Quantcast
Channel: ပျူနိုင်ငံ
Viewing all articles
Browse latest Browse all 55

၂၀၁၂ ခုနှစ် ဥရောပဖလား ဘောလုံးပြိုင်ပွဲ (ခန့်မှန်းခြင်း) …. !!!

$
0
0
ဘောလုံးရာသီဆိုတော့ ကျနော် (စာရေးသူ)လည်း
ခန့်မှန်းကြည့်တာပါ …
သရဲအကြောင်းလည်း နောက်ပိုင်းမှာ ထည့်ရေး
ထားပါတယ် မိတ်ဆွေတို့ …း)


အုပ်စု (A)
ပိုလန်၊ ဂရိ၊ ရုရှား၊ ချက်
ကွာတာတက်နိုင်သည့် အသင်း
အုပ်စုဗိုလ်(1A)- ချက်/ ပိုလန်
အုပ်စု ဒုတိယ(2A)- ဂရိ/ ပိုလန်

အုပ်စု (B)
ဟော်လန်၊ ဒိန်းမတ်၊ ဂျာမနီ၊ ပေါ်တူဂီ
ကွာတာတက်နိုင်သည့် အသင်း
အုပ်စုဗိုလ်(1B)- ဂျာမနီ
အုပ်စု ဒုတိယ(2B)- ဟော်လန်/ ဒိန်းမတ်

အုပ်စု(C)
စပိန်၊ အီတလီ၊ အိုင်ယာလန်၊ ခရိုအေးရှား
ကွာတာတက်နိုင်သည့် အသင်း
အုပ်စုဗိုလ်(1C)- စပိန်
အုပ်စု ဒုတိယ(2C)- အီတလီ

အုပ်စု (D)
ယူကရိန်း၊ ဆွီဒင်၊ ပြင်သစ်၊ အင်္ဂလန်
ကွာတာတက်နိုင်သည့် အသင်း
အုပ်စုဗိုလ်(1D)- ပြင်သစ်
အုပ်စု ဒုတိယ(2D)- ဆွီဒင်/ အင်္ဂလန်

…..........................

ကွာတာဖိုင်နယ် ပွဲစဉ်များ

(1)
1A နှင့် 2B= ချက်/ ပိုလန် နှင့် ဟော်လန်/ ဒိန်းမတ်
ဆီးမီးတက်နိုင်သည့် အသင်း- ဟော်လန်/ ဒိန်းမတ်

(2)
1C နှင့် 2D= စပိန် နှင့် ဆွီဒင်/ အင်္ဂလန်
ဆီးမီးတက်နိုင်သည့် အသင်း- စပိန်

(3)
1B နှင့် 2A= ဂျာမနီ နှင့် ဂရိ/ ပိုလန်
ဆီးမီးတက်နိုင်သည့် အသင်း- ဂျာမနီ

(4)
1D နှင့် 2C= ပြင်သစ် နှင့် အီတလီ
ဆီးမီးတက်နိုင်သည့် အသင်း- ပြင်သစ်
….............................

အကြိုဗိုလ်လုပွဲ (ဆီးမီးဖိုင်နယ် ပွဲစဉ်များ)

ကွာတာ (1)နိုင် နှင့် ကွာတာ (2)နိုင်
ဟော်လန်/ ဒိန်းမတ် နှင့် စပိန်
ဗိုလ်လုပွဲတက်နိုင်သည့် အသင်း= ဟော်လန်/ ဒိန်းမတ်

ကွာတာ (3)နိုင် နှင့် ကွာတာ (4)နိုင်
ဂျာမနီ နှင့် ပြင်သစ်
ဗိုလ်လုပွဲတက်နိုင်သည့် အသင်း= ဂျာမနီ

…...................

ဗိုလ်လုပွဲ

ဟော်လန်/ ဒိန်းမတ် နှင့် ဂျာမနီ
ဗိုလ်ဆွဲမည့် အသင်း …...
ဗိုလ်ဆွဲမည့် အသင်း …...
ဗိုလ်ဆွဲမည့် အသင်း …...
ဂျာမနီ

….....................................
မှားသွားရင် ဘွာတေးနော် ….း)))))


ပြီးခဲ့တဲ့ ဥရောပ ချန်ပီယံလိ့ဒ် ဘောလုံးပြိုင်ပွဲမှာ
ဂျာမနီက ဘေယန်မြူးနစ် ကလပ်အသင်းဟာ
အင်္ဂလန်က ချယ်လ်ဆီး ကလပ်အသင်းကို ပယ်နယ်တီ
အဆုံးအဖြတ်မှာ ရှုံးနိမ့်သွားပါတယ် …..
ချယ်လ်ဆီးကလပ်အသင်း ပိုင်ရှင် ရေနံသူဋ္ဌေး
အီဗရာမိုဗစ်ခ်ျ (Roman Abramovich) ဟာ ရိုမေးနီးယား
နိုင်ငံက နယ်လှည့် ဂျစ်ပစီ (gipsy) လို့ခေါ်တဲ့
အိမ်ခြေရာခြေမဲ့ မှော်ဆရာမတစ်ဦးထံ သူ့ကလပ်အသင်း
ချယ်လ်ဆီး အနိုင်ရရေးအတွက် အကူအညီ တောင်းခံခဲ့
တယ်လို့ အတည်ပြုလို့ မရတဲ့ သတင်းများက
ဆိုကြပါတယ်။

ဟိုတလောက စာရေးသူရဲ့ မိတ်ဆွေတစ်ဦးက ပြောပြပါတယ်။
သူ့အိမ်နံရံကို နေ့ရောညပါ တစ်ဖက်အခန်းဖက်က တ၀ုန်းဝုန်း
ဘောလုံးကန်သလို လာရောက် ထိမှန်တဲ့ အသံကြောင့်
သူရော သူ့မိသားစုပါ နေမထိ ထိုင်မသာ ဖြစ်ရပါတယ်တဲ့ ….။
အဲဒါနဲ့ သူတို့ အခန်းနဲ့ ကျောချင်းကပ် အခန်းရဲ့ စည်းကမ်းမဲ့
မှုကို ဒေါသထွက်ပြီး ရဲစခန်းကို အကြောင်းကြားလိုက်ပါတယ်။
ရဲစခန်းက ရဲရောက်လာတော့ သူတို့ကို ပြောပြတာက …
သူတို့အခန်းနဲ့ ကျောချင်းကပ် အခန်းမှာ လူ မနေတာ
ငါးနှစ်လောက် ရှိပြီတဲ့ ….
အခန်းတံခါးကို သော့ခတ်ထားတာလည်း ကြာပါပြီတဲ့ …
ဟိုအရင် ငါးနှစ် မတိုင်ခင်ကတော့ အဲဒီအခန်းမှာ
ဘောလုံး အားကစားသမားတစ်ဦး နေခဲ့ဖူးပါတယ်တဲ့ …
တစ်နေ့တော့ မတော်တဆ ဖြစ်မှုကြောင့် အဲဒီ ဘောလုံး
သမား ကွယ်လွန်ခဲ့ပါတယ် တဲ့ ….
တော်တော် ထူးဆန်းတဲ့ ဖြစ်ရပ်ပါ ….

စာဖတ်သူ မိတ်ဆွေရော …
အခန်းချင်း ကပ်လျက်က အုတ်နံရံကို ညဖက် ညဖက်
တစုံတခု လာရောက် ထိမှန်သံမျိုး ကြားခဲ့ရင်
ဘယ်လို ခံစားရပါသလဲ ခင်ဗျာ …....

-စစ်ငြိမ်းဒီရေ

Viewing all articles
Browse latest Browse all 55

Trending Articles