယ်ကြပါလို့ တစာစာပြောရင်း လိုက်ပါလာတယ်။ အဲလို လိုက်လာတဲ့ ဈေးသည်လေးတွေ လှေကားထစ် နောက်တစ်ဆင့်တက်ဖို့ အကွေ့လည်း ရောက်ရော သူတို့ ဆက်မလိုက်ကြတော့ဘူး။ မျက်နှာငယ်လေးတွေနဲ့ ကျန်ရစ်ခဲ့ကြတယ်။ အပေါ် လှေကားထစ်လည်း ရောက်ရော မျက်ထောင့်နီကြီးတွေနဲ့ အောက်လှေကားထစ်မှာ ရပ်ကျန်ခဲ့တဲ့ ဈေးသည်လေးတွေကို စူးစူးရဲရဲ စိုက်ကြည့်နေတဲ့ နောက်ထပ် ဈေးသည်တအုပ်ကို တွေ့ရတယ်။ သူတို့လက်ထဲမှာလည်း မျောက်စာတွေ ရွှေပန်းငွေပန်းတွေနဲ့ပေါ့။ “အကိုကြီးတို့ အမကြီးတို့ရယ် ... တောင်တော်သခင်မများဟာ တောင်ခြေကလာတဲ့ အညံ့စားပန်းတွေထက် တောင်ပေါ်မှာ ပေါက်ပြီး မွေးပျံနေတဲ့ ဒီလိုပန်းမျိုးကို ပိုပြီး နှစ်သက်တာပါ ... ” တဲ့။ ပန်းရောင်းပြီး အသက်မွေးနေရတဲ့သူတွေရဲ့ မျက်ဝန်းအိမ်ကို လူတိုင်း ဘာသာပြန်နိုင်ပါတယ်။ အာဏာရှင်ခေတ်ဆိုးတွေကနေ လွတ်မြောက်ကာစ လူမျိုးတစ်မျိုးရဲ့ နေ့စဉ် စားဝတ်နေရေး ရုန်းကန်ရတဲ့ ဖြစ်စဉ်ဟာ ဘယ်လောက် ခက်ခဲလည်းဆိုတာကိုပေါ့။ ပုပ္ပါးတောင်ကလပ်ပေါ် သွားတဲ့ လမ်းတလျှောက်မှာလည်း လမ်းသန့်ရှင်းရေး လုပ်ထားပါတယ်ဆိုပြီး အလှူခံနေတဲ့သူ တချို့ကိုလည်း တွေ့ခဲ့ရပါတယ်။ ပုပ္ပါး တောင်ကလပ်အောက်ကို ပြန်ရောက်တော့ အသက် ခြောက်ဆယ်ကျော် အမေအိုတစ်ဦးက အထမ်းလေးထမ်း၊ ဆယ်နှစ်အရွယ် ကလေးမတစ်ဦးက အဲဒီအမေအိုနဲ့အတူ ကျနော်တို့ဆီလာပြီး ဒေသထွက် “ပဲမြစ် ထန်းမြစ်” လေးတွေ ၀ယ်ယူ အားပေးကြပါအုံးတဲ့။ ပဲမြစ်ဖုတ်စားဖို့ အချိန်မရှိပေမယ့် နေပူထဲ ဈေးရောင်းနေရတဲ့ သူတို့ကို ကိုယ်ချင်းစားလို့ သူတို့လက်ထဲက လက်ကျန် ပဲမြစ်တွေ အားလုံးနီးပါးကို ၀ယ်လိုက်ပါတယ်။ ကျနော်တို့လိုပဲ တခြား ခရီးသွားတွေလည်း ငဲ့ညှာစိတ်တွေနဲ့ အားပေး ၀ယ်ယူနေတာ တွေ့ရတယ်။
ရှမ်းပြည်နယ် အင်းလေးကန်အသွား ညောင်ရွှေ မြို့ဝင်ဂိတ်ကြေး ပေးရတဲ့နေရာမှာ လူငယ်တစ်ယောက် လွယ်အိတ်လေးကို စလွယ်သိုင်းလွယ်ပြီး လိပ်စာ ကဒ်ပြားလေးတွေ လိုက်ဝေပေးနေတယ်။ အင်းစပ်ရောက်ရင် ဒီဖုန်းနံပါတ်ကို ဖုန်းဆက်ပါ။ စက်လှေခ ဈေးမှန်ပါတယ်တဲ့။ ဒီလိုနဲ့ ကားဆက်မောင်းလာတာ အင်းလေးကန်ကို စမြင်ရတဲ့ လမ်းမအကျယ်တစ်ခုလည်း ရောက်ရော ကျနော်တို့ ကားနံဘေးရော၊ ကျနော်တို့လို အလည်လာတဲ့ ကားတွေနဲ့ဘေးမှာ ဆိုင်ကယ်တွေ ၀ိုင်းရံလာတယ်။ မသိရင် ကိုယ်ရံတော် တပ်ဖွဲ့ ဌားလာသလိုပဲ။ ဒီလိုနဲ့ ဆိုင်ကယ်သမားများတွေက ကားယာယီ ရပ်နားနိုင်တဲ့ ကမ်းစပ်က ဘုန်းကြီးကျောင်း တစ်ကျောင်းဆီ ခေါ်သွားကြတယ်။ သူတို့အားလုံးက စက်လှေဌားလို့ရကြောင်း တစ်ဦးနဲ့ တစ်ဦး လုယက်ပြောဆိုကြတယ်။ တကယ်တော့ သူတို့က အင်းထဲ အငှားစက်လှေလိုက်သူတွေရဲ့ မိသားစုဝင်တွေပါ။ သူတို့ပြောပြတဲ့ စက်လှေ ဌားရမ်းခက ညောင်ရွှေမြို့အ၀င်မှာ ကဒ်ြပားပေးလိုက်တဲ့ လူငယ်လေးရဲ့ စက်လှေဌားခနဲ့ အတူတူပါပဲ။ ကျနော်တို့က စက်လှေ ဌားဖို့ ချိတ်ဆက်ပြီးကြောင်း ပြောပြလိုက်တော့ သူတို့တတွေ မျက်နှာငယ်လေးတွေနဲ့ ထွက်သွားကြတယ်။ ကျနော် စိတ်မကောင်းပါဘူး။ ကမ္ဘာ့ နိုင်ငံအများစုမှာ အဲလို ဧည့်သည်အ၀င်အထွက် များတဲ့ ဒေသတွေမှာ အဌားယာဉ်အစုအဖွဲ့တွေက အလှည့်ကျ အဌားလိုက်ကြမှာ မြန်မာနိုင်ငံမှာ အဲလို စနစ်မျိုး မရှိသေးတာကို ကြည့်ပြီး စိတ်မကောင်းဖြစ်မိပါတယ်။
......ဆက်ရန် ......
(*အပိုင်း(၃) လာမည်၊ အားတဲ့အခါ ....)

Viewing all 55 articles
Browse latest View live