Quantcast
Channel: ပျူနိုင်ငံ
Viewing all 55 articles
Browse latest View live

အော်စလို ခရီးသည် (အပိုင်း -၂)

$
0
0
ယခင်အပိုင်း(၁)မှ အဆက် ....

အက်(စ်)ပီးယား (Esbjerg) ဘူတာအနီး၌ ရှိသော အဝေးပြေး
ကားမှတ်တိုင်တွင် ကားစောင့်နေခိုက် မိုးသည် တိတ်သွားလိုက်
ခပ်ဖွဲဖွဲ ပြန်ရွာလိုက် ဖြစ်နေပါသည်။ ကျနော်တို့ စီးနင်းလိုက်ပါ
ရမည့် အမှတ် (၉၈၀) ဘက်စ်ကား ဆိုက်ရောက်လာသည့်အခါ
ကားရှေ့ မျက်နှာပြင်ပေါ်တွင်  ရေးထားသည့် စာတန်းကို ကြည့်ရင်း
အနည်းငယ် စိတ်ညစ်သွားမိပါသည်။

 

အဘယ်ကြောင့်ဆိုသော် ကားသည် ခရီးအဆုံးအထိ မောင်းနှင်းရန်
ကြေညာထားသော အစီအစဉ်အစား ဒိန်းမတ်နိုင်ငံ၏ တတိယ
မြောက် မြို့တော်ဖြစ်သော “အော်လဘို” (Aalborg) အထိသာ
ရောက်မည်ဖြစ်ကြောင်း သိရပါသည်။ ကျနော်တို့ သွားလိုသည့်
ကိုသန်းအောင်နိုင်တို့ ဇနီးမောင်နှံ နေထိုင်ရာ ဆေးဗြူ” (Sæby)
မြို့အထိ ကားပြောင်းစီးရေးအတွက် အလုပ်များရပါတော့မည်ဟု
စိတ်ထဲတွင် ညည်းညူးမိပါသည်။ ကားသည် နေ့လည် ၂ နာရီ ၁၅
မိနစ်တွင် အက်(စ်)ပီးယား ဘူတာအနီးမှ စတင် ထွက်ခွာလာခဲ့ပါ
သည်။ ကားပေါ်တွင် ခရီးသည် နေရာပြည့် မရှိပါ။ ကျနော်တို့ မြန်မာ
သုံးဦးနှင့်အတူ ဒိန်းမတ်နိုင်ငံတွင် အလုပ် လာလုပ်ကြသော အရှေ့
ဥရောပသားများဖြစ်သော ပိုလန်လူမျိုးများ၊ ရုရှားများ၊ အက်စ်တိုးနီးယား
များ၊ လစ်သူယေးနီးယားများ၊ ဘီလာရုစ်များ၊ ယူကရိန်းနိုင်ငံသားများ
သား စီးနင်းလိုက်ပါကြပါသည်။ အဘယ်ကြောင့် ထိုနိုင်ငံသားများ
ဖြစ်သည်ဟု ကျနော် အသေအချာ ပြောနိုင်သည်ကို နောက်ပိုင်းတွင်
ကျနော် ရှင်းပြပါ့မည်။


ကားသည် အက်(စ်)ပီးယားမြို့မှ ထွက်ခွာလာပြီး ပထမဆုံး ရပ်နား
သည့် နေရာမှာ အက်(စ်)ပီးယား လေယာဉ်ကွင်း ဖြစ်ပါသည်။ ထိုကွင်း
သည် လေကြောင်းသွားလာမှု ခရီးစဉ်များအတွက် အသုံးပြုခြင်း မရှိ
တော့ပါ၊ ပင်လယ်ပြင်ဆိုင်ရာ အရေးပေါ် ကယ်ဆယ်ရေးနှင့် အခြား အရေး
ပေါ် အခြေအနေများအတွက် လေကြောင်းမှ ကူညီရန် လေယာဉ်ပျံအစား
ရဟတ်ယာဉ်စခန်းပုံစံသာ ဖြစ်နေပါသည်။ လေ့ကျင့်ပျံသန်းနေသော
ရဟတ်ယာဉ်များကို တွေ့ရပါသည်။ ကားသည် အဝေးပြေးလမ်းမပေါ်
တွင် တရှိန်ထိုး မောင်းနှင်းနေပါသည်။ ကျနော်တို့ သုံးဦးသည် ခရီးသည်
နှစ်ဦးချင်း ဘေးချင်းယှဉ်တွဲ ထိုင်နိုင်သည့် နှစ်ခုံတွဲများပေါ်တွင် တစ်ဦးစီ
လွတ်လွတ်လပ်လပ် ထိုင်စီးရင်း တဖြေးဖြေး အိပ်ငိုက်နေကြသည်။
ကျနော့်ရှေ့မှ နှစ်ခုံတွဲပေါ်တွင် တစ်ဦးတည်း ထိုင်နေသော ကိုမိုက်ကယ်
သည် သူတို့ ဇနီးမောင်နှံ သွားရောက်တည်းခိုမည့် အော်စလိုမြို့မှ
လူငယ်လေးအကြောင်း ပြောပြနေပါသည်။ ထိုလူငယ်လေးသည်
တခါက “ကလေးစစ်သား” အဖြစ် န.၀.တ စစ်အစိုးရလက်ထက်တွင်
အဓမ္မ စစ်သား စုဆောင်းခြင်း ခံခဲ့ရသူဖြစ်ပြီး၊ နယ်စပ်ဒေသရှိ UNHCR
ဒုက္ခသည် အစီအစဉ်ဖြင့် တတိယ ကမ္ဘာ့နိုင်ငံများဆီသို့ ရွေ့ပြောင်း
နေခွင့်ရခဲ့သူ ဖြစ်ပါသည်။ နယ်စပ်က ဒုက္ခသည်စခန်းများတွင် ထိုကဲ့သို့
စစ်တပ်မှ ထွက်ပြေးလာသော ကလေးစစ်သား အများအပြားရှိ
ပါသည်။ ကိုမိုက်ကယ်၏ ဇနီးသည်ဖြစ်သူ အမ မပိုသည် ထိုင်း-မြန်မာ
နယ်စပ်ရှိ ဒုက္ခသည်စခန်းအတွင်း နေထိုင်ခဲ့စဉ် ကာလများက ထို
ကလေးစစ်သားအဖြစ်မှ ထွက်ပြေးလာသော ကလေးငယ် ဆယ်ဦးခန့်
အား အစစအရာရာ ချက်ပြုတ်ကျွေးမွေး စောင့်ရှောက်ပေးခဲ့ပါသည်။
ထိုကြောင့် ထို “ကလေး စစ်သား” များ၊ သက်ဆိုင်ရာ UNHCR စခန်း
တာဝန်ခံများက အမ မပိုအား ကလေးစစ်သားများ၏ မိခင် “မာမီ”
အဖြစ် ခေါ်ဝေါ် သတ်မှတ်ခဲ့ကြပါသည်။ ကိုမိုက်ကယ်သည် ထိုကလေး
စစ်သားများအကြောင်း သူ သိသမျှ တတွတ်တွတ် ပြောနေသောအချိန်
တွင် အမ မပိုကတော့ နှစ်ခုံတွဲပေါ်တွင် တစ်ဦးတည်း တခေါခေါ
ဟောက်ရင်း အိပ်ပျော်နေပါသည်။

နိုဗယ်ဆုပေးပွဲ အခမ်းအနား ဖိတ်စာမရသော ကျနော်သည် ဤခရီးစဉ်
အတွင်း ကိုမိုးမောင်မောင်နှင့် အမ မပူစူးတို့ ဇနီးမောင်နှံ နေအိမ်တွင်
သွားရောက်တည်းခိုရန် စီစဉ်ထားပါသည်။ ကျနော်လို နော်ဝေနိုင်ငံပြင်ပ
မှ လာရောက်ကြမည့် နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်များ၊ နိုင်ငံရေး အကျဉ်း
သားများဖြင့် ကိုမိုးမောင်မောင်တို့ အိမ်တွင် စည်းစည်းကားကား ဖြစ်နေ
မည်ဟု တွေးတောရင်း စိတ်ထဲ၌ ပျော်ရွှင်ကြည်နူးနေပါသည်။ နိုဗယ်ဆု
ပေးပွဲ အခမ်းအနား တက်ခွင့် ဖိတ်စာမရလည်း မြန်မာများနှင့် အန်တီစု
သီးသန့် တွေ့ဆုံရန် စီစဉ်ထားသော နေရာသို့ ခပ်စောစောသွားပြီး
တန်းစီရင် ကောင်းမလားဟု တစ်ယောက်တည်း တွေးနေမိပါသည်။

ဘတ်စ်ကားသည် “ဗီဘို” (Viborg) ဟုခေါ်သော မြို့တစ်မြို့သို့ ဆိုက်ရောက်
ခဲ့ပြန်ပါသည်။ ထို “ဗီဘို” မြို့သည် ဒိန်းမတ်နိုင်ငံတွင် အင်မတန် ထူးခြားသော
မြို့တစ်မြို့ ဖြစ်ပါသည်။ နိုင်ငံသားတစ်ယောက်သည် သူ၏ ဘိုးဘွား ဆွေစဉ်
မျိုးဆက်၏ အမည်စာရင်းများနှင့် ပြောင်းရွှေ့နေထိုင်ခဲ့သည့် ရာဇ၀င်များကို
သိချင်လျှင် ထို“ဗီဘို”မြို့လေး၏ ဘုရားကျောင်းတွင် စုံစမ်းနိုင်ပါသည်။ ထိုမြို့
၏ ခရစ်ယာန် ဘုရားကျောင်းတွင် တစ်နိုင်ငံလုံးရှိ နိုင်ငံသားများနှင့် ပက်သက်
သော အချက်အလက်ပေါင်းများစွာကို လွန်ခဲ့သော နှစ် ရာပေါင်းများစွာမှစ၍
သိမ်းဆည်းထားခဲ့သည်။ ကျနော်နှင့် ရင်းနှီးသော ဒိန်းမတ် အမျိုးသားကြီးတစ်ဦး
သည် သူ့ဘိုးဘွားများ၏ ရာဇ၀င်ကို ထို“ဗီဘို”မြို့၏ ဘုရားကျောင်းတွင် စုံစမ်း
ကြည့်ရာ သူ့မျိုးရိုး (၈)ဆက်မြောက် အဖိုးသည် ပေါ်တူဂီလူမျိုး ပင်လယ်ဓါးပြ
တစ်ဦးအဖြစ် ဒိန်းမတ်သူ တစ်ဦးနှင့် လက်ထပ်ပေါင်းသင်းခဲ့ပြီး သူတို့မျိုးရိုးကို
စတင်ခဲ့ကြောင်း သိခွင့်ရခဲ့ပါသည်။

ကျနော် ထိုင်နေသည့် ထိုင်ခုံနှင့် မျက်စောင်းထိုးတွင် ဥရောပသားနှစ်ဦး ယှဉ်တွဲ
ထိုင်ပြီး ဒိန်းမတ်ဘာသာစကား မဟုတ်သည့် သူတို့ကိုယ်ပိုင် ဘာသာစကား
များကို ခပ်တိုးတိုး ပြောဆိုနေကြသည်။ ထိုနောက် အမျိုးသားကြီး တစ်ဦးသည်
သူ့ပိုက်ဆံအိတ်မှ မိသားစု ဓါတ်ပုံကို တစ်ပုံကို ထုတ်ပြရင်း သူ့မျက်လုံးအိမ်မှ
မျက်ရည်များသည် ထိုဓါတ်ပုံပေါ်သို့ တစက်ပြီး တစက် ကျဆင်းနေပါသည်။ သူ့
နံဘေးမှ မိတ်ဆွေအား တစုံတရာအတွက် ပြောပြနေပုံရပါသည်။ ကျနော်သည်
ထိုမြင်ကွင်းများကို အရှေ့တောင်အာရှ နိုင်ငံအချို့တွင် အလုပ် လုပ်နေရသော
မြန်မာနိုင်ငံသားများအကြားတွင် မြင်ခဲ့ရဖူးပါသည်။ လူသားစွမ်းအင်း အရင်းအမြစ်
ပညာရှင်များ၊ ကျန်းမာရေး သုတေသီများ၏ အဆိုအရ လူတစ်ဦးသည် အသက်
(၂၀)နှစ်မှ (၄၅) နှစ် ကြား ကာလများအတွင်းသာ ပြင်းထန်သော အလုပ်ကြမ်း
များကို လုပ်ဆောင်နိုင်ပါက လုပ်ဆောင်သင့်ပါသည်။ ထို အသက် အပိုင်းအခြား
ကာလများတွင် ထိုနိုင်ငံသားသည် သူ့တိုင်းပြည်အတွင်းရှိ ကုန်ထုတ် လုပ်ငန်း
များအတွက် ရှင်သန် လုပ်ဆောင်မှု မပါဝင်ခဲ့လျှင် နိုင်ငံတစ်ခု၏ ဆုံးရှုံးမှု
သည် မည်၍မည်မျှ ရှိနိုင်မည်ကို ကျနော်တို့ မှန်းဆကြည့်သင့်ပါသည်။
လူတစ်ယောက် သို့မဟုတ် နိုင်ငံသားတစ်ဦးသည် သူ့မွေးရပ်မြေ သို့မဟုတ်
သူ့နိုင်ငံ၌ သူ့ အနာဂတ်ဘ၀ မရှိခဲ့လျှင် ထိုဖြစ်ရပ်သည် အကြီးမားဆုံး
ကျိန်စာသင့်မှုဟု ကျနော်တော့ ထင်ပါသည်။

ကျနော်တို့ သုံးဦး စီးနင်းလိုက်ပါလာသော ကားသည် “အော်လဘို” (Aalborg)
မြို့သို့ ရောက်ရှိခဲ့ပါသည်။ ကျနော်တို့ သုံးဦးသည် ခရီးဆောင်အိတ် မနိုင်တနိုင်
များကို သယ်ဆောင်ရင်း ကိုသန်းအောင်နိုင်တို့ ဇနီးမောင်နှံ နေထိုင်ရာ “ဆေးဗြူး”
(Sæby) မြို့သို့ ထွက်ခွာမည့် ခရီးသည်တင် ဘက်စ်ကားပေါ် ပြောင်းရွှေ့ခဲ့ပါသည်။
ထိုကားပေါ်တွင် ကျောင်းတစ်ဖက်နှင့် အချိန်ပိုင်း အလုပ် လုပ်နေသော လူငယ်၊
လူရွယ် များစွာကို တွေ့နေရပါသည်၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်
ရေး အလွန်အမင်း အားပေးသည့် ဥရောပ ယဉ်ကျေးမှုသည် မိဘနှင့် သားသမီး
အကြား သံယောဇဉ်ကို သိပ်တော့ အားမပေးပါ။ သို့သော် မိမိကိုယ်ကိုယ် ယုံကြည်
မှုပြည်ဝစေရန် တွန်းအားပေးရာ၌ အင်မတန် ထိရောက်ပါသည်။ ကားပေါ်က
ထိုလူငယ်များ၏ စကားသံများအတွင်း သူတို့သည် ဘယ်ဒေသသို့ ဘယ်နေ့
တွင် အပျော်ခရီး ထွက်မည်၊ အလုပ်က ရသည့်ဝင်ငွေ၊ နိုင်ငံတော်မှ လစဉ်
ထောက်ပံ့သော ပညာသင် ထောက်ပံ့ကြေးများဖြင့် သူတို့၏ နေ့စဉ်ဘ၀တွင်
အပူအပင်ဆိုသော စကားလုံးသည် ရေပန်းမစားနိုင်ဟု ကျနော် ထင်ပါသည်။
ကျနော်တို့ မြန်မာနိုင်ငံက ကျောင်းသားလူငယ်များ၏ နေ့စဉ်ဘ၀များအား
ထိုနည်းတူစွာ ကျနော် ဖြစ်စေချင်ပါသည်။ သို့သော် ကျနော့် ကျောင်းသား
လူငယ်ဘ၀၏ တချို့သော ညများတွင် “ဧည့်စာရင်း စစ်မယ်”ဆိုသည့်
အသံများနှင့်အတူ အိမ်အတွင်းသို့ လက်နက်ကိုင်ပြီး ၀င်ရောက်လာလေ့
ရှိသော ဧည့်ဆိုးများဖြင့် ပြည့်နှက်ခဲ့ဖူးပါသည်။

(ဆက်ရန်။   )

-စစ်ငြိမ်းဒီရေ


လုံခြုံရေးတာဝန်ကျသူ

$
0
0
ကျနော်(စာရေးသူ) လက်ရှိနေထိုင်ရာ မြို့ပြက စုပေါင်း အိမ်ယာ(ဂတ်တို- 
နိုင်ငံခြားသားအများစု နေထိုင်ရာ အိမ်ယာစီမံကိန်း) မှာ နေဖို့ အကြံပေးတဲ့ 
မိတ်ဆွေတစ်ဦး ရှိပါတယ်။ သူက သီရိလင်္ကာနိုင်ငံသူ တမီးလ် အမျိုးသမီးကြီး 
တစ်ဦးပါ။ သူနဲ့ ကျနော်က အလုပ်ထဲက မိတ်ဆွေတွေပါ။ သူတို့ မိသားစု 
နေထိုင်ရာ တိုက်ခန်းဟာ ကျနော်တို့ မိသားစု နေထိုင်တဲ့ နေရာကနေ
လမ်းလျှောက်သွားမယ်ဆိုရင် လေး၊ ငါးမိနစ်လောက် အကွာအဝေးမှာ ရှိပါတယ်။


သူ့ခင်ပွန်းဟာ အိန္ဒိယ၀န်ကြီးချုပ်ဟောင်း ရာဂျစ်ဂန္ဒီကို အသေခံ ဗုံးခွဲလုပ်ကြံ
ခဲ့တဲ့ ကိုယ်ဝန်သုံးလလွယ် တမီးလွတ်မြောက်ရေး ပျောက်ကျား အမျိုးသမီး
နဲ့ ဆွေမျိုးစပ်မယ်ဆိုရင် နှစ်ဝမ်းကွဲလောက် တော်စပ်တယ်လို့ သူက ပြော
ပြပါတယ်။ လွန်ခဲ့သော သီတင်း နှစ်ပတ်ခန့်က အဲဒီ အမျိုးသမီးကြီးက
ကျနော့်အား ....
“အောင်၊ ငါ့အိမ် လုံခြုံရေးအတွက် နေ့ရောညပါ လုံလုံခြုံခြုံ ကာကွယ်ပေး
မယ့်သူ ရပြီ၊ အဲဒါ ရှေ့အပတ်ကျရင် သွားခေါ်မယ်၊ နင် စိတ်ဝင်စားလား .... ”
တဲ့ ... ။ သူ ပြောတဲ့ စကား နာထောင်ပြီး ကျနော် တော်တော်လေး ဇဝေဇ၀ါ
ဖြစ်သွားပါတယ်။ ဒီလို ကုန်ဈေးနှုန်း ကြီးမားတဲ့ နိုင်ငံတစ်ခုမှာ နေတဲ့သူများ
ဟာ အခုလို ကိုယ့်ကိုယ်ပိုင်ကိစ္စအတွက် အချိန်ပြည့် အလုပ်သမား ဌားဖို့
ဆိုတာ အင်မတန် မလွယ်ကူတဲ့ ကိစ္စပါ။ ဒါနဲ့ ကျနော်လည်း ပြန်မေးလိုက်ပါတယ်။
နင့်အလုပ်သမားက ယောက်ျားလား၊ မိန်းမလား၊ လစာရော ဘယ်လောက်
ပေးရလဲ၊ ဘယ် လုံခြုံရေး ကုမ္မဏီကနေ ဌားတာလဲ၊ ဒိန်းမတ်လူမျိုးလား၊
အရှေ့ဥရောပ သားလား၊ အာရှသားလား ... လို့ မေးလိုက်တော့
သူ ပြန်ဖြေပုံက ...
“ငါတို့နင်တို့ နေတဲ့ ဒီအဆောက်အအုံတွေ နံဘေးက သစ်တောထဲက
သစ်ပင်ကြီး တစ်ပင်မှာ သွားပြီး ဆုတောင်းနေတာ တစ်လလောက်ရှိပြီ ဟ။
အခု ငါ့အိမ် လုံခြုံရေးအတွက် စောင့်ရှောက်ပေးမယ့်သူက လူတော့
မဟုတ်ဘူး၊ နင် နားလည်အောင် ဘယ်လို ပြောရမလဲ၊ ၀ိညာဉ် သရဲ
ဆိုတာမျိုး ပေါ့ .... ”

သူ ပြောလိုက်သည့် စကားကြောင့် သူရဲ့ ဇာတ်ကြောင်းကုန်စင်ကို
မေးဖြစ်ခဲ့ပါသည်။ သူတို့ အိမ်သည် လွန်ခဲ့သည့် တစ်လခန့် နေ့ဖက်
တွင် ဖောက်ထွင်းခိုးယူခြင်း ခံရပါသည်။ သူတို့မိသားစုသည် သုံးထပ်
တိုက်၏ အပေါ်ဆုံးထပ်တွင် နေထိုင်ပါသည်။ သူတို့အခန်းနှင့် ဘေး
ခြင်းကပ်တွင် အခန်းတစ်ခန်း ရှိပါသည်။ ဒိန်းမတ်လူ့အဖွဲ့အစည်း၏
ပုဂ္ဂလိကဆန်ဆန် ဖာသိဖာသာ နေတတ်သော အကျင့်များကြောင့်
စပ်စပ်စုစု အရောတ၀င်နေလေ့ မရှိကြပါ။ ဖောက်ထွင်း ခိုးယူခြင်း ခံရ
ချိန်မှာ နေ့ဖက် ဖြစ်ပါသည်။ တစ်မိသားစုလုံး အလုပ်၊ ကျောင်းများ
သွားနေချိန် ဖြစ်သောကြောင့် အိမ်တွင် မည်သူမျှ မရှိပါ။ သူတို့
တမီးလ်လူမျိုးများသည်လည်း ကျနော်တို့ မြန်မာများ နည်းတူ “ရွှေ”
နှင့် ပြုလုပ်ထားသည့် လက်ဝတ်ရတနာများကို အင်မတန် နှစ်ခြိုက်လေ့
ရှိပါသည်။ ဖောက်ထွင်းမှုကြောင့် သူတို့ မိသားစုပိုင် အမေရိကန်ဒေါ်လာ
တစ်သောင်းကျော်ဖိုးခန့် ဆုံးရှုံးသွားပါသည်။ လောလောဆယ် အချိန်
အထိ ရဲလည်း စုံစမ်းဆဲပင် ဖြစ်ပါသည်။ ဒိန်းမတ်နိုင်ငံ၏ လူနေမှုစနစ်
တွင် အာမခံ ပေးသွင်းရသော အာမခံစနစ်များ ရှိပါသည်။ သို့သော်
သူတို့မိသားစုသည် လက်ရှိတိုက်ခန်းတွင် (၁၉)နှစ် နီးပါး နေထိုင်သူများ
ဖြစ်သောကြောင့် ဒေသခံလိုလို ဖြစ်နေကြပြီး ထိုအရာများကို မစဉ်းစား
မိခဲ့ခြင်း ဖြစ်ပါသည်။

မီးဘေးအတွက် မီးအာမခံ၊ ဖောက်ထွင်းခိုးယူမှုအတွက် ထားရသည့်
အာမခံ၊ ကိုယ့်ကလေးငယ် သူတစ်ပါး ပစ္စည်းကို ဖျက်ဆီးမိပါက အလျော်
ပေးနိုင်ရန် ထားရသည့် အာမခံ၊ တစ်မိသားစုလုံးအတွက် ထားရသော
အာမခံ၊ ခရီးသွား အာမခံ စသဖြင့် ဒိန်းမတ် လူနေမှုစနစ်တွင် အာမခံ
စနစ်ပေါင်းစုံ ရှိပါသည်။ သူတို့မိသားစုသည် အာမခံ မရှိသောကြောင့်
အာမခံစနစ်မှ ပြန်လည် အလျော် မရပါ။ ရဲက ဖောက်ထွင်းသူအား ဖမ်းမိ
မှသာ မိမိပစ္စည်း ပြန်ရဖို့ လမ်းစ ရှိပါသည်။

အိမ် ဖောက်ထွင်းခိုးယူခြင်း ခံရသော ပြဿနာနောက်ပိုင်း ထိုတမီးလ်
လူမျိုး ကုလားမကြီးအား သူ့မိတ်ဆွေ  တမီးလ်တစ်ဦးက သရဲမွေးရန်
အကြံပြုပါတော့တယ်။ သူတို့၏ အယူအဆ အရအား နီးစပ်ရာ သစ်ပင်
ခပ်ကြီးကြီး သုံး၊ လေးပင်တို့တွင် ညစဉ် ဖယောင်းတိုင် မီးထွန်းပြီး ဆု
တောင်းပါတယ်။ “ဒါဆို အခု ခင်ဗျား ရလာတဲ့ဆိုတဲ့ သရဲက အထီးလား
အမလား ... ” ဟု ကျနော် မေးလိုက်ရာ ထိုအမျိုးသမီးကြီး ပြန်ဖြေပုံက ....
“ခွေး၊ သရဲဖြစ်တဲ့ ခွေး၊ ခွေး ၀ိညာဉ်ပေါ့ ... ”

တိရိစ္ဆာန်တစ်ကောင် သေဆုံးပြီးတဲ့နောက်ပိုင်း ၀ိညာဉ်အဖြစ် ပူးကပ်နေ
သော ဖြစ်စဉ်တစ်ခုကို လွန်ခဲ့သော ၇- နှစ်ခန့်က ကျနော် ကြုံဖူးပါသည်။
ကျနော့်မိတ်ဆွေ မွန်တိုင်းရင်းသား မုဆိုးမ အမျိုးသမီးကြီးတစ်ဦး၏
နေအိမ်၌ ထို ပြဿနာမျိုး ကြုံတွေ့ရသည်ဟု သိရပါသည်။  ထိုမွန်တိုင်းရင်း
သား မိသားစုတွင် မုဆိုးမ မိခင်နှင့် သား သုံးယောက်ရှိပါသည်။ အငယ်ဆုံး
သားဖြစ်သူသည် အိမ်မက်တစ်ခုကို ညစဉ်ဆက်တိုင်း မြင်မက်ပြီး တရေးနိုး
တွင် ထထ’ ငိုပါသည်။ သူ ပြောပြမှုအရ သူ့ကုတင်၏ အောက်တွင် အင်မတန်
ကြီးမားသော ခွေးကြီးတစ်ကောင်သည် သူ့အား ကြည့်ပြီး ဟောင် နေသည်
ဟု ပြောပြပါသည်။ ထိုပြဿနာအား ရွှေ့ပြောင်း အခြေချလာသူများနှင့်
သက်ဆိုင်သော အစိုးရဌာနသို့ ပြောပြပါသည်။ ထိုအခါ ထိုအိမ်နှင့် ပက်သက်
သော ရာဇ၀င်များကို ပြန်လည် ကြည့်ရှုသောအခါ သူတို့အရင် နေထိုင်
သွားသော မိသားစုတစ်စုတွင် ခွေးတစ်ကောင် မွေးခဲ့ဖူးကြောင်း သိရပါ
သည်။ ဒိန်းမတ်နိုင်ငံတွင် ခွေးသည် တိရိစ္ဆာန်ကု ဆရာဝန်၏ ခွင့်ပြုထောက်
ခံချက်ရမှ မွေးမြူးရသဖြင့် ထိုကဲ့သို့ ခွေးမွေးမြူးခြင်း မှတ်တမ်းကို အတိအကျ
သိရခြင်း ဖြစ်ပါသည်။ ထို့နောက် ယခင်နေခဲ့ဖူးသူများနှင့် ဆက်သွယ်သော
အခါ သူတို့မိသားစုသည် သူတို့မွေးခဲ့သော ထိုခွေးကြီး သေဆုံးသည့်အခါ
ထိုခြံထဲတွင် တွင်းတူးမြုပ်နှံခဲ့ကြောင်း သိရပါသည်။ ထို့ကြောင့် ခွေးသေ
အလောင်းအား တူးထုတ်ပြီး အခြားတစ်နေရာတွင် ရွှေ့ပြောင်းမြုပ်နှံလိုက်မှ
ကလေးငယ်အား ညစဉ် ခြောက်လန့်နေသော ခွေးသရဲ ဇာတ်လမ်း
ပြီးဆုံးသွားပါသည်။

ယခုတဖန် ထိုတမီးလ်ကုလားမကြီး၏ ဇာတ်လမ်းမှာ အသစ်ဖြစ်လာ
ပြန်ပါသည်။ သူ ချိန်းဆိုသော ခွေးသရဲအား သူ့အိမ်သို့ ခေါ်ဆောင်မည့်
နေ့တွင် ကျနော် အလုပ်ရှုပ်နေသောကြောင့် မသွားဖြစ်ခဲ့ပါ။ သူ့သမီး
အငယ်မလေးသည် ကျနော်တို့ အလုပ်ထဲတွင် ကျောင်းတစ်ဖက်နဲ့
အချိန်ပိုင်းအလုပ် လုပ်နေပါသည်။ လွန်ခဲ့သော ရက်အနည်းငယ်က
အလုပ်၏ ခေတ္တ နားချိန်အတွင်း ထိုကုလားမလေးက ကျနော် အပါအ၀င်
အလုပ်ထဲမှ မိတ်ဆွေများအား သူ့အိမ်မက်အကြောင်း ပြောပြပါသည်။

“ညက တော်တော်ကိုး ထူးဆန်းတဲ့ အိမ်မက်တစ်ခုကို ကျမ မက်တယ်၊
ကျမတို့ အိမ်ခန်းတံခါးကို အပြင်ကနေ အဆက်မပြတ် ခေါင်းလောင်း
တီးနေလို့ ကျမ တံခါးကို ဖွင့်လိုက်တော့ အပေါက်ဝမှာ လူကြီးတစ်ယောက်
မတ်တပ်ရပ်နေတယ်၊ အဲဒါနဲ့ ဘာကိစ္စ ရှိလို့လဲ မေးလိုက်တော့၊ နင်တို့
အိမ်မှာ ငါ့ခွေး ရောက်နေလို့ ငါ လိုက်လာတယ် တဲ့၊ မောလိုက်တာ သောက်
စရာ ဘာရှိလဲလို့ ပြောတာနဲ့ ကျမက သူ့ကို ဧည့်ခန်းထဲကို ခေါ်လာခဲ့တယ်၊
အခန်းထဲလည်း ရောက်ရော ထူးထူးဆန်းဆန်း ကျမတို့ အခန်းထဲမှာ
ဘယ်ကမှန်းမသိတဲ့ ခွေးတစ်ကောင် ရှိနေတယ်၊ အဲဒီခွေးဟာ ခုနက
ဧည့်ခန်းထဲ ၀င်လာတဲ့ လူကြီးကို နမ်းရှိုက်နေပုံများ တော်တော်ကိုး ရင်းနှီး
တဲ့ ပုံစံမျိုး၊ အဲဒီနောက် အဲဒီ လူကြီးက ကျမကို ဘာပြောသလဲ ဆိုတော့
နင်တို့ မိသားစု ငါ့ခွေးကို ခေါ်ထားတာ အခု ငါက သူ့ကို နင်တို့ဆီကနေ
ပြန်ခေါ်တာ ခေါ်လို့ မရဘူး၊ ခေါ်လို့ မရရင်တော့ ငါလည်း သူနဲ့အတူတူ
နင်တို့ဆီမှာ နေမယ်ဆိုပြီး ပြောတယ်၊ ဒါနဲ့ ကျမက ရှင်ကိုလည်း ကျမ
မသိဘူး၊ ရှင့်ခွေးကိုလည်း ကျမ မသိဘူး၊ ရှင် အခု ချက်ချင်း ထွက်သွားလို့
အော်လိုက်တော့ ... အိမ်မက်ကနေ ငယောင်ခြောက်ခြားနဲ့ ကျမလည်း
နိုးလာတာပဲ .... ”

ထိုနောက် တစ်ခုသော နံနက်ခင်းတစ်ခုတွင် သူတို့ တိုက်ရှေ့က ဖြတ်
လျှောက်ရင်း သူတို့အခန်းဆီ မော့ကြည့်လိုက်မိပါသည်။ အခန်းရှေ့
ဝရံတာတွင် မတ်တပ်ရပ်နေသော ကျနော့်မိတ်ဆွေ တမီးလ်ကုလားမကြီး
နှင့်အတူ သူ့မိတ်ဆွေ တမီးလ်အမျိုးသမီး တစ်ဦးတို့ မတ်တပ်ရပ်ရင်း
စကားပြောနေသည့်ကို တွေ့ရပါသည်။ ကျနော့်ကို တွေ့လိုက်သည်နှင့်
တပြိုင်နက် ကျနော့်မိတ်ဆွေ ထိုအမျိုးသမီးကြီးက သူတို့အခန်းဆီ
အလည်လာဖို့ လှမ်းပြောပါသည်။ နဂိုကတည်းက သူမွေးထားသော
ခွေးသရဲအကြောင်း သိချင်နေသည့် ကျနော်၏ ခြေလှမ်းများသည် သူတို့
တိုက်အပေါ်ထပ်သို့ ဦးတည်လိုက်ပါသည်။

သူတို့ဧည့်ခန်းထဲ ထိုင်နေရင်း ဟိုရောက်ဒီရောက် စကားများကို နားထောင်
လိုက် ပြန်လည် ပြောဆိုလိုက် လုပ်နေသော ကျနော့်အား ခြေဆုံးခေါင်းဆုံး
ကြည့်နေသည့် သူတို့ဧည့်သည် တမီးလ်အမျိုးသမီး၏ မျက်လုံးများအား
ကျနော် မသိချင်ယောင် ဆောင်နေခဲ့ပါသည်။ ထို့နောက် ထိုဧည့်သည်က
ကျနော့်အား .... “နင် ငယ်ငယ်က ညဖက် အိပ်နေရင်း ခြေထောက်မှာ
ခြေချင်းတွေ ချူတွေ ချိတ်ဆွဲထားလို့ လမ်းလျှောက်တဲ့အခါ ထွက်ပေါ်
လာတဲ့ အသံမျိုး ကြားဖူးတယ်လို့ ငါတော့ ထင်တယ် ... ” ဟု ပြော
လိုက်ရာ ကျနော် အနည်းငယ် အံသြသွားပါသည်။ ကျနော် သုံးနှစ်သား
အရွယ်က  အချို့ ညဖက်များတွင် အိမ်ယာမှထပြီး ပြတင်းပေါက်တစ်ခု
အနားသို့ တစ်ယောက်တည်း ထ သွားလေ့ရှိကြောင်း၊ ထို့နောက် တစ်စုံ
တစ်ယောက်နှင့် စကားပြောသလို မပီမသ စကားများ ပြောတတ်ကြောင်း၊
ထိုအခါ ပြတင်းပေါက် အခြားဖက်တွင် ကုလားမများ ၀တ်ဆင်လေ့
ရှိသော ခြေချင်းသံများ ကြားရလေ့ရှိကြောင်း ငယ်ငယ်က ကျနော့်အား
ထိန်းကျောင်းခဲ့သော အမ ၀မ်းကွဲတော်စပ်သူ တစ်ဦး ပြောပြသည်ကို
သတိရမိပါသည်။ သူက ... “နင်လည်း အိန္ဒိယက လာတာပါ ... ” ဟု
ဆက်ပြောပါသည်။

ထိုဧည့်သည် တမီးလ်အမျိုးသမီးသည် ကျနော့်မိတ်ဆွေ မိသားစုအတွက်
ခွေးသရဲအား သယ်ဆောင်ရာတွင် ကူညီခဲ့သူ ဖြစ်ကြောင်း သိရပါသည်။
ယခုရက်ပိုင်းများတွင် ကျနော့်မိတ်ဆွေ မိသားစုသည် သူတို့အိမ်အား
လာရောက် ဖောက်ထွင်းမည့် သူခိုးများရန်ကို မကြောက်ရသော်လည်း
ညဖက်များတွင် ဘယ်က ဘယ်လိုမှန်း မသိ လေထဲတွင် မျှောပါလာသော
ခွေးအူသံများ၊ အိမ်အ၀င်အ၀ တံခါးရှေ့မှ ချောင်းဟန့်သံများကြောင့်
ထိုဧည့်သည်အား ထိုနေ့တွင် ဖိတ်ခေါ်ရခြင်း ဖြစ်ကြောင်း သိရပါသည်။

ကျနော်က ကျနော့်မိတ်ဆွေအား အာမခံစနစ် ထားရှိရန် ထပ်မံ အကြံ
ပေးလိုက်သည့်အခါ ကျနော့်မိတ်ဆွေက ....
“အာမခံထားဖို့ ဆုံးဖြတ်ပြီးပါပြီ၊ ခက်တာက အခု ခေါ်ထားမိတဲ့
ဟာတွေကို မြန်မြန် ပြန်ပို့ချင်တာပဲ သိတယ်၊ အခု ကလေးတွေ
လည်း သိကုန်တော့ ပိုဆိုးတာပေါ့၊ ခေါ်တုန်းက ခေါ်ချင်သလို
ခေါ်လို့ မရနိုင်သလို ပြန်ပို့ချင်တော့လည်း ပြန်ပို့ချင်တိုင်း ပြန်ပို့လို့
မရပဲ အချိန်တစ်ခုအထိ သည်းခံပြီး စောင့်နေရတာလည်း မလွယ်ဘူး ... ”
ဟု ညည်းရှာပါသည်။


-ကိုအောင်(ပျူနိုင်ငံ)

မြန်မာ့ရုပ်ရှင် အကယ်ဒမီဆုပေးပွဲ၏ အရှက်နည်းမှု

$
0
0
ထာဝရအလင်းတန်းများ သို့မဟုတ် 
တရုတ်နိုင်ငံထုတ် The Road Home ရုပ်ရှင်ဇာတ်လမ်းအား ပုံတူကူးချခဲ့ခြင်း ....

-ရီမြင့်ရုပ်ရှင်ထုတ်လုပ်ရေး (အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆု) 
-ဒါရိုက်တာ ထွန်းအောင်ဇော် (အကောင်းဆုံး ရုပ်ရှင် ဒါရိုက်တာဆု)
-နာင်နောင် (အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု)
-မယ်လိုဒီ (အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု)
-မော့စ် (အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆု)
-ဟိန်းထက် (လယ်ဝေး) (အကောင်းဆုံးတည်းဖြတ်ဆု)
-ဇော်မျိုးထွဋ် (အကောင်းဆုံးတေးဂီတဆု)
-မြင့်ဆောင်၊ စိုးကျော်ဆန်း (အကောင်းဆုံးဇာတ်ညွှန်းဆု)

ဂုဏ်သိက္ခာရှိပြီး တိုင်းပြည်က ချစ်တဲ့ သန်းကြွယ်သူဋ္ဌေးတစ်ဦး သို့မဟုတ်

$
0
0
ဂုဏ်သိက္ခာရှိပြီး တိုင်းပြည်က ချစ်တဲ့ သန်းကြွယ်သူဋ္ဌေးတစ်ဦး သို့မဟုတ်
ကမ္ဘာကျော် Maersk သင်္ဘောလိုင်းပိုင်ရှင် မတ်စ်မကင်လီ မိုလာ (Mærsk Mc-Kinney Møller) ဆိုတဲ့ သူတစ်ဦး ကမ္ဘာမြေပေါ်မှာ ရှိခဲ့ဘူးပါတယ် ...


-သူ့ကို ၁၃ ရက် ဇူလိုင်လ ၁၉၁၃ ခုနှစ် (ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့နဲ့ တွက်မယ်ဆိုရင် ကျနော်တို့ ဗိုလ်ချုပ်ထက် ငါးလ တိတိ ငယ်ပါတယ် ...) -နေ့မှာ မွေးဖွားခဲ့ပါတယ် ...။
၁၆ ရက် ဧပြီလ ၂၀၁၂ ခုနှစ်မှာ ကွယ်လွန်သွားပါပြီ (မြန်မာလို နှစ်ဆန်း တစ်ရက်နေ့ပေါ့) ...


-သူဟာ ဒိန်းမတ်နိုင်ငံမှာ အချမ်းသာဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး ကမ္ဘာကျော် ကွန်တိန်နာ သင်္ဘောလုပ်ငန်း ပိုင်ရှင်လည်း ဖြစ်ပါတယ်၊ ၂၀၀၇ ခုနှစ်က စာရင်းဇယားများအရ သူ့ပိုင်ဆိုင်မှုဟာ တစ်ဦးတည်း အမေရိကန် ဒေါ်လာ သန်းထောင်ပေါင်း ၂၃ ဘီလယျံ၊ အုပ်စုလိုက် ပိုင်ဆိုင်မှုအရ အမေရိကန်ဒေါ်လာ သန်း ၂၅ ထောင် ဖြစ်ပါတယ်၊ ရေနံနဲ့ သဘာဝဓါတ်ငွေ့ အစုရှယ်ယာပိုင်ဆိုင်ရာ ကိန်းဂဏန်းတွေကတော့ ခန့်မှန်းချေ အမေရိကန်ဒေါ်လာ ဘီလယျံပေါင်း ၆၈ ဘီလယျံ လောက် ရှိပါတယ် ...

-သူဟာ သူနေထိုင်တဲ့ Hellrerup မြို့နယ်အုပ်ချုပ်ရေးရုံးထံ နှစ်စဉ် အခွန်ငွေ အမေရိကန်ဒေါ်လာ သန်း ၅၀ ထက် မနည်း အခွန်ပေးဆောင်တဲ့ သူပါ၊ နိုင်ငံတော်ထံကို အဲဒီထက် ငါးဆလောက်ရှိတဲ့ အခွန်ကို နှစ်စဉ် ပေးဆောင်ပါတယ် (သူ့ပိုင်ဆိုင်မှုက ကမ္ဘာနဲ့အ၀ှမ်းဖြစ်ပြီး၊ ဒိန်းမတ်က လုပ်ငန်းအရ ဒိန်းမတ်မှာ အခွန်ဆောင်ပြီး အခြားနေရာက လုပ်ငန်းတွေအတွက် အခြားနိုင်ငံတွေမှာ အခွန်ပေးရပါတယ်) ....

-သူဟာ ပိုက်ဆံ ချမ်းသာလို့ သူ့တစ်ပါးအပေါ် မောက်မောက်မာမာ ကြမ်းကြမ်းတမ်းတမ်း အထက်စီးကနေ ပြောဆိုဆက်ဆံတဲ့သူမျိုး လုံးဝ မဟုတ်ပါဘူး၊ သာမန် အခွန်ထမ်း ပြည်သူတစ်ဦးလို ဘ၀ကို ရိုးရှင်းစွာ ဖြတ်သန်းခဲ့ပါတယ် ...

-သူ့ဘ၀ တလျှောက်မှာ သူ ပိုင်ဆိုင်မှုတွေနဲ့ ပက်သက်ပြီး သတင်းနဲ့ မီဒီယာတွေ၊ အစိုးရ အကောက်ခွန် အရာရှိတွေကို အချိန်မရွေး ဖိတ်ခေါ်ပါကြောင်း အကြိမ်ကြိမ် ပြောဆိုခဲ့ပါတယ်၊ သူ့ရဲ့ သန့်ရှင်းတဲ့ ပိုင်ဆိုင်မှုကို အစစ်ခံရဲသူ တစ်ဦးပါ ....

-သူဟာ ဥရောပတိုက်က သူဋ္ဌေးတွေ အားလုံးထဲမှာ အသန့်ရှင်းဆုံး ဂုဏ်သိက္ခာရှိသူ လို့ နာမည်ကြီးသူ တစ်ဦးပါ ....

-သူဟာ ဒုတိယကမ္ဘာစစ်အတွင်းက ပြည်ပြေးတစ်ဦး အဖြစ် အမေရိကန် ပြည်ထောင်စု နယူးယော့မြို့မှာ နေထိုင်ခဲ့ပါတယ် ...

-သူဟာ ဒိန်းမတ်နိုင်ငံရဲ့ ထင်ရှားတဲ့ အဆောင်အဦး တော်တော်များများကို ဒေါ်လာ သန်းချီပြီး အကုန်အကျခံ ဆောက်လုပ် လှူဒါန်းခဲ့ပါတယ် (ဥပမာ Copenhagen Opera House) ...

-သူ ကွယ်လွန်တဲ့နေ့ အသုဘ အခမ်းအနားကို တက်ရောက်လာတဲ့ ဒိန်းမတ် ဘုရင်မကြီးက “ကျမတို့ နိုင်ငံရဲ့ အင်မတန် ကြီးမြတ်တဲ့ ပုဂ္ဂိုလ်ဟာ ကျမတို့ အားလုံးကို ထားရစ်ခဲ့ပါပြီ” ...လို့ ၀မ်းနည်းစကား ဆိုခဲ့ပါတယ် ....


“အဲလ်ဒီ(ALDI)” ကုန်ပဒေသာဆိုင်လုပ်ငန်းဖြင့် ချမ်းသာခဲ့သော ကမ္ဘာကျော် ညီအကိုနှစ်ဦး

$
0
0
ကားလ်(Karl) နှင့် သူ့ညီ သီအို(Theo) တို့ကို ဂျာမန်နိုင်ငံ အနောက်ပိုင်း
အီဆန်(Essen) မြို့မှာ မိုင်းလုပ်ငန်းတစ်ခုက အလုပ်သမားဖြစ်သူ ဖခင်နှင့်
ကုန်ခြောက်ဆိုင် ခပ်သေးသေးကို ဖွင့်လှစ်ရောင်းချတဲ့မိခင်ဖြစ်သူတို့ကနေ
ပထမ ကမ္ဘာစစ်ပြီးကာစ ၁၉၂၀ ခုနှစ်နဲ့ ၁၉၂၂ ခုနှစ်တို့မှာ မွေးဖွားခဲ့ပါတယ်။

သူတို့ညီအကို နှစ်ဦးစလုံး၏ အမည် အပြည်အစုံများက Karl Albrecht နှင့်
Theo Albrecht တို့ဖြစ်ပြီး သူတို့နာမည်များရဲ့ နောက်ပိုင်း စကားလုံးဖြစ်တဲ့
“အဲလ်ဗီခ်ျ” (Albrecht) ဆိုသော အမည်ဟာ သူတို့မျိုးရိုး အစဉ်အဆက်
ယူဆောင်ထားတဲ့ မိသားစုအမည် (surname) ဖြစ်ပါတယ်။ သူတို့ညီအကို
နှစ်ဦးကို ချမ်းသာကြွယ်ဝသူများဖြစ်လာအောင် တွန်းပိုခဲ့တဲ့ “အဲလ်ဒီ”(ALDI)
ဆိုတဲ့ အမည်ဟာ Albrecht-Diskount ဆိုတဲ့ “အဲလ်ဗီခ်ျ သက်သာဆိုင်”
ဆိုတဲ့ ဂျာမန်စကားလုံးထဲက ပထမစာလုံး Albrecht ကနေ အေ “A”နှင့်
အယ်လ် “L”၊ ဒုတိယ စာလုံး Diskount ကနေ ဒီ “D”နှင့် အိုင် “I”တို့ကို
ယူပြီး A+L+D+I = ALDI ဆိုတဲ့ အမည်ကို မွေးဖွားခဲ့တာပါ။

အကိုဖြစ်သူ ကားလ် (Karl Albrecht) ဟာ ယနေ့တိုင် သက်ရှိထင်ရှား
ရှိပြီး အသက်အားဖြင့် ၉၂ နှစ် ရှိပါပြီ။ ညီဖြစ်သူ သီအို (Theo Albrecht)
ကတော့ လွန်ခဲ့တဲ့ ၂၀၁၀ ခုနှစ် ဇူလိုင်လက အသက် ၈၈ နှစ်အရွယ်ဖြင့်
ကွယ်လွန်သွားပါပြီ။ ညီဖြစ်သူ သီအိုဟာ ၁၉၇၁ ခုနှစ်က ၁၇ ရက်ကြာ
ပြန်ပေးဆွဲခံရလို့ အမေရိကန် ဒေါ်လာ ၂ သန်း ပေးချေပြီး လူဆိုးတွေ
လက်က လွတ်မြောက်ခဲ့ရသူပါ။ ၁၉၇၁ ခုနှစ် အဲဒီ အဖြစ်အပျက်နောက်ပိုင်း
မှာ သူတို့ ညီအကို နှစ်ဦးဟာ သူတို့ရဲ့ ပုဂ္ဂိုလ်ရေးပိုင်ဆိုင်ရာ အချက်အလက်
တွေ သတင်းနဲ့ မီဒီယာတွေ၊ လူအများစု သိမြင်နိုင်တဲ့ ရှုထောင့်တွေပေါ်မှာ
ထင်ထင်ပေါ်ပေါ် ဖေါ်ပြလေ့ မရှိအောင် နေလေ့ရှိပါတယ်။

ညီဖြစ်သူ သီအိုဟာ အမေရိကန် အခြေစိုက် ကမ္ဘာကျော် TRADER JOE’S
ကုမ္မဏီကြီး၏ တစ်ဦးတည်းသော ပိုင်ရှင်လည်း ဖြစ်ခဲ့ဘူးပါတယ်။

အကိုဖြစ်သူ ကားလ် ဟာ ဒုတိယကမ္ဘာစစ်အတွင်း ဂျာမန် အာဏာရှင်
အဒေါ့ဟစ်တလာရဲ့ နာဇီပါတီမှာ ပါတီဝင်ဖြစ်ခဲ့ဘူးပါတယ်။ ၁၉၃၅ ခုနှစ်
ကနေ ၁၉၄၅ ခုနှစ်အထိ စစ်မှုထမ်းခဲ့ပါတယ်။ စစ်အပြီး အလုပ်လက်မဲ့
ဖြစ်နေတဲ့ သူတို့ ညီအကိုဟာ မိခင်ဖြစ်သူရဲ့ ကုန်ခြောက်ဆိုင် စီးပွားရေး
လုပ်ငန်းကို စတင်လုပ်ဆောင်ခဲ့ကြတာပါ။ ၁၉၅၀ ခုနှစ်မှာ သူတို့ ညီအကို
နှစ်ဦးဟာ “ရာရ်” (Ruhr) မြစ်ဝှမ်းဒေသ တလျှောက်မှာ ကုန်ပဒေသာ
ဆိုင်ပေါင်း ၁၃ ဆိုင်ကို ပိုင်ဆိုင်လာပါတယ်။
**** အဲဒီအချိန်က သူတို့လုပ်ငန်းရဲ့ ဆွဲဆောင်မှုက ကုန်ပစ္စည်းများ
အပေါ် အမြတ်နည်းနည်းသာ ဈေးတင်ထားပြီး ၀ယ်သူစိတ်ကြိုက်ဖြစ်ရေး
ဆိုတဲ့ ဦးတည်ချက်ပါ ....

သာမန် အလယ်အလတ်တန်းစာ စီးပွားရေး လုပ်ငန်းစု ကုမ္မဏီအဆင့်
ကနေ ၁၉၆၀ ခုနှစ်မှာ သူတို့ ညီအကိုဟာ ဈေးဆိုင်ခွဲပေါင်း ဆိုင် ၃၀၀
ကို ပိုင်ဆိုင်တဲ့ လုပ်ငန်းရှင်အဆင့် ရောက်ရှိလာပါတယ်။ အဲလို သူတို့
ကျော်ဖြတ် အောင်မြင်ခဲ့တဲ့ အဆင့်မှာ သူတို့ပိုင်ဆိုင်တဲ့ ဈေးဆိုင်များဟာ
အကောက်ခွန်ဆိုင်ရာ အငြင်းပွားဖွယ် ဆေးလိပ်ဗူးတွေကို ရောင်းချ
ခဲ့တယ်လို့ ဆိုပါတယ်။
(*** အဲဒီခေတ်က ဂျာမန်နိုင်ငံဟာ အရှေ့ဂျာမန်နဲ့ အနောက်ဂျာမန်
ဆိုပြီး နှစ်နိုင်ငံရှိခဲ့ပါတယ်။ ပါလီမန် လက်ယာ နိုင်ငံရေး စနစ်ကို ကျင့်သုံး
တဲ့ အနောက်ဂျာမဏီနိုင်ငံဟာ Capitalism စနစ်အတိုင်း အခွန်က ရတဲ့
ဝင်ငွေနဲ့ ရပ်တည်ခဲ့ပါတယ်။ ဒါကြောင့် အနောက် ဂျာမဏီနိုင်ငံက အရက်၊
ဘီယာနဲ့ စီကရက်ဆေးလိပ် ဈေးဟာ အရှေ့ဂျာမဏီလို့ ခေါ်တဲ့ ကွန်မြူနစ်
စနစ်ကျင့်သုံးတဲ့ နေရာထက် ဈေးပိုကြီးပါတယ်။ ဒါကြောင့် အရှေ့ဂျာမဏီ
ဖက်ကနေ အနောက်ဂျာမဏီဖက်ကို အရက်၊ ဘီယာနှင့် စီကရက်တွေ
မှောင်ခိုတင်သွင်းမှုအချို့ ရှိခဲ့ပါတယ်။

***၁၉၆၂ ခုနှစ်မှာ အဲလ်ဒီ (ALDI) ဆိုတဲ့ အမှတ်တံဆိပ်ကို ကုန်ပဒေသာ
ဆိုင်တွေမှာ ချိတ်ဆွဲပြီး ဈေးကွက်ထဲ နေရာယူခဲ့ပါတယ်။

***၁၉၆၆ ခုနှစ်မှာ သူတို့ညီအကိုဟာ ပိုင်ဆိုင်မှု ဘဏ္ဍာငွေတွေကို တရားဝင်
ခွဲယူခဲ့ကြပါတယ်။ သို့ပေမယ့် ကုမ္မဏီပိုင်ဆိုင်ရာ ပူးပေါင်းမှုကိုတော့ ဒီအတိုင်း
ဆက်လက် ထားရှိခဲ့ပါတယ်။

-အကိုဖြစ်သူ ဖြစ်သူ ကားလ်(Karl)ဟာ “အဲလ်ဒီ(ALDI)” တောင်ပိုင်း ကုမ္မဏီ
အစုအဖွဲ့ရဲ့ အကြီးအကဲ၊ ပိုင်ရှင်အဖြစ် ရပ်တည်ခဲ့ပြီး သူ့လက်အောက်မှာ
ကုမ္မဏီပေါင်း (၃၁)ခု၊ ဈေးဆိုင်ပေါင်း (၁၆၀၀) ရှိခဲ့ပါတယ်။

-ညီဖြစ်သူ သီအို(Theo) ဟာ “အဲလ်ဒီ(ALDI)” မြောက်ပိုင်း ကုမ္မဏီ
အစုအဖွဲ့ရဲ့ အကြီးအကဲ၊ ပိုင်ရှင်အဖြစ် ရပ်တည်ခဲ့ပြီး သူ့လက်အောက်မှာ
ကုမ္မဏီပေါင်း (၃၅)ခု၊ ဈေးဆိုင်ပေါင်း (၂၅၀၀) ရှိခဲ့ပါတယ်။

***ယနေ့တော့ “အဲလ်ဒီ(ALDI)” ကုမ္မဏီဟာ ကမ္ဘာအနှံ ဈေးဆိုင်အခွဲ
ပေါင်း (၉၀၀၀) ကျော်ကို ဖွင့်လှစ် ရောင်းချနေပါပြီ။

-“အဲလ်ဒီ(ALDI)” ကုမ္မဏီရဲ့ လည်ပတ် ပိုင်ဆိုင်မှု ငွေ ပမဏဟာ
၂၀၀၉ ခုနှစ် စာရင်းဇယားများအရ အမေရိကန် ဒေါ်လာ သန်းထောင်ပေါင်း
၅၃ ( ၅၃- ဘီလယျံ) ရှိပါတယ်။

-အကိုဖြစ်သူ ကားလ် (Karl) ဟာ လက်ရှိ ဂျာမန်နိုင်ငံမှာ အချမ်းသာဆုံး
ဖြစ်ပြီး ဥရောပတိုက် ချမ်းသာကြွယ်ဝသူများ စာရင်းမှာ နံပါတ် (၄)ဦး
မြောက်ဖြစ်ပါတယ်။ သူ့ပိုင်ဆိုင်မှုက အမေရိကန်ဒေါ်သာ သန်းထောင်ပေါင်း
25.4 (၂၅.၄ ဘီလယျံ)ကို ပိုင်ဆိုင်ပါတယ်။ အင်္ဂလန်နိုင်ငံက Leeds United
ဘောလုံးကလပ်အသင်း ပိုင်ရှင်လည်း ဖြစ်ပါတယ်။

-၂၀၁၀ ခုနှစ်က ကွယ်လွန်သွားတဲ့ ညီဖြစ်သူ သီအို(Theo) ဟာ ကမ္ဘာပေါ်
မှာ ၃၁- ဦးမြောက် အချမ်းသာဆုံး ဖြစ်ခဲ့ပြီး အမေရိကန် ဒေါ်လာသန်းထောင်
ပေါင်း 16.7 (၁၆.၇ ဘီလယျံ) ကို ပိုင်ဆိုင်ခဲ့ပါတယ်။ သူ့ကွယ်လွန်တော့
သူ့နေရာကို သူ့သား အငယ်ဖြစ်သူ “ဘက်ဟိုး” (Berthold Albrecht) ဆက်ခံ
ပါတယ်။ “ဘက်ဟိုး”လည်း ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် နိုဝင်ဘာလမှာ ကွယ်လွန်
သွားပြန်တော့ သီအိုရဲ့ သားအကြီးဖြစ်သူ သီအိုဂျူနီယာ (Theo Albrecht. Jr)
ဆက်လက် တာဝန်ယူထားပါတယ်။

***** ယနေ့တော့ “အဲလ်ဒီ (ALDI)” ကုန်ပဒေသာဆိုင် စီးပွားရေးအုပ်စု
ဟာ နိုင်ငံပေါင်း (၁၇) နိုင်ငံဖြစ်တဲ့ ... ဂျာမန်၊ သြစတြေရီးယား၊ သြစတြီးရီးယား၊
ဘယ်ဂျီယန်၊ ဒိန်းမတ်၊ ပြင်သစ်၊ ဟန်ဂေရီ၊ အိုင်ယာလန်၊ လူဇင်ဘတ်၊ နယ်သာလန်၊
ပိုလန်၊ ပေါ်တူဂီ၊ စလိုဗေးနီးယား၊ စပိန်၊ ဆွစ်ဇာလန်၊ အင်္ဂလန်၊ အမေရိကန်
နိုင်ငံတွေမှာ အကိုဖြစ်သူ ကားလ် (Karl) ဦးဆောင်တဲ့ “အဲလ်ဒီ(ALDI)” တောင်ပိုင်း
အုပ်စုက ဆိုင်ခွဲပေါင်း (၄၄၃၀)ဆိုင်၊ ညီဖြစ်သူ သီအို(Theo) အရိုက်အရာကို ဆက်ခံ
တဲ့ တူဖြစ်သူ သီအိုဂျူနီယာ ဦးဆောင်တဲ့ “အဲလ်ဒီ(ALDI)” မြောက်ပိုင်းအုပ်စု
က ဆိုင်ခွဲပေါင်း (၄၈၀၅) ဆိုင်တို့ကို ဖွင့်လှစ်ပြီး နေရာ ယူထားပါတယ်။

*** တကယ်တော့ သူတို့ညီအကို နှစ်ဦးစလုံးဟာ ပထမ ကမ္ဘာစစ်ပြီးကာစ
၁၉၁၈ ခုနှစ်က သာမန် အခြေခံလူတန်းစားမျှသာ နေထိုင်စားသောက်ရတဲ့
မိသားစု တစ်စုကနေ မွေးဖွားကြီးပြင်းခွင့် ရခဲ့သူတွေ ဖြစ်ပါတယ်။

(*** ဓါတ်ပုံထဲက ပုံအကြီးက အကိုဖြစ်သူ ကားလ်- Karl ဖြစ်ပြီး
ပုံအသေးက ညီဖြစ်သူ သီအို- Theo ပါ။)

သရဲတွေ ၀ိုင် သောက်တတ်သလား

$
0
0

ကျနော်တို့ နေထိုင်တဲ့ ရပ်ကွပ်ထဲက ပင်စင်စား အဖိုးကြီးတွေ အဖွဲ့
တစ်ဖွဲ့ ဖွဲ့ထားတာရှိတယ်။ ထူးထူးဆန်းဆန်း လေ့လာရေး အသင်း
ပုံစံမျိုး ဆိုပါတော့။ အမှန်တော့ ဒီအဖွဲ့က ဟိုနေရာ ဒီနေရာက
သတင်းပလင်း ကြားရင် ပျော်ပွဲစားထွက်သလို ပေါင်မုန့်တွေ၊ အသားပြား
တွေ၊ ၀ိုင်တွေ၊ ကော်ဖီ ထည့်ထားတဲ့ ဓါတ်ဗူးတွေ၊ သယ်ဆောင်ပြီး တရုံရုံနဲ့
စကား စုပြော၊ အတူ စုအိပ်တဲ့ “ဂဲသားရင်း” လုပ်တဲ့ သဘောက များ
နေပါတယ်။ ကျနော်က အဲလို ဝေဖန်ရင် အဖိုးကြီးတွေက စိတ်ကောက်
ကြပါတယ်။

ဟိုတလောက ကျနော်တို့မြို့နဲ့ တစ်မြို့ကျော်က စာကြည့်တိုက် တစ်ခု 
မှာ သရဲ ခြောက်တယ်ဆိုတဲ့ သတင်း ထွက်လာတယ်။ အဲဒီ စာကြည့်တိုက်
နဲ့ ကပ်လျက်တိုက်မှာ နေထိုင် အမျိုးသမီး တစ်ဦးက လွန်ခဲ့တဲ့ ၁၀ နှစ်
ကျော်က စိတ်ဓါတ်ကျ ရောဂါနဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့ဖူးပါတယ်။
သို့ပေမယ့် သူမက နေ့တိုင်း အဲဒီ စာကြည့်မှာ စာလာဖတ်လေ့ရှိတယ်။
စာကြည့်တိုက် ၀န်ထမ်းတွေနဲ့ လည်း တော်တော် ခင်မင်ရင်းနှီးတယ်လို့
ပြောကြပါတယ်။ သူမ အဲလို သေဆုံးသွားပြီးတဲ့ နောက် စာကြည့်တိုက်ထဲ 
အသံဗလံတွေ ထွက်လာပါတယ်။ အခုမှ ထွက်လာတာ မဟုတ်ပါဘူး။
ဆယ်နှစ်နီးပါး ဒီသရဲ ခြောက်တယ် ဆိုတဲ့ သတင်းဟာ တော်တော်ကိုး
မွှေးနေပါတယ်။ သတင်းဌာနတွေ၊ ဂျာနယ်လစ်တွေ၊ သရဲ ရှာဖွေရေးသမား
တွေ ခြေချင်း ထပ်လုနီးပါး စုံစမ်းခဲ့ကြဘူးပါတယ်။ သရဲခြောက်တဲ့ အသံဗလံ
တော့ သူတို့ ကြားရတယ် ... တဲ့ ... ။ သရဲနဲ့ တိုက်ရိုက် ဆက်သွယ်ဖို့
ကြိုးစားမှုတော့ မအောင်မြင်ကြပါဘူး ...။

ဒါနဲ့ ကျနော်တို့ ရပ်ကွပ်ထဲက အထက်ပါ ဘော်လန်တီယား ထူးထူး
ဆန်းဆန်း လေ့လာရေး အဖွဲ့ဟာ “အလုပ်မရှိ ကြောင်ရေချိုး” ဆိုသလို
အဆိုပါ စာကြည့်တိုက်မှာ တစ်ညတာ စုံစမ်းမှုတွေ လုပ်ဖို့ ဆုံးဖြတ်
လိုက်ပါတယ်။ အဖွဲ့ဝင်ဖြစ်တဲ့ ကျနော့်ထံလည်း အကြောင်း ကြားပါတယ် ...
အောင် ... ၀ိုင်အရက် အကောင်းစား အနည်းဆုံး နှစ်ပုလင်း သယ်လာပါ၊
မြန်မာ အစား အစား သယ်လာမယ် ဆိုရင် ငရုတ်သီးပါတဲ့ ဟာတွေ
သယ် မလာပါနဲ့၊ ငါတို့ စားလို့ မရလို့ ...
အဲဒါနဲ့ မနေ့က ညမှာ ရပ်ကွပ်ထဲက ၁၀၉- ၁၁၀ အဖိုးကြီးတသိုက်နဲ့
အတူ အဲဒီ သရဲခြောက်တယ်လို့ နာမည်ကြီးတဲ့ စာကြည့်တိုက်ဆီ
ကျနော် ရောက်ရှိခဲ့ပါတယ် ...။

လူတွေက သရဲအဖြစ် ရောက်ရှိနေတဲ့ အမျိုးသမီးရဲ့ ဓါတ်ပုံကို စာကြည့်
တိုက်ထဲက စာပွဲတစ်ခုပေါ် တင်ပြီး ဓါတ်ပုံရှေ့မှာ ဓါတ်ခဲသုံး မီးလုံး ခပ်သေးသေး
ထွန်းထားပါတယ် ...
စာကြည့်တိုက်ထဲမှာ ဖယောင်းတိုင် သုံးခွင့် မရှိပါဘူး၊ မတော်တဆ မီး ထ
လောင်ရင် ပြဿနာ အကြီးကြီး ဖြစ်သွားနိုင်လို့ပါ ...
အဲဒီ ဓါတ်ပုံနဲ့ မီးလုံးဟာ စာကြည့်တိုက်ရဲ့ ချောင်ကျကျ တစ်နေရာမှာ ထွန်းညှိ
ထားလို့ ကြည့်လိုက်ရင် စိတ်ခြောက်ခြားစရာပါ ...
ကျနော်က အဖိုးကြီးတွေထံ ခွင့်တောင်းပါတယ် ... အဲဒီ ဓါတ်ပုံတင်ထား
တဲ့ စာပွဲပေါ်မှာ ၀ိုင်အရက် တစ်ခွက်လောက် ကွယ်လွန်သူ သောက်ဖို့
တင်ခွင့်ပြုပါ လို့ ...
အဖိုးကြီးတွေက ...
သရဲက ၀ိုင် သောက်ပါ့မလားကွာ ... တကယ်လို သောက်တယ် ဆိုရင် ...
အမျိုးသမီးတွေ သောက်တဲ့ ပေါ်တူဂီနိုင်ငံထုတ် ပေါ်တို ၀ိုင် အပါအ၀င်
အနံ့သိပ်မပြင်းတဲ့ ၀ိုင်တွေက ဈေးကြီးတယ်ကွ ... အဲဒီတော့ ငါတို့
သောက်မဲ့ အထဲကနေ ခွဲတိုက်ရင် ငါတို့ ဝေစု လျှော့တာပေါ့ ... ဘယ်လို
လုပ်ရင် ကောင်းမလဲ ... လို့ပြောကြပါတယ် ...

ကျနော်က အကြံတစ်ခု ပေးလိုက်ပါတယ် ...
ဒါဆို ဒီ သရဲမ သောက်ဖို့ ခွက်ထဲမှာ ၀ိုင်အစစ်ကို တ၀က်ပဲ ထည့်မယ်ဗျာ ...
ကျန်တ၀က်ကို ရေရောမယ် ဆိုရင် သူ့အတွက်လည်း အဆင်ပြေ ... ကျနော်
တို့ ဝေစုလည်း မလျှော့ဘူးပေါ့ ...
အဲလို ပြောတော့ အဖိုးကြီးတသိုက် တခစ်ခစ် ရယ်ကြတယ် ...
သရဲကို ရေရောတဲ့ ၀ိုင် တိုက်လို့ မင်းကို ဒေါကန်နေအုံးမယ် ... တဲ့ ...


ရပ်ကွက်ထဲက အဖိုးကြီးအုပ်စုဟာ အရင်ထက် စာရင် တော်တော်လေး
အဆင့်မြင့်တဲ့ ကင်မရာတွေ၊ ဗွီဒီယို ရိုက်စက်တွေ၊ အသံဖမ်းစက်တွေပါ
ပါလာလို့ ကျနော် နည်းနည်း အံ့သြမိပါတယ်။ ဒါနဲ့ ဒီပစ္စည်းတွေ ဘယ်တုန်း
က ၀ယ်လိုက်သလဲလို့ ကျနော်က မေးမြန်း စပ်စုလိုက်တော့ ...
နှစ်ကူး “ဒစ္စကောက်” အထူးလျှော့ဈေးပွဲတော် စစ ဖွင့်ချင်းနေ့က
မနက်စောစော တန်းစီးပြီး ၀ယ်ထားတာပါ တဲ့။ သူတို့ ပြောတာကိုး
နားထောင်ပြီး ကျနော် အတော်မသတ်အောင် ရယ်နေမိပါတယ်။
ဒီအဖိုးကြီးတွေ ငယ်ငယ်ကဆို ဘယ်လောက်တောင် “ကဲ” လိုက်မလဲ
မမှန်းတတ်ဘူး။ သူတို့ ကလေးဘ၀ကဆို သူတို့လည်း ကျနော်လို
“မျောက် မူးလဲ” အောင် ဆော့တတ်တဲ့ ကလေးမျိုးတွေပဲ ဖြစ်မယ်လို့
ကိုယ်ဘာသာ ထင်မိပါတယ်။

အဖိုးကြီး ငါးယောက်ရယ်၊ အသက် ငါးဆယ်ကျော် တစ်ဦးရယ်၊ ကျနော်ရယ်
စုစုပေါင်း ခုနှစ်ဦး တို့ စုစုပေါင်း သယ်လာတဲ့ ၀ိုင်ပုလင်း အရေအတွက်ကို
ကြည့်ပြီး နည်းနည်းတော့ လန့်သွားပါတယ်။ ၀ိုင်ပုလင်းပေါင်းက ၂၅ လုံး
တောင် ဖြစ်နေပါတယ်။ စားစရာတွေကလည်း အလျှံအပယ်ပါ။ ကျနော်တို့
အုပ်စု စာကြည့်တိုက်ကို ရောက်ရှိခဲ့တဲ့ အချိန်ဟာ ည ၈ နာရီ ကျော်ကာစ
ဖြစ်ပါတယ်။ အားလုံး ဗိုက်မဆာသေးလို့ နောက်မှ စားမယ်ဆိုပြီး ၀ိုင်ပုလင်း
ဖွင့်ပြီး သောက်နေခဲ့ကြပါတယ်။ စာကြည့်တိုက်ထဲက တီဗွီမှာ အစိုးရ
သတင်းလိုင်းကို ဖွင့်ထားကြပါတယ်။ အဖိုးကြီးတစ်ဦးက သေဆုံးပြီး သရဲဘဝ
ရောက်နေတဲ့ မာရီယာ ဆိုသူ  အမျိုးသမီးရဲ့ ဘ၀ဇာတ်ကြောင်းကို အားလုံး
သိအောင် ရှင်းပြပါတယ်။

အဲလို ရှင်းပြနေခိုက် စာကြည့်တိုက်ထဲက အိမ်သာ အ၀င်အ၀ တံခါးကို
ခပ်ပြင်းပြင် ဆောင့်ပိတ်လိုက်သံကြောင့် ကျနော်တို့ အားလုံး ပါးစပ်
အဟောင်းသား ဖြစ်သွားပါတယ်။ ဒီစာကြည့်တိုက်ထဲ ကျနော်တို့ ခုနှစ်ဦး
ကလွှဲရင် အခြားမည်သူမျှ မရှိပါ။ ကျနော်တို့ အုပ်စုဟာ အိမ်သာအပေါက်ဝ
တံခါးကို ဖွင့်ပြီး အထဲမှာ လူ ရှိ၊ မရှိ ကြည့်ကြပါတယ်။ အထဲမှ မည်သူမျှ
မရှိပါ။ ဒါဆို ခုနက “ဒုန်း” ကနဲ မြည်အောင် တံခါးကို ဆောင့်ပိတ်စေတဲ့
သဘောဟာ ဘာလဲ ... ။ အပြင်ဖက်မှာ နှင်းတွေကျနေလို့ အေးစက်
နေပေမယ့် ကျနော်တို့ အားလုံးရဲ့ ဆံပင်တွေ အနည်းငယ် ထိုးထောင်
နေပါတယ်။ ကျနော်တို့ အုပ်စုခေါင်းဆာင် “ဖင်းလ်” ဆိုတဲ့ အဖိုးကြီးက ...
... မာရီယာ ... နင် ဒီနေရာမှာ ရောက်နေလား ... ရှိနေလား ...
ငါ့နာမည် ဖင်းလ် ပါ။ ငါတို့ အုပ်စုက အပျော်တမ်း လေ့လာစူစမ်းရေး
အဖွဲ့ပါ။ ငါတို့အုပ်စုက နင့်ကို အနှောက်အယှက် မပေးပါဘူး။ နင့်အနေနဲ့
လိုအပ်တာ တခုခု ရှိရင် ... ငါတို့ အုပ်စုနဲ့ ဆက်သွယ်နိုင်ပါတယ် ...

ရုတ်တရက် ကျနော်တို့အားလုံး ရေမွှေးနံ့တစ်ခုကို ရူရှိုက်ရသလို အနံ့
တစ်ခု နှာခေါင်းထဲ ၀င်လာပါတယ်။ ကျနော်တို့တိုက်နဲ့ တိုက်တန်းလျား တစ်ခု
ကျော်လောက်မှာ နေထိုင်တဲ့ “နီကိုလိုင်” ဆိုတဲ့ အဖိုးကြီးက ကျနော်နဲ့ ပခုံးဘေး
တိုက်မှာ မတ်တပ်ရပ်နေပါတယ်။ သူ့က သူ့ခန္ဓာကိုယ်နဲ့ ကျနော့်ဖက်ကို အသာလေး
တိုးလိုက်လို့ သူ့မျက်နှာကို ကြည့်လိုက်တဲ့အခါ သူ့မျက်ခုံးကို ပင့်ပြီး တစ်ခုခုတော့
ထူးဆန်းနေပြီလို့ အသံတိတ် အချက်ပြပါတယ်။ ကျနော်တို့ အုပ်စုထဲက အဖိုးကြီး
တစ်ဦးက ဗွီဒီယိုရိုက် ကင်မရာနဲ့ လျှောက်ရိုက်နေသလို၊ နောက်ထပ် အဖိုးကြီး
တစ်ဦးကလည်း အသံဖမ်း ကိရိယာနဲ့ တစုံတခုများ ဖမ်းယူ ရရှိမလားဆိုတဲ့
ကြိုးစားကြည့်ပါတယ်။

မာရီယာ ... လို့ ခေါ်ဝေါ်တဲ့ ကွယ်လွန်ပြီး သရဲဘ၀ ရောက်နေသူထံမှ မည်သည့်
တုန့်ပြန့်မှုမှ မရှိပါ။ ကျနော်တို့ အားလုံး ည ကိုးနာရီ ကျော်ကာစအထိ အိမ်သာ
နား တ၀ိုက်နဲ့ သူ့ဓါတ်ပုံ တင်ပြီး မီးလုံးထွန်းထားတဲ့ အနားတ၀ိုက်တွေမှာ စောင့်
ကြည့်ခဲ့ပါတယ်။ ထပ်ပြီး ထူးခြားမလာပါ။ ကျနော်တို့ ၀ိုင်အရက်တွေ တင်ထားတဲ့
စာပွဲဆီ ပြန်လာခဲ့ကြပါတယ်။ စာပွဲအနားကို အရောက် ကျနော်တို့ အားလုံး အံ့သြ
စရာ မြင်ကွင်းတွေ တွေ့လိုက်ရပါတယ်။ ကျနော်တို့ အုပ်စု သယ်လာတဲ့
စားစရာအချို့ ဗူးတွေပွင့်ပြီး တစုံတယောက် ယူစားထားသလို ပြန့်ကျဲနေပါတယ်။
စောစောက ကျနော်တို့ ဖွင့်ပြီး သောက်ကာစ ၀ိုင်ပုလင်း နှစ်လုံးထဲမှာ ၀ိုင်တွေ
ကုန်ဆုံးနေတာကိုး ကြည့်ပြီး ကျနော်တို့မျက်လုံးတွေ တော်တော်လေး ပြူးသွား
ပါတယ်။

ဒါတွေ ဘယ်သူ စား သွားပါလိမ့် ...
ဝိုင်တွေ ဘယ်သူများ လာ ထပ်သောက် သေးလဲ ...
အဖြေစကားများ ပြန်မလာပါ။ ကျနော်တို့ အားလုံး တစ်ယောက်မျက်နှာ
တစ်ယောက်ကြည့်ပြီး ပြုံးရမလိုလို၊ မဲ့ ရမလိုလို ဖြစ်နေကြပါတယ်။
ကျနော်တို့ အုပ်စုထဲက “ဂျွန်” ဆိုတဲ့ အဖိုးကြီးက ခွက်တစ်ခွက်ကို လက်ညှိုးထိုး
ပြပါတယ်။ ငါတို့ ခုနက ထ လာတုန်းက ဒီခွက်ကို ဘယ်သူမှ မသုံးသေးဘူး။
အခု ဒီခွက်က တယောက်ယောက် ၀ိုင် ထည့်သောက်ထားသလို ဖြစ်နေတယ်။
ငါတို့က ခုနှစ်ယောက် ... အခု ၀ိုင်သောက်ထားတဲ့ ခွက်က ရှစ်ခွက် ဖြစ်နေ
တယ်။ မူးလို့ ယူသောက်ရအောင်လည်း ငါ သိသလောက် အားလုံး တစ်ယောက်
တစ်ခွက်တောင် ကုန်အောင် မသောက်ကြသေးဘူး။ ခွက်ထဲ ထည့်ပြီး မသောက်
ရသေးတဲ့ သူတောင် ရှိသေးတယ်။ အခု ရှစ်ခွက်မြောက် ခွက်က ဘယ်သူ
ထည့်သောက်ထား သလဲ ... ။ ဒါ ငါတို့အတွက် မမြင်နိုင်တဲ့ စမ်းသပ်မှုလား၊
စိန်ခေါ်မှုလား ...

“ဂျွန်” ပြောလိုက်တဲ့ စကားကြောင့် ကျနော်တို့တတွေ မျက်ခုံးတွေ တွန့်
သွားတဲ့အထိ စဉ်းစားရ အကြပ်ရိုက်သွားပါတယ်။ ဒီစာကြည့်တိုက်ထဲမှာ
ကျနော် ခုနှစ်ယောက် အပါအ၀င် နောက်ထပ် တစ်ဦးဦး ရှိသေးလား ...
ရုတ်တရက် ကျနော် အပါအ၀င် အဖိုးကြီး တချို့ တနေရာဆီ အပြေးအလွှား
သွားကြည့်ကြပါတယ်။ သရဲဘ၀ ရောက်နေသူလို့ လူပြောသူပြော များနေတဲ့
မာရီယာ ဓါတ်ပုံတင်ထားတဲ့ စာပွဲဆီပါ။ မာရီယာ ဓါတ်ပုံရှေ့မှာ ကျနော်ကိုယ်တိုင်
ရေရောထားတဲ့ ၀ိုင်ခွက် ရှိပါတယ်။ စာပွဲရှေ့ရောက်လို့ ၀ိုက်ခွက်ထဲ ကြည့်လိုက်
တော့ ခွက်ထဲမှာ ဘာမှ မရှိပါ။ ... ဟင် ... ဟာ ... ဆိုတဲ့ အသံတွေ ကျနော်တို့
နှုတ်ဖျားက ထွက်ပေါ်လာပါတယ်။

နောက်တော့ ကျနော်တို့ တစ်အုပ်စုလုံး ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ပါတယ်။
များများသောက်၊ မြန်မြန်သောက် ... မြန်မြန်မူးပြီး မြန်မြန် အိပ်ပျော်သွားဖို့ပါ ...
ဝိုင်ပုလင်းပေါင်း နှစ်ဆယ်ကျော်ကို ကျနော်တို့ ခုနှစ်ဦး၊ တစ်ခွက်ပြီး တစ်ခွက်
ခပ်မြန်မြန် သောက်နေကြပါတယ်။ မူးကာစ ကျနော်တို့ မြင်ကွင်းထဲမှာ ကျနော်တို့
အားလုံးဟာ ခုနှစ်ဦးလား ... ရှစ်ဦးလား ဆိုတာ တဖြေးဖြေး ဝေး၀ါးလာပါတယ်။

************
ညှိုငယ်ပြီး ငိုထားလို့ မျက်လုံးတွေ မို့အစ်နေတဲ့ အမျိုးသမီးတစ်ဦးဟာ
ကျနော့်ရှေ့မှာ ခေါက်တုပ်ခေါက်ပြန့် လမ်းလျှောက်နေပါတယ်။ သူမကို ကျနော်
ကြည့်နေတာကိုတောင် သူမ သတိ မထားမိတဲ့ ပုံစံမျိုးပါ။ သူ့ဘာသာ သူ
လမ်းလျှောက်ရင်း တစ်ခုခုကို တွေးနေပုံ ရပါတယ်။
ရုတ်တရက် သူမဟာ ကျနော်ရှေ့ကနေ ကွယ်ပျောက်သွားပါတယ်။
အဲဒီနောက် ကျနော့်ပခုံးကို အင်မတန် အေးစက်တဲ့ လက်တစုံက ရုတ်တရက်
လာပြီး ဆုပ်ကိုင်လာပါတယ် ...
ကျနော် လန့်ပြီး အော်လိုက်တဲ့ အချိန်မှာ ...

မိုးလင်းနေပါပြီ ...
ကျနော်တို့ ခေါင်းဆောင် ဖင်းလ် ဦးဆောင်ပြီး ...
ညက ကျနော်တို့အားလုံးကြောင့် ရှုပ်ပွနေသမျှကို ပြန်ပြီး သန့်ရှင်းရေး လုပ်
ကြပါတယ်။ အဲဒီနောက် ၀ိုက်အရက်တွေ ယူသောက်တဲ့ စာကြည့်တိုက်
ကနေ ထွက်ခွာခဲ့ကြပါတယ် ... ။

(ပြီးပါပြီ။)

သရဲခြောက်သော အိမ်ကြီး

$
0
0
သူ အပါအ၀င် လူ ၁၆ဦးတို့ ကားမှတ်တိုင်တွင် လိုင်းကားစောင့်နေခိုက်
အဖိုးအို ပေါလ် သည် လိုက်နာရမည့် စည်းကမ်းများကို ရှင်းပြပါသည်။
ထိုသရဲခြောက်သည်ဟု နာမည်ကြီးနေသော အိမ်ကြီးတွင် ဓါတ်ပုံ၊ ဗွီဒီယို
ရိုက်ခွင့် မပြုပါ၊ အဘယ်ကြောင့်ဆိုသော လက်ရှိအိမ်ရှင်သည် သူ့အိမ်
အား ပြန်လည်ရောင်းချရန် အိမ်ရောင်းဝယ်ရေး ကုမဏ္ဍီထံတွင် ကြေညာ
ထားသောကြောင့် ဖြစ်ပါသည်။ အဖိုးအို ပေါလ် ဦးဆောင်သည့် ကျနော်တို့
ဘော်လန်တီယာ အဖွဲ့သည် အိမ်ရှင်နှင့်တကွ သံသယ၀င်နေသူအပေါင်း
တို့၏ သံသယကို ချေဖျက်ပေးနိုင်ရန်အလိုငှါ အဖြေတစ်ခုအား ရလို၊ ရငြား
တစ်ညတာ အိပ်စက်လေ့လာပေးရန် ဖြစ်ပါသည်။

သရဲခြောက်သည်ဟု နာမည်ထွက်နေသည့် အိမ်ကြီးသည် ကျနော်တို့နေထိုင်
ရာ Hillerød ဒေသနဲ့ ၇ ကီလိုမီတာခန့်သာ ဝေးသော မြို့နှစ်မြို့ကြား ဒေသ
တစ်ခုတွင် ဖြစ်ပါသည်။ Ny Hammersholt ဟု ခေါ်သော အဆိုပါ ဒေသသည်
၁၈ ရာစုက ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့တော်တွင် လက်ရောက် အလုပ်
လုပ်ကိုင်ကြသော ဆွီဒင်လူမျိုးများ အများဆုံးနေရာဒေသ ဖြစ်သဖြင့်
Little Sweden ဟု ဒိန်းမတ်လူမျိုးများက ခေါ်ဝေါ်ကြပါသည်။

ကျနော်တို့အဖွဲ့သည် လိုင်းကားအမှတ် ၃၀၁ အား ဟီးလာရို့(Hillerød) ဘူတာ
အထိ စီးခဲ့ကြပြီး ဘူတာအနီးရှိ လိုင်းကားမျိုးစုံ စုရပ်မှတဆင့် လိုင်းကားအမှတ် ၃၃၅
အား ပြောင်းလဲစီးရပါသည်။ ထိုမှတဖန် ဆယ်မိနစ်ခန့် လိုင်းကား စီးပြီးသောအခါ
ကျနော်တို့ တစ်ညတာ လေ့လာရမည့် သရဲခြောက်သည်ဟု သတင်းထွက်နေ
သော အိမ်ကြီးထံ ရောက်ခဲ့ကြပါသည်။ ယခင်က ကျနော်တို့ ဘော်လန်တီယား
အဖွဲ့သည် ဆယ်ဦးပင် မပြည့်ပါ၊ ထို့နောက် ဆယ်ဦး ကျော်လာပါသည်၊ ယခုအခါ
အဖွဲ့ဝင် သုံးဆယ်ကျော် ရှိလာသောကြောင့် ကျနော်တို့အုပ်စုသည် ကျနော်တို့
ဒေသ၏ စုဝေးခန်းမကို ဌားရသည့်အထိ တိုးတက်လာပါသည်။ အဖွဲ့ဝင်အများစု
သည် ပင်စင်စား အဖိုးအိုများဖြစ်ကြပြီး အကြောင်းတစုံတရာကြောင့် လုပ်ငန်းခွင်မှ
ပင်စင်လစာဖြင့် အနားယူနေကြသူများ ဖြစ်ပါသည်။ ကျနော်သိသလောက် ကျနော်
နဲ့ တခြား အဖွဲ့ဝင် ခြောက်ဦးခန့်သာ အလုပ်လစာဖြင့် ရပ်တည်နေသော အလုပ်
သမားများ ဖြစ်ကြပါသည်။

ထိုအိမ်ကြီးဆီသို့ ချီတက်လာကြသည့် ကျနော်တို့အားလုံးလိုလို ကိုယ်ပိုင်ကားများ
ရှိသူများ ဖြစ်ပါသည်။ သို့သော် ကျနော်တို့ ၁၆ ဦး မောင်းနှင်းလာကြမည့် ကားမျိုးစုံ
အတွက် ယာဉ် ရပ်နားစရာ နေရာအလုံအလောက်မရှိပါ။ ထို့ကြောင့် အထုပ်အပိုးမျိုးစုံ၊
စားစရာ သောက်စရာ မျိုးစုံကို သယ်ဆောင်လာသော လူ ၁၆ ဦးတို့သည် လိုင်းကား
ဖြင့် သွားရောက်ရချင်းဖြစ်ပါသည်။ ထို ၁၆ ဦးထဲတွင် ကျနော်နဲ့ မျက်နှာချင်း ရင်းနှီး
နေသူမှာ ဆယ်ဦးခန့်သာ ရှိပါသည်။ ကျန် မျက်နှာစိမ်းများကို ကျနော် မသိပါ။ အဖိုးအို
ပေါလ် မိတ်ဆက်ပေးမှ ထိုသူများသည် အဖွဲ့ဝင်သစ်များ ဖြစ်သည်ဟု သိရပါသည်။
ကျနော်တို့ ရပ်ကွက်ထဲတွင် ကားလမ်း၏ တဖက်အခြမ်းတွင် “မ”ဂဏန်း ကိုယ်စားပြု
အိမ်နံပါတ်များ ချိတ်ဆွဲထားပြီး ဟိုတဖက်အခြမ်းတွင် “စုံ” ဂဏန်း ကိုယ်စားပြု အိမ်နံပါတ်
များ ချိတ်ဆွဲထားပါသည်။ ထိုအဖွဲ့ဝင်သစ်များသည် ကျနော်တို့နဲ့ ကားလမ်းခြားသော
အခြားတဖက်တွင် နေထိုင်ကြသူများဟု သိရပါသည်။

ယခင်က ကျနော်တို့ လေ့လာစူးစမ်းရေးအဖွဲ့တွင် ကျနော်သည် အသက် အငယ်ဆုံး
ဖြစ်နေပါသည်။ ယခုအခါ အသက် ၁၉ နှစ်အရွယ် လူငယ်တစ်ဦး၊ အသက် သုံးဆယ်
ကျော်ကာစ လူငယ်နှစ်ဦးတို့အား တွေ့လိုက်ရမှ ကျနော့်ထက် ငယ်သော သူများ
အဖွဲ့ထဲ၌ ရှိလာပါလားဟု သတိပြုမိပါသည်။ “ဆိုးရွှန်း” ဆိုသည့် အသက်ခြောက်ဆယ်
ကျော်ကာစ အမျိုးသားကြီးသည် သူ့သား နီကိုလိုင်နဲ့ ကျနော့်အား မိတ်ဆက်ပေးပါ
သည်။ တက္ကသိုလ်ကျောင်းနေတက်သော သူ့သားသည် သရဲ၊ တစ္ဆေ၊ နာမ်၊ ၀ိညာဉ်
များကို လက်ခံချင်ပုံ မရပါ။ စူးစမ်းချင်ရုံ သက်သက်ဖြင့် သူ့ဖခင်နှင့်အတူ လိုက်လာ
သည်ဟု သိရပါသည်။ နီကိုလိုင်၊ စတေးဖန် ဆိုသည့် လူငယ်နှစ်ဦးသည် ကျနော်နှင့်
အတူ ၀ိုင်ပုလင်း၊ အရက်ပုလင်း၊ ဘီယာကဒ်များအား ကားမှတ်တိုင်မှ အိမ်ကြီးဆီသို့
သယ်လာခဲ့ကြပါသည်။

သရဲခြောက်သော အိမ်ကြီးသည် နှစ်ထပ်အိမ်ဖြစ်ပါသည်။ သရဲခြောက်သည်ဟု
နာမည်ထွက်လာသော အခန်းမှာ အပေါ်ထပ် ဘယ်ဖက်အခန်းဖြစ်ပါသည်။ ထိုအခန်း
တွင် လွန်ခဲ့သော ခြောက်လခန့်က အိမ်ဌား မိသားစု တစ်စု နေထိုင် ပြောင်းရွှေ့သွား
ကြောင်း သိရပါသည်။ ထို့နောက်တွင် ထိုအခန်း၌ မည်သူမျှ မနေကြပါ။
အပေါ်ထပ် ညာဖက်အခန်းနှင့် အောက်ထပ် နှစ်ဖက်စလုံးတို့တွင် အိမ်ဌားများ
ရှိသည်ဟု ကျနော်တို့ အဖွဲ့ခေါင်းဆောင် အဖိုးအို ပေါလ် က ပြောပြထားပါသည်။
အိမ်ရှင်သည် ထိုအိမ်နှင့် ၁၀ ကီလိုမီတာခန့် ဝေးသော ဘီးရာကယ်ရို့(Birkerød)
မြို့တွင် နေထိုင်ကြောင်း သိရပါသည်။ ကျနော်တို့ အုပ်စု စားစရာသောက်စရာများ
ကို သယ်ဆောင်၍ အပေါ်ထပ် တက်ရန် လှေကားထိပ်သို့ ရောက်သည့်တိုင် ထိုအိမ်
အနီးအနား ပတ်ဝန်းကျင်တွင် မည်သည့် လူအရိပ်လူအယောင်မျှ မတွေ့ရသေးပါ။
အခန်းသော့ ယူလာသော အဖွဲ့ခေါင်းဆောင် အဖိုးအို ပေါလ်နှင့် လူကြီးတချို့ ရှေ့မှ
တက်သွားကြပါသည်။ ဘီယာကဒ်များ၊ ၀ိုင်ပုလင်းများ၊ အရက်ပုလင်းများ
သယ်လာကြသော ကျနော်တို့သည် လှေကားအောက်ခြေတွင် ခေတ္တ နားနေ
ကြပါသည်။ အိမ်အပေါ်ထပ်မှ သော့ဖွင့်သံ၊ စကားပြောသံများ၊ အပြန်အလှန်
နှုတ်ဆက်သံများကို ကြားနေရပါသည်။ ထို့နောက် ထို့အိမ်၏ ညာဖက်အခန်း
မှ အိမ်ဌားများ ဖြစ်ပုံရသော ကလေးငယ်တစ်ဦးနှင့် အသက် ခပ်ကြီးကြီး အမျိုးသား
ကြီးတစ်ဦးတို့သည် ကျနော်တို့အားလုံးအား ပြုံးပြနှုတ်ဆက်ပြီး အိမ်အပြင်ဖက်
သို့ ထွက်သွားကြပါသည်။ ကလေးငယ်၏ လက်ထဲတွင် ကစားစရာ ဘောလုံးလေး
တစ်လုံးအား ကိုင်ဆောင်ထားသည်ကို ကျနော် တွေ့လိုက်ရပါသည်။

သရဲ၊ တစ္ဆေ၊ နာမ်၊ ၀ိညာဉ်များ ခြောက်လှန့်သည်ဟု နာမည်ထွက်နေသော ထိုအခန်း
သည် ၁၀၀ မီတာ ပတ်လည်လောက် ကျယ်ဝန်းပါသည်။ မိသားစု အိပ်ခန်း တစ်ခန်း၊
အိပ်ခန်းငယ် နှစ်ခန်း၊ ဧည့်ခန်း၊ မီးဖိုးချောင်၊ အိမ်ရှေ့ ၀ရံတာ အားလုံးလိုလို သပ်သပ်
ရပ်ရပ် သန့်သန့်ရှင်းရှင်း ရှိနေပါသည်။ ဧည့်ခန်းထဲတွင် ဖုန်မတက်အောင် ဖုံးအုပ်ထား
သော အ၀တ်များကို ဖယ်ရှား၊ ပြတင်းပေါက်များ ဖွင့်လိုက်သောအခါ ကျနော်တို့လူအုပ်
ဖြင့် ထိုအိမ်သည် ရယ်သံမောသံများအကြား စည်းကားနေသလိုလို ဖြစ်နေပါသည်။
မီးဖိုချောင်အခန်းမှ ရေခဲသေတ္တာရော၊ ကော်ဖီဖျော်စက်တို့ပါ အသစ်နီးပါးမျှ အသုံးပြုနိုင်
ဆဲ ပုံစံမျိုး ရှိနေကြပါသည်။ ကျနော်တို့ အုပ်စု ထိုအိမ်သို့ ရောက်ရှိနေချိန်မှာ ည
၇ နာရီကျော်ကျော်သာ ရှိပါသေးသည်။ နွေရာသီဖြစ်သောကြောင့် ဥရောပမြောက်ပိုင်း
နိုင်ငံများတွင် ည ၁၀ နာရီ ကျော်သည့်အထိ ကောင်းကင်၏ လင်းထိန်မှုအား ရရှိနေ
ပါသည်။ ထို့ကြောင့် ည ၇ နာရီသည် ညနေခင်း ပုံစံမျှသာ ဖြစ်နေပါသည်။

ဧည့်ခန်းထဲတွင် ကျနော်တို့ အားလုံး ၀ိုင်းဖွဲ့ ထိုင်နေကြပါသည်။ ကော်ဖီသောက်သူ
ရှိသကဲ့သို့ အချို့လည်း ဘီယာ၊ ၀ိုင်၊ အရက် သောက်ဖို့ ဟန်ပြင်နေကြပါသည်။
အဖိုးအို ဟန်နရီက ကျနော်တို့အားလုံး ကြုံခဲ့ဖူးသည် သရဲတစ္ဆေ ထိတ်လန့်ဖွယ်
အကြောင်းများကို အလှည့်ကျ ပြောပြရန် တောင်းဆိုလိုက်ပါသည်။ စတင်ပြောဆိုသူ
မှ ကျနော့်နံဘေးမှ အဖိုးအိုတစ်ဦးဖြစ်ပါသည်။ သူ့နာမည်ကို ကျနော် မှတ် မထားမိပါ။
သူ့တွင် မြေးတစ်ဦးရှိပါသည်။ သူ့သမီးနှင့် သူ့သမက်တို့သည် လွန်ခဲ့သော ၂၅ နှစ်ခန့်
က အာရှဒေသ အင်္ဂလန် ကိုလိုနီဟောင်း ဟောင်ကောင်ကျွန်းသို့ အလည်သွားစဉ်
ဗီယက်နမ် လှေစီး ဒုက္ခသည် ကလေးငယ်တစ်ဦးအား မွေးစားခဲ့ကြပါသည်။ ထို
ကလေးငယ်သည် ယခုအခါ အသက်အားဖြင့် ၂၈ နှစ်အရွယ် အမျိုးသမီးတစ်ဦး
ဖြစ်နေပါသည်။ ထိုအမျိုးသမီး၏ မိဘ အရင်းအခြာ ရှာပုံတော်တွင် သရဲဝင်စီးနေ
သော ဆေးဂုံမြို့မှာ အဖွားအိုတစ်ဦးအကြောင်း ပြောပြပါသည်။

“ကျုပ့်မြေးမလေး ပါလာတဲ့ အဲဒီ ဗီယက်နမ်လှေကို ပင်လယ်ပြင်မှာ တခြားလှေတွေ
က တွေ့တော့ တစ်လှေလုံး လူတွေ တုန်းလုံးပလက် မေ့မျှောနေကြတယ်၊ သေတဲ့
သူလည်း သေနေကြတာ၊ အဲဒါဗျာ ထူးထူးဆန်းဆန်း သေဆုံးနေတဲ့ လင်မယားပုံစံ
စုံတွဲနှစ်တွဲအလယ်မှာ အဲဒီ ကလေးမလေးကို တွေ့တယ်၊ ဘယ်အတွဲက သူ့မိဘ
လည်းဆိုတာ ဘယ်သူမှ သေသေချာချာ မပြောနိုင်ကြဘူး၊ ဒီလိုနဲ့ ကျုပ့်သမီးက
ဒီကလေးကို မွေးစားလာတာ၊ လွန်ခဲ့တဲ့ ငါးနှစ်လောက်က ကျုပ့်မြေးမလေးက
ပူဇာလို့ သူ့မိဘအရင်းတွေ သို့မဟုတ် ဆွေမျိုးတွေများ တွေ့လိုတွေ့ငြား
ဗီယက်နမ်ကို ကျုပ်တို့ ရောက်ခဲ့ကြတယ်၊ အဲဒီ ဆေးဂုံမြို့မှာ ကွယ်လွန်သူတွေ
ရဲ့ ၀ိညာဉ်တွေ ၀င်ရောက်ပူးကပ်နိုင်တဲ့ မိန်းမကြီး တစ်ယောက်ကို သွားတွေ့
တယ်၊ ဒါနဲ့ ကျုပ်တို့ မေးကြည့်လိုက်တော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်က
သူ့အမေရဲ့ ၀ိညာဉ်ပူးကပ်ပြီး ပြောပြတယ်ဗျ၊ အဲလို ပြောပြတဲ့ တောမြို့လေးကို
ရောက်တော့ သူ့အဖွားအရင်းနဲ့ တွေ့ရတယ်၊ သူ ငယ်ငယ်က သူ့မိဘနှစ်ပါး
နဲ့ တွဲရိုက်ထားတဲ့ဓါတ်ပုံလေးတောင် ရလာတယ်၊ ကျုပ့်သမီး သူ့ကို မွေးစားစဉ်
က ရိုက်ထားတဲ့ ဓါတ်ပုံထဲက ပုံစံအတိုင်းပဲ၊ သူ့မိဘနှစ်ပါးကလည်း သူ့ကို တွေ့
ခဲ့ရတဲ့ ဒုက္ခသည်တွေ ပါလာတဲ့ လှေထဲကလို သူ့နံဘေးမှာ သေဆုံးနေတဲ့ ရုပ်
အလောင်းတွေနဲ့ အတူတူပဲ၊ ဒီ ၀ိညာဉ်ဝင်ပူးနေတဲ့ မိန်းမကြီးဟာ ဒီလို အဖြစ်အပျက်
ပေါင်းများစွာကြားမှ ဘယ်သူမှန်း မသိ၊ ဘယ်ဝါမှန်း မသိတဲ့ ကျုပ့်မြေးကို အဲလို
ပြောပြနိုင်တာကိုး ကျုပ်ဖြင့် စဉ်းစားလို့တောင် မရဘူး ဗျာ .... ”

ဒုတိယမြောက် ပြောပြသူ ဒန်းနီရယ်ကတော့ သူတို့ အိမ်နံဘေးက ကွယ်လွန်
သွားသော အဖိုးအိုးတစ်ဦး၏ ညဖက် ညည်းတွားသံကို ပြောပြပါသည်။ တံခါးဖွင့်သံ၊
ပြန်ပိတ်သံ၊ ချောင်းဆိုးသံ၊ တစ်ယောက်တည်း စကားပြောနေသံများ ကြားရလေ့
ရှိကြောင်း ပြောပြပါသည်။ တခါတရံ လေး၊ ငါး၊ ခြောက်လအထိ မည်သည့်အသံမျှ
မကြားရပဲ ရှိတတ်သည်။ နောင်တဖန် အဲလို မကြာခဏ ပြန်ကြားရသည်ဟု သူက
ပြောပြပါသည်။

တတိယမြောက် ပြောပြသူမှာ အဖိုးအို ပီတာ ဖြစ်ပါသည်။ အဖိုးအို ပီတာသည်
ချီလီနိုင်ငံ စစ်အာဏာရှင်ဟောင်း ပီနိုရှေးအား ဆန့်ကျင်သော ချီလီ လူ့အခွင့်
အရေးအဖွဲ့တစ်ခုတွင် ကူညီပေးခဲ့ဖူးသူ ဖြစ်ပါသည်။ သူသည် ချီလီနိုင်ငံ၏
ကျေးလက်ဒေသတစ်ခုတွင် အင်မတန်ထူးဆန်းသော နာမ်ဝိညာဉ်များ လိုက်ပါ
သော အဝေးပြေး လိုင်းကားကြီးတစ်စီးပေါ်တွင် တစ်နေ့ကုန် စီးနှင်းဖူးကြောင်း
ပြောပြပါသည်။ ခရီးသည်တင်ကားကြီးကို ထို ကျေးလက်ဒေသတွင် လူအများအပြား
ကြုံဖူးကြောင်း သူက ပြောပြပါသည်။ ထိုအဝေးပြေး ကားကြီးသည် လွန်ခဲ့သော
နှစ်ပေါင်းများစွာ လမ်းတစ်နေရာတွင် တိမ်းမှောက်ပြီး ကားပေါ်ပါလာသူ အားလုံး
ကွယ်လွန်ခဲ့သော ဖြစ်စဉ်တစ်ခု ဖြစ်ပါသည်။ ထိုနောက်တွင် ထို သရဲတစ္ဆေ္တများ
လိုက်ပါလာသော ထိုခရီးသည်တင်ကားသည် ထိုဒေသတွင် မကြာခဏ လှည့်လည်
သွားလာနေသူကို လူတချို့ တွေ့ဖူးကြုံဖူးကြသည်ဟု သူက ပြောပြသည်။ တနေ့
တွင် သူနဲ့ သူ့မိတ်ဆွေ ချီလီ အမျိုးသားတစ်ဦးတို့သည် ကျေးရွာလေးတစ်ခုမှ
မြို့ပေါ်သို့ သွားရောက်ရန် ကားစောင့်နေခိုက် ထိုကားပေါ်သို့ ရောက်ရှိခဲ့ကြသည်
ဟု ပီတာက ပြောပြပါသည်။ အစပထမတွင် သူတို့နှစ်ဦးစလုံး သတိ မထားမိပါ။
သူတို့နံဘေးတွင် ခပ်ချောချော အမျိုးသမီးများအား မိတ်ဖွဲ့ဖြစ်ခဲ့သည်ဟု သူက
ပြောပြပါသည်။ ထိုနောက် သူတို့နှစ်ဦးစလုံး ကားပေါ်တွင် အိပ်ချင်သလိုလို ဖြစ်
လာကြပါသည်။ အိပ်ပျော်သွားပြီး နိုးလာသောအခါ သူတို့နှစ်ဦးစလုံး ကားလမ်း
နံဘေးရှိ စိုက်ခင်းတစ်ခုထဲတွင် အိမ်ပျော်နေကြောင်း သိလိုက်ရပါသည်။

အဖိုးအို ပီတာ၏ စကားအဆုံးတွင် အဖွဲ့ခေါင်းဆောင် အဖိုးအို ပေါလ်က ...
“ပီတာ၊ မင်းတို့နှစ်ယောက် အဲဒီကားပေါ်က အမျိုးသမီးတွေကို သွားငေးမိလို့
ကားပေါ်ကနေ တွန်းချလိုက်တာ မဟုတ်လား ....” ဟု နောက်ပြောင်လိုက်ပါသည်။

ရယ်သံများ ဖုံးလွှမ်းနေသော ကျနော်တို့ အားလုံးသည် စကားဝိုင်းကို ခေတ္တနားပြီး
ညစား စားဖို့အတွက် ပါလာသည့် အစားအစာများကို ခင်ကျင်း ပြင်ဆင်ကြပါသည်။
ကျနော်တို့ ညစား စားနေခိုက် အောက်ထပ် အပြင်ဖက်မှာ အသံတစ်သံကို ဆက်တိုက်
ကြားနေရပါသည်။ ထိုအသံမှာ လူစီး ဒန်းတစ်ခု၏ သံကြိုးများ ပွတ်တိုက်သံမျိုး ဖြစ်ပါ
သည်။ အဖိုးအို ပေါလ်သည် ပြတင်းမှ နေ၍ အိမ်အပြင်ဖက်မှာ တစုံတယောက်နဲ့
စကားပြောနေပါသည်။ ကျနော်တို့ အားလုံးသည် စားလိုက်သောက်လိုက်ဖြင့် တ၀ါးဝါး
တဟားဟား ဖြစ်နေကြပါသည်။ ပေါလ်သည် ကျနော်တို့ စကားဝိုင်းထဲတွင် ၀င်ထိုင်ရင်း ...
“အောက်ထပ်က ဒန်းမှ ထိုင်နေတဲ့ ရဲလ်ပယ် က အခုပဲ ပြောပြလိုက်တယ်။ ဒီအိမ်မှာ
ဘာ သရဲတစ္ဆေမှ မရှိပါဘူးတဲ့၊ လူတွေ အထင်မှားနေကြတာ တဲ့။ အေးလေ၊ သူ
ပြောသလို ဘာမှ မရှိရင်တော့ ငါတို့တတွေ ဒီတည စကားတွေ စုပြောရင်း ဖြတ်သန်း
ကြတာပေါ့ ....”

ထို့နောက် ကျနော်တို့အားလုံး စကားဝိုင်းကို ဆက်ကြပါသည်။ စတုတ္ထမြောက်
သရဲတစ္ဆေ အတွေ့အကြုံ ပြောပြသူမှာ အဖိုးအို ဖရက်ဒစ် ဖြစ်ပါသည်။ သူသည်
လွန်ခဲ့သော ၁၀ နှစ်ခန့်က ကိုပင်ဟေဂင်မြို့တော်အလယ်က အစိုးရ ရုံးဌာနတစ်ခု
တွင် အဆင့်မြင့် ၀န်ထမ်းတစ်ဦးအဖြစ် တာဝန်ထမ်းဆောင် ခဲ့ဖူးသူ ဖြစ်ပါသည်။
တနေ့၌ သူသည် ရုံးသို့ စောစောစီးစီး သွားမိပါသည်။ ဓါတ်လှေကား ခလုတ်ကို
နှိပ်လိုက်သောအခါ ဓါတ်လှေကားထဲတွင် လူ ငါးဦးခန့်ကို တွေ့ရပါသည်။ ထိုသူ
များသည် ညှိုးနွမ်းနေသော မျက်နှာပုံစံများဖြင့် သူ့အား ကြည့်နေသည်ကို သူ
သတိထားမိပါသည်။ သူ့ဌာနရှိရာ အထပ်သို့ ရောက်ရှိချိန်တွင် သူ့နံဘေးမှ
လူငါးဦးစလုံး ပျောက်ချင်းမလှ ပျောက်သွားပါသည်။ ထိုအဖြစ်အပျက်ကို စုံစမ်း
ကြည့်ခဲ့ရာ ထိုပုဂ္ဂိုလ်ငါးဦးသည် လွန်ခဲ့သော နှစ်ပေါင်းများစွာက ထိုရုံးဌာနတွင်
တာဝန်ထမ်းဆောင်ဖူးသော ကွယ်လွန်သူများဖြစ်ကြောင်း သိရပါသည်။

ပဉ္စမမြောက် ပြောပြသူမှာ “ဆိုးရွှန်း” ဖြစ်ပါသည်။ သူပြောပြသည် ဇာတ်လမ်းမှာ
သူ့ အခင်ဆုံး သူငယ်ချင်း၏ ကြေကွဲဖွယ်ရာ အချစ် သရဲဇာတ်လမ်းဖြစ်ပါသည်။
ဖွဲ့ဖွဲ့နွဲ့နွဲ့ ပြောပြတတ်သော သူ့စကားသံများကို နားထောင်ရင်း ကျနော်တို့အားလုံး
ဘီယာဗူးများကို ဖွင့်ဖောက်ပြီး သောက်နေခဲ့ကြသည်။ ရုတ်တရက် အပြင်ဖက်တွင်
မိုးရွာလာသည်ကို သတိထားမိပါသည်။ ပြတင်းများကို ပိတ်ပြီး ပါလာသော ဟင်းလျှာ
အမြည်းများကို အဖော်ပြုရင်း ဆိုးရွှန်း ပြောပြသော သရဲတစ္ဆေ ဘ၀အထိ အချစ်ကြီး
ချစ်ကြသော လက်တင်အမေရိကားသူ အမျိုးသမီးနှင့် ဥရောပသားတို့၏ ဖြစ်စဉ်ကို
နားထောင်နေမိသည်။

ဆဋ္ဌမမြောက် သရဲတစ္ဆေ အတွေ့အကြုံကို ပြောပြရန် အလှည့်ကျသူမှာ “ဆိုးရွှန်း”
သားဖြစ်သူ တက္ကသိုလ်ကျောင်းသား နီကိုလိုင်၏ အလှည့်ဖြစ်သည်။ နီကိုလိုင်သည်
သရဲတစ္ဆေ အတွေ့အကြုံ လုံးဝ မရှိသူဖြစ်ပြီး သူ ပြောပြသော အကြောင်းအရာမှာ
လူတိုင်းတွင် ရှိတတ်သော ကြောက်စိတ်၏ ဆန်းကျယ်ပုံကို ပြောပြခြင်း ဖြစ်ပါသည်။
အားငယ်စိတ်နှင့် သိမ်ငယ်စိတ်တို့ ဖြစ်ပေါ်နေသော လူတစ်ဦး သို့မဟုတ် အမြဲလိုလို
စိတ်ပင်ပန်းစရာများ ပြည့်နှက်နေသော ၀န်းကျင်တစ်ခုတွင် လူ့စိတ်သည် ထင်ရောင်
ထင်မှားများကို ဟုတ်သလိုလို ရှိသလိုလို မြင်မိတတ်ကြောင်း ပြောပြပါသည်။

သတ္တမမြောက် အတွေ့အကြုံပြောပြသူမှာ အဖွဲ့ခေါင်းဆောင် အဖိုးအို ပေါလ် ဖြစ်
ပါသည်။ ပေါလ်သည် သတင်းဌာနတွင် သရဲတစ္ဆေ ၀ိညာဉ်များနှင့် ပက်သက်သော
သတင်းသမားအဖြစ် နှစ်ပေါင်းများစွာ ရိုက်ကူးလာသူ ဖြစ်သောကြောင့် သူပြောပြ
သော အကြောင်းအရာသည် ထူးခြားဆန်းကြယ်စွာဖြင့် နားထောင်လို့ အင်မတန်
ကောင်းသော ဖြစ်ရပ်မှန် ဇာတ်လမ်းဖြစ်ပါသည်။ သရဲတစ္ဆေအကြောင်း ပေါလ်
ပြောပြနေခိုက် အခန်းတံခါးကို တစုံတခု ခပ်ပြင်းပြင်း လာရောက်ထိမှန်သံကို
ကျနော်တို့ အားလုံး ကြားလိုက်ရပါသည်။ ထို့ကြောင့် အခန်းတံခါးကို ဖွင့်လိုက်
သောအခါ ရှေ့ဆုံးမှာ ဦးဆောင် တံခါးဖွင့်လိုက်သူ လူငယ်လေး နီကိုလိုင်ဆီမှာ
တစုံတခုအတွက် အံသြသွားသံကို ကြားလိုက်ရပါသည် ....

တံခါးဝင်ပေါက်၏ အပြင်ဖက်တွင် မည်သူမျှ မရှိပါ။ ခုနက ၀င်ပေါက်တံခါးကို
လာရောက်ထိမှန်သည့် တစုံတခုကို သရဲတစ္ဆေများအား လုံးဝ အယုံအကြည်မရှိ
သော နီကိုလိုင်က လှေကားတလျှောက်တွင် လိုက်လံ ရှာဖွေနေပါသည်။ သို့သော်
နီကိုလိုင် အပါအ၀င် ကျနော်အားလုံး မည်သည့်အရာကိုမျှ မတွေ့ရပါ။ အဖိုးအို
ဆိုးရွှန်းကတော့ ကျနော်တို့ရောက်နေသည့်အခန်းနံဘေးရှိ ညာဖက်အခန်းတွင်
နေထိုင်သူများက ကျနော်တို့ အုပ်စုအား ကျီစယ်နောက်ပြောင်မူသာ ဖြစ်နိုင်ကြောင်း
သူ့သား နီကိုလိုင်ကို ပြောပြပါသည်။

ထို့နောက် ကျနော်တို့ စကားဝိုင်းကို ပြန်စခဲ့ကြပါသည်။ အဌမမြောက် အတွေ့အကြုံ
ပြောပြရမည့်သူမှာ အသက် ၁၉ နှစ်အရွယ် ဂျွန်၏ အလှည့် ဖြစ်ပါသည်။ သူ့တွင်
ထူးထူးခြားခြား အတွေ့အကြုံမရှိသောကြောင့် န၀မမြောက် အလှည့်ကျသူ
အန်ကယ် “ဖင်းလ်” ၏ အလှည့်ဖြစ်ပါသည်။ အဖိုးအို ဖင်းလ်သည် နောက်ပြောင်ကျီစယ်
သန်သူ တစ်ဦးဖြစ်သောကြောင့် သူ ပြောပြသည့် သရဲတစ္ဆေအကြောင်းမှာ ကြောက်စရာ
မကောင်းပဲ ရယ်စရာ ကောင်းနေပါတော့သည်။ သူသည် ကမ်းခြေတစ်ခုတွင် အင်မတန်
ချောမောလှပပြီး ရေကူးဝတ်စုံ ၀တ်ထားသော သရဲမလေးနှစ်ဦးနှင့် ကြုံဖူးသည့်
အကြောင်းကို ရယ်ရယ်မောမော ပြောပြနေပါသည် ....

ထိုအခိုက် အဖိုးအို ပေါလ်က တစုံတခုကို ကြားလိုက်ဟန်ဖြင့် စကားကောင်းနေ
သော အဖိုးအို ဖင်းလ် အား ဟန့်တားလိုက်ပါသည်။ ထိုနောက် အ၀င်အ၀ တံခါး
ဆီ သွားပြီး တံခါးဖွင့်လိုက်သည့်အခါ မျက်နှာချင်းအခန်းမှ တံခါးလည်း ပွင်းနေပြီး
အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦး ရပ်နေသည်ကို တွေ့ရပါသည်။
သူတို့နှစ်ဦးသည် ဧည့်ခန်းထဲတွင် အုပ်စုလိုက်ထိုင်ပြီးနေသော ကျနော်တို့
အုပ်စုအား ကြည့်ရင်း စိတ်ဆိုးဒေါသထွက်နေပုံ ရပါသည်။ အချိန်သည် ည
နှစ်နာရီ ထိုးဖို့ အနည်းငယ်သာ လိုပါသည်။ အဖွဲ့ခေါင်းဆောင် ပေါလ်က
ကျနော်တို့အဖွဲ့ ဒီည ဒီအိမ် ဒီအခန်းအတွင်းသို့ ရောက်ရှိနေကြပုံကို
သူတို့နှစ်ဦးအား ရှင်းပြနေပါသည်။ သူတို့နှစ်ဦးက ပေါလ်အား ပြောပြနေပုံ
မှာ ကျနော်တို့အုပ်စုသည် တချိန်လုံး လှေကားအတိုင်း အပေါ်တက်လိုက်၊
အောက်ဆင်းလိုက်ဖြင့် အသံတဒုန်းဒုန်းဖြင့် ဆူညံ့နေကြောင်း၊ အဲလို မလုပ်ဖို့
လာပြောချင်းဖြစ်ကြောင်း ရှင်းပြပါသည်။ ပေါလ် အပါအ၀င် ကျနော်တို့ အားလုံး
ကလည်း ကျနော်တို့အုပ်စု အပေါ်တက်၊ အောက်ဆင်းကို စောစောက တစ်ကြိမ်
သာ လုပ်မိကြောင်း၊ ကျနော်တို့အခန်း အ၀င်အ၀ တံခါးကို တစုံတခု လာရောက်
ထိမှန်သံကြား၍ ထွက်ကြည့်မိကြောင်း သူတို့နှစ်ဦးကို ပြောပြလိုက်ပါသည်။

ထိုသို့ စကားပြောနေခိုက် အဖိုးအို ဖင်းလ်သည် ကျနော်တို့အားလုံးကို ကျော်
ထွက်သွားပြီး လှေကားတလျှောက်တွင် ခင်းထားသော ကော်ဇောကို လက်ဖြင့်
စမ်းနေပါသည်။ ထို့နောက် ဟုတ်တယ်ဗျ ... ဒီမှာကြည့် ရေတွေစိုနေတယ်၊ ဒါ
အပြင်မှာ ရွာနေတဲ့ မိုးထဲကနေ တစုံတယောက် လာရင်းကနေ သူ့ခန္ဓာကိုယ်နဲ့အတူ
မိုးရေတွေ ပါလာတာ၊ ကျုပ်ပြောပြနေတဲ့ ကမ်းခြေက သရဲမလေးတွေ လာသွား
သလား မပြောတတ်ဘူး ... ဟားဟားဟား ... ဟု ရယ်မောနေပါသည်။

ထိုနောက် ကျနော်တို့ အားလုံး ဧည့်ခန်းဆီသို့ ပြန်လာခဲ့ကြပါသည်။ အပြင်တွင်
ရွာနေသော မိုးသည် တဖြေးဖြေး စဲလာပါသည်။ လှေကား အတက်အဆင်း အခန်း
အပြင်ဖက်ဆီမှ မည်သည့်အသံများ ကြားရမလဲလို့ အားလုံး စောင့်မျှော်ရင်း စကား
ဝိုင်းကို ဆက်ခဲ့ကြပါသည်။ အဖိုးအို ဖင်းလ် အလှည့်အပြီးတွင် ပြောပြရန် အလှည့်
ကျသူမှာ ဒိန်းမတ်- အီဂျစ်ကပြား အန်ကယ် အလီ၏ အလှည့်ဖြစ်ပါသည်။
အန်ကယ်အလီ ပြောပြသော သရဲတစ္ဆေ အတွေ့အကြုံသည် သရဲတစ္ဆေ
ခြောက်လှန့်မှုထက် လူမိုက်ဂိုဏ်း အချင်းချင်း အုပ်စုဖွဲ့ တိုက်ခိုက်သော
အဖြစ်အပျက်က ပိုများနေပါသည်။ အန်ကယ် အလီသည် တခါက ကိုပင်ဟေဂင်
မြို့တော်တွင် အင်မတန် ထင်ရှားခဲ့သော အာရှနွယ်ဖွားလူမိုက်ဂိုဏ်းမှ ဂိုဏ်းဝင်
လူငယ်တစ်ဦးဖြစ်ခဲ့ဖူးပါသည်။ သို့သော် နောက်ပိုင်းတွင် သဘောမနော
ကောင်းသော သူ့သဘာဝ အရ ထိုဂိုဏ်းမှ နုတ်ထွက်ခဲ့သူ ဖြစ်ပါသည်။

ဆယ့်တစ်ဦးမြောက် ပြောပြသူမှာ “မီးကယ်လ်” ဖြစ်ပါသည်။ မီးကယ်သည်
လူငယ်တစ်ဦးဖြစ်သောကြောင့် သူ ပြောပြသော သူ့အတွေ့အကြုံ သရဲ
တစ္ဆေဖြစ်ရပ်သည် ခြောက်လှန့်မှုထက် သူ ၀ါသနာပါသော ခရီးသွားဖြစ်စဉ်
က ပိုများနေပါသည် .....

ဆယ့်နှစ်ဦးမြောက် ပြောပြရသူမှာ ကျနော် ဖြစ်ပါသည်။ ကျနော်သည်
ရန်ကုန် အင်းစိန် တွဲဖက် အကျဉ်းထောင်ထဲတွင် တွေ့ကြုံရဖူးသော အသံဖြင့်
ခြောက်သည့် သရဲဇာတ်လမ်းကို သူတို့အား ပြောပြပါသည်။ ပေါလ်နှင့် ဆိုးရွှန်း
တို့သည် ကျနော့်အား ထိုအဖြစ်အပျက်နှင့် စပ်လျဉ်းသော သူတို့ သိချင်သည်များ
ကို အလုအယက် မေးမြန်းကြပါသည်။ သရဲတစ္ဆေကို လုံးဝ လက်မခံသော
လူငယ်လေး နီကိုလိုင်လည်း ကျနော့်အား မေးခွန်းများစွာ မေးမြန်းပါတော့သည် ...

ပြတင်းပေါက်မှာ ၀င်ရောက်လာသော အလင်းရောက်သည် တဖြေးဖြေး
တောက်ပလာပါသည်။ လက်ကိုင် တယ်လီဖုန်းမှ အချိန်ကို ကြည့်လိုက်သည့်
အခါ နံနက် လေးနာရီခွဲပြီးကာစ ဖြစ်နေပါသည်။ အိပ်ချင်စိတ်သည် ထိန်းဖို့
ခက်ခဲသထက် ခက်ခဲလာပါသည် ...

ကျနော့်အလှည့်ပြီးနောက် အလှည့်ကျသူမှာ အဖိုးအို “စတီးန်” အလှည့်
ဖြစ်ပါသည်။ စတီးန် စကားသံကို နားထောင်ရင် ကျနော့်မျက်လုံးများ မှေးစင်း
လာပါသည်။ ရုတ်တရက် ဆူဆူညံ့ညံ့ အသံများကြောင့် အိပ်ငိုက်တ၀က် အိပ်ပျော်
တ၀က် ဖြစ်နေရာမှ ကျနော် နိုးလာပါသည်။ အဖွဲ့ခေါင်းဆောင် ပေါလ်သည်
တစုံတယောက်နှင့် ဖုန်းပြောရင်း ငြင်းခုန်နေပုံရပါသည်။ နောက်ထပ် နာရီဝက်
ခန့်ကြာသော အိမ်ပိုင်ရှင် ဇနီးမောင်နှံနှစ်ဦး ကျနော်တို့ထံ ရောက်ရှိလာပါသည်။

ထိုအိမ်ကြီးအား အမွေဆက်ခံထားသော အိမ်ပိုင်ရှင် အမျိုးသမီးနှင့် ကျနော်တို့
အဖွဲ့ခေါင်းဆောင် ပေါလ်သည် သူတို့နှစ်ဦးသာ ကြားနိုင်လောက်သော စကား
သံများဖြင့် တစုံတရာအကြောင်း တိုးတိုးတိတ်တိတ် ပြောနေကြပါသည် ...

ထို့နောက် ကျနော်တို့ အားလုံး သယ်ဆောင်လာသော ပစ္စည်းပစ္စယများ ထုပ်ပိုးရင်း
ပြန်လည်ထွက်ခွာဖို့ ပြင်ဆင်ခဲ့ကြပါသည်။ အောက်ထပ် အပြင်ဖက်သို့ ရောက်သော
အခါ ပေါလ်သည် အိမ်နံဘေးဆီသို့ ခြေလှမ်း သုတ်သုတ်ဖြင့် သွားရင်း တစုံတခုကို
သွားကြည့်နေပါသည်။ ကျနော်နှင့် နီကိုလိုင်လည်း ပေါလ် အနောက်မှ အလျင်အမြင်
သွားကြည့်ကြပါသည်။ အိမ်နံဘေး ပတ်လည်တွင် မည်သည့်အရာမျှ မရှိပါ။

အပြန် လိုင်းကားပေါ်တွင် အဖိုးအို ပေါလ်ပြောပြသည်မှာ ...
မနေ့က ညနေပိုင်းက ထိုအိမ်ကြီး၏ လှေကား အတက်အဆင်းတွင် တွေ့လိုက်
ရသော ဘောလုံးပိုက်ထားသည့် ကလေးငယ်လေးနှင့် သူနှင့် မိတ်ဆက်စကား
ပြောခဲ့သူ အဖိုးအို “ရဲလ်ပယ်” ဆိုသူတို့သည် သက်ရှိ ထင်ရှားရှိသော လူသားများ
မဟုတ်ကြပါ။ သူတို့သည် လွန်ခဲ့သော သုံးနှစ်ခန့်က ဗီလာရုစ်နိုင်ငံတွင်
ကွယ်လွန်သွားကြသော အိမ်ရှင် မိသားစုဝင်များသာ ဖြစ်ပါသည်။ အပေါ်ထပ်
ညာဖက်အခန်းတွင် လင်မယားနှစ်ဦးနှင့် တစ်နှစ် မပြည့်သေးသည့်
ကလေးငယ်တစ်ဦးသာ ရှိပါသည်။ သူတို့တစ်အိမ်လုံးတွင် အဲလို အသက်အရွယ်
ပုံစံမျိုး လုံးဝ မရှိကြောင်း အိမ်ရှင် အမျိုးသမီးက ပြောပြကြောင်း အဖွဲ့ခေါင်းဆောင်
အဖိုးအို ပေါလ်က ကျနော်တို့ အားလုံးအား ရှင်းပြပါသည်။

မနေ့ညနေက ကျနော်တို့အုပ်စု ညစား စားနေချိန်တွင် ကြားခဲ့ရသော အောက်ထပ်
အပြင်ဖက်က လူစီး ဒန်းမှ သံကြိုးချင်း ပွတ်တိုက်သံသည်လည်း တကယ်မဟုတ်
သော နာမ်ဝိညာဉ်များ၏ လှည့်ဖျားမှုသာ ဖြစ်ဖို့ များပါသည် .....

(ဤမျှသာ။)


ဘလော့ရေးသားသူများ၏ ဘလော့ဒေး (3108=Blog)

$
0
0




ကျနော်လည်း ဖေ့ဘွတ်ပေါ်မှာ ဒီနေ့ကျရောက်တဲ့ ဘလော့ဂါများနေ့အတွက်
အမှတ်တရ ရေးပေးကြဖို့ နီးစပ်ရာ ညီအကို မောင်မနှတွေထံ တောင်းဆို
တိုက်တွန်းထားတာ ကြာပါပြီ။ သို့ပေမယ့် ကိုယ်ကိုယ်တိုင်ကြတော့ ဟိုလှည့်ဒီလှည့်
ကွန်ပြူတာရှေ့ ငုတ်တုပ်ထိုင် ဘလော့လိုင်းထဲ မရှိဘူး။ ဖေ့ဘွတ်ထဲပဲ အရင်ဝင်၊
ဘလော့တွေကို သစ္စာဖောက်၊ ဖေ့ဘွတ်လိုင်းမှာ စီးမျှော်ရင်း အခုတော့ တချိန်က
ကျနော် အင်မတန် ချစ်ပါတယ်ဆိုတဲ့ ကျနော့်ဘလော့ဟာ အိပ်မောကျနေပါပြီ။

ကျနော် ဘလော့စရေးတဲ့ ၂၀၀၈ ခုနှစ် ဖေဖ်ါဝါရီလောက်က ဆိုရင် ကျနော်ဘလော့ရဲ့
စာဖတ်သူဟာ သုံးယောက်တောင် အနိုင်နိုင်ပါ ...
အဲဒီသူတွေက ရေးသူဖြစ်တဲ့ ကျနော်ကိုယ်တိုင်ရယ်၊ ထိုင်းနိုင်ငံမှာနေတဲ့ ဘလော့ဂါ
မောင်မျိုး၊ ထိုင်ဝမ်ကျွန်းမှာ နေတဲ့ ညီမငယ်တစ်ဦးပါ။

ဒီလိုနဲ့ တောင်ရေးမြောက်ရေး တွေ့သမျှ လိုက်ဖတ်၊ မြင်သမျှ ကော်မန့်ဝင်ရေး၊ တွေ့သမျှ
စီဘောက်မှန်သမျှ ခြေရာ လိုက်ချတော့ ကျနော့်ဘလော့လေး လူစည်လာပါတယ်။
အဲဒီခေတ်က ဘလော့ဂါအသစ်တွေကို လင့်ခ်ချိတ်ပေးပြီး လူသိများအောင် လုပ်ပေး
တတ်တဲ့ စင်္ကာပူက ဘလော့ဂါ ကိုလူသစ်က ကျနော့်ဘလော့ထံ အလည်ရောက်
လာပါတယ်။ ဒီလိုနဲ့ နိုင်ငံရေးအကြောင်းတွေ၊ ကိုယ်ထင်တာရေးလိုက်၊ သမိုင်းအတိုအစ
လေးတွေ ဟိုစာအုပ်ဒီစာအုပ်ထဲကနေ စကင်းန်ဖတ်ပြီး ဘလော့ပေါ်တင်၊ ဂဠုန်ဦးစော
ကြိုးစင်ပေါ်ရောက်တဲ့ ဓါတ်ပုံတွေ လျှောက်တင်ပေါ့၊ အဲဒါကို ထိုင်းနိုင်ငံမှာနေတဲ့
ဘလော့ဂါသင်ကာ ဆိုတဲ့ ကိုသင်ကာက အကောင်းဆုံး ဘလော့ပို့စ် တစ်ရာဆိုပြီး
စာရင်းပြုစုတော့ သူ့စာရင်းထဲမှာ ကျနော် ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့
စာမေးပွဲအောင်တော့တာပါပဲ။

သို့ပေမယ့် ကျနော်ဟာ နာမည်ကြီး ဘလော့ဂါ အုပ်စုထဲ ချက်ချင်းကြီး ၀င်လို့
မရသေးပါဘူး ....
ကျနော့်ဘလော့ကို နာမည်ကြီးတဲ့ ဘလော့ဂါတွေ၊ နာမည်ကြီးတဲ့ စာရေးသူတွေ
ထံ မိတ်ဆက်ပေးသူ နှစ်ဦးကတော့ သြစတြေးရီးယားကျွန်းနေ မကေသွယ်နဲ့
အမေရိကန်က ကဗျာဆရာ အကို ကိုအောင်သာငယ်တို့ပါ။ ဒီလိုနဲ့ပဲ ဘလော့ဂါ
ရပ်ကွက်ထဲက သို့မဟုတ် အင်တာနက်ပေါ်တွင် စာရေးသော အပျော်တမ်းစာရေးသူ
များအကြားမှာရှိတဲ့ လဖက်ရည်ကြမ်း ကွပ်ပြစ်ပေါ်မှာ ကျနော်ဟာ ယောင်တောင်တောင်
ပေါင်တောင်တောင်နဲ့ အရပ်လူကြီး ဖြစ်လာပါတယ်။

ဒီလိုနဲ့ ကျနော်တို့ဟာ ရွှေဝါရောင် တော်လှန်ရေးခေတ် ...
ရွှေဝါရောင် တော်လှန်ရေးခေတ်ကနေ နာဂစ်မုန်တိုင်း ကူညီရေးခေတ် ....
နာဂစ်မုန်တိုင်း ကူညီရေးခေတ်ကနေ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံကို ဆန့်ကျင်ရေးခေတ် ....
၂၀၀၈ ဖွဲ့စည်းပုံကို ဆန့်ကျင်ရေးခေတ်ကနေ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲခေတ် ....
၂၀၁၀ ရွေးကောက်ပွဲခေတ်က ၂၀၁၁ ခုနှစ် အန်တီစု လွတ်လာတဲ့ ခေတ်တွေအထိ ...

ကိုယ့်ထမင်းကိုယ်စား၊ ကိုယ်ပေါင်ကိုယ်လှန်ထောင်း၊ ကိုယ့်အချိန်ကို ကိုယ်မသုံးစွဲပဲ
နိုင်ငံတော်အတွက် မွေးရပ်မြေအတွက် အပျော်တမ်း တိုက်ပွဲဝင်သူများအဖြစ်
ကိုယ့်ဘာသာကိုယ် ဂုဏ်ယူခဲ့ကြသော ကျနော်တို့၏ ခရီးတွင်

ဘလော့ဂါ ကိုမြင်ဇေ ခေါ် ကိုနေလ
ဘလော့ဂါ အမ မငွေစန္ဒာ
ဘလော့ဂါ ကျောက်ခဲခေါ် ကိုကြီးကျောက် တို့ ဟာ
ကျနော်တို့ရဲ့ အွန်လိုင်း အင်တာနက် မြန်မာဘလော့ဂါ လောကကြီးကို နှုတ်ဆက်
ပြီး ဘ၀တစ်ပါးသို့ ကူးပြောင်းသွားကြပါတယ်။ အထက်ပါ မြန်မာဘလော့ဂါ သုံးဦး
ဟာ ကွယ်လွန်ကာနီး အချိန်များအထိ ဘလော့တွေပေါ်မှာ ဘလော့ပို့စ်တွေ တင်ပြ
ရေးသားခဲ့ကြသူတွေပါ ....

ဒီကနေ့ ကျရောက်တဲ့ ဘလော့ဒေးမှာ ဘလော့ရေးသားသူအပေါင်း ချမ်းသာကိုယ်စိတ်
မြဲကြပါစေလို့ ဆုတောင်းလျက် .....

ပျူနိုင်ငံဘလော့အား ရေးသားသူ
ကိုအောင်

ဧရာဝတီမြစ်အကြောင်း ညက အိမ်မက် မက်တယ်

$
0
0
ညက ဧရာဝတီမြစ်ကြီးအကြောင်း ကျနော် အိမ်မက် မက်ပါတယ်။ ....
တကယ်ပါ .... ဗျာ ....
ကျနော့်အိမ်မက်ထဲမှာ စစ်တပ်က လက်ရှိ ဦးသိန်းစိန် အစိုးရထံကနေ နိုင်ငံတော်

အာဏာကို သိမ်းယူလိုက်ပါတယ် ... ပြီးတော့ စစ်တပ်က မြစ်ဆုံ စီမံကိန်းကို
ဆက်လုပ်မယ်လို့ ကမ္ဘာသိအောင် တရားဝင် ကြေညာ ပါတယ် ...

လူတချို့ဟာ သမ္မတဟောင်း ဦးသိန်းစိန် လွမ်းချင်းတွေကို ဖောဖောသီသီ

ဖွဲ့ဆိုကြတယ် ....
အဲလို လူတွေကို ကြည့်ပြီး သက်ပြင်း အခါခါ ချမိတဲ့ ကျနော် ...
အင်တာနက်ပေါ် တက်လိုက်ပြန်တော့ ...
မျက်နှာစာအုပ်(ဖေ့ဘွတ်) ပေါ်က ကျနော့်မိတ်ဆွေ တချို့ကတော့

မျက်ရည်တွေ ပိုးပိုးပေါက်ပေါက် ကျလို့ ....
သူတို့ မျက်ရည်ကျတဲ့ နှုန်းဟာ ဆီးဂိမ်းပွဲတုန်းက တရုတ်မီးပန်းတွေထက်
များပြီး မြန်လည်း မြန်ပါတယ် ....

အဲဒါနဲ့ ကျနော်လည်း ဧရာဝတီမြစ်ကြီးကို ဘယ်သူတွေများ အသဲအသည်း

ကာကွယ်စောင့်ရှောက်နေသလဲလို့ ... လိုက်ရှာ လိုက်မေးကြည့်တာပေါ့ ....
နိုင်ငံရေးပါတီတွေလည်း မတွေ့ရ ...
အရပ်ဖက် အဖွဲ့အစည်းတွေလည်း မမြင်ရ ...
NGO တွေလည်း မကြားရပါဘူး ဗျာ ....

ဧရာဝတီမြစ်ကြီး ကံဆိုးချက်ကတော့ ခေတ်လူငယ်တွေ စကား ဌားပြီး

ပြောရရင် “ကိုး” လောက် ရှိတယ် ....
ဗိုက်ဟောင်းလောင်းနဲ့ ကဗျာဆရာတချို့ရယ် ....
မေးရိုးတွေ ငေါ့ထွက်နေတဲ့ စာရေးဆရာ အချို့ရယ် ....
လမ်းလျှောက်လွန်းလို့ ခြေထောက်တွေ ဖောရောင်နေတဲ့ တက်ကြွသူ အနည်းငယ်ရယ် ....

ဧရာဝတီကို ကာကွယ်မယ်ဟေ့ ဆိုပြီးများ ဧရာဝတီမြစ်တလျှောက်က မြို့တွေမှာ အဖွဲ့တွေ ဘယ်လောက်တောင် ဖွဲ့ထားသလဲလို့ လိုက်ရှာကြည့်ပါသေးတယ် ...

မီးပဲ ပျက်နေလို့လား မသိဘူး ...
ဘာ ဆိုင်းဘုတ်မှ ကျနော် မတွေ့ခဲ့တာတော့ အမှန်ပါ ဗျာ .....
 

သြော် ... ဧရာဝတီဆိုတဲ့ မြစ်ကြီး ရေ ...
ကျနော့်အိမ်မက်ထဲကလို ...
ခင်ဗျား ကံ မဆိုးပါစေနဲ့ .... ဗျာ .....

တမ်းချင်း

$
0
0
ကျွန်တော်ငယ်ငယ်ဘဝမှာ အတမ်းတဆုံးအရာက အနုပညာသမားအထူးသဖြင့် ကဗျာဆရာလေးတစ်ယောက်ဖြစ်ချင်ခဲ့တာပါဘဲ။ အိုမာခိုင်ယမ်ရဲ့ ကဗျာလေးလိုဘဲ ကျွန်တော်လိုချင်တာကလည်း သစ်သားတစ်ထပ်အိမ်လေးတစ်လုံး၊ မန်ကျဉ်းရိပ်တွေအောက်က ကွပ်ပျစ်လေးတစ်လုံး၊ ကိုယ့်ကို နားအလည်နိုင်ဆုံးချစ်သူ (ချစ်သူဆိုတဲ့အဓိပ္ပါယ်က ရှင်းပြလို့ မရလောက်အောင် ကျယ်ဝန်းတယ်။ ပညာဆိုတဲ့စကားလုံးလောက်ကိုကျယ်ဝန်းတယ်လို့ ကျွန်တော်ကခံယူတယ်။) လေးကချပေးလာတဲ့ ငါးရံ့ ခြောက်ဖုတ်ဆီဆမ်းလေးနဲ့ ရေနွေးကြမ်းတစ်အိုးရယ်၊ကဗျာလေးတွေရယ်ဆိုရင် ဘဝဟာ နိဗ္ဗာန်ဘုံလို့ ဆိုရမှာပေါ့လို့  အတွေးတွေနဲ့ ဘဝကို တည်ဆောက်လာခဲ့ဘူးတယ်။ ကဗျာဆရာ စာရေးစရာဘဝက သိပ်အားကျဘို့ ကောင်းလှတယ်။ နာကျင်စရာကို နာကျင်ခံစား၊ ပျော်ရွှင်စရာကို ပျော်ရွှင်ခံစား။ ရသကိုးပါးလုံးကို ကိုယ်ပိုင်ပစ္စည်းလိုသဘောထားပြီး လူသားတစ်ယောက်အဖြစ်နဲ့ လူသားအဆန်ဆုံးနေထိုင်ခွင့် ရတဲ့ဘဝပေပဲ။ အမှန်တော့လူဟာလူလိုနေခွင့်ရတာသိပ်ကောင်းတယ်။တစ်ခုခု အတွက်အသက်ရှင်နေပြီဆိုရင်လူ့ ဘဝက စက်ဆုပ်ဖို့ ကောင်းတယ်။လူသားအဓိပ္ပါယ်ပျောက်သွားတယ်လို့ ကျွန်တော်ထင်တယ်။ကျွန်တော်ဟာ အပြင်မှ အတွင်းသို့ အယူအဆကနေ အတွင်းမှအပြင်သို့ အယူအဆသစ်နဲ့ အနာတမီကိုလေ့ လာပြီးပန်းပုခေတ်သစ်ကိုတည်ထောင်ခဲ့တဲ့မိုက်ကယ် အိန်ဂျလိုထက် ချစ်ရနံ့ ကိုရေးတဲ့ မိုက်ကယ်အိန်ဂျလိုကိုပိုချစ်တယ်( မင်းသွားလေရာအဲဒါကိုသာယူသွားပေါ့ ငါမျက်စေ့ကန်းနေရင်တောင်မှ မင်းကိုတွေ့ အောင်ရှာနိုင်တယ်)။ဂျွန်ကိသ်ကိုချစ်တယ်။ဘိုင်ရွန်ကိုချစ်တယ်။ရှင့်နားရွက်တွေကကြီးလှချည်လားလို့ လှောင်ပြောင်ခဲ့တဲ့ သူသိပ်ချစ်ရတဲ့ အပျက်မတစ်ယောက်ကို မင်းလိုချင်ရင်ယူထားလိုက်လေလို့  လှီးဖြတ်ပစ်ပေးရဲတဲ့ ပန်းချီဆရာ ဗန်ဂိုးကိုချစ်တယ်။သူ့ ကျောကုန်းမှာပန်းချီတခုဆွဲထားပြီး သူ့ ချစ်သူကို သူသေချိန်မှာအရေပြားကိုလှီးဖြတ်ကျပ်တင် လက်ဆောင်ပေးခဲ့ဘို့ မှာခဲ့တဲ့ အနုပညာသမားတစ်ယေက် ကိုချစ်တယ်။ငါ့အနုပညာကိုလူတွေနားမလည်ကြဘူးကွလို့ စာလေးတစ်စောင်ပေးခဲ့ပြီးအသက်၃၃ နှစ်သားမှာပြောင်းခင်းထဲကသေနတ်သံတစ်ချက်နဲ့ ကမ္ဘာကြီးကိုလှုပ်နှိုးလိုက်တဲ့ပန်းချီဆရာလေးတစ်ယောက်ကိုချစ်တယ်။အခြားသူတွေကိုယ့်ဘို့ ဒုက္ခမခံရသေးတဲ့နောက်ဆုံးအချိန်ဟာ ၆၅နှစ်ဘဲလို့ သတ်မှတ်ပြီး အောင်မြင်နေပါရက်နဲ့  ၆၅နှစ်ပြည့်ချိန်မှာကိုယ့်နားထင်ကိုကိုယ်ကျည်ဆံတစ်တောင့်လက်ဆောင်ပေးခဲ့တဲ့အားနက်စ် ဟဲမင်းဝေးကိုချစ်တယ်။အမေ့ဈာပနမှာကော်ဖီသောက်တာအိပ်ပျော်သွားတာ လူသားဆန်မှုအဖြစ် ကမူးနဲ့ အတူရပ်မယ်။မောင်ဇေရဲ့ ဂန္ဓဝင်အချစ်ကဗျာတစ်ရာကိုချစ်တယ်။(မာရီ..ထတော့လေ..မိန်းမပျင်းလေး...မနက်စောစောနိုးအောင် ..မင်းကိုအကြီမ်တရာလောက်နမ်းပြီး..ဒဏ်ပေးရမကွဲ့ )။(မနက်တုံးဆီက ..ကျော့ဆုံးကိုကိုယ်မြင်တော့..သူ့ ဆံပင်နှင်းဆီပွင့်တွေနဲ့ ဂုဏ်တင့်တယ်လေး)ကိုရေးခဲ့တဲ့ဝီလျံဝစ်ဝါ့သ်ကိုချစ်တယ်။အင်မတိအင်မတန် ဂိုဏ်းတွေ ကနားတွေများလှတဲ့မြန်မာပြည်က ကဗျာဆရာစာရေးဆရာတွေအားလုံးကိုချစ်တယ်။ဒါပေမယ့် ကျွန်တော့်ရဲ့ အိပ်မက်တွေအားလုံးဟာ ၁၉၈၈ ခုနှစ်တော်လှန်ရေး ဒီလှိုင်းကြီးမှာမျောပါကျိုးကျေပျက်သုန်းသွားခဲ့ရတယ်။(အမှတ်တရ မတ်လတံတားနီ)။ကျွန်တော့်ကိုအဓိကမောင်းနှင်ခဲ့တဲ့ မောင်းနှင်အားကတော့ကျွန်တော် ၁၄နှစ်သားအရွယ်လောက်မှာရခဲ့တဲ့စာအုပ်၂အုပ်ပါဘဲ။တစ်အုပ်ကဗလာစာအုပ်ပါ။တမျက်နှာမှာ စကက်ခ်ျနဲ့ ပုံတွေပါပြီး တစ်မျက်နှာမှာကဗျာတွေရေးထားတဲ့စာအုပ်ပါ။ဆရာအောင်ပြည့်ရဲ့ နေရစ်တော့မြသီလာ(fareware to Myathilar)လိုကဗျာတွေ၊(ဖျားနေပါတယ်ဆိုတဲ့ ကိုယ်ချစ်သူလေးမှာ..အသစ်လူတစ်ယောက်နဲ့ တွဲပြီး ဤရွှေတိဂုံကိုလာကြသည်)ဆိုတဲ့ကဗျာ(နာမည်မမှတ်မိ ..ဆရာအောင်ပြည့်ရေးတာတော့မှတ်မိတယ်။သူ့ ကောင်မလေးကနေမကောင်းဘူးလို့ ပြောလိုက်လို့ သူကရွှေတိဂုံမှာလာဆုတောင်းနေတုံးကောင်မလေးကိုတွေ့ လိုက်တဲ့အကြောင်းလေး)ကိုယ်ကလည်းမြီးကောင်ပေါက်လေးဆိုတော့မျက်ရည်ကိုစို့ လို့ ။နောက်တစ်ယောက်ကတော့ မြန်မာစာကျောင်းသားကိုရင့်ဆရာတော် ဆိုတဲ့ နာမည်နဲ့ ရေးတာပါ။ထူးထူးခြားခြား အခြားကလောင်နာမည်တစ်ခုနဲ့ မကွယ်လွန်ခွင်အချိန်ထိကဗျာမှာရောစာမှာရောနာမည်ကြီးသွားခဲ့ပေမယ့် အဲဒီဗလာစာအုပ်ထဲက ကဗျာတွေကို သူ့ ကိုယ်ပိုင်စာအုပ်တွေမှာရော၊မဂ္ဂဇင်းတွေမှာပါမတွေ့ ခဲ့မိဘူး။အဲဒီစာတစ်အုပ်လုံးမှာစကက်ခ်ျဆွဲပေးခဲ့သူကတော့မြန်မာ့ပန်းချီလောကမှာစံနမူထားအတုယူဆရာပန်းချီဆရာကြီးတစ်ဦးပါ။ကားအက်ဆီးဒင့်တစ်ခုနဲ့ ခြေထောက်မထိခိုက်ခင် ကာလမှာဆွဲထားခဲ့တဲ့လက်ရာတွေပါ။ခုတော့အဲဒီစာအုပ်လေးလည်းလူယုတ်မာတစ်စုရဲ့ လက်ထဲမှာဆုံးရှုံးသွားခဲ့ရပါပြီ။သို့ သော် အဲဒီသမိုင်းကိုသိသေးတဲ့သူတစ်ချို့ တော့ကံအားလျော်စွာကျန်နေပါသေးတယ်။သေူတို့ နဲ့ တိုက်ညှိချိန်ဆပြီးတော့သေချာရင်နာမည်နဲ့ တကွနောက်တစ်ပုဒ်ရေးပါဦးမယ်။ကာယကံရှင်တွေကိုယ်တိုင် မေ့နေတဲ့၊အမှတ်မထားမိတဲ့သမိုင်းလေးတစ်ခုကိုဖေါ်ထုတ်ပေးရရင်လည်းအနုပညာဒါန တစ်ခုဖြစ်လိမ့်မယ်လို့ ယုံပါတယ်။နာက်တစ်အုပ်ကတော့ လက်ကမ်းကဗျာစာအုပ်လေးပါ။ကဗျာဆရာလေးငါးယောက်ပါပေမယ့် ဆရာနေသွေးနီကဗျာကိုဘဲမှတ်မိပါတော့တယ်။ဒါတောင်ခေါင်းစဉ်ကိုမမှတ်မိတော့ဘူး။ပြည့်စုံချင်မှလည်းပြည့်စုံပါလိမ့်မယ်။အနုပညာရပ်ဝန်းထဲကတစ်စုံတစ်ယောက်များသိလေမလားဆိုတဲ့မျှော်လင့်ချက်နဲ့ ကဗျာလေးကိုမှတ်မိသလောက်ပြန်လည်မျှဝေလိုက်ပါတယ်။

။။။။။။။။။။။။
သူသေပြီ
ခေါင်းနက်ထဲမှာ
ဖြူလျော့စွာလဲလျောင်းလို့ 
အိပ်မက်ကိုလည်း
ခါတိုင်းလိုမရှုတော့ဘူး
မျှော်လင့်ခြင်းလည်း
သွေးမလျောက်တော့ဘူး
အချစ်နှလုံးမှာလည်း
ခုန်သံရပ်စဲလို့ 
သူသေပြီ။  ။
ပူနွေးတဲ့မျက်ရည်စက်
သူ့ ရဲ့ နောက်ဆု့းထွက်သက်ဖြစ်တယ်
အလွမ်းလွန်ဝေဒနာနဲ့ 
ကုသသူအချိန်သမားတော်ကလက်လျော့
သူသေလွန်ခဲ့ပေါ့။
သောကနဲ့ ဗျာပါဒတွေက
နောက်ဆုံးအသုဘပို့ ကြတယ်
ရှေ့ ဆုံးမှာ
မျက်လုံးစိမ်းနဲ့ မျက်နှာတစ်ခု
လွမ်းသူ့ ပန်းခွေကိုင်လို့ ။
နီရဲတဲ့ပန်းတွေအကြား
စာတမ်းတစ်ခုချိတ်ဆွဲထားတယ်
စွန့် ပစ်ခံရသောအချစ်
စိမ်းကားမှုတွင်မြုပ်နှံသင်္ဂြိုလ်သည်..တဲ့။

နေသွေးနီ (မှန်းဆ...၁၉၇၇)

ခုရေးတဲ့ စာစုမှာလိုအပ်ချက်တွေအများကြီးရှိနေပါလိမ့်မယ်။အော်စလိုတောရကနေ အထောက်အထားအကိုးအကားပြုစရာဘာစာရွက်စာတမ်းမှမရှိဘဲ နှလုံးသားနဲ့ ဥဏှောက်တစ်ခုကိုအရင်းပြုပြီး ပြန်လည်တူးဆွယူရတဲ့အခက်အခဲကို ကဗျာချစ်သူ စာချစ်သူတွေနားလည်ပါလိမ့်မယ်။နောက်တစ်ခုကဒီစာကိုဖန်တီးတဲ့အချိန်မှာ ဘာနိုင်ငံရေး၊ဘာတစ်ခုခုသောဆန္ဒမှမပါလောက်အောင်ကျွန်တော့်နှလုံးသားဟာရှင်းသန့် တည်ငြိမ်နေပါတယ်။တကယ်လို့ များကျွန်တော်ချစ်ခင်လေးစားတဲ့ နှင်းခါးမိုးတို့ လို၊မောင်ဖုန်းမြင့်တို့ လို၊မောင်ယုပိုင်တို့ လို၊လုလုလင်္ကျာ တို့ လို (တိုက်ရိုက်မသိလို့ အခြားဆရာများကိုနာမည်မညွှန်းခြင်းဖြစ်ပါတယ်) ကဗျာဆရာစာရေးဆရာအစစ်တွေ  မဖတ်မိသေးဘူးဆိုရင် အခြားသောမိတ်ဆွေများကလည်း ဖေါ်ဝါ့ဒ်လုပ်ပေးစေချင်ပါတယ်။
ဝိုင်းဝန်းပြီးဖြည့်စွက်ပြင်ဆင်ပေးကြဘို့ လည်းမေတ္တာရပ်ခံပါတယ်

အာကာသြရ(၁၉၆၅-     )

(မှတ်ချက်။ ။ ကိုမိုးမောင်မောင်၏ ဖေ့ဘွတ်(facebook) စာမျက်နှာမှ ထပ်ဆင့်ကူးယူ ဖော်ပြပါသည်။)

မော်တော်ယာဉ် မီး’ထလောင်မှု အကြောင်း တစေ့တစောင်း

$
0
0

(ယခုလက်ရှိ Toyota pro box 1.3 တွင် တပ်ဆင်ထားသော အချက်ပြ ဒိုင်ခွက်များ)



ယခုနှင့် ယခင် ကာလများက မြန်မာနိုင်ငံနှင့် ပက်သက်သော သတင်းများ
ဖတ်ရှုရာ လမ်းပေါ်တွင် မောင်းနှင်းနေသော မော်တော်ကားများ၊ မောင်းနှင်း
နေရာမှ ရုတ်တရက် မီး’ထလောင်မှု များ ဖြစ်ပွားကြောင်း သိရပါသည်။ ထို ပြဿနာ
များအကြောင်း ကျနော်သည် လူမှုကွန်ယက် ဖေ့ဘွတ်ပေါ်တွင် တင်ပြ ပြောဆိုရာမှ
ကျနော့်စတေးတပ်အောက်တွင် ပြည်တွင်းပြည်ပ နေထိုင် အလုပ်လုပ်ကိုင်လျက်
ရှိကြသော ကျနော့်မိတ်ဆွေများကလည်း သူတို့၏ အတွေ့အကြုံ ဗဟုသုတ
ထင်မြင်ချက်များကို လာရောက်ရေးသား ဝေဖန် အကြံပြုကြပါသည်။

ကျနော်တို့၏ ထင်မြင်ယူဆ၊ ဝေဖန် အကြံပြုချက်များသည် ရာခိုင်နှုန်းပြည့်
မမှန်ကန်သည်တိုင် မြန်မာနိုင်ငံအတွင်း ယာဉ်မောင်းသူများအတွက် တစုံတရာ
အထိ အကျိုးရှိစေရာ ရည်ရွယ်ပြီး ကျနော်တို့၏ လူမှုကွန်ယက် ဖေ့ဘွတ်ပေါ်မှ
အပြန်အလှန် ရေးသားမှုများကို ဖော်ပြလိုက်ပါသည်။
........................

Aung Khin Myintအခုတလောနဲ့ ယခင်က မြန်မာနိုင်ငံ သတင်းတွေ ဖတ်ရရင် ... ကားတွေ ... အထူးသဖြင့် လူစီးကား တချို့ မောင်းနှင်း နေရင်းကနေ မီး ထ'လောင် တယ်ဆိုတဲ့ ဓါတ်ပုံတွေ သတင်းတွေ ဖတ်ရပါတယ် .....
ဥပမာ- ကုန်တင်ကား တစ်စီး ဟာ ပေါက်ကွဲစေတတ်တဲ့ ကုန်ပစ္စည်းတို့ လောင်ဇာဆီတို့ တင်ဆောင်ရင်းကနေ မီး ထ'လောင်တယ်ဆိုရင် .. ဒါ သဘာဝ ကျပါတယ် ...
အခုဟာ ... သာမန် မိသားစု သုံးတဲ့ လူစီး ကားတွေဟာ လမ်းပေါ်မှာ မောင်းနှင်းနေရင်းကနေ မီး ထ'လောင်တယ်ဆိုတဲ့ အဖြစ်အပျက်များကို ကြည့်ပြီး တော်တော်ကိုး အံ့သြမိပါတယ် ....
*ကျနော် မြန်မာပြည်က ထွက်လာတာ ၁၅ နှစ်ကျော်ပါပြီ၊ ကျနော် လက်ရှိနေထိုင်တဲ့ ပါတ်ဝန်းကျင်မှာရော အခြားနေရာတွေမှာ အဲလို သာမန် ကားငယ်တွေ လမ်းပေါ် သွားရင်းကနေ မီး ထ'လောင်တယ် ဆိုတာ တခါ မှ မကြားဘူးလို့ ...
အခု မြန်မာပြည်က သတင်းတွေ ဖတ်ပြီး ....

တာဝန်ရှိ အစိုးရရော ... ကား တင်သွင်းသူတွေ ... စီးနင်းသူတွေ .... မော်တော်ယာဉ် အဆင့်အတန်း သတ်မှတ်ပေးတဲ့ ဥပမာ- က.ည.န ရုံးတို့ရဲ့ လုပ်ပုံလုပ်နည်းများဟာ ... နိုင်ငံတကာက ကား အဆင့်အတန်းများ နဲ့ ဘယ်လိုများ ကွဲပြားခြားနား နေသလဲလို့ ....

Pe Tiစင်္ကာပူမှာလည်း ခဏခဏဖြစ်တတ်ပါတယ်။

Aung Khin Myintဟုတ်လား ... ကျနော်တို့ဖက်မှာတော့ ကျနော် တခါမှ မကြားဘူးလို့ပါ .... တစ်ခုခုကို ပွတ်တိုက်လို့ မီး ထလောင်တယ် ဆိုရင် ကျနော်တော့ လက်ခံပါတယ် ... အခုဟာက သူ့အလိုလို မောင်းနေတဲ့ ကားဟာ အလိုအလျောက် မီးထလောင်တယ် ဆိုတော့ ... ဒါ နည်းပညာ ချို့ယွင်းမှုလား ... လမ်းကြောင့်လား .... မောင်းတဲ့သူက ခလုပ်တွေ ဂီယာတွေ ကြိုက်သလို မှားလုပ်ပါစေ ... မီး ထလောင်တယ်ဆိုတာကြီးက ... ကျနော်တော့ သိပ် ဘ၀ရ် မကျဘူး ...

Myat Soeဒေသမတူလို့၊ရာသီဥတုမတူတာနဲ့၊ ကားအင်ဂျင်တွေပူတာမတူတာလည်းပါနိုင်ပါတယ်။ ဒီနှစ်နွေရာသီမှာ အာရှနိုင်ငံတွေရဲ့အပူရှိန်ကအတော်လေးမြင့်တက်လာလို့ ပိုဆိုးတာဖြစ်နိုင်ပါတယ်။

Aung Khin Myintနည်းပညာပိုင်း ကွာဟမှု ရှိတယ်ဆိုရင် ကျနော်လည်း မပြောတတ်ဘူး ... ယနေ့ မြန်မာနိုင်ငံမှာ တင်သွင်းခွင့် ပြုထားတဲ့ ချယ်ရီ ဆိုတဲ့ တရုတ်နိုင်ငံထုတ် ကားဆိုရင် အနောက်အုပ်စု နိုင်ငံတွေမှာ တင်သွင်းခွင့် မပြုထားဘူး ... အဲဒီကားရဲ့ အတွင်းပိုင် ပြင်ဆင်မှုမှာ ပါဝင်တဲ့ ကာဘွန်ဒြပ်စင်တွေဟာ အဆုတ်ကင်ဆာ ဖြစ်တယ်လို့ ပြောကြတယ် .... အင်ဂျင်ပါဝါ အပူဒဏ် ခံနိုင်ရည်ကြောင့် မီးထလောင် သလား .... ကားအတွင်း အခြား ၀ါယာရှော့တွေကြောင့် မီးလောင်သလား .... အဲလို နည်းပညာ ချို့ယွင်းချက် ဖြစ်နေတဲ့ ကား ကို လမ်းပေါ် ဘာကြောင့် မောင်းခွင့် ပြုထားသလဲ .... ဒါ မဖြစ်သင့်ဘူးလို့ ကျနော် တော့ ထင်ပါတယ် ...

Myat Soeအေးဗျာ၊ ဟိုးအရင့်အရင်နှစ်တွေတုံးကတော့ အခုလိုမျိုး မောင်းနေရင်းမီးထလောင်တာမျိုး မကြားဖူးသလောက်ပါပဲ၊ အခုမှမီးထလောင်နေကြတာဆိုတော့၊ ရာသီဥတုအပူရှိန်ကြောင့်လို့ပဲ ယေဘူယျ သုံးသပ်ကြည့်တာပေါ့ဗျာ၊ နောက်တခုက ကျွမ်းကျင်သူတွေက စနစ်တကျလေ့လာထားမှုတွေလည်း အခုထိမတွေ့မိသေးတော့ လောလောဆယ် ဒီလိုပဲသုံးသပ်ရတာပေါ့။

Cliff LeeThis is happening to Probox 1.3K models. J .... :)

Aung Khin Myintအဲဒီ အမျိုးအစားက အလိုလို မောင်းနေရင်းကနေ မီးထလောင်တတ်တာမျိုးလား အကို ...
 
Cliff LeeYes. The fuel pipe and electrical lines in 1.3 model is running very close to each other. Design defect in hot weather countries. So when it is very hot, they catch each other.

Aung Khin Myintဟုတ် အကို ကျေးဇူး ... အဲဒါကြောင့်ဖြစ်မယ် ... အခု မြန်မာပြည်မှာ မီးထလောင်တဲ့ ကားတွေ ကြည့်လိုက်တော့ မော်ဒယ် အနိမ့်စားတွေလည်း မဟုတ်ဘူး .. ဘာကြောင့် အဲလို ဖြစ်သလဲ ဆိုတာကို စဉ်းစား မရလို့ ... ကျေးဇူး အကို ..

Aung Khin Myintအကို ... အားရင် အဲဒီ ပြသနာကို အသေးစိတ် ရေးပေးရင် ကောင်းမယ် .... လူတွေက ကားသာ ၀ယ်စီးကြတာ ..... ၀ယ်ကာစ မပြောနဲ့ ... မလေ့လာရင် ဘယ်သူမှ မသိတဲ့ကိစ္စပဲ အကို ... အကို အားတဲ့တနေ့ ... အကို သိသလောက် မြင်သလောက် ရေးပါလား အကို ... ကျနော်တို့လည်း ရှယ်ရတာပေါ့ ...J

Ko Thawဟုတ်တယ်ဗျ Toyota pro box 1.3 တွေ မှာအဖြစ်များနေတယ်လို့သိရပါတယ် အခြား1.3 တွေတော့မကြားမိပါဘူး အကြောင်းကတော့ အပေါ်ကအကိုတယောက်ပြောထားသလိုပါပဲ ကိုအောင်တို့ဆီမှာကော probox သုံးကြသလား ရှိမယ်တော့ မထင်ဘူး၊၊

Aung Khin Myintကျနော်တို့ဖက်မှာလည်း သုံးကြပါတယ် ... သို့ပေမယ့် ဒီဖက်မှာ ရာသီဥတုက အာရှလောက် မပူတော့ ဒီပြသနာ မကြားရသေးတာ ဖြစ်မယ် .... ပြီးတော့ ဒီဖက် အစိုးရတွေက တစ်ခုခု တင်သွင်းမယ်ဆိုရင် စစ်ဆေးတဲ့ အချိန်က တော်တော်ကြာတယ် ..

Cliff Leeကျွန်တော်ဒီအကြောင်းကို ဒီလောက်ပဲသိပါတယ်။ စီးနေရင်း၊ ကားဆရာနဲ့ စကားပြောရင်းမေးရာကသိတာပါ။ ဒါပေမဲ့ မြန်မာပြည် က ဂျပန်နဲ့၊ ဥရောပလောက်မအေးပဲ၊ အရမ်းပူတော့၊ မြန်မာပြည်နဲ့၊ ဒီလိုပူတဲ့နေရာကို ပို့တဲ့ တစ်ပတ်ရစ်ကားတွေရဲ့၊ Temperature Guage ကို အပူပိုင်းမှာသုံးတဲ့ ဟာမျိုးနဲ့ပြောင်း လေ့ရှိကြပါတယ်။မြန်မာပြည်မှာ အဲလိုမလုပ်ဘူး၊ Middle East မှာဆို၊ ပြောင်းပြီးမှရောင်းကြပါတယ်။

Cliff LeeToyota Probox must be for Domestic Production only for use in Japan (originally).

အဘဆရာ သခင် လှိုင်ကိုပျူအွန်လိုင်း အသစ်သွင်းလာတဲ့ ပရာဒို 2013 အတူတူမှာတောင် ကနေဒါ အတွက်ကားက နေပြည်တော်လမ်းမှာ မီးခိုးဖြူဖြူတွေထွက်တယ်။ အမြဲတော့မဟုတ်ဘူးပေါ့နော်။ ဒူဘိုင်းကားကျအေးဆေးဘဲ။ ခက်တာက ကိုယ်ဆွေကိုယ်မျိုးများက ထုတ်တဲ့နိုင်ငံကအစ စာဖတ်ကြတယ်လေဗျ။ အဲတာလေးက ကိုယ်တွေ့ပါ။ မီးဘေးသင့် တဲ့မော်တော်ယာဉ်ကို အတိုရေးတာပါဂျာ လူကြီးကိုစက်ပစ်ကွင်းမပို့ပါဘူးဟီးဟီး:)

Cliff LeeProbox မှာ အခြားကားတွေလို temperature guage မပါဘူး၊ အပူအရမ်းတက်ရင် မီးပဲပြတယ်။ အခုဘယ်လောက်ရှိနေလဲ၊ (C) Cool နဲ့၊ (H) Hot ကြား၊ အ ခု Current Engine's Temperature က ဘယ်လောက်ပူနေလဲ ပြတာမပါဘူး။

Cliff LeeWhen an engine is tune the best, and if you push the accelerator (Burmese call it "Lever"), the exhaust can produce some drop of water.

Aung Khin Myintဟုတ် ကိုCliff Leeကျေးဇူး ... အခု အကို ရေးထားတဲ့ ကော်မန့်တွေကို စုပြီး ကျနော် စတေးတပ်တစ်ခု တင်မယ် အကို ... ဆရာ အဘဆရာသခင်လှိုင် ... ဆရာတို့က ပြည်တွင်းမှာ ဗိုလ်ချုပ်တွေဆိုတော့ ဆရာတို့က ကျနော်တို့ထက် ပို သိမှာပါ ....

Aung Khin MyintEngine ကနေ heat တက်တာကိုး ပြတဲ့ ဒိုင်ခွက် မပါတာဟာ တော်တော်ကိုး ဆိုတာပဲ ....

Cliff Leeအရမ်းအေးတဲ့ ရာသီမှာ မီးခိုး ဖြူ (မီးခိုးဖြော့ရောင်) ထွက်တယ်။ မီးခိုးမဲထွက်ရင်၊ engine tuning လုပ်ရမယ်၊ oxygen (air) နဲ့၊ဆီ နှစ်ခုလုံးအကုန်လောင်ရမယ်၊ ဆီအကုန်မလောင်လို့ မီးခိုးမဲနေတာ။ အရမ်းကောင်းတဲ့ engine tuning ကို ဆောင့်နင်းရင်၊ မီးခိုးမထွက်ရဘူး၊ ရေစက်လေးတွေထွက်လာမယ်။

အဘဆရာ သခင် လှိုင်မိဘမကောင်းလို့ မုဆိုးမတွေ တစ်ခုလပ်တွေ လက်ထပ်ပေါင်းသင်းရတာပါ ပျူအွန်လိုင်းရယ် တကယ်တော့သားလဲ အပျို လိုချင်တာပါ။ တစ်ပါတ်ရစ် ဆိုတာကြီးကို မကြားလိုပါခင်ဗျာ:)

Cliff LeeYes. There is no such meter in Probox models, it only indicates a light when it is very hot. But then it is already too late.

Cliff Leeကျွန်တော်လဲ မသိလှပါဘူး၊ Theory က အဖေ (Mechanical Engineer) က အမြဲပြောနေလို့သိရတာပါ။ လက်တွေ့က ကားအဟောင်း တစ်ပတ်နွမ်းဝယ်စီး၊ ပြင်တိုင်း၊ ကားဆရာတွေနဲ့စကားပြော၊ သူပြောတာက လမ်းဘေးလူပိန်းစကား၊ ကိုယ့်ဘာသာကို Theory နဲ့ တွဲပြီး နားလည်သလောက် ရှင်းပြတာပါ။

Aung Khin Myintဟုတ်အကို ... ကျနော်ကိုယ်တိုင် ... ကျနော် သိသလောက် လူ အတော်များများ ... စီးသာ စီးနေကြတယ် ... သိပ် သိတာ မဟုတ်ဘူး အကို ... မြန်မာပြည်မှာတုန်းက ရေတိုင်ကီထဲ ရေကုန်သွားလို့ ရေ မဖြည့်တတ်တဲ့သူ ကျနော် တွေ့ဖူးတယ် အကိုရေ ...

Cliff LeeHighway မှာ အရှိန်နဲ့မောင်းတော့မယ်ဆို၊ တာယာလေကို အများကြီးသိသိသာသာလျှော့ရမယ် (ပူတဲ့နေရာမှာပြောတာ)၊ အရမ်းမောင်းရင်၊တာယာထဲကလေတွေကပွမယ်၊ ပွရင်၊ Pressure of Air inside Tyre/Tire တွေများပြီး၊ ၁၀၀ ကျော်မောင်းနေတုန်း၊ တာယာ တွေ ပွင့်/ပေါက်ကွဲမယ်၊ ကားမှောက်မယ်။ Hightway ကားမောင်းသမားတွေက သိတယ်။ ခုမှ ဇိမ်ကျကျမောင်းတဲ့ ချာတိတ် တွေ၊ ကိုယ်ပိုင်ကားသမားတွေ လမ်းကောင်းလို့ ကျယ်လို့ စွတ်မောင်းရင်း အဲလိုဖြစ်တာ ဖြစ်မယ်။ လေလျှော့ထားခဲ့ရင်တောင်၊ မောင်းနေရင်း ကိုယ့်ကား လမ်းမှာပြေးတာ မာ လာလား၊ ငြိမ့်သေးသလား သတိထားနေရတယ်၊ မာ တယ်ထင်ရင်၊ ဆင်းလေလျှော့ပစ်ရတယ်။ လူတွေက Air-Con ထဲ ထိုင်ပြီးစွတ်နင်တာကိုး။ ကားဘီးတွေဘာဖြစ်နေလဲ ကို အမြဲ sense လုပ်နေရတယ်။ ဘရိတ်လဲဒီလိုပဲ၊ အရမ်းဖိနင်တာဘယ်တော့မှ မလုပ်နဲ့၊ အရမ်းပူရင် ဘာမှ အာမခံချက်မရှိဘူး၊ အဝေးကြီးထဲက ကြို အ ရှိန်ချရပါမယ်။ For safety.

ကားအမြန်မောင်းတဲ့အခါမှာ၊ ကိုယ်မှားလဲ ကိုယ်ခံ၊ ကားပျက်လဲကိုယ်ခံ၊ လမ်းစည်းကမ်းအတိုင်း၊ ဘယ်သူမှားတာ၊ မှန်တာ နောက်မှပြော၊ ဖြစ်ရင်၊ ခံရမှာက ကိုယ်အရင်။ ဒါကြောင့် ဘယ်တော့မှာ သူဘာလုပ်သင့်လဲ မတွေးနဲ့၊ သူဘာလုပ်ရင် ငါ ကိုမထိအောင် ဘယ်လို့ တက်မယ်၊ဆင်းမယ်ကျော်မယ်၊ရပ်မယ်၊ရှောင်ဖို့လမ်းထားမယ်။ နောက်ပြီးကားကရှေ့ကို အမြန်နှုံးနဲ့သွားနေပေမဲ့၊ နောက်နဲ့၊ ဘေးဘယ်ဘယ်ညာမှာ ကားရှိမရှိအမြဲသတိထားနေပါ၊ ရှိနေခဲ့ရင်၊ ပေးကျော်ရင်ကျော်၊ ဒါမှမဟုတ်ရင် နဲနဲလေးအမြန်မောင်းပြီးခွါထားပါ။

ဘယ်တော့မှာ ကိုယ့်ကားနောက်မှာ အခြားကားကအကပ်မခံပါနဲ့။ ကိုယ်ကလဲသူများနောက်ကပ်မနေနဲ့။ ဒါကို Defensive Driving လို့ခေါ်ပါတယ်။ မြန်မာလိုတော့၊ ဘယ်သူမှန်မှန်၊ အထိမခံနဲ့ပေါ့။

Aung Khin Myintကျနော်တို့ ဒီဖက်(ဥရောပ) မှာက မြို့တွင်း ကီလိုမီတာ ၅၀၊ သာမန် အဝေးပြေးလမ်း (မျက်နှာချင်း ကားလမ်းရှိ) မှာ ကီလိုမီတာ ၈၀၊ express highway ဆိုရင် ကီလိုမီတာ ၁၃၀ ... မောင်းခွင့်ပြုထားတယ် .... ချွင်းချက် ဂျာမန်ဖက်မှာတော့ ကျနော်တို့နဲ့ နည်းနည်းပဲ ကွာတယ် .. မြန်မာပြည်က ဘယ်လို ပေးမောင်းလဲ မသိ ...

Cliff Leeမြန်မာပြည်က ဆိုင်းဘုတ်တွေက တစ်နေရာ တစ်မျိုးပါ၊ ၁၀၀ လို့ပြောထားတာတွေ့ပါတယ်။ ဒါပေမဲ့၊ ရှေ့မှာ ချောင်းကျော်ရှိတယ်လို့ ဆိုင်းဘုတ်တွေ့တာနဲ့ ချောင်းကရောက်နေပြီ။ ဒီတော့၊ ဆိုင်းဘုတ်ကိုအားမကိုးနဲ့၊ အမြန်မောင်းရင်၊ ကိုရပ်လို့ရမဲ့အကွာအဝေး (မျက်စေ့တစ်ဆုံး၊ ရှေ့ဝဲယာ) ဘာမှမရှိမှ ဆက်မောင်း တွေ့ရင် လိုသလို အရှိန်လျှော့ မှ ရပါမယ်။

Aung Khin Myintအဲလို သတိပေးဆိုင်းဘုတ်နဲ့ သတိထားရမယ့် အနေအထား ကပ်နေတာ ဟာ ကားမောင်းတဲ့သူတွေအတွက် ရင်လေးစရာပဲ .... အကိုရေ ..

Cliff Leeဒီတစ်ခါ ပုဂံက မန္တလေးအ ပြန်မှာ တော့ လမ်းဖြောင့်တယ်။ ၁၂၀-၁၃၀-၁၄၀ လောက်ထိ တင်လို့ရတယ်၊ အရမ်းသတိထားနေရတယ်။ ဘာပဲဖြစ် ဆိုင်းဘုတ်ပဲရှိရှိမရှိရှိ ကိုယ့်မျက်စေ့ကိုယ်ယုံ၊ အသက်နဲ့အရှိန်ကို ဉဏ်စောင့်၊ စကားတစ်ခွန်းက "သေချာအန္တရယ်ကင်းမှကိုယ်နှိုင်တဲ့ maximum speed အထိတင်"။


Cliff LeeYes. But this is Burma. No standard. So we need to act accordingly for our own safety and those on the road side, and any close by vehicles.

And concrete roads are different from other road, that you need to put in your consideration when thinking how fast you will be keeping your car running at.



Cliff LeeBlaming road is not good, or rules are bad or standards is not there will not keep you safe. Acting accordingly will keep you safe. Otherwise we will continue blaming road, rules and standards from our next lives. har har..

ဘလော့ရေးကြသူများ သို့မဟုတ် အင်တာနက် အွန်လိုင်းတွင် စာရေးသူများ နေ့

$
0
0
အင်တာနက် အွန်လိုင်းပေါ်မှာ မြန်မာစာ၊ မြန်မာစာလုံးတွေ ဖတ်လို့ရအောင် ရေးလို့ရအောင်
ကျိုးစားအားထုတ်ကြတဲ့ ကွန်ပြူတာ I.T သမားပေါင်း များစွာ ရှိခဲ့ကြမှုာပါ သို့မဟုတ်လည်း
အနည်းငယ်ထက်ပိုပြီး ရှိရင်လည်း ရှိနိုင်ပါတယ်။ အဲလို I.T ပညာ နီးစပ်သူတွေ ကျွမ်းကျင်သူ
တွေကြားထဲက ညီလင်းဆက်နဲ့ မန္တလေးက ဘလော့ဂါ ကိုမောင်လှတို့က ခပ်စောစော အချိန်
ကာလတစ်ခုမှာ အွန်လိုင်းပေါ် ကိုယ်ပိုင် စာမျက်နှာတစ်ခု ဖွင့်ပြီး မြန်မာစာလုံးတွေနဲ့ ရေးဖို့
ကျိုးစားကြသူများလို့ ကျနော် ထင်ပါတယ်။

၂၀၀၇ ခုနှစ် မြန်မာနိုင်ငံက နိုင်ငံရေး ပြသနာတွေ အုံကြွမပေါ်ပေါက်ခင်မှာ ပြည်တွင်းကနေ
မြန်မာစာလုံးနဲ့ အင်တာနက်ပေါ်မှာ အဲလို စာရေးသားကြတဲ့ အွန်လိုင်း မီဒီယာ စာရေးသူ
အုပ်စုတစ်စု ပေါ်လာတယ်လို့ ထင်ပါတယ်။ ကွယ်လွန်သူ ဒေါက်တာ နေ၀င်းမောင်နဲ့ ပြည်တွင်း
က I.T လေ့လာသူတချို့ဟာ Myanmar Egress (မြန်မာ အီးဂရက်) လို့ ခေါ်တဲ့ အုပ်စု တစ်စုကို
အစောပိုင်း ကာလတွေမှာ ထူထောင်ပြီး မြန်မာ့နိုင်ငံရေးနဲ့ လူ့အဖွဲ့အစည်း၊ တရားမျှတမူ
တွေ၊ လူ့အခွင့်အရေးတွေအတွက် စိုင်းပြင်းခဲ့ကြတယ်လို့ ကျနော် ထင်မြင် ယူဆပါတယ်။

တတိယမြောက် အင်အားစုဆိုတဲ့ စကားလုံးဆိုတာ လူ့အဖွဲ့အစည်းတိုင်း၊ နေရာတိုင်းမှာ ရှိ
ပါတယ်။ တကယ်ပဲ တတိယမြောက်အောင် လုပ်နိုင်တာမျိုးတွေ ရှိသလို မလုပ်နိုင်တာတွေ
လည်း ရှိနိုင်ပါတယ်။ “အီးဂရက်” (Egress) ဆိုတဲ့ ဝေါဟာရနဲ့ ပက်သက်ပြီး ကျနော့်မိတ်ဆွေ
တစ်ဦးဖြစ်တဲ့ ကိုမောင်မောင်သိမ်း (အမေရိကန်၊ ဆန်ဖရန်စစ္စကို ဘေးဧရိယာနေ ၈၈ မျိုးဆက်
ကျောင်းသားခေါင်းဆောင်ဟောင်း၊ လက်ရှိ ရွှေည၀ါဆရာတော် ကပ္ပိယကြီး)က .....
“အီးဂရက်ဆိုတာ ရုပ်ရှင်ရုံကြီး တစ်ရုံမှာ ရုပ်ရှင်ဇာတ်ကား အမျိုးမျိုးကို ကြည့်ရူနေတဲ့ ပရိတ်သတ်
တွေက သူတို့ရုပ်ရှင်အပြီး ခန်းမအသီးသီးက ထွက်လာကာစ ရုံအပြင်ကို ထွက်ဖို့အရေး
ရုံထဲက တစ်ခုတည်းသော လမ်းမအကျယ်ကို ခေါ်တာ …. ဘယ်ဇာတ်ကား ဘယ်ရုပ်ရှင်
ကို ကြည့်လာတဲ့သူ ဖြစ်ပါစေ … ဇာတ်လမ်းအပြီး ကိုယ့်ခန်းမထဲကနေ အပြင်ကို ထွက်လိုက်
လို့ တခြားခန်းမတွေထဲကနေ ထွက်လာသူတွေနဲ့အတူ ရုံထဲကနေ အပြင်ကို ထွက်ရတဲ့
တစ်ခုတည်းသော လမ်းမကြီး …… ”

၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး မတိုင်ခင်ကတည်းက အင်တာနက်အွန်လိုင်းမှာ
စာရေးသူတွေရှိပါတယ်။ ပြည်းတွင်းက စာရေးသူတွေ ရှိသလို ပြည်ပမှာ နေထိုင်တဲ့
ဘလော့ဂါတွေလည်း ရှိပါတယ်။ ကျနော်ကိုယ်တိုင် ၂၀၀၇ ခုနှစ် နှောင်းပိုင်း ၂၀၀၈ ခုနှစ်
အစမှာ ဘလော့ စရေးပါတယ်။ သတင်းအချက်အလက်တွေ တင်ပြတဲ့ သတင်းဘလော့ဂါ
တွေ၊ Hot News တွေကို up to date တင်ပြ ဖော်ပြနိုင်ကြတဲ့ ဘလော့ဂါ ပေါ်လာကြ
ပါတယ်။ တချို့ ဘလော့များဟာ ဘလော့တစ်ခုကို လူ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်တည်း
က စီစဉ်ပေမယ့် တချို့ဘလော့စာမျက်နှာများကတော့ နှစ်ဦး၊ သုံးဦး ပူးပေါင်း စီစဉ်ရတာ
မျိုးလည်း ရှိပါတယ်။ ဘလော့ဂါ တစ်ဦးတည်းက ဘလော့  နှစ်ခု၊ သုံးခု ဖွင့်ထားတာမျိုးလည်း
ရှိပါတယ်။ ကျနော်ကိုယ်တိုင် ဘလော့မှာ မြန်မာစာလုံးပေါ်လာအောင် လုပ်ရတဲ့ EOT
ကို ယနေ့အထိ မလုပ်တတ်ပါဘူး။ ကျနော့်ဘလော့ရဲ့ အပြင်အဆင် blogtemplate
တွေကို ကျနော် ဘာမှ မလုပ်တတ်ပါ။ ဂျာမဏီ နိုင်ငံမှာ လက်ရှိ နေထိုင်တဲ့ ဘလော့ဂါ
ကိုလင်းထက် လုပ်ပေးထားတာပါ။ ကျနော် တတ်နိုင်တာ လုပ်နိုင်တာ စာရေးရုံသက်သက်ပါ။

ကျနော် အပါအ၀င် ဘလော့ဂါ အများစုဟာ မြန်မာစာ အဓိကနဲ့ တက္ကသိုလ်မှာ ဘွဲ့ရ
လာတဲ့သူများ မဟုတ်ကြပါဘူး။ ကျနော်တို့ဟာ သဒ္ဒါစာလုံးပေါင်း အမှားမှား အယွင်းယွင်းနဲ့
ဘလော့လမ်းကို လျှောက်ခဲ့ကြပါတယ်။ ကျနော်တို့နဲ့ အင်မတန်မှ မနီးစပ်ခဲ့တဲ့ အယူအဆ
လမ်းတွေပေါ်မှာ လျှောက်ခဲ့ကြပါတယ်။ ယနေ့အထိလည်း လျှောက်နေကြဆဲပါ။
စာလုံးပေါင်း သတ်ပုံ အမှားတချို့နဲ့ “ကဗျာ” တွေ၊ “ဆောင်းပါး” တွေ ရေးခဲ့ကြပါတယ်။
ကဗျာရေးတော့ ကဗျာဆရာ စစ်စစ်ကြီး မဟုတ်ရင်တောင် ကဗျာရေးဖူးသူ သို့မဟုတ်
ကဗျာပိုင်ရှင်၊ ခေတ္တခဏ ကဗျာဆရာ ဖြစ်ဖူးသူပေါ့ …..

ဘလော့တစ်ခုကို တည်ဆောက်ပြီး ဘလော့ရေးရုံနဲ့ ဘလော့ဂါ စဖြစ်ပြီလား ဆိုတဲ့
မေးခွန်းဟာ ကျနော်တို့ ဘလော့ဂါတွေအကြားမှာ တိတ်ဆိတ်စွာ နေရာယူနေတဲ့
မြွေဆိုးတစ်ကောင်ပါပဲ။ ကျနော် ဘလော့လောကထဲ ၀င်ကာစက ကျနော်ဘလော့ပေါ်
မှာ ကျနော် ရေးထားတာကို လာဖတ်တဲ့သူ အင်မတန်မှ နည်းပါတယ်။ ကျနော် မှတ်မိ
သလောက် ထိုင်းနိုင်ငံမှာ လက်ရှိအထိ နေထိုင်နေတဲ့ ဘလော့ဂါ မောင်မျိုး၊ ထိုင်ဝမ်ကျွန်း
မှာ နေတဲ့ ဘလော့ရေးတဲ့ မြန်မာ မိန်းကလေးတစ်ဦးနဲ့ ကျနော်ဟာ သူ့ဘလော့၊ ကိုယ့်
ဘလော့ လည်ပတ် ကြည့်ရူပြီး C-box မှာ စာတွေ ရေးခဲ့ကြတယ်။ ကျနော့်ဘလော့လေး
ကို အဲဒီတုန်းက နေ့စဉ် စာလာဖတ်တဲ့သူဟာ သူတို့နှစ်ဦးသာ ရှိပြီး၊ သူတို့ ဘလော့
တွေမှာလည်း နေ့စဉ် စာလာဖတ်တဲ့သူ ဆိုလို့ အနည်းငယ်လောက်ပဲ ရှိခဲ့ပါတယ်။
နောက်တော့ ကျနော်တို့ သုံးယောက်မှာတောင် မောင်မျိုးက လူချစ်လူခင် များလာပြီး
စာဖတ်သူ နေ့စဉ် ရာဂဏန်း ကျော်လာပါတယ်။

ကျနော်တို့လို ဘလော့ဂါ ပေါက်စနလေးတွေဟာ နာမည်ရ ဘလော့ဂါတွေ၊ စီနီယာ
ဘလော့ဂါတွေရဲ့ C-box တွေ၊ ကော်မန့် ရေးတဲ့ နေရာမှာ ကော်မန့်တွေ ၀င်ရေးပြီး
ကိုယ်ဟာ ဘလော့ရေးကာစ ဘလော့ဂါလေး ဖြစ်ပါကြောင်း လူပျို လှည့်ရပါတယ်။
ပြည်တွင်းနေ ဘလော့ဂါ ပင့်ဂိုးက သူ့ဘလော့ C-box မှာ အဲလို လာနူတ်ဆက်တဲ့
ဘလော့ဂါ ပေါက်စနတွေကို “ခဏခဏ လာ မကြော်ငြာပါနဲ့… ”  ပြည်တွင်းမှာ
ကော်နက်ရှင် မကောင်းတဲ့ကြားက C-box ထဲကမှာ လာရေးသွားတဲ့ လင့်ခ်
ခြေရာတွေနောက် လိုက်ဖို့ ခက်ပါကြောင်း ရေးတာမျိုးတွေ ရှိပါတယ်။ အဲလို
၂၀၀၇- ၂၀၀၈ ခုနှစ် ဘလော့ဂါ ခေတ်ဦးမှာ ကျနော်တို့လို ဘလော့ဂါ ပေါက်စ
တွေဟာ အမေရိကန်က ကဗျာဆရာ သူပုန် ကိုအောင်သာငယ်၊ စက်ာပူက
ကဗျာဆရာမ ပန်ဒိုရာ၊ သြစတြေးရီးယားကျွန်းက မကေသွယ်တို့ရဲ့ ဘလော့
တွေထံ ချောင်းပေါက်မတတ် နေ့စဉ်သွားပြီး ကျနော်၊ ကျမတို့ရဲ့ ဘလော့ဂါ
အသစ်လေးများအား လက်တွဲခေါ်ယူ လင့်ခ်ချိတ်ပေးပါရန် မျက်နှာငယ်ငယ်ဖြင့်
နေ့စဉ် နူတ်ဆက်ရပါတယ်။ အမေရိကန်က မမိုးချိုသင်း (ကဗျာဆရာကြီးဦးတင်မိုး
၏ သမီး) ရဲ့ ဘလော့လေးထံမှာ ပို့စ်အသစ်တစ်ခု တင်လိုက်သည်နဲ့ ကျနော်၊
ကျမ ဘလော့ပေါက်စနများတို့သည် သူ့ထက်ငါ အလျင်အမြန် ကော်မန့်ရေး
ရခြင်းသည်လည်း မာရသွန် အပြေးပြိုင်ပွဲ ၀င်ရသလိုပါ။

ကျနော်တို့ မြန်မာဘလော့ဂါခေတ်ဦးမှာ မိမိဘလော့ စာမျက်နှာ (main page)နံဘေး
က ကော်လံအသေး (sidebar) မှာ အခြား ဘလော့တွေရဲ့ လင့်ခ်တွေကို ချိတ်ဆွဲပေးရေး
အတွက် မျက်နှာချို သွေးရခြင်းမှာ အင်မတန်မှ ခက်ခဲတဲ့ အလုပ်တစ်ခုပါ။ လူသည်
အသိအမှတ်ပြုခြင်းကို လိုလားသည့် သတ္တ၀ါဖြစ်လေရာ မိမိအား မည်သူက စတင်
အသိအမှတ်ပြုပေးမလဲ ဟူသော အတွေးဖြင့် နေ့စဉ် အခြားဘလော့များ၏ စာမျက်နှာ
များပေါ်သို့ လှည့်လည်သွားရခြင်းမှာလည်း ဘလော့ဂါ အသစ်တို့၏ ကြီးစွာသော ဒုက္ခ
ဟု ကျနော် ယူဆပါ၏။ ကျနော်တို့ဟာ စာ၊ အကြောင်းအရာကို ဖြစ်ဖြစ်မြောက်မြောက်
မရေးတတ်၊ မတင်ပြတတ်ပေမယ့် အသိအမှတ် ပြု ခံရရေးအတွက် ထိုသို့ အတွေးချော်
ကာ အချိန်ပေး ကော်မန့်လိုက်ရေး၊ C-box ထဲ ခြေရာလေးတွေ လိုက်ချခဲ့ဘူးပါတယ်။

ဘလော့ပေါ် စာရေးကာစက ဘာစရေးလို့ ရေးရမှန်း တကယ့်ကို မသိခဲ့ပါ။
တစ်ယောက်ယောက်က ပေါ်ပြူလာဖြစ်တဲ့ အဖြစ်အပျက်တစ်ခုအကြောင်း စရေး
လိုက်၊ ကဗျာ စပ်လိုက်တာနဲ့ ကျန်တဲ့သူ အများစုက အလားတူ ရေးကြ ပြောကြပါ။
မိမိအကြောင်း၊ မိမိ ထိတွေ့ဆက်ဆံခဲ့တဲ့ အတိတ်က အကြောင်းအရာတွေကို တင်ပြ
ရင်းကနေ ကျနော်တို့ဟာ ကိုယ့်ဘလော့လင့်ခ်ကို ဘယ်စီနီယာ ဘလော့ဂါကြီးများ
သူတို့ ဘလော့ sidebar မှာ လင့်ခ် ချိတ်ပေးမလားလို့ “သစ်ကုလားအုပ် လည်ပင် …”
လို တမျှော်မျှော်ပါ။ ဤသို့ဖြင့် ကျွန်ုပ်တို့ မြန်မာဘလောဂါ ပေါက်စနအပေါင်းတို့သည်
အင်တာနက် ရေစီးကြောင်းတွင် မျှော်ပါခဲ့ကြပါတယ်။

နောက်တော့ ထိုင်းနိုင်ငံက ဘလော့ဂါ ကိုသင်ကာ ရဲ့ အကောင်းဆုံး ဘလော့ပို့စ်တစ်ရာ
ဆိုတဲ့ စာရင်းထဲ ကျနော့်ဘလော့က ပို့စ်တစ်ခု ပါခွင့်ရပါတယ်။ အဲဒီ ၂၀၀၈ ခုနှစ်
မြန်မာဘလော့ဂါ ပွဲဆူစဉ်ခေတ်မှာ သဘော အကောင်းဆုံး ဘလော့ဂါကတော့
စက်ာပူနိုင်ငံက ဘလော့ဂါ ကိုလူသစ်ပါ။ ဘလော့ဂါ အသစ်လေးတွေကို လက်တွဲခေါ်
လေ့ရှိတဲ့ ဘလော့ဂါကြီးတွေကတော့ အမေရိကန်နေ ဘလော့ဂါ ကိုအောင်သာငယ်နဲ့
သြစီကျွန်းနေ မကေသွယ်တို့ပါ။ သူတို့ရဲ့ အသိအမှတ်ပြု လင့်ခ်ချိတ်ပေးမူကြောင့်ပဲ
ကျနော်တို့ ဘလော့ဂါ ပေါက်စနတွေ နေရာရ လူသိများခဲ့ကြပါတယ်။ ကျနော်တို့လည်း
လူသိများတာနဲ့ အမျှ ကျနော်တို့နောက်မှ ဘလော့ရေးလာကြတဲ့ ဘလော့ဂါအသစ်တွေ
ကို တွဲခေါ်ခဲ့ကြပါတယ်။ ထိုင်းနိုင်ငံက ဘလော့ဂါမောင်မျိုးရဲ့ C-box ဟာ ဘလော့ဂါ
ပေါက်စနပေါင်းများစွာတို့ရဲ့ ရင်ဖွင့်သံတွေနဲ့ စည်းကားနေကြပါ။ ကျနော့်ဘလော့က
Sidbar မှာ နေ့စဉ် သို့မဟုတ် တစ်ပတ် တစ်ခါလောက် update လုပ်ပြီး ဘလော့အသစ်
မှန်သမျှကို လင့်ခ်ချိတ် အသိအမှတ်ပြုခဲ့ပါတယ်။

ဘလော့ရေးကြတဲ့သူတွေ များသထက် များလာနဲ့အမျှ ပြသနာ အယူအဆတွေ ရှုပ်
ထက် ရှုပ်လာကြပါတယ်။ ဘလော့ဂါတွေ အချင်းချင်း အငြင်းပွား ရန်ဖြစ်ရင်းကနေ
သတ်မယ် ဖြတ်မယ်၊ ခုတ်မယ်ထစ်မယ်ဆိုပြီး အွန်လိုင်း အင်တာနက်ပေါ်ကနေ မမြင်
ဘူး မဆုံဘူးသူတွေကြား ဆဲဆို ပြသနာတက်တာတွေ ရှိခဲ့ ဖြစ်ခဲ့ကြပါတယ်။ စာရေး
တဲ့ ဘလော့ဂါတွေပဲ ပြသနာဖြစ်တယ်လို့ မထင်ကြပါနဲ့။ ဟင်းချက်နည်း ရေးတဲ့
အချက်အပြုတ် ဘလော့တွေကြားမှာတောင် “ဒင်းက မချက်တတ်ပဲ ဓါတ်ပုံတွေတင်၊
သူများစာတွေကို ကော်ပီကူးပြီး လုပ်နေတာ …” ဆိုပြီး ရန်ဖြစ်ကြတာ ရှိပါတယ်။

ကျနော့်အသိ ဘလော့ဂါတစ်ဦးဆိုရင် သူက သူ့နာမည်အမှန်အတိုင်း ဘလော့ရေး
ပါတယ်။ ဒီလိုနဲ့ အွန်လိုင်းပေါ် နာမည်ကြီး လူသိများလာတဲ့အခါ သူနေထိုင်ရာ
ပတ်ဝန်းကျင် အိမ်နီးနားချင်းတွေက မနာလို ၀န်တိုဖြစ်ပြီး သူနဲ့တကွ သူ့မိသားစုကို
ရစရာ မရှိအောင် အတင်းအဖျင်းအပြောခံရတဲ့အဆင့်ထိ ဖြစ်တာတွေ ရှိပါတယ်။

ဘလော့ရေးတဲ့ ဘလော့ဂါဟာ သူ့ဘလော့နဲ့ ဘလော့လောကကို စွဲလန်းပြီး
အချိန်အများစုကို အင်တာနက်အွန်လိုင်းမှာ အသုံးများခဲ့တဲ့အတွက် စီးပွားရေးနဲ့
မိသားစုဘ၀တွေ ထိခိုက်မူ ရှိခဲ့တဲ့ ဘလော့ဂါတွေတောင် ရှိခဲ့ဖူးပါတယ်။

တကယ်တော့ ဆိုရှယ်မီဒီယာပေါ်မှာ ၀ါသနာပါလို့ စာရေးတဲ့သူပဲဖြစ်ဖြစ်၊ လူအများစု
သိစေချင်လို့ နားလည်စေချင်လို့ ဖြန့်ချီသူပဲ ဖြစ်ဖြစ်၊ နာမည်ကြီး လူသိ များချင်တဲ့
သူပဲဖြစ်ဖြစ် …. မည်သည့်ရည်ရွယ်ချက်နဲ့ မည်သို့ စိတ်ထား ထားပါစေ အချိန်ကာလ
တစ်ခုကိုတော့ စိတ်ရှည်ရှည်နဲ့ ဖြတ်ကျော်ရပါတယ်။ တစ်ပတ်  ပို့စ်အသစ် တစ်ပုဒ်
တင်နိုင်ဖို့ဆိုတာ သတင်းဘလော့ဂါ မဟုတ်တဲ့ ဘလော့ဂါများအတွက် အင်မတန်
ခက်ခဲတဲ့ အလုပ်တစ်ခုပါ။

ယနေ့ခေတ်မှာ ဘလော့ဂါ အများစုဟာ ဘလော့တွေ စာရေးနေကြ အနေအထားကနေ
ဖေ့ဘွတ်၊ တွမ်တာဆီ ကူးပြောင်းသွားကြပါပြီ။ သို့ပေမယ့် ထင်ရှားပြီး အများအကျိုးစီးပွား
အတွက် ထိခိုက်နစ်နာမူတွေ မပေါ်ပေါက်အောင် အွန်လိုင်းအင်တာနက်ပေါ်က အပျော်တမ်း
မြန်မာဘလော့ဂါများရဲ့ အခန်းကဏ္ဍဟာ သမိုင်းစာမျက်နှာရဲ့ ရှုထောင့်တစ်ခုမှာ
ထင်ထင်ရှားရှား ရှိနေမှာကတော့ အသေအချာပါ။

…………..
ကွယ်လွန်သူ မြန်မာဘလော့ဂါများ ကောင်းရာသုဂတိ ရောက်ရှိပါစေ ….
ဘ၀ရဲ့ တန်ဖိုးရှိအချိန်တွေကို ပေးဆပ်ခဲ့တဲ့ ဘလော့ဂါများ စိတ်သွားတိုင်း ကိုယ်ပါ ဖြစ်ကြပါစေ ….
အင်တာနက်ဆိုရှယ်မီဒီယာပေါ်က မြန်မာစာပေမြတ်နိုးသူများ အဓွန့်ရှည်ပါစေ ….

လို့ ကျနော် ဆုတောင်းပါတယ် ….

ကျနော် “ပျူနိုင်ငံ” ဘလော့ကို ရေးတဲ့ ဘလော့ဂါကိုအောင် ပါ ခင်ဗျာ …..



နိုင်ငံတော် အကျဉ်းသား စာအုပ်

$
0
0

ရေးသူ- (ကို)အောင်မိုးဝင်း

တရုတ်ပြည်ကြီး တိုးတက်မှုအကြောင်းပြောတိုင်း တိန့်ရှောင်ဖိန် တယောက်တည်းကိုပဲ အမှတ်ပေး ခြီးမွန်းလေ့ရှိကြတယ်။ နိုင်ငံတော်ရဲ့ အကျဉ်းသား ဆိုတဲ့စာအုပ်လေးကို ဖတ်စေချင်ပါတယ်။ တရုတ်စီးပွားရေးတိုးတက်မှုကို အဓိကဖြစ်စေတဲ့ အကြောင်းရင်း အပါအဝင် တီယင်မင်လူသတ်ပွဲအထိ စိတ်ဝင်စားစရာအပြည့် ။
ဒီစာအုပ်က ကွန်မြူနစ်ပါတီရဲ့ ဝါဒဖြန့်စာအုပ်မဟုတ်တော့ ဖတ်လို့ပိုကောင်းပါတယ်။

တကယ်တော့ တိန့်ရှောင်ဖိန်က စီးပွားရေးဦးမော့လာဖို့အတွက် ဝန်ကြီးချုပ် ကျောက်ကျိယံကို အားကိုးခဲ့တယ်။ ဈေးကွက်စီးပွားရေးအတွက် မဟာဗျူဟာကျကျလှမ်းဖို့ ကျောက်ကျိယံကို ဦးဆောင်စေချင်တယ်။ အနောက်နိုင်ငံတွေနဲ့ နီးစပ်စေခဲ့တယ်။

ဒါပေမယ့် တီယင်မင်ရင်ပြင် ကျောင်းသားလှုပ်ရှားမှုနဲ့ လူသတ်ပွဲတွေက ကျောက်ကျိယံနဲ့ တိန့်ရှောင်ဖိန် နှစ်ယောက်ကြားမှာ အကြီးအကျယ် ကွဲအက်စေခဲ့တယ်။


ဒီလိုနဲ့ ကျောက်ကျိယံတယောက် ရာထူးက ဖယ်ရှားခံလိုက်ရတယ်။

နိုင်ငံရေး ကိစ္စတွေကို ခဏထား။ 




တရုတ်စီးပွားရေး ဖေါ်ဆောင်မှုအယူအဆ ကို ပြောကြည့်ရအောင်
တရုတ်က ဈေးကွက်စီးပွားရေး လုပ်ယုံတင်မကဘူး
အရင်းရှင်တွေကို ကွန်မြူနစ်ပါတီဝင် ပေးပစ်တယ်
အဓိက ကတော့ ကွန်မြူနစ်နဖူးစီးတပ်ပြီး စီးပွားရေးလုပ်ခိုင်းတာ

တိန့်ရှောင်ဖိန်က လက်တွေ့ကျတယ်။
ကားလ်မာ့က်စ် ပြောသလိုမျိုး လိုက်လုပ်ရင် ကျန်တဲ့ ကွန်မြူနစ်နိုင်ငံတွေလို
ဒုက္ခရောက်တော့မယ်။ ငတ်တော့မယ် ဆိုတာ သိတယ်။
ဒါ့ကြောင့် တရုတ်နည်းတရုတ်ဟန် အရင်းရှင်စံနစ်ဆီကို တရွေ့ရွေ့ပြောင်းတယ်
တရုတ်အရင်းရှင်စံနစ်က အာဏာရှင်ဆန်တဲ့ စီးပွားရေးဖေါ်ဆောင်မှု
ဒါပေမယ့် ကွန်မြူနစ်ခရိုနီတွေအပေါ် အခွင့်အရေးတအားပေးထားတယ်။

ကွန်မြူနစ်ခေါင်းဆောင်တွေရဲ့ မိန်းမတွေက စိန်ကုန်သည် ကျောက်မျက်ရတနာဋ္ဌာန အကြီးအကဲတွေ။
ပါးစပ်ကတော့ ပြောနေတာပဲ
လူတန်းစားညီမျှမှု၊ ကွန်မြူနစ် ဘာညာပေါ့
ဒါပေမယ့် တရုတ်သွားနေတဲ့လမ်းက အရင်းရှင်အာဏာရှင်စံနစ် ပါ။

စစ်အေးတိုက်ပွဲတုံးက အမေရိကန်တွေမှားခဲ့သလိုမျိုး
အာဏာရှင်တွေကို ထောက်ခံပေးပြီး ဆရာမွေးတပည့်မွေးလုပ်ပြီး စီးပွားရှာတော့တယ်။
ကွန်မြူနစ်အတွေးအခေါ်ထက် ငွေနဲ့ချမ်းသာကြွယ်ဝမှုကို ပိုဇောင်းပေးခဲ့ကြတော့ စီးပွားဖြစ်လာတော့တာပေါ့။ စာအုပ်ကို ဖတ်ကြည့်စေချင်ပါတယ်။

ဆရာ ဘဲလားလေဘာတီ ရဲ့ ဓမ္မစေတီ ခေါင်းလောင်း နဲ့ ပတ်သက်သော သုံးသပ်ချက်

$
0
0

ဓမ္မစေတီ ခေါင်းလောင်းသည် ပိဿာချိန် (၁၈,၀၀၀) တန်ချိန်၂၉ ဒသမ ၃၃ တန်သာ ရှိရမည်။ ၂၉၄ တန် လုံးဝမဟုတ်ပါ။

သမိုင်းဆိုတာ ဖျောက်ဖျက်၍ရသော အရာတစ်ခု မဟုတ်သလို သမိုင်းတိုင်းကိုလည်း မြင့်မားတဲ့ အတွေးအခေါ်တွေနဲ့ ပြန်လည်ဆန်းစစ် ဝေဖန်တတ်ဖို့ကလည်း အလွန်လိုအပ်လှပါတယ်။ သမိုင်းဆိုတာ ခေတ်တစ်ခုရဲ့ အမှတ်အသားတွေသာ ဖြစ်သလို ခေတ်တစ်ခုရဲ့ Transition timeline တွေမှာလည်း ဝေခွဲမရနိုင်လောက်တဲ့ Error အမှားတွေလည်း ရှိနေတတ်ပါတယ်။ ယနေ့ မြန်မာပြည်မှာ ဓမ္မစေတီ ခေါင်းလောင်းက ရေပန်းစားနေသလို တူးဖော်နေသူတွေကလည်း ပြည်သူတွေကို ပုံပြင်ဒဏ္ဍာရီဆန်တဲ့ ဂမီ မရလမ်းကြောင်းပေါ်ကို ဆွဲတင်နေကြသလိုလည်း ဖြစ်နေပြီး ပြည်သူတွေကို နိမ့်ကျတဲ့ အတွေးခေါ်နဲ့ အယူမှား၊ အတွေးမှား၊ ကိုးကွယ်မှားအောင် ဂမ္ဘီရ အမှောင်တိုက်သို့ သွေးဆောင်နေသလိုလည်း ဖြစ်နေပါတယ်။

တကယ်တော့ ဓမ္မစေတီ ခေါင်းလောင်းကို ကမ္ဘာက သိရခြင်းက ၁၅၈၃ စက်တင်ဘာ နောက်ပိုင်းမှာ ဗင်းနစ် (Venence) မြို့သား ကုန်သည် Gaspero Balbi (ဂါးစ်ပါရို) ၏ ခရီးသွားမှတ်တမ်း တစ်ခုကြောင့်ပင် ဖြစ်ပါတယ်။ အဲဒီ ဂါးစ်ပါရိုရဲ့ ခရီးသွားမှတ်တမ်းကို (Voyage to Pegu, and Observations There, Circa 1583) Gaspero Balbi လို့ ပုံနှိပ်ထုတ်ဝေလိုက်တဲ့ အချိန်ကစပြီး ကမ္ဘာ့သမိုင်း သုတေသီတွေက ဓမ္မစေတီမင်းနဲ့ ဓမ္မစေတီ ခေါင်းလောင်းကို စိတ်ဝင်စားခဲ့ကြတာပဲ ဖြစ်ပါတယ်။ Gaspero ဟာ သူ ရွှေတိဂုံဘုရား ကုန်းမြင့်ပေါ်ရောက်တော့ ခန်းမလို့ပင် တင်စားလောက်တဲ့ အလွန်ကြီးတဲ့ ခေါင်းလောင်းကြီးကို တွေ့ခဲ့ကြောင်းနဲ့ ခေါင်းလောင်းကြီး အဝန်းက လူသုံးယောက်ဖက်စာလောက် ရှိနေပြီး အမြင့်က ခြေလှမ်းကျဲ ခုနစ်လှမ်းလောက် ရှိမယ်လို့ ခေါင်းလောင်းရဲ့ ကြီးမားပုံကို တင်စားထားခဲ့ပါတယ်။ ဓမ္မစေတီခေါင်းလောင်း၏ သမိုင်းတစ်လျှောက်လုံးမှ ယနေ့တိုင် ခေါင်းလောင်း၏ အလေးချိန်ကို ပိဿာချိန် ၁၈၀,၀၀၀ (မက်ထရစ်တန် ၂၉၄ တန်) ရှိတယ်လို့ ခေါင်းလောင်းကို တွင်တွင်တင်စားလို့ နေကြတာတွေကိုသာ တွေ့နေရသလို ဒီကိန်းဂဏန်းတွေက ဖြစ်နိုင်မလား၊ မဖြစ်နိုင်ဘူးလား ဆိုတာကိုတော့ ဘယ်သူကမှ မတွေးခေါ်ခဲ့ကြပါဘူး။ တကယ်ဆို ဒီကိန်းဂဏန်း တန်ချိန် ၂၉၄ တန် ဆိုတာက လုံးဝမဖြစ်နိုင်ပါဘူး။

အဲဒီ ကိန်းဂဏန်းအတိုင်း ခေါင်းလောင်း အလေးချိန်က ရှိနေခဲ့ရင်လည်း အဲဒီဓမ္မစေတီ ခေါင်းလောင်းက ပဲခူးကနေ ရွှေတိဂုံဘုရားကုန်းပေါ် ဘယ်လိုမှ ရောက်နိုင်စရာ မရှိသလို အပြန်အလှန်အားဖြင့် ရွှေတိဂုံကနေ လက်ရှိ ရှာနေကြတဲ့ မြစ်ဆုံကို မဆိုထားနဲ့၊ ကမ်းနားကိုတောင် ရောက်သွားနိုင်စရာအကြောင်း မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀ ကျော်လောက်ကို မဆိုထားပါနဲ့၊ ယနေ့ခေတ်ကြီးမှာတောင် တန် ၃၀၀ လောက်ရှိတဲ့ ဝန်ထုပ်တစ်ခုကို တစ်နေရာကနေ တစ်နေရာကို သယ်ဖို့ မလွယ်လှပါဘူး။ ယနေ့ ဆိပ်ကမ်းမှာသော်မှ ကုန်သေတ္တာ (Container) တန် ၄၀ ကို မ,နိုင်တဲ့ Crane တွေလောက်ကိုသာ ထားရှိသလို တံတားတွေကိုတောင် တန် ၆၀ ဒဏ် ခံနိုင်ရုံလောက်ပဲ ဆောက်ထားကြတာပါ၊၊ ပြီးတော့ ထိုနှစ် ၄၀၀ ကျော်လောက်က Duch တွေက ရွက်သင်္ဘောတွေနဲ့ သွားလာနေကြတာမို့ တန်သုံးရာဝန်ကို တင်ဖို့ဆိုရာမှာ အနည်းဆုံး တန် ၄၀၀ ရှိတဲ့ သဘောမျိုး ရှိနေဖို့ လိုပါတယ်။ အဲဒီခေတ်မှာ အောက်ပုံမှာ မြင်ရတဲ့ ရွက်သင်္ဘောမျိုးတွေလောက်သာ ရှိနေခဲ့တာမို့ တန် ၃၀၀ ကို ဒီလို ရွက်သင်္ဘောတစ်စင်းပေါ် သို့မဟုတ် နှစ်စင်းတွဲပေါ်ကို ဘယ်လိုမှ တင်ယူနိုင်စရာအကြောင်း လုံးဝမရှိပါဘူး။

ဒါကြောင့် ဓမ္မစေတီခေါင်းလောင်း သမိုင်းမှာ ပိဿာချိန် ကိန်းဂဏန်း Error ဧကန် ရှိနေပြီ ဆိုတာကို ရဲရဲဝံ့ဝံ့ ပြောနိုင်ပါတယ်။ ခရီးသွားမှတ်တမ်းမှာ Gaspero ကလည်း ခေါင်းလောင်းရဲ့ အရွယ်အစား ပမာဏကို အဝန်း လူသုံးဖက်မျှ၊ အမြင့် ခြေလှမ်းခုနစ်လှမ်းလောက် ဆိုတာ ခန့်မှန်းရေးသားထားခြင်းသာ ဖြစ်သလို ခေါင်းလောင်းပေါ်က ပိဿာချိန် ၁၈၀,၀၀၀ ဆိုထားရာမှာလည်း ကိန်းဂဏန်း Error ဧကန် ရှိနေပြီး ဖြစ်ပါတယ်။

တကယ်ဆို ကိန်းဂဏန်းက ၁၈၀,၀၀၀ မဖြစ်နိုင်ဘဲ ခေါင်းလောင်းပေါ်က ကိန်းဂဏန်းက ၁၈,၀၀၀ မျှသာ ဖြစ်နိုင်ပါတယ်။ ဒါဟာ ခေါင်းလောင်းပေါ် ကမ္ပည်းထိုးသူက Zero သုံညတစ်လုံး ပိုထုမိသွားတာ ဖြစ်နိုင်သလို ခေါင်းလောင်းပေါ်က ကူးယူသူတို့၏ အမှားလည်း ဖြစ်နိုင်ပါတယ်။ ပိုမိုရှင်းလင်းအောင် ပြောရမယ်ဆိုရင် ပိဿာချိန် ၆၁၃ ဒသမ ၅ ပိဿာဟာ မက်ထရစ်တန် တစ်တန်နဲ့ ညီမျှပါတယ်။ ဒီတော့ ပိဿာချိန် ၁၈၀,၀၀၀ ကို (၆၁၃ ဒသမ ၅) ပိဿာနဲ့ စားလိုက်ရင် ယခုဖော်ပြနေကြတဲ့ မက်ထရစ်တန်ချိန် ၂၉၃ ဒသမ ၃၉ တန်ကို ရပါတယ်။ တစ်ခါ ပိဿာချိန် ၁၈,၀၀၀ ကို ၆၁၃ ဒသမ ၅ နဲ့ စားမယ်ဆိုရင် မက်ထရစ် တန် ၂၉ ဒသမ ၃၄ တန်ကို ရပါတယ်။

ဒီတော့ ဒီခေါင်းလောင်းရဲ့အလေးချိန် အမှန်က အထက်ပါ ၂၉ ဒသမ ၃၄ တန်ပဲ ဖြစ်နေရမှာပါ။ အဲဒီလို တန် ၃၀ သာ ရှိနေခဲ့တာမို့ DeBrito (ငဇင်ကာ) အလွယ်တကူ ခိုးယူနိုင်ပြီး ပုဇွန်တောင်ချောင်းအထိ ဆင်နဲ့ ဆွဲနိုင်ခဲ့တာ ဖြစ်သလို သူ့ရဲ့ Duch သင်္ဘောနှစ်စင်းကို ယှဉ်ပြီး တင်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါတောင် သူ့သင်္ဘောနှစ်စင်းက ဒီတန် ၃၀ မျှကိုတောင် မနိုင်ဝန်ထမ်းရတဲ့ အခြေအနေ ဖြစ်သွားတာမို့ အဲဒီ သင်္ဘောနှစ်စင်းလုံး မှောက်သွားရတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့ ကျွန်တော် ရဲရဲဝံ့ဝံ့ စိန်ခေါ်ပြီး ပြောနိုင်တာက ဓမ္မစေတီခေါင်းလောင်းဟာ လက်ရှိ ဖော်ပြနေကြတဲ့ ပိဿာချိန် ၁၈၀,၀၀၀ (၂၉၄ တန်) လုံးဝ မဟုတ်ကြောင်း၊ ခေါင်းလောင်းက ပိဿာချိန် ၁၈,၀၀၀ မက်ထရစ်တန် (၂၉ ဒသမ ၃၄) တန်သာ ရှိရမည် ဖြစ်ကြောင်း အတိအလင်း ကြေညာအပ်ပါတယ်။ ကမ္ဘာပေါ်မှ မည်သည့်ပညာရှင်နှင့်မဆို ယှဉ်ပြိုင် ဖြေရှင်းပေးနိုင်ကြောင်းကိုလည်းအာခံချက် ပေးထားပါတယ်။

ဓမ္မစေတီခေါင်းလောင်းဟာ Duch ကုန်သည် ခရီးသွားမှတ်တမ်းအရ ခေါင်းလောင်းအဝ ကျယ်လွန်းနေလို့ out of bell shape ဖြစ်နေနိုင်သလို Thickness (အထူ) က ပုံမှန်ရှိသင့်တာထက် ပါးနေနိုင်ပါတယ်။ ပြီးတော့ လူတွေ ပြောနေသလို မီးကျောင်းနက္ခတ်နဲ့ ထုလို့ အသံမထွက်ဘူး၊ အသံမမှန်ဘူး ဆိုတာကလည်း နက္ခတ်ကြောင့် မဟုတ်ပါဘူး။ အထက်မှာ ဖော်ပြထားသလို out of bell shape ဖြစ်နေပြီး အထူအပါး မညီတာရယ်ကြောင့် ရွှေ+ကြေး+ငွေနဲ့ သံ Alloy metal တွေကို စပ်တဲ့နေရာမှာ Ratio အချိုးအစား စံမညီမျှခဲ့ရင် အဲလိုဖြစ်တတ်ပါတယ်။ နောက်ပြီး ခေါင်းလောင်းဟာ တန် ၃၀ မျှသာ ရှိနေပြီး နှစ်ပေါင်း ၄၀၀ ကြာမြင့်ခဲ့ပြီးမို့ လက်ရှိ အခြေအနေမှာ ခေါင်းလောင်းဟာ မြစ်ရေအောက်မှာ အနည်းဆုံး ပေ ၂၀ အောက် မြေကြီးထဲကို နစ်မြုပ်ဝင်သွား နေရမှာ ဖြစ်ပါတယ်။ ဒါကြောင့် တည်နေရာအမှန်ကို ဘယ်သူမှ အတိကျသိနိုင်မှာ မဟုတ်တော့သလို ခေါင်းလောင်းတင်သွားတဲ့ သင်္ဘောနှစ်စင်းကလည်း သစ်သားသင်္ဘောတွေပေမို့ နှစ် ၄၀၀ ကြာသွားပြီမို့ သင်္ဘောတွေကိုလည်း အလုံးလိုက် တွေ့နိုင်စရာအကြောင်း မရှိတော့ပါဘူး။

လက်ရှိ ရှာဖွေနေတဲ့အဖွဲ့ဟာ ဆလုံ ၁၀ ယောက်လောက်ကို ငုပ်ရှာခိုင်းတယ် ဆိုကတည်းက သူတို့ဟာ နှစ်ပေါင်း ၄၀၀ ဆိုတဲ့အချိန်ရဲ့ နက်ရှိုင်းမှု မသိနားမလည်ကြသလို ဘိုးတော်ဦးစီးတဲ့ အဖွဲ့မျိုးလည်း ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့်လည်း လွယ်လွယ်နဲ့ အာမခံချက်တွေ လျှောက်ပေးခဲ့ပြီး တဖြည်းဖြည်း အဖျားရှူးသွားနေကြတာပဲ ဖြစ်ပါတယ်။ သူတို့ အရင်အစိုးရ အကူအညီတောင်းလို့ အင်္ဂလိပ်ရေကြောင်း သိပ္ပံပညာရှင် Mr.Mike Hatcher ဦးစီးတဲ့ အဖွဲ့က ၂၀၀၁ ခုနှစ် မတ်လကစပြီး ခေတ်မီကိရိယာတွေနဲ့ under water ground survey ကို ကိုးလတိုင် လုပ်ခဲ့တယ် ဆိုတာကိုလည်း သူတို့က မသိသလို နောက်ဆုံး ၂၀၁၀ ပြည့်နှစ်ရောက်မှ Damien Lay ရဲ့ စီမံကိန်းမှာ side scan Sonar survey ကို မြစ်ရေအောက် မြေကြမ်းပြင် (လေးကီလိုမီတာ) ပတ်ပတ်လည်ကို ခေတ်မီ ရေငုပ်ဝတ်စုံ ရေငုပ်သမားများနှင့် Survey လုပ်ခဲ့တယ် ဆိုတာကိုလည်း သူတို့ မသိကြသလို ၂၀၁၂ ဇွန်မှာလည်း ရှေးဟောင်းသုတေသန ဌာနနဲ့ စင်ကာပူက SD Mark International LLP Co. ကုမ္ပဏီတို့က ခေါင်းလောင်း ပြန်လည်ရှာဖွေရေးအတွက် USD 10 million အမေရိကန်ဒေါ်လာ ဆယ်သန်းကို မတည်ဖို့ သဘောတူခဲ့ကြပါသေးတယ် ဆိုတာတွေကိုလည်း သူတို့မသိခဲ့ကြပါဘူး။

ဒါတွေကို မလေ့လာဘဲ လက်ရှိ အဖွဲ့ခေါင်းဆောင်က ဘိုးတော်တွေ ပြောတဲ့အတိုင်း သတင်းမီဒီယာတွေ လျှောက်ပြော၊ စာရွက် လျှောက်ဝေတာမျိုးတွေကို လုပ်နေခဲ့ကြတာပါ။ တကယ်တော့ ဒီခေါင်းလောင်းကို တွေ့သည့်တိုင် ခေတ်မီသိပ္ပံနည်းပညာတွေ မရှိဘဲ ဒီခေါင်းလောင်း အပေါ်မရောက်နိုင်သလို လက်ရှိအဖွဲ့က တူးဖော်ခဲ့ရင် ခေါင်းလောင်း ပျက်စီးသွားရုံကလွဲလို့ ဘာမှဖြစ်လာစရာ မရှိပါဘူး။ နှစ်ပေါင်း ၄၀၀ တိုင် စွတ်စိုတဲ့ မြစ်ရေအောက်မှာ ရှိနေတဲ့ Alloy Metal အကောင်းပကတိ မရှိနိုင်ပါဘူး။ Alloy မှာ သံပါနေတာမို့ အဲဒီခေါင်းလောင်းမှာ ဆန်ခါပေါက်တွေ ဖြစ်နေမှာ ဖြစ်သလို ထိလိုက်တာနဲ့ ကြွေသွားမှာပါ။ ဒါတွေကို လက်ရှိအဖွဲ့က ဘာမှမသိကြဘဲ ဆလုံတွေ ခေါ်ငုပ်ခိုင်းပြီး တွေ့တာနဲ့ ကရိန်းနဲ့ ဆွဲတင်လို့ ရမယ်လို့ လွယ်လွယ်ထင်နေခဲ့ကြတာပါ။ အချိန်ရဲ့ နက်ရှိုင်းမှုနဲ့ မြစ်ရေအောက် သဘာဝအပြင် သစ်သားတစ်တုံးက ရေအောက်မှာ နှစ်လေးရာ ကြာသွားရင် ဘယ်အဆင့်ကို ရောက်နေမယ်ဆိုတဲ့ သုတတွေလည်း မရှိတာမို့ ယခုလို လွယ်လွယ်လျှောက်ပြောပြီး ပြည်သူတွေကို နတ်မှိုင်း၊ ဘိုးတော်မှိုင်းတွေကို တိုက်နေကြပြီး ကိုးကွယ်မှုတွေ မှားအောင် ဖန်တီးနေကြသလိုလည်း ဖြစ်နေပါတယ်။

ပြည်သူတွေမှာ အတွေးအခေါ်တွေ နိမ့်ကျလာနေရင် ကိုးကွယ်မှုတွေ မှားလာပြီး တဖြည်းဖြည်း လူမျိုးရေးတွေကိုပါ ကျဆင်းလာစေနိုင်သလို ပြည်သူတွေကို အတွေးအခေါ် နိမ့်ကျအောင်၊ ကိုးကွယ်မှု မှားအောင် ဖန်တီးသူတွေကလည်း နံပါတ်တစ် အမျိုးသားရေး ရန်သူတွေလည်း ဖြစ်သွားနိုင်ပါတယ်။

-ဘဲလားလေဘာတီ (Astro-Political Scientist)

ရွှေမမှန်တဲ့ ရွှေ

$
0
0

ရေးသူ- (ကို) အောင်မိုးဝင်း
 
မြန်မာပြည်က လာတဲ့သူတွေကို ဘာကြောင့် “ ရွှေ” လို့ ခေါ်သလဲ ဆိုတာကို နိုင်ငံရပ်ခြားရောက်လာမှ ပိုပြီး သဘောပေါက်တော့တယ်။ မိန်းမတွေက ရွှေ တကယ်ကြိုက်တာကိုး။ မကြာသေးမီက ရောက်လာတဲ့ ဒုက္ခသည်ကောင်မလေးရဲ့ လက်တခုလုံးမှာ ရွှေတွေ တလက်လက်ထနေတယ်။ ဒီလောက်များတာ အတုတွေပဲ နေမှာပါလို့ ထင်နေတာ။ မဟုတ်ဘူး။ အစစ်တွေ တဲ့။ မကြာဘူး။ တလထက် တလ ၊ ကောင်မလေးရဲ့ ရွှေတွေက တံထောင်ဆစ်အထိ ရောက်လာတော့တယ်။

သူတို့ကသာ တဖြည်းဖြည်း ရွှေတွေ အိနေတာ။ကလေးတွေက ဝမလာဘူး။ အစိုးရက သံသယရှိလာတယ်။ ဒါကြောင့် သူတို့ကို ဝင်စစ်တယ်။
အပါးပါး။ မြန်မာဒုက္ခသည် အမျိုးသမီးတွေ ကလေးတွေအတွက် ပေးထားတဲ့ နွားနို့၊ Food Stamps တွေကို ကလေးအတွက်မဝယ်ပဲ၊ မြန်မာကုန်စုံဆိုင်မှာသွား၊ ငွေနဲ့လဲ၊ ပြီးတော့ ရွှေဝယ်စုကြသတဲ့။ ကျောင်းသားတယောက်ဖွင့်ထားတဲ့ မြန်မာကုန်စုံဆိုင်ကလည်း သိပ်ပြီး အမြတ်မယူပါဘူး။ ရောက်ခါစ လူဆိုရင် Food Stamp ( ဒေါ်လာ ၁၀၀) ဆိုရင် (၈၀-၈၅ ဒေါ်လာ) နဲ့လဲသတဲ့။ ဒုက္ခသည်တွေ ကားမရှိရင် ကားနဲ့အကြိုအပို့လုပ်ပေးပြီး သူ့ဆိုင်ကို ဈေးဝယ်အောင် လုပ်လေ့ရှိသတဲ့။ ခုတော့- food stamp ကို ငွေ နဲ့ လဲသူရော၊ လဲပေးတဲ့ဆိုင်ရော၊ အစိုးရက ဝင်စစ်တယ်။ ဒဏ်ရိုက်တော့တယ်။ နောက်တခါဆို ထောင်ချမယ်ပေါ့။

ဒါကြောင့် မီးရထားသံလမ်းဘေးက အရွက်လေးတွေကိုခူးစား လို့ ရွာကဓလေ့ပဲ ဆိုပြီး မသနားနဲ့လေ။သူတို့က ကိုယ့်ထက် ချမ်းသာတယ်။
အစိုးရက ထောက်ပံ့ပေးထားတဲ့ food stamp ကို ကျတော့ ရောင်းစား၊ ရွှေဝယ်စုပြီး၊ လမ်းဘေးက အလေ့ကျပေါက်သစ်ပင်တွေကို နှုတ်စားတာကတော့ အောက်တာပေါ့။

မိန်းမတွေက ရွှေစုလို့ ယောင်္ကျားတွေက ဘာလုပ်တယ်ထင်သလဲ။
ယောင်္ကျားတွေက ရွာမှာနေတုံးက လှည်းတစီးတောင် မပိုင်တာ၊ ဒီရောက်တော့ ကားဝယ်ရင် အသစ်စက်စက်မှ စီးကြတယ်။ ဒီမှာက Learner permit လို့ ခေါ်တဲ့ အမောင်းသင် လက်မှတ်ရှိရင် ကားဝယ်လို့ရတယ် မို့လား။ ဆိုတော့-- မောင်မင်းကြီးသားတွေက ကားအသစ်တစီးဝယ်တယ်။ သူ့သူငယ်ချင်းက သူ့ထက်ကောင်းတာဝယ်ရင်၊ သူကလည်း အားကျမခံ သူ့သူငယ်ချင်းထက် သစ်တဲ့ နောက်ထပ်ကားတစီးသွားပြီး အလဲအလှယ်လုပ် ဝယ်တယ်။ ပြိုင်စရာမရှိတော့ ကားပြိုင်တယ်။ အိမ်ပြိုင်တယ်။
ပထမတော့ ကားရောင်းတဲ့သူက သဘောကျတာပေါ့။

တနှစ်တောင်မပြည့်သေးဘူး။ နောက်ထပ် ဒေါ်လာ (သုံးထောင်) လောက် ပိုပြီး ထပ်ပေး၊ ကားအသစ်တစီးကို ထပ်ဝယ် ဆိုတော့ သဘောမကျပဲ နေပါ့မလား။ နောက်တော့ တယောက်မဟုတ်၊ ဆယ်ယောက်မဟုတ်၊ ကားကလည်း လဲလိုက်ကြတာ၊ (၄) လ တခါလောက်ဖြစ်နေတယ်။ နောက်တော့ ကားရောင်းတဲ့ဆိုင်က အားနာလာတယ်။

“ မင်းတို့ အဲ့သလို လုပ်နေတာ မကောင်းဘူး။ ကားဆိုတာ အနည်းဆုံး (၁-၂) နှစ်လောက်တော့ စီးရတယ်။ နောက်မှ ပြောင်းကြပေါ့” ပြောလည်း မရဘူး။
“ ခင်ဗျား အမြတ်ရတာပဲ။ အေးအေးဆေးဆေးနေစမ်းပါ။ ကျုပ်တို့ ပိုက်ဆံ နဲ့ ကျုပ်တို့လုပ်တာ ဘာဖြစ်သလဲ” တဲ့။ ကားရောင်းတဲ့ သူလည်း ဘာမှမပြောတော့ပါဘူး။

ဒုက္ခသည်တွေက ကားရောင်းတဲ့သူတင် အံ့သြအောင် လုပ်တာမဟုတ်ဘူး။
ရဲတွေကိုလည်း စိတ်ကသိကအောက် ဖြစ်အောင် လုပ်သေးတယ်။
နယူးယောက်အထက်ပိုင်းမှာ မြို့လေးတမြို့ရှိတယ်။ အဲ့ဒီမြို့က လူတွေက (၄၅ မိနစ်- တနာရီ) လောက်ဝေးတဲ့ နေရာတွေမှာ အလုပ်မှာ လုပ်ကြတယ်။
တရက်တော့ လိုတာထက်ပိုတဲ့ အရှိန်နဲ့ မောင်းလာတဲ့ ကားတစီးကို ရဲကဖမ်းလိုက်တယ်။
လိုင်စင်ကို တောင်းကြည့်တော့ Learner permit ပဲ ရှိတယ်။
“ Lerning permit နဲ့ အလုပ်ကို မောင်းလို့မရဘူး။ မင်းကို ဥပဒေအရ၊ ဖမ်းရလိမ့်မယ်”
“ What are you talking about ? ( စောင့်ကြီးအောင့်ကြီးဖြင့် အသံထွက်စေ)
“မင်းဘာတွေလာပြောနေတာလဲ။ လူတိုင်း ဒီလိုပဲမောင်းနေတာ”
“နိုး- ဘယ်ပြည်နယ်မှာမှ ဒီလိုလိုင်စင်နဲ့မောင်းလို့မရဘူး။ မင်းတို့ ဘယ်နိုင်ငံက လာတာလဲ”
“ ငါတို့ မြန်မာပြည်သားတွေကွ။ မင်း- ငါ့တယောက်တည်းကိုပဲ ပြဿနာရှာမယ် မကြံနဲ့နော်။ ဒီလိုင်စင် နဲ့ မောင်းလို့ရတယ် ဆိုတာ လူတိုင်းသိတယ်။ ဒီလို လိုင်စင်ကိုင်လို့ ဖမ်းကြေးဆို ငါ့ဘက်ကလည်း သက်သေပြမယ်။ ငါတို့မှာ အုပ်စုရှိတယ်။ မင်းက ငါ့ကို ဖမ်းမယ် ဟုတ်လား။ ရတယ်။ တွေ့ကြသေးတာပေါ့။ ဟော ဟော အခုလာနေတဲ့ ကားကို တားလိုက်”

ရဲက သတိပေးတယ်။ ကိုယ်ထိုင်တဲ့နေရာမှာပဲ ငြိမ်ငြိမ်နေ။ မရွှေ့နဲ့ပေါ့။
ဒီလိုနဲ့ ရဲကလည်း နောက်တစီးကို တားလိုက်တယ်။ အဲ့ဒီကားမှာလည်း မောင်းတဲ့သူက မြန်မာပြည်က လာတဲ့ ဒုက္ခသည်ပဲ။ လိုင်စင်ကိုတောင်းကြည့်လိုက်တော့ Learning permit
ကောင်လေးက နောက်တစီးကို လက်ညှိုးထိုးပြတယ်။ မြန်မာပြည်သားတွေပဲ။ လိုင်စင်တောင်းကြည့်လိုက်တော့ Learning permit
နောက် တစီး လက်ညှိုးထိုးတယ်။ ရဲက တားတယ်။ Learning permit
ဒီလိုနဲ့ ကား အစီး (၂၀) လောက်ဖြစ်သွားတယ်။
ရဲလည်း တော်တော်စိတ်ညစ်သွားတယ်။
မြန်မာပြည်ကလာတဲ့ ဒုက္ခသည်တွေက Learning permit နဲ့ ကားအသစ်တွေဝယ်တယ်။ ကားတိုက်မှု ဖြစ်တယ်။ Insurance တွေက တက်သွားတယ်။ နဂိုက တလမှာ အာမခံကြေး ဒေါ်လာ (၅၀-၆၀) လောက်သာပေးရတဲ့အဆင့်ကနေ တလ ဒေါ်လာ (၂၀၀-၂၅၀) တွေ ဖြစ်ကုန်တယ်။

တကယ်တော့ အရင်းရှင်စံနစ်ကြီးထဲမှာ လူတွေ သံသရာလည်နေကြတယ်။
ဒုက္ခသည်တွေက အစိုးရဆီက တောင်းစားတယ်။ အာမခံ ကုမ္မဏီတွေက ဒုက္ခသည်တွေ ဆီက အမြတ်ရတယ်။ အစိုးရ နဲ့ အာမခံကုမ္မဏီတွေ က အမြတ်ကို ခွဲယူတယ်။ ခံရတာက အလုပ်ကို ကြိုးကြိုးစားစားလုပ်၊ အခွန်ပေးဆောင်နေရတဲ့ လူလတ်တန်းစားတွေ။

တကယ်လိုအပ်လို့အစိုးရဆီက ထောက်ပံ့ကြေးယူနေသူတွေကို နားလည်ပါတယ်။
ဒါပေမယ့် တိုင်းပြည်ကိုလည်း ဂုဏ်သိက္ခာကျအောင်လုပ်၊ အလုပ်လုပ်နေတဲ့သူတွေဆီက အခွန်တွေကို လိမ်စားနေတဲ့ နိုင်ငံသားတွေကိုတော့ တော်တော်လေးစိတ်ပျက်လာမိတာ အမှန်။


(မှတ်ချက်။ ။ ခေါင်းစဉ်ဖြစ်တဲ့ “ရွှေမမှန်တဲ့ ရွှေ” ဆိုသည့် ခေါင်းစဉ်မှာ ကိုအောင်မိုးဝင်း ဆောင်းပါးကို ကျနော့်ဘာသာ ပေးထားတဲ့ ခေါင်းစဉ်ဖြစ်ပါတယ်- ကိုအောင်)

ခပ်လွှဲလွှဲ

$
0
0

ရေးသူ- (ကို)အောင်မိုးဝင်း
 
တကယ်တော့ အမေရိကန်တွေက မြန်မာဒုက္ခသည်တွေလောက် ဥာဏ်မပြေးပါဘူး။ ဒီ အချက်ကို ခဏခဏ ပြောသူက ကျွန်တော်တို့မြို့က ဒုက္ခသည် လူငယ်တယောက်။ သူက ညနေဆို၊ အလုပ်ပြီးတာ နဲ့ မျက်မှန်အမဲတပ်ပြီး ကမ်းခြေကိုပြေးတော့တယ်။ ကမ်းခြေတလျှောက် ရေကူးဝတ်စုံလေးတွေ ဝတ်ပြီး၊ လှဲလျောင်းနေတဲ့ ကောင်မလေးတွေကို တယောက်ခြင်းကြည့်၊ သဘောအကျကြီးကျပြီး၊ ဟိုဘက်ထိပ်၊ ဒီဘက်ထိပ် လမ်းလျှောက်လေ့ရှိတယ်။
ဒါပေမယ့်၊ သူသဘောမကျတဲ့ အရာတခုကို ရှိတယ်။ အမေရိကန်တချို့ ကျောက်ဆောင်ပေါ်မှာ ထိုင်ပြီး ငါးမြှားနေတဲ့ မြင်ကွင်းကို ကြည့်ပြီး သူက ခေါင်းယမ်း၊ အပြစ်တင်ပြီး အားမလိုအားမရ ပြန်လာလေ့ရှိတယ်။

“ အကို- သိလား။ အမေရိကန်တွေက smart မဖြစ်ပါဘူးဗျာ”
“ဟုတ်လား- အေး- ဟုတ်မှာပေါ့ကွာ။ မင်းကတော့ စမတ်ဖြစ်လွန်းလို့ မျက်မှန်အမဲကြီးတပ်ထားတာနေမှာပေါ့”
သူက ဘာမှ ဆက်မပြောဘူး။ “ကျွန်တော် ပစ္စည်းတခုမှာ ထားတယ်ဗျ။ ရောက်လာလို့ကတော့ ဒီကောင်တွေကို လုပ်ပြအုံးမယ်” တဲ့
သူတို့ဘာသာ လုပ်ချင်ရာလုပ် ပြောချင်ရာပြောနေကြတော့ ကိုယ်ကလည်း ဘာမှ ဆက်ပြီး မမေးမိပါဘူး။ ကိုယ့်အလုပ်နဲ့ကိုယ် ဆိုတော့ သိပ်လည်း မတွေ့ဖြစ်ပါဘူး။

ဒါပေမယ့် ထိုင်းနိုင်ငံကနေ သူမှာထားတဲ့ ပစ္စည်းရောက်လာမှ သူဘာလုပ်တယ် ဆိုတာကို သဘောပေါက်တော့တယ်။
သူက ထိုင်းနိုင်ငံကနေ ငါးဖမ်းသင်္ဘောတွေမှာ အသုံးပြုတဲ့ ပိုက်ကြီးတခု မှာတယ်။ ( ကွန် လို့ ခေါ်မယ်ထင်တယ်)။ အဲ့ဒီ ပိုက် ကို သယ်ပြီး၊ ငါးမျှားနေတဲ့ ကောင်တွေ နားသွားတယ်။ ငါးမျှားနေတဲ့ အမေရိကန်တွေက သူ့ကို ပြူးကြောင်ကြောင်ကြည့်နေတာပေါ့။သူက တကယ့်ကို စံနစ်တကျပါ။ ရေငုတ်ပြီး တိုင်တွေဘာတွေ ရိုက်လိုက်သေးတယ်။ ပြီးတော့ ပိုက်ကြီးကို ပစ်ပြီး ငါးဖမ်းတော့တယ်။
မကြာဘူး။ ပိုက်ထဲမှာ ငါးအသေးလေးတွေရော၊ အကြီးကြီးတွေရောပါလာတယ်။
ငါးထိုင်မျှားနေတဲ့သူတွေက သူ့ကို မကျေမနပ်ကြည့်တယ်။ သူကတော့ အပျော်ကြီးပျော်လို့။
“တွေ့လား။ ဒီကောင်တွေ တညနေလုံးထိုင်မျှားနေတာ၊ ပုံးတဝက်တောင်မရဘူး။ ကျွန်တော် ခဏလေး ပိုက်ချလိုက်တာ၊ မြင်တဲ့အတိုင်းပဲ” တဲ့၊ ကောင်လေးက ရင်ကော့ပြီး လမ်းလျှောက်တယ်။ ငါးမျှားသူတွေက ခေါင်းတယမ်းယမ်း နဲ့ ကျန်ခဲ့တယ်။ ကောင်လေးက ငါးပုံးကြီးကို ကားပေါ်မှာ တင်ပြီး ထွက်လာခဲ့တယ်။

နောက်တနေ့ကျ အဲ့ဒီအတိုင်းပဲ သွားပြန်တယ်။ ငါးမျှားသူတွေက ခေါင်းတယမ်းယမ်းနဲ့ ကျန်ခဲ့ပြန်တယ်။ “ ဒီကောင်တွေ ဒီလောက်လုပ်ပြတာတောင် လိုက်မလုပ်ကြဘူး။ ဒါကြောင့် ဒီကောင်တွေ smart မဖြစ်ဘူး လို့ ပြောတာပေါ့” တဲ့။ အမေရိကန်တွေညံ့ဖျင်းကြောင်းကို သူ့သူငယ်ချင်းတွေရှေ့မှာ ပြောနေပြန်တယ်။
တတိယမြောက်နေ့ရောက်လာတယ်။
ဒီတခါတော့ ပိုက်ချချခြင်းပဲ။ ရဲတွေရောက်လာတယ်။ ငါးမျှားတဲ့သူတွေက ပြုံးကြည့်နေတယ်။
ကောင်လေးကို ကမ်းပေါ်တက်ခိုင်းလိုက်တယ်။ လက်ထိပ်ခပ်လိုက်တယ်။
“ မင်းငါးမျှားနေတဲ့ နေရာက ဆိုင်းဘုတ် ကို ဖတ်တတ်လား” တဲ့။ ကောင်လေးက ခေါင်းယမ်းတယ်။
တကယ်တော့ ဆိုင်းဘုတ်မှာ “ရေထဲ မဆင်းရပါ။ အပျော်တမ်း ငါးမျှားခြင်း ထက်ပိုသော လှုပ်ရှားမှုများမလုပ်ရပါ” ဆိုတဲ့ စာ ကိုရေးထားတာ။ အဲ့ဒီ ဆိုင်းဘုတ်အောက်မှာ သူတို့က ပိုက်သွားချတာကိုး။
သူရော၊ သူ့သူငယ်ချင်းရော၊ သူ့ရဲ့ ငါးပုံးတွေကိုပါ ဓါတ်ပုံရိုက်ယူလိုက်တယ်။ နောက်-- ရဲစခန်း ပါသွားတော့တယ်။ တကယ်တော့- ဒီက ရေကန်ကြီးမှာ ငါးမျှားကြတယ် ဆိုတာ အပျော်မျှားကြတာ။ အပျင်းဖြေတဲ့သဘော။ ဖမ်းပြီးပြန်လွှတ်ကြတယ်။ တကယ်လို့ ဖမ်းထားတဲ့ငါးကို ယူသွားချင်တယ် ဆိုလည်း အရွယ်အစားသတ်မှတ်ထားတယ် လို့ဆိုတယ်။ သူတို့ ပြောထားတဲ့ အရွယ်ထက် ကျော်ယူလို့မရဘူး။ ကိုယ့်ဆီက ကောင်ကတော့ စီးပွားဖြစ်ကို မျှားတော့တာကိုး။

ရဲစခန်းရောက်တော့ သူ့ကို (၃) ရက်စာ ဒဏ်ရိုက်လိုက်တယ်။ ဒေါ်လာ (၇၀၀၀) တဲ့။
သူ့ကောင်မလေးကတော့ ငြီးရှာတယ်။ “အောင်မလေး ကုန်ပြီ- အရင်ယောင်္ကျားက ကလေးစားစရိတ်အတွက်ထောက်ပံ့ကြေးရတဲ့ ပိုက်ဆံကို ချေးသွားတယ်” တဲ့။ အမှုနောက်ထပ်တိုးမှာလည်း မသိဘူး။ ရပ်ကွက်ထဲ လှည့်ပြောနေတယ်။
.............................................................................
..............................................................................

ထားပါတော့လေ။
အခုကိစ္စက အင်္ဂလိပ်စာ အားနည်းလို့။ ဆိုင်းဘုတ် မဖတ်တတ်လို့ မှားတဲ့ ကိစ္စ၊
အင်္ဂလိပ်စာ တတ်တဲ့သူတွေ မှားတဲ့ အမှားက ပိုပြီး ကြောက်ဖို့ကောင်းတယ်။
အမေရိကားကို စရောက်ခါစတုံးက ကျွန်တော်တို့နေတဲ့ Apartment ဆီကို သူငယ်ချင်းတွေရောက်လာတယ်။ နားနားနေနေ နဲ့ အသားလေးဘာလေး ကင်စား၊ ရေကူးကြမယ်ပေါ့။ ဒီလိုနဲ့ Apartment ရေကူးကန်ကို သွားကြတယ်။ ရေကူးကန်လည်းရောက်ရော အလည်ပါလာတဲ့ သူငယ်ချင်းတယောက်က ရေမကူးတော့ဘူး တဲ့။ အကြောင်းက ရေကူးကန်မှာစောင့်နေတဲ့ Lifeguard ကောင်မလေးတယောက်က သိပ်ကို လှတဲ့အတွက် သူ့ရင်ဘတ်ကို တည့်တည့်ထိသွားတယ် ဆိုပဲ။
သူပြောသလိုပါပဲ။ ကောင်မလေးက ခုံတန်းလေးပေါ်မှာ ထိုင်ပြီး စာဖတ်နေတယ်။ နှာတံလေးတွေ၊ ပေါင်တံလေးတွေက စင်းလို့။ ကိုယ်လုံးကိုယ်ပေါက်ကလည်း တောင့်တောင့်တင်းတင်းဆိုတော့ ရင်ထဲတင်မကဘူး။ သွေးထဲအထိ စိမ့်ဝင် ထိရှလှုပ်ခါ ရှာမှာပေါ့။ ကိုယ်ကလည်း အလည်ပါလာတဲ့သူ့အကြောင်းမသိပါဘူး

ကိုယ့်သူငယ်ချင်းကတော့ သူ့ကို မှာရှာတယ်။ “ ဟေ့ကောင် ကြည့်လုပ်နော်” တဲ့။
ဒီလိုနဲ့ ကျွန်တော်တို့လည်း ရေကူးနေကြတယ်။
မောင်မင်းကြီးသားကလည်း ကောင်မလေးကို ခံစားဖို့ ရေကန်ဘေးက ခုံလေးမှာ ကျန်ခဲ့တယ်။
သတိယလို့ကြည့်လိုက်တော့ ဘယ်အချိန်က Apartment ဆီပြန်သွားပြီး ယူတယ်မသိဘူး။ လက်ထဲမှာ ဂစ်တာနဲ့။ ခင်မောင်တိုးရဲ့ သီချင်းဆိုနေတာ။
“ မင်းရဲ့ မျက်လုံးလေးများက ပုလဲ နဲ့ မဟူရာပေါင်းစပ်ထားသလိုနှယ်။ ကော့ညွတ်သွယ် နှုတ်ခမ်းလေးများက သိတ်လှအောင် ပတ္တမြားသွေးလိမ်းခါချယ် “
အပြင်မှာ ရဲကားတစီးရောက်လာတယ်။
ရေကူးကန်ဆီကို ရဲနှစ်ယောက် သေနတ်ပေါ်လက်တင် အသင့်အနေအထားနဲ့ရောက်လာတယ်။
Lifeguard ကောင်မလေး နဲ့ စကားပြောတယ်။ ကောင်မလေးက ဂစ်တာတီးနေတဲ့သူ့ဆီကို လက်ညှိုးထိုးပြတယ်။ ရဲတွေက သူ့အနားကို ကပ်သွားပြီး ရပ်ပေးဖို့တောင်းဆိုတယ်။
တခုခုတော့ဖြစ်ပြီ။ ကျွန်တော်တို့လည်း နေလို့မရတော့ဘူး။ အပေါ်ကိုတက်ရတော့တယ်။
ရဲက မေးတယ်။
“မင်းတို့သူငယ်ချင်းလား”
“ဟုတ်ပါတယ်။ ဘာဖြစ်လို့လဲ”
ဘယ် Apartment ကလဲ တဲ့။ နေရပ်လိပ်စာတောင်းတယ်။ သူ့ဆီက ကဒ်ပြားကိုတောင်းတယ်။

နောက်မှ သိရတာ။မင်းသားက ကောင်မလေးကို တအားသွားငမ်းတယ်။ တည့်တည့်ကနေကြည့်အားမရတော့၊ ပန်းခြံထောင့်ကလေးကနေ သွားငေးတယ်။ နောက်- ဘယ်လိုလှတဲ့အကြောင်း၊ ဘယ်လိုခံစားရကြောင်း၊ ရင်ထဲကို ဘယ်လို ငြိတွယ်မိသွားကြောင်း၊ သူ့ဘာသာ ဗမာစကား နဲ့ တတွတ်တွတ် ရွတ်နေတယ်။ လက်ကလေးကို နှုတ်ခမ်းလေးထဲထည့်ပြီး နောက်ထပ် ထောင့်တထောင့်ကနေ သွားကြွေပြန်တယ်။ ချစ်စိတ်က ပိုပြီးတက်လာတယ်။ ထိန်းမရနိုင်လောက်အောင်ပဲ။
အဲ့ဒီကောင်မလေးနား ဖြတ်လျှောက်သွားပြီး၊
When you take a breath, I am almost dead တဲ့ ကောင်မလေးကြားအောင် ပြောခဲ့သေးတယ်။
“မင်းအသက်ရှူလိုက်တဲ့အခါ ငါ သေမတတ် ခံစားရတယ်ပေါ့”
ဒါမျိုးကျ အင်္ဂလိပ်စကားပြောတာ ပီသလားမမေးနဲ့။ အမေရိကန်တွေ ပြောတဲ့အတိုင်းပဲ။
ကြွေတယ် ကြွေတယ် ကြွေတယ်။
ရာဘင်နာ နတ်တဂိုး ရဲ့ စာသားတွေ နဲ့ အားမရတော့ဘူး။ ခင်မောင်တိုးသီချင်းစဆိုဖို့လုပ်တော့တယ်။ သူ့စိတ်ထဲမှာ မြန်မာပြည်က မိန်းကလေးအဆောင်တွေရှေ့ရောက်နေသလိုမျိုးခံစားရရှာတယ် နဲ့ တူပါတယ်။
သူကြွေတာ အရေးမကြီးဘူး။
ကောင်မလေးခင်ဗျာ- တဘက်သတ် ကြောက်လာတယ်။
ရဲကို လှမ်းအကြောင်းကြားတယ်။
“ စိတ္တဇရောဂါရှိမယ် လို့ ထင်ရတဲ့ လူငယ်တယောက် ကျွန်မရဲ့ အသက်အန္တရာယ်ကို ရန်ရှာဖို့လုပ်နေတယ်။ ကျွန်မရဲ့ လုံခြုံရေးက စိတ်မချရတော့ဘူး” တဲ့။
ဒီလိုနဲ့ ခင်မာင်တိုးသီချင်း စခါရှိသေးတယ်။ ရဲကားရောက်လာတော့တာပဲ။
ဒီမှာက မြန်မာပြည်လို ကောင်မလေးတွေကို ပြောချင်ရာပြော၊ ငမ်းချင်သလိုငမ်းလို့မရဘူးလေ။ လွန်လွန်ကဲကဲ ကြည့်လာရင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် စော်ကားမှု ( Sexual harrashment ) အဖြစ်တရားစွဲလို့ရတယ်။ အခုဟာကတော့ တရားမစွဲပါဘူး။ ကောင်မလေးက သူ့ကို စိတ်ရောဂါရှိနေတယ် ယူဆလို့ အကူအညီပေးတာနဲ့တူပါတယ်။
အော်- ကြုံတုံးပြောလိုက်အုံးမယ်။ အဲ့ဒီ တယောက်ပဲ။ ဟို တလောက မြန်မာပြည်ထဲမှာ ၈၈ မျိုးဆက်ဆိုပြီး ပြန်သွားလေရဲ့။ ဒုက္ခပဲ။ ခင်မောင်တိုး သီချင်း ဆိုအုံးမှာလား မသိဘူး။


(မှတ်ချက်။ ။ခေါင်းစဉ်ဖြစ်တဲ့ “ခပ်လွှဲလွှဲ” ဆိုသည့် စာသားမှာ ကျနော့်ဘာသာ ကျနော် ကိုအောင်မိုးဝင်း ဆောင်းပါးကို ပေးထားသည့် အမည် ဖြစ်ပါတယ် - ကိုအောင်)

IS အစ္စလာမ္မစ်နိုင်ငံအဖွဲ့ဆိုတာ ဘာလဲ၊ ဘယ်သူတွေလဲ

$
0
0


IS အစ္စလာမ္မစ်နိုင်ငံအဖွဲ့ ဆိုတာက အစွန်းရောက် အစ္စလာမ္မစ်အဖွဲ့တဖွဲ့ ဖြစ်ပြီး ဆီးရီးယား အရှေ့ပိုင်း၊ အီရတ် မြောက်ပိုင်းနဲ့ အနောက်ပိုင်းတလျှောက် နယ်မြေအတော်များများကို သိမ်းယူထိန်းချုပ်ထားတဲ့ အဖွဲ့ ဖြစ်ပါတယ်။

လူအများအမြောက် သတ်ဖြတ်မှုတွေ၊ သာသာရေးလူနည်းစု၊ တိုင်းရင်းသား လူနည်းစုတွေကို အတင်းအဓ္ဓမ ဖမ်းဆီးခေါ်ဆောင်တာတွေ နဲ့ စစ်သားတွေ သတင်းသမားတွေကို ခေါင်းဖြတ်သတ်ဖြတ်မှုတွေ အပါအဝင် သူတို့ရဲ့ ရက်စက် ကြမ်းကြုတ်တဲ့ နည်းဗျူဟာတွေကြောင့် ကမ္ဘာတဝန်း ထိတ်လန့်ကြောက်ရွံ့မှုတွေနဲ့အတူ စိတ်ဆိုး ဒေါသထွက်မှုတွေကို ဖြစ်စေခဲ့ပါတယ်။

ဒီလုပ်ရပ်တွေကြောင့်လည်း အမေရိကန်တို့ရဲ့ စစ်ရေး ဝင်ရောက်စွက်ဖက်မှုတွေ ဖြစ်လာခဲ့ရပါတယ်။

အိုင်အက်စ်တို့ ဘာကိုလိုချင်တာလဲ


အိုင်အက်စ်ခေါင်းဆောင် အဘူဘာကာ ဘက်ဒါဒီ
အိုင်အက်စ် အဖွဲ့ရဲ့ ရည်ရွယ်ချက်က တဦးတည်းသော နိုင်ငံရေးနဲ့ ဘာသာရေးခေါင်းဆောင်က ရှာရီယာ အစ္စလာမ္မစ်ဥပဒေကို ကျင့်သုံးအုပ်ချုပ်တဲ့ သူတို့အခေါ် caliphate လို့ ခေါ်တဲ့ အစ္စလာမ္မစ် နိုင်ငံကို ထူထောင်ဖို့ ဖြစ်ပါတယ်။

လောလောဆယ် သူတို့ရဲ့ အင်အားဟာ အီရတ်နဲ့ ဆီရီးယားမှာပဲ ရှိနေပေမယ့် အိုင်အက်စ်တို့က နယ်စပ်တွေကို ဖြတ်ကျော်ပြီး ဂျော်ဒန်နဲ့ လက်ဘနွန်တွေအထိ သူတို့အင်အားကို ဖြန့်ကျက်ကာ ပါလက်စတိုင်းကို လွတ်မြောက်အောင် လုပ်မယ်လို့ ဂတိပြုထားပါတယ်။

ဒီလို ဂတိစကားဟာ ကမ္ဘာတဝန်းမှာရှိတဲ့ မွတ်ဆလင်တွေရဲ့ ထောက်ခံမှုရအောင် ဆွဲဆောင်နိုင်ခဲ့ပါတယ်။

နောက်ပြီး သူတို့ရဲ့ ခေါင်းဆောင် Abu Bakr al - Baghdadi .အဘူ ဘာကာ အဲ ဘက်ဒါဒီ ကို သစ္စာခံကြဖို့ အိုင်အက်စ်တို့က တောင်းဆိုနေကြပါတယ်။

အိုင်အက်စ် အစ ဘယ်ကလဲ


ဇာကာဝီ စထူထောင်စဉ်ကတည်းက သူတို့ရဲ့ နည်းလမ်းတွေကို အယ်လ်ကိုင်ဒါးက ဝေဖန်ခဲ့
အိုင်အက်စ်ရဲ့ ဇစ်မြစ်ကို ခြေရာခံမယ်ဆိုရင် ကွယ်လွန်သူ ဂျော်ဒန်နိုင်ငံသား အဘူ မူဆာဘ် အဲ ဇာကာဝီ ၂၀ဝ၂ ခုနှစ်မှာ ထူထောင်ခဲ့တဲ့ တော်ဟစ် ဝါအဲ ဂျီဟတ်အဖွဲ့ဟာ အိုင်အက်စ်ရဲ့ အစလို့ ပြောနိုင်ပါတယ်။

အီရတ်ကို အမေရိကန်တို့ ဦးဆောင်တဲ့ နိုင်ငံတကာတပ်ဖွဲ့တွေ ဝင်ရောက်ခဲ့ပြီး တနှစ်အကြာမှာ မစ္စတာ ဇာကာဝီဟာ အယ်လ်ကိုင်ဒါး ခေါင်းဆောင် အိုစမာဘင်လာဒင်ကို သစ္စာခံပြီး အီရတ်မှာ AQI လို့ ခေါ်တဲ့ အီရတ်အယ်လ်ကိုင်ဒါး အဖွဲ့ကို ထူထောင်ခဲ့ပါတယ်။ ဒီအဖွဲ့က အဲဒီအချိန်ကစလို့ အီရတ်မှာ နိုင်ငံတကာတပ်ဖွဲ့တွေကို ဆန့်ကျင် တိုက်ခိုက်နေတဲ့ အဓိကကျတဲ့ အင်အားစု ဖြစ်လာခဲ့ပါတယ်။

မစ္စတာ ဇာကာဝီ ကွယ်လွန်ခဲ့ပြီးနောက်ပိုင်း ၂၀ဝ၆ ခုနှစ်မှာ AQI အဖွဲ့ဟာ တခြားအဖွဲ့တွေကို စုစည်းပြီး အိုင်အက်စ်အိုင် လို့ ခေါ်တဲ့ Islamic State in Iraq ( ISI ) အီရတ် အစ္စလာမ္မစ် နိုင်ငံအဖွဲ့ ကို ထူထောင်ခဲ့ပါတယ်။

ဒါပေမယ့် အမေရိကန်တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုနဲ့ အိုင်အက်စ်အိုင်ရဲ့ ရက်စက်မှုတွေကို မကြိုက်ကြတဲ့ ဆွန်နီ အာရပ်မျိုးနွယ်စုတွေက Sahwa ရှဝါကောင်စီဆိုတာကို သီခြားဖွဲ့စည်းခဲ့ကြတာတွေကြောင့် အိုင်အက်စ်အိုင်ရဲ့ အင်အားဟာ တဖြေးဖြေးလျော့နည်းသွားခဲ့ပါတယ်။

၂၀၁၀ခုနှစ်မှာ အဘူ ဘာကာ အဲ ဘက်ဒါဒီ ခေါင်းဆောင်ဖြစ်လာခဲ့ပြီးတဲ့နောက် သူဟာ အိုင်အက်စ်အိုင်ရဲ့ အင်အားကို ပြန်တည်ဆောက်ယူခဲ့ပါတယ်။

၂၀၁၃ နှစ်ကစလို့ အိုင်အက်စ်အိုင်ဟာ အီရတ်မှာ တလကို တိုက်ခိုက်မှုတွေ အတော်များများ ပြန်လုပ်လာနိုင်ခဲ့ပါတယ်။ နောက်ပြီး အိုင်အက်စ်အိုင်ဟာ ဆီရီးယားက သမ္မတ ဘာရှာ အဲ အာဆတ်ကို ဆန်ကျင်တိုက်ခိုက်မှုမှာ ပူးပေါင်းပါဝင်လာခဲ့ပြီး al - Nusra အဲ နုဆရာ တပ်ဦးကို ဖွဲ့စည်းခဲ့ပါတယ်။

၂၀၁၃ ဧပြီလမှာတော့ ဘာဂါဒီဟာ အီရတ်နဲ့ ဆီရီးယားမှာရှိတဲ့ သူ့ရဲ့ တပ်တွေကို ပေါင်းပြီး ISIS အိုင်စစ်လို့ ခေါ်တဲ့ အီရတ်နဲ့ လဲဗန့်ဒေသဆိုင်ရာ အစ္စလာမ္မစ် အဖွဲ့ကို ဖွဲ့စည်းကြောင်း ကြေညာလိုက်ပါတယ်။

လဲဗန့်ဒေသဆိုတာကတော့ ဆီရီးယား၊ လက်ဘနွန်၊ အစ္စရေး၊ ပါလက်စတိုင်း၊ ဂျော်ဒန်နဲ့ ဆိုက်ပရပ် နိုင်ငံတွေပါတဲ့ ဒေသဖြစ်ပါတယ်။

ဒီလို အိုင်စစ်ဖွဲ့စည်းတာကို al - Nusra အဲ နုဆရာ တပ်ဦးနဲ့ အယ်လ်ကိုင်ဒါး ခေါင်းဆောင်တွေ လက်မခံကြပါဘူး။

ဒါပေမယ့် ဘက်ဒါဒီကို သစ္စာခံတဲ့ တပ်ဖွဲ့ဝင်တွေက အဲ နုဆရာ ကခွဲထွက်ပြီး အိုင်စစ် ဆီရီးယားနိုင်ငံထဲမှာ ဆက်လက်ရှင်သန်အောင် ပံ့ပိုးကူညီခဲ့ကြပါတယ်။

၂၀၁၃ ဒီဇင်ဘာလအကုန်မှာ အိုင်စစ်ဟာ အီရတ်ကို ပြန်အာရုံစိုက်ပြီး ရှီအိုက်တွေ ဦးဆောင်တဲ့ အစိုးရနဲ့ ဆွန်နီအာရပ် လူနည်းစုတွေကြား နိုင်ငံရေးတင်းမာမှုကို ကောင်းကောင်း အသုံးချပါတော့တယ်။

ဒီနောက်မှာ အိုင်စစ်အဖွဲ့ဟာ မျိုးနွယ်စုတွေရဲ့ အထောက်အကူနဲ့ အီရတ်နိုင်ငံအလယ်ပိုင်းက ဖါလူဂျာ မြို့ကို ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။

၂၀၁၄ ဇွန်လမှာ အိုင်စစ်တို့ဟာ အီရတ်မြောက်ပိုင်းက မိုဆူးလ် မြို့ကို ဝင်သိမ်းလိုက်ပြီး အဲဒီကနေ တောင်ဘက်မှာရှိတဲ့ ဘဂ္ဂဒက်မြို့တော်ဆီ ရှေ့တိုးချီတက်လာခဲ့ကြပါတယ်။

ဇွန်လအကုန်မှာ မြို့ကြီး မြို့ငယ်အတော်များများကို ထိန်းချုပ်နိုင်ခဲ့ပြီးတဲ့နောက် အင်အားတွေကိုစုစည်းကာ အစ္စလာမ္မစ်နိုင်ငံထူထောင်ကြောင်း ကြေညာခဲ့ပြီး သူတို့ အိုင်စစ်အဖွဲ့ကိုလည်း အိုင် အက်စ် အစ္စလာမ္မစ်နိုင်ငံအဖွဲ့လို့ အမည်ပြောင်းခဲ့ပါတယ်။

နယ်မြေဘယ်လောက်များများ အိုင်အက်စ်တို့ ထိန်းချုပ်ထားသလဲ


အထူးသဖြင့် အီရတ်က ယာဇီဒီဘာသာရေး လူနည်းစုတွေကို အိုင်အက်စ် ပစ်မှတ်ထားခဲ့
အိုင်အက်စ်နဲ့ သူတို့ရဲ့ မဟာမိတ်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေဟာ အီရတ်နဲ့ ဆီရီးယားနိုင်ငံပေါင်း စတုရန်းမိုင်ပေါင်း ၁၅၀ဝ၀ လောက်ရှိတယ်လို့ တချို့က ခန့်မှန်းကြပါတယ်။ ဒါဟာ အကြမ်းအားဖြင့် ဘယ်လ်ဂျီယမ်နိုင်ငံ အရွယ်အစားလောက်ရှိပါတယ်။

တချို့ကလည်း ဂျော်ဒန်နိုင်ငံ အရွယ် စတုရန်းမိုင် ၃၅၀ဝ၀ လောက်လို့ ပြောကြပါတယ်။

သူတို့ ထိန်းချုပ်ထားတဲ့ နယ်မြေတွေထဲမှာ အီရတ်က မိုဆူးလ်၊တီကရစ်၊ဖါလူဂျာနဲ့ တယ်လ်အာဖါ မြို့တွေ နဲ့ ဆီရီးယားက ရေနံတွင်းတွေ၊ ဆည်ကြီးတွေ၊ အဓိက လမ်းမကြီးတွေနဲ့ နယ်စပ်ဖြတ်စခန်းတွေရှိတဲ့ Raqqa ရက္ကာမြို့တို့ပါဝင်ပါတယ်။

အိုင်အက်စ်တို့ရဲ့ အပြည့်အဝ ဒါမှမဟုတ် တစိတ်တပိုင်း ထိန်းချုပ်မှုအောက်ကို ရောက်နေတဲ့ လူဉီးရေက ၈ သန်းလောက်ရှိမယ်လို့ ယူဆရပါတယ်။

အဲဒီနယ်မြေတွေမှာ အိုင်အက်စ်တို့ဟာ တင်းကြပ်တဲ့ ရှရီယာဥပဒေကိုပြဌာန်းအုပ်ချုပ်နေပြီး အမျိုးသမီးတွေကို အတင်းအကျပ် ခေါင်းမီးခြုံခိုင်းတာတွေ၊ မွတ်ဆလင်မဟုတ်သူတွေကို အထူးအခွန်ဆိုပြီးဆောင်ခိုင်းတာတွေ ဒါမှမဟုတ် အတင်းအဓ္ဓမ ဘာသာပြောင်းခိုင်းတာတွေ နဲ့ ကြိမ်ဒဏ် သေဒဏ်တွေနဲ့ အပစ်ပေးတာတွေ လုပ်နေကြပါတယ်။

လူအင်အားဘယ်လောက်ရှိလဲ


ဆီရီးယားနဲ့ အီရတ်မှာ အိုင်အက်စ်မှာ ဝင်တိုက်နေတဲ့ နိုင်ငံခြားသား ထောင်နဲ့ချီရှိ
အိုင်အက်စ်မှာ တကယ်တန်း တိုက်ခိုက်နေသူ ၁၅၀ဝ၀ လောက်ရှိမယ်လို့ အမေရိကန်အရာရှိတွေက ယူဆကြပါတယ်။

ဒါပေမယ့် သြဂုတ်လအစောပိုင်းမှာ အီရတ်ကျွမ်းကျင်သူ ဟီရှမ် အဲ ဟာရှီမီ Hisham al - Hashimi က ၃၀ဝ၀ဝ ကနေ ၅၀ဝ၀ဝ လောက်အထိ ရှိနိုင်တယ်လို့ ခန့်မှန်းပါတယ်။

ဒီထဲမှာ ၃၀ ရာခိုင်နှုန်းက လောက်ကပဲ အိုင်အက်စ်ရဲ့ အတွေးအခေါ်ကို လက်ခံယုံကြည်သူတွေဖြစ်ပြီး တခြားလူတွေကတော့ အတင်းအဓ္ဓမ ဝင်ခိုင်းလို့ ကြောက်လို့ ဝင်ကြရသူတွေလို့ ဆိုပါတယ်။

အိုင်အက်စ် တိုက်ခိုက်ရေးသမားအတော်များများဟာ အီရတ်နဲ့ ဆီးရီးယား နိုင်ငံသားတွေ မဟုတ်ကြပါဘူး။ နိုင်ငံပေါင်း ၈၁ နိုင်ငံထက်မနည်းက နိုင်ငံခြားသား ၁၂၀ဝ၀ ကျော် အိုင်အက်စ်မှာ ပါဝင်တိုက်ခိုက်နေကြပြီး အဲဒီထဲက ၂၅၀ဝ ဟာ လွန်ခဲ့တဲ့ ၃ နှစ်အတွင်း ဆီရီးယားကို လာပြီးတိုက်ခိုက်နေကြတဲ့ အနောက်နိုင်ငံတွေက လူ တွေ ဖြစ်တယ်လို့ လေ့လာပြုစုတဲ့ Soufan Group က လောလောဆယ်ခန့်မှန်းပါတယ်။

သူတို့မှာ ဘယ်လို လက်နက်မျိုးတွေ ရှိသလဲ


အိုင်အက်စ်ဟာ အင်အားအတောင့်ဆုံး ဂျီဟတ်ဒစ်အဖွဲ့တခု ဖြစ်လာ
အိုင်အက်စ် တိုက်ခိုက်ရေးသမားတွေဟာ ထရပ်ကားပေါ် တင်ပစ်လို့ရတဲ့ စက်သေနတ်တွေ ၊ ရော့ကက်လောင်ချာတွေ၊ လေယာဉ်ပစ်သေနတ်တွေ၊ အလွယ်တကူ သယ်ယူပစ်ခတ်နိုင်တဲ့ မြေပြင်ကနေ ဝေဟင်ပစ် ဒုံးလက်နက်တွေအပါအဝင် လက်နက်ကြီး လက်နက်ငယ်မျိုးစုံကို ရရှိနေကြပြီး ပစ်ခတ်နိုင်စွမ်းလည်း ရှိကြပါတယ်။

သူတို့ဟာ အီရတ်နဲ့ ဆီရီးယားစစ်တပ်က တင့်ကားတွေ၊ သံချပ်ကာယာဉ်တွေကိုလည်း သိမ်းဆည်း ရမိထား ကြပါတယ်။

သူတို့ကို လက်နက်ငယ်တွေနဲ့ ခဲယမ်းမီးကျောက်တွေ အဆက်မပြတ်အောင် ပို့ပေးနေတဲ့ အဖွဲ့တခုရှိလိမ့်မယ်လို့ ယူဆရပါတယ်။

သူတို့ရဲ့ ဒီလိုလက်နက်စွမ်းရည်တွေကြောင့် သြဂုတ်လမှာ အီရတ်တောင်ပိုင်းက ကာဒ်လူမျိုးပြည်သူ့စစ်စခန်း အတော်များများကို ဝင်စီးခဲ့နိုင်ခဲ့ပါတယ်။

သူတို့ကို ဘယ်သူတွေက ငွေကြေးထောက်ပံ့နေလဲ


သိမ်းထားတဲ့ နယ်မြေက ရေနံနဲ့ ဓါတ်ငွေ့ ရောင်းတာ၊ အခွန်အကောက်တွေနဲ့ ဝင်ငွေသန်းချီ
သတင်းတွေအရ အိုင်အက်စ်မှာ ငွေသားနဲ့ တခြားပိုင်ဆိုင်မှုအားဖြင့် အမေရိကန်ဒေါ်လာ သန်း၂၀ဝ၀ လောက်ရှိတယ်ဆိုတော့ ကမ္ဘာမှာ အချမ်းသာဆုံး စစ်သွေးကြွအဖွဲ့လို့ ပြောနိုင်ပါတယ်။

အစပိုင်းမှာ ငွေကြေးထောက်ပံ့မှု အများစုကို အာရပ် ပင်လယ်ကွေ့နိုင်ငံတွေမှာရှိတဲ့ ပုဂ္ဂိုလ် တဉီးချင်း တယောက်ချင်းဆီက ရတာ ဖြစ်ပေမယ့် ဒီနေ့အခါမှာတော့ အိုင်အက်စ်ဟာ ကိုယ်ဖါသာ ကိုယ် ငွေကြေးရှာဖွေ ထောက်ပံ့နိုင်တဲ့ အဖွဲ့အစည်း ဖြစ်လာနေပါပြီ။

သူတို့ ထိန်းချုပ်ရာ ဒေသတွေမှာရှိတဲ့ ရေနံနဲ့ ဓါတ်ငွေ့တွင်းတွေကနေ တလ တလကို ဒေါ်လာ သန်းချီ ဝင်နေသလို အခွန်အကောက်တွေ၊ မှောင်ခို အရောင်းအဝယ်တွေ၊ ငွေညှစ်မှုတွေ နဲ့ ပြန်ပေးဆွဲမှုတွေကလည်း ဝင်ငွေတွေ ရနေပါတယ်။

အီရတ်က တိုက်ခိုက်မှုတွေအတွင်း သိမ်းပိုက်နိုင်ခဲ့တဲ့ မြို့ကြီးမြို့ငယ်တွေမှာရှိတဲ့ ဘဏ်တွေကနေလည်း ငွေကြေး အမြောက်အများ ရထားခဲ့ပါတယ်။

သူတို့ဘာကြောင့် ရက်စက်ကြမ်းကြုတ်တဲ့ နည်းဗျူဟာတွေကို သုံးကြတာလဲ


ရက်စက်မှုတွေနဲ့ လူတွေကို ထိတ်လန့်အောင်လုပ်
အိုင်အက်စ်တွေဟာ ဆွန်နီ အစ္စလမ်ဘာသာကို အစွန်းရောက်အမြင်တွေနဲ့ အဓိပ္ပါယ်ဖွင့်ဆို လက်ခံ ကျင့်သုံးကြတဲ့ ဂျီဟတ်ဒစ်တွေဖြစ်ပါတယ်။

နောက်ပြီး သူတို့ကမှ တကယ်တန်း အစ္စလမ်ဘာသာကို အစစ်အမှန် သက်ဝင်ယုံကြည်သူတွေလို့ ကိုယ့်ကိုကိုယ် မှတ်ယူကြပါတယ်။

သူတို့လွဲပြီး ကျန်တကမ္ဘာလုံးဟာ အစ္စလမ်ဘာသာကို ဖျက်ဆီးဖို့ကြိုးစားနေကြတဲ့ အစ္စလမ်ဘာသာကို မယုံကြည်သူတွေ ဖြစ်တယ်လို့ သတ်မှတ်ထားကြပါတယ်။

ဒီလို အကြောင်းပြချက်တွေနဲ့ တခြားမွတ်ဆလင်တွေရော မွတ်ဆလင်မဟုတ်သူတွေကိုပါ တိုက်ခိုက်နေကြတာလည်း ဖြစ်ပါတယ်။

ခေါင်းဖြတ်သတ်တာတွေ ၊ လက်ဝါးကပ်တိုင်မှာ သုတ်သင်တာတွေ နဲ့ အစုလိုက်အပြုံလိုက်ပစ်သတ်မှုတွေဟာ ရန်သူကို ကြောက်လန့်တုန်လှုပ်အောင် လုပ်တဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်။

ကိုရမ်ကျမ်းစာပါ ဖေါ်ပြရေးသားချက်အရ မယုံကြည်သူတွေအပေါ် ဒီလို လုပ်တာဖြစ်တယ်လို့ အိုင်အကိစ် အဖွဲ့ဝင်တွေ အကြောင်းပြပေမယ့် မွတ်ဆလင်တွေကတော့ သူတို့ရဲ့ လုပ်ရပ်ကို ရှုတ်ချကြပါတယ်။

အယ်လ်ကိုင်ဒါးခေါင်းဆောင် Ayman al - Zawahiri အေမန် အဲ ဇာဝါဟီရီကတောင် ဖေဖေါ်ဝါရီလက ဆီရီးယားမှာ လုပ်ခဲ့ အိုင်အက်စ်ရဲ့ လုပ်ရပ်တွေနဲ့ပတ်သက်လို့ သူတာဝန်မယူဘူးလို့ ပြောခဲ့သလို ၂၀ဝ၅ ခုနှစ်ကလည်း ဒီလိုရက်စက် ကြမ်းကြုတ်မှုတွေကြောင့် မွတ်ဆလင်တွေရဲ့ လေးစားချစ်ခင်မှုကို ဆုံးရှုံးနိုင်တယ် လို့ အဲဒီအချိန်က ခေါင်းဆောင် ဖြစ်တဲ့ ဇာကာဝီကို သတိပေးခဲ့ဘူးပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/world/2014/09/140904_is.shtml

အိမ်မရှိသောလူနှင့် လူမရှိသောအိမ်များ

$
0
0

ကျွန်တော်တို့မြန်မာနိုင်ငံဟာ ကမ္ဘာ့ဘဏ်ကနောက်ဆုံးထုတ်ပြန်သည့် စာရင်းအရ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများထဲမှာ အဆင့် ၁၂ ချိတ်ပါတယ်။ အီသီယိုးပီးယားနိုင်ငံကတောင် ကျွန်တော်တို့နိုင်ငံထက် ပိုချမ်းသာနေပါတယ်။ ခေတ်အဆက်ဆက် အဆင့်မကျသွားအောင်ထိန်းထားနိုင်တဲ့ အစိုးရလူကြီးမင်းများကိုတောင် ကျေးဇူးတင်ရမယ်ထင်ပါတယ်။ ထားပါတော့ဗျာ ကျွန်တော်ပြောချင်တာက ဒီလို ကမ္ဘာ့အဆင်းရဲဆုံးစာရင်ဝင်နိုင်ငံတစ်ခုက အိမ်ခြံမြေဈေးနှုန်းတွေ၊ တိုက်ခန်းဈေးတွေ၊ ဌားရမ်းခတွေ ကြတော့ ကမ္ဘာထိပ်တန်းမြို့ကြီးတွေက ဈေးနှုန်းတွေထက် မြင့်နေတော့ အံ့သြစရာကောင်းမနေဘူးလားဗျာ။ ဒီလို အိမ်ခြံမြေဈေးနှုန်းများ ကြီးမြှင့်နေမှုဟာ ဒီနေ့ ဒီမိုကရေစီ နိုင်ငံသစ်ဆီချီတက်နေပါတယ်ဆိုတဲ့ မြန်မာနိုင်ငံအတွက် အဓိကအခက်ခဲပြဿနာဖြစ်နေသလို ပြည်သူတွေအတွက်လည်း ၀န်ထုပ်ဝန်ပိုး တစ်ခုဖြစ်နေပါတယ်။

ယနေ့ပြောင်းလဲလာတဲ့ခေတ်စနစ်ကြီးမှာ ကျေးလက်နေပြည်သူတွေဟာ ရာသီဥတုဖောက်ပြန်မှုကြောင့် လယ်ယာလုပ်ငန်းခွင်တွေ မကောင်းလို့၊ လယ်မြေတွေအသိမ်းခံရလို့၊ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးမှုတွေကြောင့် မြို့ပြသို့ပြောင်းရွေ့နေထိုင် လာမှုသိသာစွာ မြင့်မားလာပါတယ်။ ဒီအချိန်မှာ မြို့ကြီးတွေ့မှာရှိတဲ့ အိမ်ခြံမြေဈေးတွေ၊ အိမ်ငှားရမ်းခတွေကြီးမြှင့်မှုတွေဟာ ဆင်းရဲသားပြည်သူတွေအတွက် ရေနစ်ရာဝါးကူထိုးသလိုဖြစ်လို့နေပါတယ်။ ရန်ကုန်၊ မန္တလေးလိုမြို့ကြီးတွေမှာ ကျောတခင်းစာနေရာရဖို့ဆိုတာ အင်မတန်ခက်ခဲတဲ့အနေအထားဖြစ်နေပါတယ်။ ပုသိမ်ကြီးမြို့နယ် လက်ကောင်းကျေးရွာသုသာန်အား ပုဂ္ဂလိကပိုင်ဟုဆိုကာ ခြံခတ်သည့်အတွက် နာရေးများ လမ်းဘေး၌ မီးသင်္ဂြိုဟ်နေရ ဆိုတဲ့သတင်းဖတ်မိတော့ အော်ငါတို့ပြည်သူတွေခမျာမှာ နေဖို့မပြောနဲ့သေဖို့တောင်မလွယ်ပါလားလို့တောင် တွေးမိပါတယ်။

ဒီနေ့ မြို့ပြမှာနထိုင်နေတဲ့ပြည်သူတွေဟာ စားဝတ်နေရေးဆိုတဲ့ အထဲမှာ နေရေးက အဓိကရင်ဆိုင်နေရတဲ့ ပြဿနာတစ်ခုဖြစ်နေပါတယ်။ တစ်လ တစ်လ ရရှိတဲ့ လုပ်ခ လစာတစ်ဝက်လောက်ဟာ အိမ်ငှားခ အဆောင်ငှားရခ အတွက်အသုံးပြုနေကြရတော့ ကိုယ်ပိုင်အိမ် ၀ယ်နိုင်ဖို့ဆိုတာကတော့ အိမ်မက်တောင် မက်ဖို့မလွယ်တဲ့အခြေအနေပါ။ ဒီလို အိမ်ခြံမြေဈေးနှုန်းတွေ ၊ အိမ်ငှားခတွေကြီးမြှင့်မှုတွေကြောင့် ကျူးကျော်နေထိုင်မှုတွေ၊ အိမ်မဲ့၊ ယာမဲ့ နေထိုင်မှုတွေဟာ ရန်ကုန်၊ မန္တလေးလိုမြို့ကြီးတွေမှာ တရှိန်ထိုးများပြားလို့နေပါတယ်။

ကျွန်တော်တို့နိုင်ငံရဲ့ ဧရိယာ အကျယ်အ၀န်းဟာ စတုရန်းမိုင်ပေါင်း ၂၆၁,၂၂၇ ကျယ်ဝန်းပါတယ်။ နေထိုင်တဲ့လူဦးရေဟာ သန်း ၅၀ ကျော်ပဲရှိပါတယ်။ အခြားနိုင်ငံများနဲ့နှိုင်းယှဉ်ကြည့်မိတော့ တစ်စတုရန်း ၁ မိုင်ပတ်လည်နေထိုင်မှုမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ၂၈၇၀ ဦး၊ ထိုင်းက ၃၂၇ ဦး ကမ္ဘာပေါ်မှာ လူဦးရေအများဆုံးဆိုတဲ့ တရုတ်က ၃၆၅ ဦး အိန္ဒိယက ၉၅၄ ဦး ရှိပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံကတော့ ၁၈၇ ဦးနဲ့ အနည်းပါ။ ဒီလို အာရှမှာရော ကမ္ဘာမှာပါ မြေအပေါဆုံး လူနေထူထပ်မှု အနည်းဆုံးတိုင်းပြည်က အိမ်ခြံမြေ ဈေးနှုန်းအမြှင့်ဆုံး အိုးမဲ့အိမ်မဲ့ မြေမဲ့ အများဆုံးဖြစ်နေရတာ အံ့သြလို့မဆုံးပါဘူး။

ဒီအကြောင်းစဉ်းစားနေရင်း ပြီးခဲ့တဲ့လက ၀န်ကြီးဟောင်းတစ်ဦးရဲ့သမက်ဖြစ်တဲ့ သူငယ်ချင်းတစ်ယောက်နဲ့တွေ့တော့ ပြင်ဦးလွင်မှာရှိတဲ့ သူတို့ခြံသွားလည်မလို့ဆိုတဲ့အကြောင်း ပြောတာကနေ စကားစပ်မိလို့ မေးကြည့်မိတာကနေ သိလိုက်ရတာက သူတို့ပိုင်တဲ့ အိမ်တွေ၊တိုက်ခန်းတွေ ၊ ခြံတွေဆိုတာ နိုင်ငံတစ်ဝှမ်း နည်းတာမှမဟုတ်ပဲဗျ။ ရန်ကုန်တစ်မြို့ထဲမှာတင် အိမ် ၅ လုံးလောက်ရှိတယ်။ နေပြည်တော်၊ မန္တလေး၊ ပြင်ဦးလွင်၊တောင်ကြီး၊ ကလောစတဲ့ တစ်နိုင်ငံလုံးက မြို့ကြီးတွေမှာ လက်ညှိုးထိုးမလွဲပါပဲ။ ဒါတောင် အိမ်တွေပဲရှိပါသေးတယ်။ မြေလွတ်ပိုင်ဆိုင်တာတွေများပေါင်းလိုက်ရင် မြို့အသေးတစ်မြို့စာလောက်တောင် ပိုင်လိမ့်မယ်ထင်တယ်။ ဒါတောင်ဝန်ကြီးသမက်ဆိုတဲ့သူပိုင်တာပဲရှိသေးတယ် ၀န်ကြီးဆိုရင်တော့ စဉ်းစားသာကြည့်တော့။ သူငယ်ချင်းရဲ့ အိမ်မြေပိုင်ဆိုင်မှုတွေစဉ်းစားမိတော့ “Homeless People and Peopleless Homes” ဆိုတဲ့ စကားလေး သွားသတိရမိတယ်။ ဒီနေ့ကျွန်တော်တို့နိုင်ငံရဲ့အခြေအနေက “အိမ်မရှိတဲ့လူနဲ့ လူမရှိတဲ့အိမ်များ” ဆိုတဲ့စကားအတိုင်းဖြစ်နေတာ တွေ့မြင်နေရပါတယ်။

အိမ်ခြံမြေဈေးတွေ ခေါင်ခိုက်အောင်ဈေးနှုန်းတွေမြှင့်မားနေတာတွေရဲ့ အဓိကတရားခံ သုံးဦးကတော့ အဂတိတရားလိုက်စားတဲ့ အစိုးရ၀န်ထမ်းများ၊၊ ခရိုနီလူတန်းစားများနဲ့ တိုင်တပါးသားတရုတ်တွေပဲဖြစ်ပါတယ်။ သူတို့တွေရဲ့ အဂတိတရားလိုက်စားမှု၊ မတရားသောနည်းလမ်းများ၊ အာဏာအလွဲသုံးစားလုပ်မှု မူးယစ်ဆေးဝါးတို့ရရှိလာသော ငွေမဲတွေကို ငွေဖြူအဖြစ်ပြောင်းလဲလိုမှု၊ ၀င်ရောက်ဈေးကစားအမြတ်ထုတ်မှုတွေရယ်ကြောင့် အခုလိုမျိုးအဆမတန်မြှင့်တက်ကုန်ရတာပါ။ ဒီနေ့နိုင်ငံတ၀ှမ်းနေဖို့အတွက်မဟုတ်ဘဲ ကိုယ်ကျိုးအတ္တအတွက် အိမ်မြေအမြောက်အမြားဝယ်ထားသူတွေရဲ့ ငှားရမ်းခဈေးကစားမှု၊ အိမ်ခြံမြေဈေးဆွဲတင်ကစားမှုတွေကြောင့် အိမ်မပိုင်သူတွေ အိမ်ငှားတွေ အသက်ထွက်မတတ် နေရေးအတွက်လုံးပန်းနေရတဲ့အကြောင်းက အဓိကသက်သေပါပဲ။ လူမနေပဲအိမ်ပိုင်သူလူတစ်စုကလည်း ယခင်အစိုးရ ယခုအစိုးရဆွေစဉ်မျိုးဆက်နဲ့ ခရိုနီအဆက်ဆက်ပါပဲ။

ကျွန်တော်တို့ နိုင်ငံမှာ အိမ်ခြံမြေကို သိန်းပေါင်း သောင်းချီ သိန်းချီတဲ့ငွေကြေးတွေကိုပေးဝယ်နိုင်တဲ့ သူတွေဟာ သမရိုးကျ သမာအာဇိဝ နဲ့အလုပ်လုပ်တဲ့ လူတစ်ယောက်က ၀ယ်နိုင်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်တဲ့အရာပါ။ မူးယစ်ဆေးဝါး၊ ဘိန်းဖြူ၊ ကျောက်မျက်၊သစ် စသည့်တရားမ၀င်ရောင်းချလို့ရတဲ့ငွေ၊ မတရားတဲ့နည်းနဲ့ရတဲ့ငွေ၊ အဂတိလိုက်စားပြီးရတဲ့ငွေတွေပဲဖြစ်မယ်ဆိုတာ လူတိုင်းနားလည်ပါတယ်။ မြန်မာနိုင်ငံအတွင်း မူးယစ်ဆေး ရောင်းဝယ်ဖောက်ကားနေမှုများမှာ လုပ်ငန်းရှင်များ ရာခိုင်နှုန်း ၅၀ ပါဝင်ပတ်သက်မှု ရှိနိုင်လို့ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေရပါတယ်လို့တောင် ရဲတပ်ဖွဲ့က ထုတ်ဖော်ပြေဆိုတာတွေ့ရပါတယ်။

ဒီလို တရားမ၀င်ငွေများ ၀င်ငွေလမ်းကြောင်းမပြနိုင်တဲ့ ငွေမဲများဟာ ဘယ်ရောက်သွားသလဲ တစ်ချက်ပဲစဉ်းစားကြည့်ပါ ပြီးခဲ့တဲ့နှစ် WHO ရဲ့ခန့်မှန်းချက်က မြန်မာနိုင်ငံကနေပြီး ဘိန်းဖြူတန် ၇၈၀ ရှိတယ်တဲ့။ ဒီမူးယစ်ဆေး ရောင်းရငွေတွေဟာ ဘယ်ေ၇ာက်သွားလဲ အရှင်းကြီးပါ။ ရွှေ၊မော်တော်ကား လုပ်ငန်းတွေက ရင်းနှီးမြှပ်နှံလို့မကောင်း စက်မှုနည်းပညာဘက် ရင်းနှီးမြှပ်နှံဖို့ကလည်းမစွမ်းကြတော့ “စီးပွားရေးမလုပ်တက် မြေ၀ယ်ထား” ဆိုသလို အားလုံးဟာ အိမ်ခြံမြေဘက်ကိုပဲ ရင်းနှီးမြှပ်နှံကြပြီး ကိုယ်နိုင်ငံသား ဆင်းရဲသားပြည်သူတွေဆီကပဲ ပြန်စီးပွားရေးရှာနေကြတာပါ။

နောက်အဆိုးဆုံးတစ်ချက်ကတော့ အိမ်နီးချင်းနိုင်ငံ တရုတ်နိုင်ငံသားတွေ အလုံးအရင်းနဲ့ဝင်ရောက်ဝယ်အခြေချမှု ဈေးကစားမှုတွေကြောင့်ပဲဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ လူဦးရေအဆမတန်များပြားလာမှု၊ ငွေကြေးခ၀ါချမှုတွေကို ထိထိေ၇ာက်ရောက် အရေးယူဆောင်ရွက်မှုတွေပြုလုပ်လာမှုတွေကြောင့် တရုတ်နိုင်ငံကငွေမည်းတွေဟာအိမ်နီးချင်းမြန်မာနိုင်ငံကို အလွယ်တကူဝင်ရောက်လာပါတယ်။ ဒါ့အပြင် နယ်စပ်တွေမှာ တရားမ၀င်မှောင်ခိုလုပ်ငန်း၊ မူးယစ်ဆေးဝါးလုပ်ငန်းတွေနဲ့ ကြီးပွားလာတဲ့တရုတ်တွေဟာလည်း မြန်မာနိုင်ငံအတွင်း တရားမ၀င် ၀င်ရောက်ပြီး အိမ်ခြံမြေတွေကို မတန်တဆဈေးနှုန်းတွေပေးပြီးဝယ်ယူမှုတွေကနေ ဈေးနှုန်းတွေ အဆမတန် ကြီးမြှင့်ကုန်ရတာပဲဖြစ်ပါတယ်။ တရုတ်တွေရဲ့ မတန်တဆဈေးနှုန်းတွေပေးဝယ်ပြီး သိမ်းပိုက်လိုက်လို့ မန္တလေး မြို့ကြီးတောင် တရုတ်မြို့ဖြစ်လို့သွားပါပြီ။

ယခုဆိုရင် တရုတ်တွေဟာ မန္တလေးမြို့သာမက မြန်မာနိုင်ငံအနှံ့ ငွေထုပ်ပိုက်ပြီး မြေယာတွေ အထိန်းအကွပ်မရှိ ၀ယ်ယူနေမှုတွေ တွေ့မြင်နေရပါတယ်။ စီမံကိန်းတခုခု လုပ်မယ်လို့အသံကြားလိုက်တာနဲ့ ပထမဆုံး ၀င်ရောက်ဝယ်ယူနေသူတွေဟာ တရုတ်နိုင်ငံသားတွေပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေဈေးကွက်ဟာ တရုတ်တွေရဲ့ ဈေးကစားရာ အမြတ်ထုတ်ရာ ဈေးကွက်တစ်ခုဖြစ်နေပါတယ်။ တစ်နိုင်ငံလုံးအနေအထားအနေနဲ့ တရုတ်တွေ အိမ်ခြံမြေတွေဝယ်ယူမှုတွေဟာ နည်းတဲ့ရာခိုင်နှုန်းမဟုတ်တော့ပါ။ အခုနောက်ဆုံးရန်ကုန်မြို့သစ်စီမံကိန်းတောင် တရုတ်နိုင်ငံသားတစ်ဦးလက်ထဲကို မသိဥာဏ်မဲ့စွာ အပ်နှံဖို့စီစဉ်ခဲ့တာဆိုတော့ များမကြာမှီအချိန်မှာ မြန်မာနိုင်ငံတစ်ခုလုံးတရုတ်လက်အောက် ကျရောက်သွားတော့မှာပါ။

ဗိုလ်ချုပ်အောင်ဆန်း လွတ်လပ်ရေးရယူပေးခဲ့တာ နှစ်ပေါင်း ၆၀ ကျော်ကြာမြင့်ခဲ့ပေမယ် မြန်မာပြည်သူတွေခမျာမှာ သူတို့ပိုင်တဲ့ အိမ်ခြံမြေတွေ လယ်ယာတွေကို အာဏာရှင်တွေ၊ခရိုနီတွေရဲ့ မတရားအသိမ်းခံရမှု တိုင်းတပါးသားတရုတ်တွေရဲ့ လွမ်းမိုးချယ်လှယ်လာမှုတွေကြောင့် ကိုယ့်မြေကိုယ့်ရေမှာတောင် အိမ်မဲ့ယာမဲ့ ကျုးကျော်ဘ၀နဲ့ နေထိုင်အသက်ရှင်နေကြရတာ တွေးမိတိုင်းရင်နာလို့မဆုံးပါဘူး။

ကြားဖူးတာတစ်ခုပါ သြစတြေးလျနိုင်ငံမှာဆိုရင် ပိုက်ဆံအရမ်းချမ်းသာတဲ့ လူတွေဟာ လူအမြဲမနေနိုင်ပဲ အပမ်းဖြေနေထိုင်ဖို့အတွက် နိုင်ငံအနှံမှာ အိမ်တွေခြံတွေကို အပို ၀ယ်ယူထားကြပါတယ်တဲ့။ အဲဒီလို လူအမြဲမနေနိုင်ပဲ ၀ယ်ယူတည်ဆောက်ထားတဲ့ နေအိမ်ခြံတွေကို ၆ လတိတိ လူနေထိုင်တဲ့ အထောက်အထားမတွေ့ရပါက သြစတြေးလျနိုင်ငံသားမည်သူမဆို မိမိအသက်ရှင်နေထိုင်ဖို့အတွက် အမှန်တကယ်လိုအပ်ပါက တခါးဖွင့်ဝင်ရောက်နေထိုင်ခွင့် ဥပဒေကိုပြဌာန်းထားပါတယ်တဲ့။ မြန်မာနိုင်ငံမှာလည်း ဒီလိုမျိုး ဥပဒေပြဌာန်းပေးဖို့ ဒီနေရာကနေ လွှတ်တော်ကို တောင်းဆိုလိုပါတယ်။

မြန်မာနိုင်ငံဟာ မြန်မာနိုင်ငံသားအားလုံးပိုင်ဆိုင်တဲ့နိုင်ငံပါ။ လူနည်းတစ်စုဖြစ်တဲ့ အာဏာရှင်၊ ခရိုနီတွေနဲ့ တရုတ်တွေပိုင်တဲ့မြေမဟုတ်ပါဘူး။ ယခုလိုမျိုး အိမ်ခြံမြေတွေကို အာဏာရှင်၊ ခရိုနီနဲ့ တိုင်းတပါးသားတရုတ်တွေရဲ့ အနိုင်ကျင့် လွမ်းမိုးချယ်လှယ်မှုတွေကြောင့် ပြည်သူတွေဒုက္ခကြုံတွေ့နေရမှုတွေကို အစိုးရမှ ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းပေးဖို့ လိုအပ်နေပါပြီ။ ကိုယ့်မြေကိုယ်ရေကို ကိုယ့်လူမျိုးနဲ့ အပေါင်းပါတရုတ်တွေရဲ့လက်ကနေ ပြန်တိုက်ယူရတဲ့ဘ၀ ရောက်အောင်တော့ မလုပ်ကြပါနဲ့လို့ တောင်းပန်ပါရစေလားဗျာ. ..

- ကျော်ကြီး(MDY)

၉.၈.၂၀၁၄ ထွက် Tomorrow ဂျာနယ်တွင်ပါရှိသည့် ဆောင်းပါး ....

ပြည်ပရောက် သားသမီးတွေ ဘယ်လို ရုန်းကန်နေရသလဲ

$
0
0

ရေးသူ- (ကို)အောင်မိုးဝင်း

အနောက်ဗာဂျီးနီးယားပြည်နယ်က Moorefield ဆိုတဲ့ မြို့ကလေးကို ရောက်သွားခဲ့တယ်။ အနောက်ဗာဂျီးနီးယားပြည်နယ်ရဲ့ တောင်ပတ်လမ်းကြားတွေက မမှောင်ခင်မောင်းတာ အကောင်းဆုံးပါ။ လမ်းတွေကလည်း ကျဉ်းသလို၊ ဖုံး service တွေကလည်း အဲ့ဒီပြည်နယ်ထဲကို ရောက်သွားတာနဲ့ အလုပ်မလုပ်တော့ဘူး။ ဒီကြားထဲ တည်းခိုတဲ့နေရာမှာ အင်တာနက်ကလည်း မရဆိုတော့ တော်တော်လေး ကသိကအောက်နိုင်သွားတယ်
တခုတော့ ရှိပါတယ်။ တခါတလေ၊ အင်တာနက်မရှိ။ ဖုံးမပြောဖြစ်တော့ လူတွေရဲ့ ဘဝကို လေ့လာချိန်ပိုရတာပေါ့။ သူတို့ နဲ့ စကားပြောကြည့်တိုင်း မြန်မာပြည်ထဲက လူတွေထံ အမေရိကား ရဲ့ အဖြစ်မှန်တွေ၊ လူတွေရဲ့ တကယ့်ဘဝတွေကို ပြန်ပြီး ရှင်းပြချင်တယ်။
ဒီလိုဗျ။ မြန်မာပြည်ထဲက လူတွေက ရုပ်ရှင်တွေကြည့်၊ ဖေ့ဘွတ်ထဲက ပုံတွေကို ကြည့်ပြီး နိုင်ငံခြားက လူတွေကို အကဲဖြတ်မှားကြတယ်။ ဒီမှာက ခင်ဗျားတို့ထင်သလို၊ နက်ကတိုင်တွေ၊ ကုတ်အင်္ကျီတွေ အမြဲတမ်းဝတ်ပြီးအလုပ်လုပ်နေကြတာမဟုတ်ဘူး။
အရင်တုံးက ပြောခဲ့သလိုပဲ။
မြန်မာဒုက္ခသည်တွေ မှာက လူပေါင်းစုံလေ။
တက္ကသိုလ်ကျောင်းသား၊ သူတွေ၊ ပညာရေးကို ဆက်မလုပ်နိုင်တော့ ထိုင်းနယ်စပ်ထွက် အလုပ်လုပ်ကြတယ်။ နောက်တော့-- ဒုက္ခသည် အဖြစ် နဲ့ အမေရိကားကို ရောက်လာကြ၊
ရတဲ့အလုပ်ကို လုပ်ကြပြီး၊ အိမ်ကို ထောက်ပံ့ကြတယ်။
ထောက်သာ ထောက်ပံ့ရတယ်။ သူတို့ခင်ဗျာမှာလည်း မပျော်ရှာကြပါဘူး။
ကျွန်တော့ဘေးက တိုင်းရင်းသူလေးဆို၊ "အမရယ် ငါတို့က ပိုက်ဆံကို သစ်ပင်ပေါ်က ကြွေကျတဲ့ သစ်ရွက်တွေ ကောက်ရသလို လိုက်ကောက်ရတာ မဟုတ်ဘူး။ ဒီမှာ အရမ်းပင်ပင်ပမ်းပမ်းလုပ်ပြီးမှ ပို့နိုင်တာ"တဲ့။
မြန်မာပြည်က မိသားစုကလည်း ငွေက အမြဲလိုနေတာကိုး။
လစဉ် (၃-၄) သိန်းပေးလည်း မလောက်၊
လူလတ်တန်းစား မိသားစုတစုအတွက် (၁၀-၁၂) သိန်းလိုတယ် လို့ ဆိုတယ်။
ပြဿနာက ဒီမှာ ကြုံရာအလုပ်လုပ်နေရတဲ့သူတွေအတွက် တလတလ အဲ့သလောက် ပိုဖို့ ဆိုတာ မဖြစ်နိုင်ဘူး။
ဒီမြို့ကလေးမှာ အလုပ်လုပ်နေကြတဲ့သူတွေကို ကြည့်ပါ။
ကြက်သတ်စက်ရုံမှာ အလုပ်စဝင်ပြီ ဆိုရင် တနာရီ (၉) ဒေါ်လာခွဲ နဲ့ စ ရကြတယ်။
တပတ်ကို နာရီ (၄၀) ဆိုပါစို့။ အခွန်ပေးပြီး ဘာအပြီး ဆိုရင် တပတ်ကို (၃၀၀) ဝန်းကျင်လောက်ရကြတယ်။ တလ ဒေါ်လာ (၁၂၀၀) ရမယ်။
အချိန်ပိုတွေ ဘာတွေဆင်းလို အိုဗာတိုင်ကြေးရပြီ ဆိုရင် တလ (၁၆၀၀- ၂၀၀၀) လောက်ရတယ် ဆိုမယ်။
အိမ်လခတွေ၊ အသုံးစရိတ်တွေ နှုတ်လိုက်ရင် တလမှာ ဒေါ်လာ (၁၀၀၀) ပိုဖို့ မနည်းလုပ်ယူနေရတယ်။
ဒီမြို့က နယ်မြို့မို့လို့။ အိမ်လခ နဲ့ တခြားကုန်ကျစရိတ်က ဈေးသက်သာတာလေ။
မြို့ကြီးတွေမှာ နေမယ် ဆိုရင် ကုန်ကျစရိတ်က အနည်းဆုံး တလ ဒေါ်လာ (၃၀၀၀) လောက်ရမှ လောက်မယ်။
တနှစ်ကို ဒေါ်လာ (၁) သိန်းရတယ် ဆိုအုံး၊ ဝင်ငွေကောင်းရင် အခွန်ပိုများလာမယ်။
အသုံးစရိတ်တွေက ပိုများလာတယ်။
ဆိုတော့ တလတလ မြန်မာပြည်က သူတွေ တွက်ပြတောင်းဆိုနေသလိုမျိုး
နိုင်ငံခြားက လူတွေက ထောက်ပံ့နိုင်မယ် မထင်ဘူး။ ( ဝင်ငွေကောင်းတဲ့သူ တချို့က လွဲရင်ပေါ့)
မြန်မာပြည်ရဲ့ လူနေမှုစရိတ်၊ ကုန်ဈေးနှုန်း ၊ ဝင်ငွေ ထွက်ငွေတွေကို ပြင်နိုင်မှသာလျင်၊ ရင်ဆိုင်နေရတဲ့ လူမှုရေးအကြပ်အတည်းတွေကို ဖြေရှင်းနိုင်လိမ့်မယ်။
မဟုတ်လို့ကတော့ နိုင်ငံခြားကနေ မိသားစုအတွက်ထောက်ပံ့တဲ့ငွေကလည်း၊ ဆင့်ပါးစပ် နှမ်းပက်သလိုမျိုးဖြစ်၊ မလောက်တော့ ထပ်တောင်း၊ ဒီဘက်က လူတွေကလည်း ဖိစီးမှုပေါင်းများစွာ နဲ့ အလုပ်လုပ်ရ ဆိုတော့ ဘယ်သူမှ မချောင်၊
"မြန်မာပြည်ကို ငွေပို့တဲ့အခါတိုင်း မပျော်ရပဲ နဲ့ စိတ်ညစ်ရတယ်"လို့ ပြောပြောနေကြတဲ့ မိတ်ဆွေတွေကို မြင်တိုင်း ကိုယ်ချင်းစာပါတယ်။
တကယ်တော့ လူတိုင်းမှာ တိုက်ပွဲတွေ၊ ဖိစီးမှုတွေ၊ အသက်ခိုးရှူနေရတဲ့ အဖြစ်အပျက်တွေက အများကြီးပါ။
ပြည်သူလူထုရဲ့ စားဝတ်နေရေးကို ခေါင်းဆောင်ပီသစွာ တာဝန်ယူဖြေရှင်းနိုင်တဲ့ အစိုးရတရပ်လို မျိုး ပေါ်ပေါက်လာမှသာ အသက်ရှူချောင်ပါလိမ့်မယ်။
မဟုတ်လို့ကတော့ ဆေးရုံပေါ်က လူနာကို သွားကူညီလိုက်၊
လူနာသွားမေးရတဲ့သူတွေကလည်း မျက်ရည်ကြိတ်သုတ်ပြန်လာလိုက်
လူနာကလည်း သူလိုချင်တာ မပေးရကောင်းလား၊ ဝယ်မလာရကောင်းလား ဆိုပြီး အပြစ်တင်လိုက် နဲ့
နောက်ဆုံး တယောက်နဲ့တယောက် စိတ်မရှည်တဲ့ စကားတွေနဲ့ စကားများ
စိတ်ခံစားမှု နဲ့ အဆုံးသတ်ရတဲ့ရက်တွေသာ ဖြစ်လိမ့်မယ်။

(မှတ်ချက်။ ။ “ပြည်ပရောက် သားသမီးတွေ ဘယ်လို ရုန်းကန်နေရသလဲ” ဆိုသည့် ခေါင်းစဉ်မှာ စာရေးသူ ကိုအောင်မိုးဝင်း ဆောင်းပါအပေါ် ကျနော့်ဘာသာ ပေးထားသည့် အမည် ဖြစ်ပါတယ် ... ကိုအောင်) 

ဒယ်ဒီနှင့် သူ၏ ဖုန်းလိုင်းများ

$
0
0

ရေးသူ- (မ)ဂျူ လီယာစော

မြန်မာပြည်တွင် မိုဘိုင်းဖုန်းများ အလွယ်တကူ ဝယ်လို့ရလာသော ခေတ်၌ အဖေ့မှာလည်း မိုဘိုင်းဖုန်း တစ်လုံးရှိလေ၏.. ထိုအခါ သမီးသည် အဖေ့ဖုန်းနံပါတ်အား Dad Mobile ဟု မှတ်ထားလိုက်၏.. အရင်က သမီးဖုန်းဆက်ချိန် အိမ်တွင် စောင့်တတ်သော အဖေသည် "သမီးဖုန်း လာရင် ဟန်းဖုန်းကို ဆက်ခိုင်းလိုက်ဟေ့"ဟု မှာကာ လွတ်လွတ်လပ်လပ်ကြီး လည်ပတ်နေနိုင် လေသည်.. တခါသော် အဖေသည် အိမ်မှာ မရှိ.. သမီးဖုန်းဆက်သော် အမေကလည်း ညည်းအဖေကို ဟန်းဖုန်းသာ ဆက်ပါအေ ဆို၏.. သို့သော် ထိုဟန်းဖုန်းကိုလည်း ဆက်မရ.. အိမ်ကို တခါပြန်မေးခါမှ အမေက အေး.. သမီးအဖေ ဖုန်းအသစ်တစ်လုံး ဝယ်ထားတယ်.. လိုင်းပိုကောင်းလို့တဲ့ဟု ဖြေလေ၏.. သမီးလည်း Dad Moblie 2 ဟု မှတ်ရပြန်၏.. ဖုန်းဆက်သည့်အခါတိုင်း အိမ်ဖုန်း ဟန်းဖုန်းနှစ်လုံးနှင့် ချာလပတ်လည်နေစဉ် အင်တာနက်နှင့် စမတ်ဖုန်းများ အဖေတို့နေထိုင်ရာ မြို့လေးတွင် တွင်ကျယ်လာ၏..
အဖေကား ခေတ်မီသူပီပီ facebook, google hang out, skype, viber တို့မှတဆင့် သမီးနှင့် ဆက်သွယ်ရန် အင်တာနက်ချိတ်ထားသော စမတ်ဖုန်းနှင့် အင်မတန်ဟန်ကျနေလေ၏.. အရင်လို သမီးထံမှ ဖုန်းလာချိန်စောင့်ရန် မလိုတော့.. တရေးနိုးလျှင် viber မှ message ပို့၍ ရ၏.. ဖုန်းဆက်ပြန်တော့လည်း အရင်ကထက် ဖုန်းဖိုးသက်သာ၍ သမီးကလည်း သဘောကျ၏.. ထိုကြောင့် နံပါတ်အသစ်အား Dad Internet Phone ဟု မှတ်ထားလိုက်၏.. အဖေသည် facebook တွင် သမီးတင်ထားသော status များဖတ်ကာ သမီးစိတ်အခြေအနေကို သိရ၏.. ပြောချင်တာကို comment ပေး၍ ရ၏.. ဓာတ်ပုံများကို အလွမ်းပြေ ဝင်ကြည့်နိုင်၏.. တခါတွင်ကား သမီးဆော့သော ဂိမ်းများကို ဟိုလိုမလုပ်ဘူးလား ဒီလိုလုပ်ပါလား အကြံပေးမိရာ သမီးက စိတ်ဆိုးလေ၏..
ထိုသို့ အဆင်ပြေသည် ထင်ရသော်လည်း အဖေ့ကို ဒုက္ခပေးနေသည်မှာ MPT ၏ connection ဖြစ်၏.. စကားပြောရင်း လိုင်းကျကျသွားရာ ခဏခဏ ပြန်ခေါ်ရသဖြင့် သားအဖနှစ်ယောက်လုံး စိတ်မရှည်..
ထိုစဉ် MPT နှင့် အပြို င် ooredoo ပေါ်လာရာ လိုင်းပိုကောင်းသည် ဆိုသဖြင့် ooredoo တစ်ကတ်ဝယ်လိုက်ရပြန်၏.. သမီးလည်း ဖုန်းမှတ်စုထဲတွင် Dad ooredoo ဟု မှတ်လိုက်ရပြန်၏.. လိုင်းအခြေအနေကား ထူးမခြားနား.. အဖေ့ အိတ်ထဲမှ ငွေယားကလေးများကမူ ပျော်ပျော်ကြီး ထွက်သွားကြသည်.. မကြာပါချေ Telenor ပေါ်လာပြန်၏.. အစမို့လား မသိ.. လိုင်းကောင်း၏.. သမီးဆီ message ပို့သော် မပြန်.. connection ကောင်းချိန်မို့ သမီးကိုလည်း ခပ်နောက်နောက် ရေးမိရာ တဖက်မှ သမီးသည်လည်း ဘယ်သူများ ငါ့ကို တရင်းတနှီးစနောက်နေပါလိမ့်ဟု တွေးကာ ဦးနှောက်ခြောက်နေလေ၏.. နောက်မှ အဖေလား ဘယ်သူ့ဖုန်းလဲဆိုသော် yes, testing with telenor sim card ဟု ဆိုသဖြင့် Dad Telenor ဟု မှတ်လိုက်ရပြန်၏..
တခုသော တနင်္ဂနွေနေ့တွင် အဖေသည် ဖုန်းသုံးလုံးချကာ viber မှတဆင့် သမီးအား ဖုန်းခေါ်လေသည်.. ပထမ ooredoo နှင့် ခေါ်၏.. စကားပြောရင်း ပြတ်သွားရာ telenor နှင့် ထပ်ခေါ်၏.. သမီးဖုန်းကား မအားတော့.. တဖက်၌ သမီးက ooredoo ဖုန်းအား ပြန်ခေါ်နေသောကြောင့်ပင်.. စိတ်မရှည်သော အဖေသည် ဒါ လိုင်းမကောင်းလို့ ဖြစ်ရမယ်ဆိုကာ မူလလက်ဟောင်း MPT နှင့် ခေါ်၏.. ထိုစဉ် သမီးသည် Dad Telenor မှ missed call များ တွေ့သဖြင့် ပြန်ခေါ်ရာ အဖေကား တဖက်တွင် MPT နှင့် အလုပ်ရှုပ်နေသဖြင့် ဖုန်းမကိုင်အား.. သမီးသည် အဖေ့ internet phone မှ missed call များ မြင်သော် ဒေါပွ၏.. နောက်ဆုံး အဖေ.. ဘယ်ဖုန်းနဲ့မှ မခေါ်ပါနဲ့.. သမီးခေါ်ပါမည်.. ခဏစောင့်ပါဟု ဖုန်းနံပါတ်သုံးခုလုံးကို message ပို့ကာ စောင့်ခိုင်းရ၏.. အဖေက ခေါ်ကြည့်ချင်တာဆိုသော် သမီးက စောင့်ရပြန်၏.. သို့သော် ဝင်ချင်တဲ့ဖုန်း ဝင်ဟုဆိုကာ ဖုန်းနံပါတ်သုံးခုမှ တပြို င်တည်းခေါ်သဖြင့် သမီးမှာ ဖုန်းနံပါတ်တစ်ခုပဲ ရှိတာနော် အဖေဟု ခဏ ခဏ သတိပေးရ၏.. ဤသို့ဖြင့် ထိုတနင်္ဂနွေသည်ကား အဖေနှင့်သမီး ဖုန်းခေါ်ရာ ကျလိုက်ပြန်ခေါ်လိုက်ဖြင့်ပင် တရက်လုံး ကုန်လေသတည်း ...

(မှတ်ချက်။ ။“ဒယ်ဒီနှင့် သူ၏ ဖုန်းလိုင်းများ” ဆိုသည့် အမည်မှာ စာရေးသူ (မ)ဂျူ လီယာစော၏ စာသားများအပေါ် ကျနော့်ဘာသာ ပေးထားသည့် ခေါင်းစဉ်ဖြစ်ပါသည် ... -ကိုအောင်)
Viewing all 55 articles
Browse latest View live